Pages

Pages - Menu

Sunday, March 16, 2014

ရန်ကုန်တိုင်းဒေသကြီး ခလောက်ကွန်ဒိုင်တွင် ဘာသာရေးရန်စမှု ဖြစ်ပွား

RangonNewsDaily: March . 16 .2014
ယနေ့ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ ည (၇) နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အနီးရှိ ခလောက်ကွန်ဒိုင်ဗလီသို့ အစ္စလာမ်ဘာသာဝင်မဟုတ်သူနှစ်ဦးမှ ၀င်ရောက်ကာ ရန်စမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။::
ည (၇) နာရီကျော် အချိန်တွင် အစ္စလာမ်ဘာသာဝင်အချို့ ညဥ့်ဦးယံဝတ်ပြုရန်အတွက် ဗလီသို့ ရောက်ရှိနေစဉ် ဘောဂလမ်းတွင် နေထိုင်သူ (မျက်မှန်းတန်းမိ) အမည်မသိ ဗုဒ္ဓဘာသာဝင်တစ်ဦးမှ ဗလီအတွင်း ရှေ့ဆုံးသို့တိုင် ၀င်ရောက်လာပြီး အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် ကုရ်အာန်ကျမ်းစာအုပ်အား ဒူးကြားတွင် ညှပ်၍ အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲမှုများ ပြုလုပ်နေစဉ် ဗလီတွင်းရှိ အစ္စလာမ်ဘာသာဝင်များက ၀ိုင်းဝန်း ဟန့်တားမှုကြောင့် ဗလီပြင်ပသို့ ထွက်ပြေးကာ မြောက်ဘက်သို့ ဦးတည်၍ ကွင်းပြင်ရှိရာသို့ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အမည်မသိပုဂ္ဂိုလ်မှ ၀င်ရောက်ပြုလုပ်နေစဉ် ဗလီပြင်ပတွင် အစောင့်အဖြစ် လူတစ်ဦးအား ထားရစ်ခဲ့ပြီး ၎င်းတို့နှစ်ဦးအား အစ္စလာမ်ဘာသာဝင်များမှ ၀ိုင်းဝန်းဖမ်းဆီး၍ တစ်စုံတစ်ရာ တုန့်ပြန်ခြင်းမရှိဘဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် နယ်မြေရဲကင်းသို့ အပ်နှံခဲ့တယ်လို့ သိရပါတယ်။
::
ကုရ်အာန်ကျမ်းအား ထိပါး စော်ကားနေသူမှာ အပြာရောင် အင်္ကျီအကွက်နှင့် ပုဆိုးကို ၀တ်ဆင်ထားပြီး လက်ကိုင်တယ်လီဖုန်းကိုလည်း ကိုင်ဆောင်ထားတယ်လို့ မျက်မြင်တွေ့ရှိရတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဗလီပြင်ပတွင် အစောင့်အဖြစ် ကျန်ရစ်ခဲ့သူမှာ ပဲခူးတိုင်းဒေသကြီး၊ သုံးဆယ်မြို့ဇာတိဖွားဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ နယ်မြေစစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးဖြစ်တယ်လို့ ထင်ကြေးပေး ပြောဆိုမှုများ ရှိနေသော်လည်း အလင်းမျက်ဝန်းမှ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
::
ယခုသတင်းဖြစ်စဉ်နှင့်ပါတ်သက်၍ အတည်ပြုချက် ရယူရန်အတွက် ဒေသအုပ်ချုပ်ရေးမှူးအား အလင်းမျက်ဝန်းမှ ဆက်သွယ်ခဲ့သော်လည်း တယ်လီဖုန်း လက်ခံဖြေကြားခြင်း မရှိခဲ့ပါဘူး။ ဖြစ်စဉ် အသေးစိတ်ကို စုံစမ်းမေးမြန်းရန်အတွက် နယ်မြေရဲစခန်းအား အလင်းမျက်ဝန်းမှ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်ရန် ခက်ခဲကာအဆင်မပြေခဲ့ပါဘူး။

ယခုသတင်းနှင့်ပါတ်သက်၍ နောက်ဆက်တွဲ ပြဿနာတစ်စုံတစ်ရာတော့ ပေါ်ပေါက်လာခြင်း မရှိပေမယ့် ဒေသခံ အစ္စလာမ်ဘာသာဝင်များကတော့ ဖြစ်စဉ်နှင့်ပါတ်သက်၍ စိုးရိမ်ပူပန်နေကြဆဲ ဖြစ်ပြီး၊ ဖမ်းဆီရမိသူများအား သက်ဆိုင်ရာ ရဲစခန်းမှ ပေါ့ပေါ့တန်တန်ဖြင့် ဆုံးဖြတ်၍ ပြန်လည် လွှတ်ပေးကာ နောက်ဆက်တွဲ ပြဿနာများ ထပ်မံပေါ်ပေါက်လာမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံများက အလင်းမျက်ဝန်းကို ပြောပြကြပါတယ်။

အလင်းမျက်ဝန်း ::--kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment