Pages

Pages - Menu

Sunday, March 16, 2014

မင်္ဂလာဒုံမြို့နယ်အနီးရှိ ခလောက်ကွန်ဒိုင်ဗလီ သို့ ၀င်ရောက်ရန်စသူများ




RangonNewsDaily: March . 16 .2014
ယနေ့ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့ ည (၇) နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ 

မင်္ဂလာဒုံမြို့နယ်အနီးရှိ ခလောက်ကွန်ဒိုင်ဗလီသို့ အစ္စလာမ်ဘာသာဝင်မဟုတ်သူနှစ်ဦးမှ ၀င်ရောက်ကာ 

ရန်စမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ည (၇) နာရီကျော် အချိန်တွင် အစ္စလာမ်ဘာသာဝင်အချို့ ညဥ့်ဦးယံဝတ်ပြုရန်အတွက် ဗလီသို့

 ရောက်ရှိနေစဉ် ဘောဂလမ်းတွင် နေထိုင်သူ (မျက်မှန်းတန်းမိ) အမည်မသိ ဗုဒ္ဓဘာသာဝင်တစ်ဦးမှ 

ဗလီအတွင်း ရှေ့ဆုံးသို့တိုင် ၀င်ရောက်လာပြီး အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားသည့် 

ကုရ်အာန်ကျမ်းစာအုပ်အား ဒူးကြားတွင် ညှပ်၍ အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲမှုများ ပြုလုပ်နေစဉ် 

ဗလီတွင်းရှိ အစ္စလာမ်ဘာသာဝင်များက ၀ိုင်းဝန်း ဟန့်တားမှုကြောင့် ဗလီပြင်ပသို့ ထွက်ပြေးကာ

 မြောက်ဘက်သို့ ဦးတည်၍ ကွင်းပြင်ရှိရာသို့ ထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။


» ခလောက်ကွန်ဒိုင်ဗလီတွင်းမှ ကုရ်အာန်ကျမ်းစာအား ဒူးကြားညှပ်၍ ဆုတ်ဖြဲသူနှင့် ဗလီပြင်ပတွင် 

အစောင့်လုပ်ပေးသူတို့အား ဒေသခံများက ထိန်းသိမ်းဖမ်းဆီးပြီး သက်ဆိုင်ရာရဲစခန်းသို့ 

ပို့ဆောင်ပြီးနောက်ပိုင်း ရဲစခန်းတွင် မြင်တွေ့ရပုံ 

(ဓာတ်ပုံ - အလင်းမျက်ဝန်း စီဂျေ) 

kolatt(PBDN)

RangonNewsDaily



No comments:

Post a Comment