Pages

Pages - Menu

Tuesday, February 11, 2014

လွှတ်တော်အမတ် ၁၇၇ ဦး ခွင့်ယူမှု လွှတ်တော်နာယက သတိပေး

RangonNewsDaily: February . 11 .2014
အစိုးရအဖွဲ့တွင် တာဝန်ပေးခံရသူများ၊ သေဆုံးသူများ နုတ်ပယ်ပြီးနောက် ပြည်ထောင်စုလွှတ်တော်သို့ ၆၄၂ ဦး တက်ခွင့်ရှိသော်လည်း ဖေဖော်ဝါရီ ၁၀ ရက်တွင်၄၆၅ ဦးသာတက်၍ ၁၇၇ ဦး ခွင့်တိုင်ကြားခဲ့ သည့်အတွက် ကိုယ်စားလှယ်တို့ကို ပြည်သူတို့အပ်နှင်းထားသည့် ဆန်္ဒမဲပေးနိုင်ခွင့် မဆုံးရှုံးစေရန် လိုအပ် မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက တိုက်တွန်းပြောကြားလိုက်သည်။

“လွှတ်တော် ကိုယ်စားလှယ်များဟာ ကျန်းမာရေးနဲ့ အခြားအရေးကိစ္စများကြောင့်ခွင့်ယူနိုင်ကြပါတယ်၊ ဒါဟာလည်း ကိုယ်စားလှယ်များရဲ့ အခွင့်အရေး jဖစ်ပါတယ်။

 ပြည်သူများက အပ်နှင်းထားတဲ့ ပြည်သူများ
ရဲ့ ဆန္ဒသဘောထားများ လွှတ်တော်ထဲ ဆန္ဒမဲပေးနိုင်ခွင့် မဆုံးရှုံးစေဖို့အတွက်လည်း လိုအပ်မှာ ဖြစ်ပါ တယ်” ဟု ၎င်းက ပြောခြင်းဖြစ်သည်။
::
ထိုသို့ ခွင့်ယူသူများခြင်းကြောင့် ရေးရာကော်မတီလုပ်ငန်းများမရှိလျှင် တက်ရောက်လာသူအားလုံး လွှတ်တော်ခန်းမအတွင်း ရှိစေလိုသည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။

၎င်းက “လွှတ်တော် အစည်း အဝေးခန်းမအတွင်း တော်တော်လူနည်းပါးနေတာကို တချို့တချို့ လွှတ်တော်လုပ်ငန်းများ မသိတဲ့သူ တွေက ဝေဖန် ထောက်ပြမှုများလည်း ရှိပါတယ်” ဟု ကိုယ်စားလှယ်တို့ကို အသိပေးခဲ့သေးသည်။
::
ကိုယ်စားလှယ်တို့ကမူ နာယက၏ ယင်းသို့ ထောက်ပြတိုက်တွန်းမှုသည် မှန်ကန်သော်လည်း အများစုမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လယ်ယာမြေ သိမ်းဆည်းခံရမှုဆိုင်ရာကော်မရှင်၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကမှ ကိုယ်စားလှယ်တို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ဥပဒေ၊ စည်းမျဉ်းများနှင့်အညီဖြစ်စေရန် အစိုးရအဖွဲ့နှင့် ညှိနှိုင်း၍ ပြည်ထောင်စုလွှတ်တော်က လုပ်ထုံးလုပ်နည်း အသစ်ထုတ်ပြန်ခဲ့၍ ယင်းနှင့်အညီ ပြင်ဆင်ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။
::
တစ်မြို့နယ်လျှင် ကျပ်သိန်းတစ်ထောင်နှုန်းသုံးစွဲ၍ ယခုဘဏ္ဍာနှစ်အတွင်း၌သာ အပြီးဆောင်ရွက်ခွင့်ရ မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ မဖြစ်မနေပြီးစီးရန်မှာ အချိန်နှစ်လခန့်သာ လိုတော့ခြင်းဖြစ်သည်။ သို့မဟုတ်ပါက ပိုလျှံငွေအဖြစ် နိုင်ငံဘဏ္ဍာသို့ ပြန်လည်အပ်နှံရမည်ဖြစ်သည်။

Mizzima - News ::--kolatt(PBDN)
RangonNewsDaily


No comments:

Post a Comment