Pages

Pages - Menu

Saturday, March 15, 2014

ရန်ကုန်ဆေးတက္ကသိုလ် (၂) ကျောင်းသူ/သားများ သီပေါသို့ လက်တွေ့လေ့လာရေးခရီးအဖြစ်ရောက်ရှိ

RangonNewsDaily: March . 15 .2014
ရန်ကုန်ဆေးတက္ကသိုလ် (၂) မှ ဆေးကျောင်းသူ/သားများ လက်တွေ့လေ့လာရေး ခရီးအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့သို့ ရောက်ရှိလာကြောင်း သတင်းရရှိသည်။အဆိုပါ လေ့လာရေးခရီးမှာ ဆေးတက္ကသိုလ်ကျောင်းသူ/သားများအတွက် နောက်ဆုံးနှစ်အပိုင်း (က)ရောက်လျှင်သွားလာရသည့် ခရီးတစ်ခု ဖြစ်ကာ ယခုနှစ်အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်များဖြစ်သည့် ကျောက်မဲ၊ နောင်ချို၊သီပေါ၊ လားရှိုးမြို့များသို့ ဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်
မှုနှင့်ပတ်သက်သည့် အချက်အလက်များအားစာတွေ့သင်ကြားရမှုနှင့် ဒေသအတွင်း လက်တွေ့ဖြစ်ပေါ်နေမှု ကွာခြားချက်များကို သိရှိနိုင်ရန်နှင့် ရရှိသော အချက်အလက်များအား ပြန်လည်စမ်းစစ်အသုံးပြုသွား
မည်ဖြစ်ကြောင်း ဆေးတက္ကသိုလ်ကျောင်းသူ/သားများထံမှ သိရှိရသည်။

“ ဒီလိုခရီးမျိုးကနေ ရတဲ့အတွေ့အကြုံတွေက နောင် ကျွန်တော်တို့ ဆရာဝန်တွေ ဖြစ်လာရင် ကျေးရွာတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ အတွေ့အကြုံကို ရရှိစေနိုင်ပါတယ်၊

 ဒေသခံတွေနဲ့ရင်းနှီးမှုရတော့ နောက်ပိုင်း ဒီလိုနယ်တွေမှာ တာဝန်ပြန်လည် ထမ်းဆောင်ရရင် ပိုပြီး အဆင်ပြေစေနိုင်သလို ကျန်းမာရေး စောင့်ရှောက်မှုအတွေ့အကြုံ ပိုမိုရရှိစေပါတယ်”ဟု အဖွဲ့ခေါင်းဆောင် ကိုအာကာမျိုးက ပြောသည်။

ခရီးစဉ်အတွင်း ဒေသအတွင်းမှ ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဌာနတို့၏ ဒေသအတွင်း ကျန်းမာရေး စောင့်ရှောက်မှုအတွက် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် ကျန်းမာရေးဌာနဖွဲ့စည်းပုံ အဆင့်ဆင့်တို့အား လေ့လာခဲ့ကြကြောင်း သိရှိရသည်။

ခရီးစဉ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသသို့ အဖွဲ့ (၄) ဖွဲ့ခွဲကာ ရောက်ရှိလာပြီး (၁) ဖွဲ့လျှင် ကျောင်းသူ/သား (၁၀) ဦးမှ (၁၅) ဦးထိ ပါဝင်ကာ ခရီးစဉ်ကာလမှာ ဖေဖော်ဝါရီလ (၂၄) ရက်မှ မတ်လ (၁၆) ရက်နေ့အထိ ဖြစ်ကြောင်း သိရှိရသည်။

စိုင်းကံသာ (လားရှိုး)
The Myanmar Age , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment