Pages

Pages - Menu

Friday, March 7, 2014

မျိုးစောင့် ဥပဒေကြမ်းရေးဖို့ သမ္မတ ကော်မရှင်ဖွဲ့


RangonNewsDaily: March . 7 .2014
သံဃာတော်အချို့ ဦးဆောင်တဲ့ အမျိုးဘာသာ သသနာစောင့်ရှောက်ရေး (မဘသ) ဥက္ကဌ ပေးပို့လာတဲ့ အမျိုးစောင့် ဥပဒေ (၄) ခုတွင် ပါဝင်သည့် ဘာသာကူးပြောင်းခွင့်နှင့် လူဦးရေ တိုးပွားမှု ထိန်းချူပ်ေ၇း ဥပဒေမူကြမ်း (၂)ခု ရေးဆွဲရန် ကော်မရှင် တရပ်ကို သမ္မတဦးသိန်းစိန်မှာ ယနေ့ နေ့စွဲဖြင့် ဖွဲ့စည်းလိုက်သည်။ 
ကော်မရှင်ကို ဒုတိယရှေ့နေချူပ် ဦးထွန်းထွန်းဦးက ဦးဆောင်မှာဖြစ်ပြီး ဒုဝန်ကြီး (၂) ဦး၊ သမ္မတအကြံပေး(၁) ဦး၊ အငြိမ်းစားသံအမတ်ကြီး(၁)ဦး၊ ပါမောက္ခ(ငြိမ်း) ၁ ဦး၊ ညွှန်ကြားမှူးချူပ် (၃) ဦးအပါအဝင် စုစုပေါင်း အဖွဲ့ဝင် (၁၂) ဦးဖြင့် ဖွဲ့စည်းလိုက်ပြီး ဇွန်လ(၃၀) ရက်နေ့ နောက်ဆုံးထား ရေးဆွဲ ရမည့်ဟု အမိန်စာတွင် ပါရှိသည်။

ထိုသို့ ရေးဆွဲရာတွင် ဖွဲစည်းပုံအခြေခံ ဥပဒေနှင့် ညီညွှတ်စေရန်၊ ကွဲပြားသော ဘာသာ အယူဝါဒများနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်မှုကို မထိခိုက်ရန်၊ တည်ဆဲ ဥပဒေများနှင့် ညီညွတ်ပြီး ချိတ်ဆက် အသုံးပြုနိုင်ရန်၊ တိုင်းပြည်နှင့် ပြည်သူအတွက် ရေရှည်အကျိုးရှိပြီး တနိုင်ငံလုံး လွှမ်းခြုံ အသုံးပြုနိုင်ရန် စတဲ့ အချက်များကို အခြေခံပြီးရေးဆွဲရန် အမိန်စာတွင်ပါရှိသည်။
::
မ.ဘ.သ အဖွဲ့မှပေးပို့ခဲ့သည့် ဘာသာကူးပြောင်းခွင့်၊ လူဦးရေထိန်းချုပ်ခွင့်၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးမှုနှင့် လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေစုစုပေါင်း ၄ခုကို သမ္မတဦးသိန်းစိန်မှ ဥပေဒပြဌာန်းပေးဖို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းကို သဝဏ်လွှာပေးပို့ခဲ့ဖြင်းဖြစ်သည်။

သူရဦးရွှေမန်းက အဆိုပါဥပဒေကြမ်းများရေးဆွဲရန်မှာ အစိုးရဝန်ကြိးဌာနများမှ ရေးဆွဲပြီး လွှတ်တော်သို့ပြန်လည်ပေးဖို့ရန် အကြောင်းပြန်ကြားခဲ့ပြီး တပတ်အကြာမှာ သမ္မတက ကော်မရှင်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
::
အမျိုးစောင့် ဥပဒေအပေါ် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် မတူကွဲပြားခြားနားသော ကိုးကွယ် ယုံကြည်များရှိသည့် ပြည်သူများ အကြား ဝေဖန်မှုများ ကျယ်လောင်စွာ ထွက်ပေါ်နေချိန်မှာ ယခုကဲ့သို့ ဥပဒေရေးဆွဲရေး လှုပ်ရှားမှုမှာ အဆက်မပြတ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုလုပ်ဆောင်ချက်မှာ သမ္မတဦးသိန်းစိန် အစိုးရမှ ဘာသာရေးကို ခုတုံးလုပ်ပြိး သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေး အမြတ်ထုတ်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟူသော သုံးသပ်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

kolatt(PBDN)

RangonNewsDaily

No comments:

Post a Comment