Pages

Pages - Menu

Wednesday, February 19, 2014

ဂျပန်တွင် နှင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် (၁၂)ဦးထက်မနည်းသေဆုံး

Photo: ဂျပန်တွင် နှင်းမုန်တိုင်းများ တိုက်ခတ်မှုကြောင့် (၁၂)ဦးထက်မနည်းသေဆုံး

ဖေဖေါ်ဝါရီ ၁၈ ရက် ၂၀၁၄

ဂျပန်နိုင်ငံ တနံတလျားတွင် နှင်းမုန်တိုင်းများ သည်းသည်းမည်းမည်း တိုက်ခတ်နေသဖြင့် လေကြောင်းခရီးစဉ် အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရသည်။ ဂျပန်မီဒီယာများက အနည်းဆုံး လူ(၁၂)ဦး သေဆုံးပြီး (၁၆၅၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရေးသားခဲ့

ဂျပန်နိုင်ငံတွင် နှင်းမုန်တိုင်းများ ထူထပ်ပြင်းထန်စွာ တိုက်ခတ်နေမှုကြောင့် အနည်းဆုံး လူ(၁၂)ဦး သေဆုံးသွားကြောင်း သိရသည်။ တနင်္ဂနွေနေ့မှ စတင်ကာ ရာသီဥတု အခြေအနေ အလွန်အမင်း ကြမ်းတမ်းဆိုးရွားလာပြီး ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင်လည်း ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။ ဂျပန်နိုင်ငံ တနံတလျားတွင် နှင်းမုန်တိုင်းများ သည်းသည်းမည်းမည်း တိုက်ခတ်နေသဖြင့် လေကြောင်းခရီးစဉ် အများအပြားကိုလည်း ဖျက်သိမ်းခဲ့ရသည်။ ဂျပန်မီဒီယာများက အနည်းဆုံး လူ(၁၂)ဦး သေဆုံးပြီး (၁၆၅၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရေးသားခဲ့သည်။ အချို့သော သတင်းဌာနများက အသေအပျောက် ပမာဏသည် (၁၉)ဦးအထက်ထိ မြင့်တက်လာကြောင်း ဆိုသည်။

နှင်းကျဆင်းမှုသည် ပြီးခဲ့သည့် နှစ်ပေါင်းအတော်များများအတွင်း စံချိန်တင် ပမာဏထိ သိပ်သည်းထူထပ်ခဲ့ကြောင်းလည်း သိရသည်။ တိုကျိုတွင် နှင်းထုဖုံးလွှမ်းမှုသည် (၂၇)စင်တီမီတာမျှထိ ရှိနေကြောင်း ကျိုဒိုသတင်းအေဂျင်စီက ကြေညာခဲ့သည်။ NHKက လူပေါင်း(၂၂၀၀)ဝန်းကျင်သည် အမိုးပေါ် ပိနေသည့် နှင်းထုကြီးကြောင့် အန္တရာယ် ဖြစ်နိုင်သဖြင့် နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ရာနှင့်ချီသော လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသလို ဂျပန်နိုင်ငံအတွင်း ရထားဆက်သွယ်ရေး လမ်းကြောင်းအချို့ကိုလည်း ပိတ်သိမ်းထားရသည်။

အထူးသဖြင့် ဂန်မာနှင့် နာဂါနိုတို့သို့ ဆက်သွယ်သော လမ်းပိုင်းများ ရပ်နားထားပြီး တိုကျိုမြို့တော်တွင်လည်း နှင်းထု ထူထူထပ်ထပ် ကျဆင်းနေသဖြင့် မော်တော်ကား အများအပြား လမ်းပိတ်နေခဲ့ကြောင်း သိရသည်။ တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ကာရူအီဇာဝါရှိ နေ့အပူချိန်သည် အနုတ် (၃.၆)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းပြီး နှင်းထုအထူသည် (၉၀)စင်တီမီတာထိ ရှိခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Myawady News

RangonNewsDaily: February . 19 .2014
ဂျပန်နိုင်ငံတွင် နှင်းမုန်တိုင်းများ ထူထပ်ပြင်းထန်စွာ တိုက်ခတ်နေမှုကြောင့်အနည်းဆုံးလူ(၁၂)ဦး သေဆုံးသွားကြောင်း သိရ
ည်
။တနင်္ဂနွေနေ့မှစတင်ကာရာသီဥတုအခြေအနေအလွန်အမင်း ကြမ်းတမ်းဆိုးရွားလာပြီးပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင်လည်း
ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာသည်။ ဂျပန်နိုင်ငံတနံတလျားတွင် နှင်းမုန်တိုင်းများသည်းသည်းမည်းမည်းတိုက်ခတ်နေသဖြင့် လေကြောင်းခရီးစဉ်အများအပြားကိုလည်း
ဖျက်သိမ်းခဲ့ရသည်။ ဂျပန်မီဒီယာများက အနည်းဆုံး လူ(၁၂)ဦး သေဆုံးပြီး (၁၆၅၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း ရေးသားခဲ့
သည်။ အချို့သော သတင်းဌာနများက အသေအပျောက် ပမာဏသည် (၁၉)ဦးအထက်ထိ မြင့်တက်လာကြောင်း ဆိုသည်။

နှင်းကျဆင်းမှုသည် ပြီးခဲ့သည့် နှစ်ပေါင်းအတော်များများအတွင်းစံချိန်တင်ပမာဏထိသိပ်သည်းထူထပ်ခဲ့ကြောင်းလည်း သိရ
သည်
။ တိုကျိုတွင် နှင်းထုဖုံးလွှမ်းမှုသည် (၂၇)စင်တီမီတာမျှထိ ရှိနေကြောင်း ကျိုဒိုသတင်းအေဂျင်စီက ကြေညာခဲ့သည်။ 

NHKက လူပေါင်း(၂၂၀၀)ဝန်းကျင်သည် အမိုးပေါ် ပိနေသည့် နှင်းထုကြီးကြောင့် အန္တရာယ် ဖြစ်နိုင်သဖြင့် နေအိမ်များကို စွန့်ခွာခဲ့
ရကြောင်း ဖော်ပြခဲ့သည်။ ရာနှင့်ချီသော လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရသလို ဂျပန်နိုင်ငံအတွင်း ရထားဆက်သွယ်ရေး လမ်းကြောင်းအချို့ကိုလည်း ပိတ်သိမ်းထားရသည်။

အထူးသဖြင့် ဂန်မာနှင့် နာဂါနိုတို့သို့ ဆက်သွယ်သော လမ်းပိုင်းများ ရပ်နားထားပြီး တိုကျိုမြို့တော်တွင်လည်း နှင်းထု ထူထူထပ်
ထပ် ကျဆင်းနေသဖြင့် မော်တော်ကား အများအပြား လမ်းပိတ်နေခဲ့ကြောင်း သိရသည်။ 

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ကာရူအီဇာဝါရှိ နေ့အပူချိန်သည် အနုတ် (၃.၆)ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းပြီး နှင်းထုအထူသည် (၉၀)စင်တီမီတာထိ ရှိခဲ့ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Myawady News , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment