Pages

Pages - Menu

Tuesday, February 11, 2014

ဘ၀တစ်ကွေ့စီးရီး ဗီစီဒီနှင့် ပတ်သက်ပြီး အိုင်ရင်းဇင်မာမြင့် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေး

RangonNewsDaily: February . 11 .2014
သရုပ်ဆောင် မြင့်မြတ်ဖြင့် ဘ၀တစ်ကွေ့စီးရီးကို ထွက်ရှိခဲ့သည့်အဆိုတော်အိုင်ရင်းဇင်မာမြင့်သည် ယင်းစီးရီး၏ MTV၊ VCD၊ DVD
ထွက်ရှိရန်အတွက် မစီစဉ်သေးကြောင်း ငြင်းဆိုသည့် စကားများသည် အနုပညာစာမျက်နှာများထက် နှင့် အနုပညာ ဂီတအသိုင်း
အ၀ိုင်းကြားတွင်ယခုသီတင်းပတ်အတွင်း၌ထွက်ပေါ်လာခဲ့သည်။ယင်းစီးရီးဗီစီဒီ၊ ဒီဗီဒီများ ထွက်ရှိမှုနှင့် ပတ်သက်ပြီး သရုပ်ဆောင်
မြင့်မြတ်က အိုင်ရင်းဇင်မာမြင့်ကို မေးကြည့်ရန်ဆိုခဲ့သည့် စကားများကို ထည့်သွင်းပြောကြားခဲ့ခြင်းကြောင့် အများက စိတ်ဝင်စား
ခြင်း ဖြစ်ခဲ့ရသည်။

ဘ၀တစ်ကွေ့ ဗီစီဒီခွေထွက်ရှိမှုနှင့် ပတ်သက်ပြီး “ဘ၀တစ်ကွေ့ ဗီစီဒီအခွေကတော့ ထွက်မှာပါ။ ကြာ ဦးမယ်တော့ ထင်တယ်။ သီချင်းတွေ ဟောင်းသွားမှာလဲ ဆိုးလို့ ထွက်ဖို့ မထွက်ဖို့ အတွက် တိုင်ပင်နေ တုန်းပါပဲ” ဟု ယင်းက ပြောသည်။

ဘ၀တစ်ကွေ့စီးရီးတွင် အဆိုတော် ကောင်းကောင်း၊ သရုပ်ဆောင် မြင့်မြတ်တို့နှင့် သီဆိုထားခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တို
ဘာတွင် ထွက်ရှိခဲ့ပြီး ယင်းစီးရီးတွင် နှလုံးသား အရင်းအနှီးစီးရီးမှ တေးသီချင်း များသည်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ ယခု ဗီစီဒီ၊ ဒီဗီဒီထွက်ရှိရန် ရိုက်ကူးမှုနှင့် ပတ်သက်ပြီး ဝေဖန်ချက် တစ်စုံတစ်ရာလည်း ယင်းက ထပ်မံပေးခဲ့ခြင်း မရှိပေ။

၂၀၁၃ ခုနှစ်မှယခုနှစ်ထိ အောင်မြင်သည့်အဆိုတော်အဖြစ်လူတိုင်း၏စိတ်ဝင်စားခြင်းခံရသည့် အိုင်ရင်း သည် ယင်း၏ ဒုတိယတေး

 အယ်လ်ဘမ် Audio CD ကို ယခုနှစ်ထဲတွင် ဖြန့်ချိရန် စီစဉ်ထားကြောင်း ပြောသည်။

အိုင်ရင်းဇင်မာမြင့်သည် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ယင်း၏ တစ်ကိုယ်တော်တေးစီရီး ယိမ်းလိုက် အယ်လ်ဘမ်ကို Audio? DVD တစ်ပြိုင်တည်း ဖြန့်ချိခဲ့ပြီး ၂၀၁၃ ခုနှစ်၏ ရွှေFM လေးနှစ်ပြည့်တွင် နှလုံး သားအရင်းအနှီး တေးသီချင်းဖြင့် အမျိုးသမီး ပေါ်ပြူ

လာဆုကို ချီးမြှင့် ခြင်းခံရသည်။

ယင်းသည် Melody World သီချင်းဆို ပြိုင်ပွဲတွင် ပရိသတ် သတိမထားမိခဲ့သော်လည်း နှလုံးသားအရင်း အနှီး၊ ပြန်လှည့်မကြ
ည့်
ဘူးစသည့် တေးသီချင်းများ ထွက်ရှိခဲ့ချိန်တွင် ပရိသတ်များ အားပေးခြင်းခံရပြီး အောင်မြင်လာသည့် အဆိုတော်ဖြစ်သည်။

Mizzima - News , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment