Pages

Pages - Menu

Thursday, March 27, 2014

ဘူးသီးတောင်မောင်တော ခွဲထွက်ရေး ရေးသားချက် လူထောင်ချီ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့ ကန့်ကွက်ဆန္ဒပြ



RangonNewsDaily: March . 27 .2014
ဒါကာထရီဗျူးသတင်းစာ၏ ဘူးသီးတောင်မောင်တောခွဲထွက်ရေး ရေးသားချက်အား ကန့်ကွက်သည့်

အနေဖြင့် လူဦးရေ တစ်ထောင်ဝန်းကျင်ခန့်သည် ယနေ့နေ့လယ် ၁နာရီခန့်မှ စတင်ကာ ဘင်္ဂလာဒေံရှ်သံ

ရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ 
ရဟန်းသံဃာတော်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးအဖွဲ့စည်းများ၊ရခိုင်တိုင်းရင်းသားအများ

စု နှင့် အရပ်သူအရပ်သားများ ပါဝင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။


ဆန္ဒပြစဉ် ဘင်္ဂလားဒေ့ရှ်သံရုံးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ အ၀ါစည်းတားကာရံထားပေးပြီး ဆန္ဒပြသူ


များကို ဦးရေဆယ်ဂဏန်းခန့်ရှိသော ရဲတပ်ဖွဲ့များက စောင့်ကြည့်နေခဲ့သည်။ 


ဆန္ဒပြရာတွင် ဦးဆောင်သံ ဃာတော်များ၊ ဆန္ဒပြခေါင်းဆောင်အချို့က ရိုဟင်ဂျာအလိုမရှိကြောင်း 


လူထုဟောပြောပွဲများပြုလုပ်ခဲ့ကြသည်။ အထက်မြန်မာနိုင်ငံ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး 

အဖွဲ့မှလည်း ရိုဟင်ဂျာအလိုမရှိကြောင်း၊ ယခုဆန္ဒပြပွဲအား ထောက်ခဲ့ကြောင်း သ၀ဏ်လွှာပေးပို့ခဲ့သည်။ 


ထို့နောက် ရိုဟင်ဂျာအလိုမရှိကြောင်း သံပြိုင် ဟစ်ကြွေးကာ ဘင်္ဂလားဒေ့ရှ်သံရုံမှ ပြည်သူ့ရင်ပြင်အထိ

လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ညနေ ၃နာရီခန့်တွင် ဆန္ဒပြပွဲအား အဆုံးသတ် စေခဲ့သည်။ 


ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်းတောကို မြန်မာနိုင်ငံမှ ခွဲထွက်၍ ဘင်္ဂလားဒေ့ရှ်နှင့်ပူးပေါင်းသင့်


 ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒါကာထရီဗျူးသတင်းစာကဖော်ပြအပြီးတွင် ယင်းသို့ 

ဆန္ဒထုတ်ခဲ့ကြခြင်းဖြစ်ပြီး သန်းခေါင်းစာရင်းကောက်ချိန်တွင်လည်း 

ရိုဟင်ဂျာလူမျိုးအားထည့်သွင်းကောက်ခံပါက ယခုထက်ဆိုးရွားသည့် 

လူထုအုံကြွမှုများပြုလုပ်သွားမည်ဖြစ်ကြာင်း ဆန္ဒခေါင်းဆောင်များက ပြောကြားသည်။


Popular Myanmar , 
kolatt(PBDN)
RangonNewsDaily








No comments:

Post a Comment