Pages

Pages - Menu

Sunday, March 16, 2014

ဖျက်ဆီးခံ ကျူးကျော်များ လှည်းကူး မြို့နယ် ၌သာ နေရာချထား ပေးရန် ညှိနှိုင်းနေ

RangonNewsDaily: March . 16 .2014
လှည်းကူး မြို့နယ် အတွင်း ဖျက်ဆီးခံ ကျူးကျော် များအား လှည်းကူး မြို့နယ် အ တွင်း၌သာ နေရာ ချ ထား ပေးရန် မြို့နယ် အုပ် ချုပ်ရေးမှူး နှင့် ညှိနှိုင်းလျက် ရှိပြီး၊ နေရာ ချ ထားပေးနိုင်မည့် လှည်းကူးမြို့နယ်ရှိ တချို့ ကျေးရွာများကို ကြည့်ရှု လေ့လာ နေကြောင်း လှည်းကူး မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက The Messenger သတင်းစာ သို့ ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက လှည်းကူးမြို့နယ်အတွင်း ရှိ နေထိုင် သူများ အား တပ်မတော် ပိုင် နယ်မြေ အတွင်းတွင် လာရောက်အခြေချနေထိုင်သူများဟုဆိုကာ ကျေးရွာ ခြောက်ရွာရှိ နေအိမ်များဖယ်ရှားခံခဲ့ ရသည်။ ကျွန်တော် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အစဉ်အဆက်ညှိနှိုင်းနေတယ်။ နေရာ ချထား ပေးဖို့ တချို့နေရာ တွေ ကို တောင် သွားကြည့် ထားပါတယ်။

 ကျေးရွာအုပ်ချုပ်ရေးမှူးက ပူးပေါင်း လုပ်ဆောင်ပေးသွားမှာလို့လည်း မျှော်လင့်ပါတယ်”” ဟု ဦးဖြိုးမင်းသိန်း က ဆက်ပြောသည်။ ယခင်လများက လှည်းကူးမြို့နယ် အ တွင်းရှိ အင်မဒီးကျေးရွာ၊ အုတ်ဖိုရွာဟောင်း၊ တောင်လုံး ပြန် ကျေးရွာ၊ လက်ကြိုက် ကျေး ရွာ၊ သမီး ကလေးကျေးရွာ၊ ဒေါ်ဂေါ်လီကျေးရွာ တို့တွင် နေအိမ်များ ဖျက်ဆီးခံခဲ့ရပြီး၊ လက်ရှိ တွင် နေအိမ် ဖျက်ဆီး ခံခဲ့ရသော ကျူးကျော် များမှာ ဘုန်းတော်ကြီးကျောင်းများနှင့် သင့် တင့် ရာတွင် နေထိုင်နေရကြောင်း သိရ သည်။ 

ယင်းနေ အိမ် ဖျက် ဆီး ခံကျူးကျော်အိမ်ထောင်စု ပေါင်း (၈၀၀)ကျော်ရှိပြီး၊ လူဦးရေ နှစ်ထောင် ၀န်းကျင်ခန့် နေစရာ အခက် အ ခဲ ဖြစ်ပေါ်နေ ကြောင်းသိရသည်။ထို့ပြင် ကျွဲတဲကျေးရွာတွင် နေထိုင်သော ကျူးကျော်များ အားဖယ်ရှားပေး ရန် အကြောင်းကြားစာပို့ထားကြောင်း သိရ သည်။

ထို့အပြင် ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) ဗျူဟာ မှူး စောဆန်း အောင်က သမီး က လေး ကျေးရွာ အပါအ၀င် အမှန်တကယ်နေစရာ မရှိသူများအား DKBA ထိန်းချုပ်နယ်မြေ အတွင်း နေရာထိုင် ခင်း နှင့် အလုပ်အကိုင်များ ဖန်တီး ပေး နိုင်ရန် လုပ် ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ပေးနိုင်ရန် အ တွက် လည်း DKBA နယ်မြေ အတွင်း မြေနေရာ ချထား ပေးရေး အတွက် လုပ်ဆောင် နေကြောင်း The Messenger သတင်းစာ သို့ ပြောကြားထားသည်။

Messenger News , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment