Pages

Pages - Menu

Friday, March 7, 2014

ဆက်သွယ်ရေးနှင့် သတင်း အချက် အလက် နည်းပညာ ၀န်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တယ်လီဖုန်း သုံးစွဲသူ ပြည်သူများသို့ သတိပေး ကြေညာချက် ထုတ်ပြန်


RangonNewsDaily: March . 7 .2014
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်း သုံးစွဲခဲ့သည့် တယ်လီဖုန်းများ အနက် အချို့သော တယ်လီဖုန်းများသည် ယခင်နှစ် အဆက်ဆက်မှ (၂၈ - ၂ -၂၀၁၄) ရက်နေ့ အထိ တယ်လီဖုန်း ခေါ်ဆိုခ ကြွေးကျန်များ ပေးသွင်းရန် ကျန်ရှိနေကြာင်း တွေ့ရှိရပါသည်။ တယ်လီဖုန်း ခေါ်ဆိုခ ကြွေးကျန်များအား (၂၃-၃-၂၀၁၄) ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ငွေလက်ခံ စခန်းများတွင် ပေးသွင်းပါရန် အသိပေး ကြေငြာအပ်ပါသည်။

ငွေလက်ခံ ကောင်တာများကို ပိတ်ရက် မရှိ ဖွင့်လှစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါသည်။ ကြွေးကျန်များ အကြေအလည် ပေးသွင်းပြီးပါက တယ်လီဖုန်းများအား ပြန်လည် သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။
::
သတ်မှတ်ရက် အတွင်း ပေးသွင်းခြင်း မရှိပါက လိုင်းအပြီး ပိတ်သိမ်းပြီး လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

တယ်လီဖုန်း ကြွေးကျန် အသေးစိတ်စာရင်းကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ Websitewww.mcit.gov.mm နှင့် သက်ဆိုင်ရာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံး တယ်လီဖုန်း အခွန် ဌာနစိတ်များတွင် ကြော်ငြာကပ်ထားမည် ဖြစ်ပါသည်။

http://youtu.be/1wXNiLbxLK4

MRTV , kolatt(PBDN)
RangonNewsDaily
 — 

No comments:

Post a Comment