Pages

Pages - Menu

Saturday, February 8, 2014

ယာဉ်တိုက်မှုကို မှတ်တမ်းတင် ဓာတ်ပုံရိုက်၍ ယာဉ်မောင်းက ဓားဖြင့်လိုက်ခုတ်

RangonNewsDaily: February . 8 .2014
မရမ်းကုန်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ် ဂန္ဓမာလမ်းထောင့်ရှိ မီးပွိုင့်တွင် ဖေဖော်ဝါရီလ ၆ ရက် ညနေ ၅ နာရီခန့်က မီးပွိုင့်မီးနီ ပြထားသောကြောင့်ယာဉ်များ ရပ်ထားစဉ် ယာဉ်တိုက်မှု ဖြစ်ခဲ့ရာ မှတ်တမ်းတင် ဓာတ်

ပုံရိုက်သည့် အတိုက်ခံရသူကို ယာဉ်နှစ်စီးတိုက်မှု ကျူးလွန်ခဲ့သူ ယာဉ်မောင်း အမျိုးသားက ဓားဖြင့် လိုက်ခုတ်
ခဲ့ကြောင်း မရမ်းကုန်း မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ချော်တွင်းကုန်းဘက်မှ ရှစ်မိုင် မီးပွိုင့်ဘက်သို့ Total ရေနံကုမ္ပဏီမှ အသက် ၄၁ နှစ်အရွယ်ရှိ ဦးအောင်သီဟ
 မောင်းလာသောKIA SORENTO SUV အမျိုးအစားယာဉ်သည် အဆိုပါ ဂန္ဓမာလမ်းထောင့် မီးပွိုင့်အရောက်
မီးနီမိ၍ ရပ်ထားစဉ် ၎င်းယာဉ်နောက်မှ MAZDA RX-8 အမျိုးအစားယာဉ်က ဝင်တိုက်မိသောကြောင့် ယာဉ်
တိုက်မိသည့် နေရာကို ဦးအောင်သီဟက ဖုန်းဖြင့် မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ယူနေစဉ် အဆိုပါ MAZDA RX-8 ယာဉ်မှယာဉ်မောင်း အမျိုးသားက အရှည် တစ်ပေခန့်ရှိ မြက်ခုတ်ဓားဖြင့် ဦးအောင်သီဟကို လိုက်ခုတ်
သောကြောင့် ထွက်ပြေးခဲ့ရကြောင်း မရမ်းကုန်း မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ဓာတ်ပုံရိုက်လို့ စကားများရာက ဖြစ်ကြတာ။ ရန်ကုန်မြို့မှာ အသေးအမွှား ယာဉ်တိုက်မှုဖြစ်တာက လူတိုင်း

အတွက် နေ့စဉ် ကြုံတွေ့နေရတာဆိုတော့ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းပြောကြရင်ဒီလိုမျိုး ဖြစ်လာမှာ
မဟုတ်ဘူး။ လတ်တလော ဓားနဲ့လိုက်ခုတ်တဲ့သူက အင်းစိန်၊ ဖော့ကန် ရပ်ကွက်မှာ နေတယ်လို့ စုံစမ်း သိရှိ
ထားတယ်” ဟု မရမ်းကုန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်တိုက်ရာမှ ဓားဖြင့် လိုက်ခုတ်သည်ဟု တိုင်ကြားခံရသူကို မရမ်းကုန်း မြို့မရဲစခန်းမှ (ပ)၃၇/ ၁၄၊ ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ပြီး စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရ

သည်။

ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်သော နေရာများရှိ မီးပွိုင့်အချို့တွင် မီးစိမ်းမှ မီးနီပြောင်းစဉ် မီးဝါ အချက်ပြ

မှုများ မရှိခြင်း၊ မီးပွိုင့်အချို့မှာ ပျက်နေခြင်းများကြောင့် ယာဉ်များ အရှိန်လွန်ပြီး တစ်စီးနှင့်တစ်စီး ယာဉ်တိုက်မှု
များ နေ့စဉ် ဖြစ်ပွားနေသည်ကို ကြုံတွေ့နေရကြောင်း မြို့တွင်း အငှားယာဉ်မောင်းများထံမှ သိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment