Pages

Pages - Menu

Wednesday, February 19, 2014

ကချင် ပြည်နယ် ဖားကန့်မြို့တွင် တန်ချိန် ၅၀ လောက်ရှိ ကျောက်စိမ်းတုံး တူးဖေါ်ရ

RangonNewsDaily: February . 19 .2014
ကချင် ပြည်နယ် ဖားကန့်မြို့ ဝေခါ ကျောက်မျက် မှော် လုပ်ကွက်မှာ ခန့်မှန်းခြေ အလေးချိန် တန် ၅၀ လောက် ရှိတဲ့ ကျောက်စိမ်း တုံးကြီး တစ်တုံးကို တူးဖေါ် တွေ့ရှိခဲ့ ပါတယ်။
တနိုင်တပိုင် ကျောက် တူးဖော်သူ တွေ တူးဖေါ်ရရှိတဲ့ ဒီကျောက်စိမ်း တုံးကြီးဟာ တနိုင်တပိုင် သမားတွေ တွေ့ခဲ့ ဖူးတဲ့ ကျောက်စိမ်းတွေ ထဲမှာ အကြီးဆုံး လို့ ဆိုရမှာပါ။

ဒီအတုံးကြီးဟာ ကျောက်စိမ်း အရည် အသွေးပါတဲ့ လုံးချော ပုံသဏ္ဍဍန် ရှိတယ်လို့လည်း သိရပါတယ်။

အခုတော့ ဒီကျောက်စိမ်းတုံးကို တွေ့ခဲ့တဲ့ နေရာမှာဘဲ စစ်တပ် အစောင့် အရှောက်နဲ့ အစိုးရက ထိန်းသိမ်း ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment