Pages

Pages - Menu

Monday, February 24, 2014

ချစ်တဲ့သူနဲ့ ပါတ်သက်လာတဲ့အခါ (ကောင်လေး & ကောင်မလေး) နှစ်ဦးလုံးအတွက်


RangonNewsDaily: February . 24 .2014
သူ့ရဲ့ အတိတ်က အရာတွေထက် သင်နဲ့အတူတူ
ရှိနေတဲ့ လက်ရှိအချိန်မှာ သူ့အပေါ် တန်ဖိုးထား
ပေးရင်း တစ်ဘဝလုံးစာ လက်တွဲသွားနိုင်အောင်

ကြိုးစားပေးပါ

သူ့ဆီက ရယူခြင်းတွေကို မျှော်လင့်နေတာထက်
သူ့ရဲ့ အားနည်းချက်တွေကို လက်ခံပေးနိုင်အောင်
ကြိုးစားရင်း သူ့အပေါ် အားပေးမှုလေးတွေနဲ့အတူ
သူ့ရဲ့ အနားမှာ ရပ်တည်ပေးပါ


သူ့အပေါ် အနိုင်ယူနေတတ်တာထက် သင့်ပေါ်
အရှုံးပေးနေတတ်တဲ့ သူရဲ့ စိတ်ကို ခံစားပေးရင်း
သူ့အပေါ် နားလည်မှုလေးတွေနဲ့အတူ သစ္စာရှိတဲ့
ချစ်ခြင်းတွေသာ ပိုင်ဆိုင်ခွင့်ပေးလိုက်ပါ


သင့်အတွက် အချစ်စစ်ဆိုတာ
အကောင်းဆုံးအရာတွေကိုပဲ ဖန်တီးပေးတတ်တာ
မျိုးမဟုတ်ပါဘူး…အဆိုးဆုံးဆိုတာတွေရှိလာတဲ့
အခါမှာလဲ အတူတူရင်ဆိုင် ကျော်ဖြတ်ပေးနိုင်မှသာ
ပိုင်ဆိုင်ခွင့်ရတတ်တာမျိုးပါ


kolatt(PBDN)

RangonNewsDaily

No comments:

Post a Comment