Pages

Pages - Menu

Sunday, February 9, 2014

ဆိုင်ကယ်ပေါ်မှပြုတ်ကျသူ ၂ ဦးအား ကားကြိတ်မိသေဆုံး

RangonNewsDaily: February . 9 .2014
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လည် ၃ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ စကုနယ်မြေ
ရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သွားရောက်စစ်ဆေး ခဲ့ရာ မင်းဘူး-ပဒါန်း ကားလမ်း၊ ဆင်ခေါင်းကျေးရွာ၊ မိုင်တိုင်အမှတ် (၈/၂)အနီး၌ မင်းဘူးမြို့မှရွှေစက်တော် ဘုရားသို့ ဘုရား
ဖူးရန်လာသော
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နေ ဇော်တင်သန်း(၄၆)နှစ်မောင်းနှင် လာသော ၉ဃ/xxxx Rainbow RJ အဖြူ
ရောင်ဘတ်စ်ကားသည်ပဒါန်းမှမင်းဘူးသို့ မင်းဘူးမြို့နယ် ဆင်ခေါင်းကျေးရွာနေ စိုးအောင်(၁၇)နှစ်မောင်းနှင်
ပြီးတစ်ရွာတည်းနေသူများဖြစ်သည့် မဇာနည်ထွန်း (၁၇)နှစ်နှင့် မစု(၁၇)နှစ်တို့ နောက်ထိုင်လိုက်ပါလာသည့်
ရင်းဇင်း ၁၁၀ အစိမ်းရောင်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်ရှောင်တိမ်းစဉ် ဆိုင်ကယ်ယာဉ်ကြောဘက်သို့ ၀င်
ရောက်တိုက်မိခဲ့သည်။ 

ထိုသို့တိုက်မိ မှုကြောင့် ဆိုက်ကယ်နောက်မှလိုက်ပါလာသူ မဇာနည်ထွန်းနှင့် မစုတို့(၂)ဦးသည် ဆိုင်ကယ်
ပေါ်မှပြုတ်ကျ၍ ကားနောက်ဘီးအောက်သို့ ရောက်ရှိကြိတ်မိသဖြင့် မဇာနည်ထွန်းတွင် ၀ဲဘက်ဦးခေါင်းချို
စောင်းကွဲ၊ ယာမျက်ခုံးစပ် ပေါက်ပြဲဒဏ်ရာ၊ ၀ဲလက်ဖျံ/ဂျိုစောင်း/ယာလက်မောင်းတို့တွင် ပွန်းပဲ့ဒဏ်ရာများနှင့် မစုတွင် ယာဒူးအထက်ကြေမွ၊ ယာရင်ဘတ်နှင့်ဦးခေါင်းပေါက်ပြဲ၊ နားနှင့်နှာခေါင်းမှ သွေးထွက်ဒဏ်ရာ များ
ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သောကြောင့် 

ယာဉ်မဆင်မခြင်မောင်းနှင်သူ ဇော်တင်သန်းအား မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊
 ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

kolatt(PBDN)
RangonNewsDaily


No comments:

Post a Comment