Pages

Pages - Menu

Thursday, March 27, 2014

၈၈ မျိုးဆက်ခေါင်းဆောင်တချို့ ခေတ္တ ထိန်းသိမ်းခံလိုက်ရ


RangonNewsDaily: March . 27 .2014
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း အပါအဝင် ဒေသခံ တချို့ဟာ ဒီကနေ့ ပခုက္ကူမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ခဲ့ကြလို့ ခေတ္တ ထိန်းသိမ်းခံ လိုက်ကြရပါတယ်။ ဖြစ်ပုံကတော့ ဒီကနေ့ မတ်လ ၂၆ ရက်နေ့ နံက်ပိုင်းမှာ မကွေးတိုင်း ပခုက္ကူ မြို့မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဟောပြောပြီး ဆန္ဒဖော်ထုတ်ပွဲ တခုကို ဒေသခံ ပြည်သူတွေ နဲ့ အတူ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်)က ခေါင်းဆောင်များလည်း အတူ လုပ်ဆောင်ခဲ့ကြပါတယ်။ 
အဲဒီလို လုပ်ဆောင်ခဲ့မှုအပေါ် ဒေသဆိုင်ရာ အာဏာပိုင်တွေက ဆန္ဒဖော်ထုတ်မှုမှာ ပါဝင်တဲ့ ၅ ဦးကို ပခုက္ကူ ရဲတပ်ဖွဲ့က ခေါ်ယူခဲ့တယ်လို့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) ခေါင်းဆောင်တဦးလည်းဖြစ် ပြန်ကြားရေး တာဝန်ယူထားသူတဦးဖြစ်တဲ့ ကိုအံ့ဘွယ်ကျော်က အခုလို အသိပေး ပြောထားပါတယ်။ 

ပခုက္ကူဆန္ဒပြပွဲပါဝင်သူ ၅ ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ

ယနေ့ မတ်လ ၂၆ ရက် နံနက် ပခုက္ကူမြို့တွင် ခွင့်ပြုချက်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည်၊ ဟောပြောပြီး ဆန္ဒဖော်ထုတ်ကြသူများအနက် ပခုက္ကူဒေသခံများဖြစ်ကြသော ကိုသန်းနိုင်၊ ကိုသက်ကြူနှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ ဦးကို ပခုက္ကူရဲစခန်းမှ စခန်းမှူးက လာခေါ်ကြောင်း နှင့် ၈၈ မျိုးဆက်တို့က ထမင်းစားပြီး မှ လာခဲ့မည်ဟု အကြောင်းပြန်ထားကြောင်း ယခု ၁၂း၀၀ နာရီတွင် ပခုက္ကူမှ သတင်းရသည်။

ပခုက္ကူရဲစခန်းမှာ
=========
အခု မွန်းလွဲ ၁း၀၀ နာရီတွင် ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်းနှင့် ပခုက္ကူ ဒေသခံ ၂ ဦး ပခုက္ကူရဲစခန်းမှာ ရောက်နေပါသည်။ 

စခန်းမှူးက ပုဒ်မ ၁၈ ဖြင့် တရားဆွဲမည်ဟု ပြောပါသည်။ တရားဆွဲပြီးလျှင် အာမခံပေးမည် ဟု ပြောပါသည်။ ပြီးလျှင် ခံဝန်လက်မှတ်ထိုးရမည်ဟု ပြောပါသည်။

ကိုပြုံးချိုအပါအ၀င် ၅ ဦးစလုံးက ခံဝန်မထိုးပါ။ အာမခံမယူပါ။ လုပ်ထုံးလုပ်နည်းအတိုင်း အချုပ်ခန်းထဲသို့သာ ထည့်လိုက်ပါ ဟု ပြန်ပြောပါသည်။

(မွန်းလွဲ ၁း၁၅ နာရီ)

သတင်းတွေအရ ရဲစခန်းထဲမှာ ထိန်းသိမ်းထားသူစုစုပေါင်း ၄ ဦး လို့ သိရပြီး မကြာခင် အချိန်အပိုင်းအခြား အတွင်း ပြန်လွတ်လာမှာဖြစ်တယ်လို့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) က ကိုအံ့ဘွယ်ကျော်က ဧရာဝတီက 
ပြောပါတယ်။ 

အခု နောက်ဆုံး သတင်းတွေအရ ရဲစခန်းထဲ ထိန်းသိမ်းခံထားရသူတွေ ပြန်လွတ်လာပြီလို့ သိရပါတယ်။ 

ကိုပြုံးချို၊ မမီးမီး၊ နီလာသိန်းနှင့် ဒေသခံတို့ ပခုက္ကူ ခရိုင်ရုံးထဲမှ ယခု ပြန်ထွက်လာကြပြီဟု သိရ။ 

( မွန်းလွဲ ၃း၃၀ နာရီ) 

၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) 

ဧရာဝတီ , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment