Pages

Pages - Menu

Saturday, February 8, 2014

မြန်မာသင်္ဘောသားများ ငွေကြေးကိစ္စ သတိထား ဆောင်ရွက်ရန် ကြေညာချက်ထုတ်

RangonNewsDaily: February . 8 .2014
မြန်မာသင်္ဘောသားများ အနေနှင့် လာမည့် ဧပြီလ ၁ ရက်နေ့ မတိုင်မီအထိ ငွေကြေး ကိစ္စရပ်များကို သတိ

ထားပြီးလုပ်ကိုင် ဆောင်ရွက်ရန် မြန်မာ့ပင်လယ်ရေကြောင်းအလုပ်သမားများအဖွဲ့ချုပ်(MMWF) က ဖေဖော်
ဝါရီလ ၇ ရက်နေ့တွင် သတိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။
လက်ရှိ ဆက်သွယ် လုပ်ကိုင်နေသော ဒေသခံ ကိုယ်စားလှယ်ထားရှိ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းကိစ္စများကို ၂၀၁၄ ခုနှစ်မတ်လ၃၁ရက်နေ့တွင်ရပ်ဆိုင်းမည်ဟုသင်္ဘောသား အလုပ်အကိုင် ကြီးကြပ်မှုဌာနခွဲက သတင်း
 ထုတ်ပြန်ထားခြင်းကြောင့် လိုင်စင်အသစ် ထပ်မံ လျှောက်ထားရန် အခက်အခဲများ ရှိနေသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များအနေနှင့် ငွေကြေး လိမ်လည်မှုများ ပြုလုပ်လာနိုင်ကြောင်း MMWF အထွေထွေ အတွင်း
ရေးမှူး (၁) ဦးရဲဝင်းထွန်းက ပြောကြားသည်။

“သင်္ဘောသားတစ်ယောက်ကိုသိန်း၂၀၊ ၂၅ ဆိုတော့ လူ ၂၀ လောက် ဆိုရင် သိန်းလေးငါးရာ။ ဒီတော့ သတ်

မှတ် စည်းကမ်းချက်တွေနဲ့ မညီလို့ လိုင်စင် အသစ်မှာ ပါမလာနိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ သင်္ဘောသားတွေ
ဆီက ရသလောက် ယူပြီး လုပ်ငန်းလိုင်စင် ဖျက်သိမ်းလိုက်တာမျိုး၊ ထွက်ပြေးတာမျိုးတွေ လုပ်လာနိုင်ပါတယ်။ လုပ်မယ်ဆိုရင်လည်း ဘယ်သင်္ဘောလဲ၊ ဘယ်ကုမ္ပဏီလဲ၊ ဘာတာဝန် ထမ်းဆောင်ရမှာလဲဆိုတဲ့ အထောက်
အထား အပြည့်အစုံရှိမှ ပိုက်ဆံကို ပေးသင့်တယ်” ဟု ဦးရဲဝင်းထွန်းက ဆိုသည်။

လုပ်ငန်းလိုင်စင်အသစ်ဖြစ်သောပိုင်ရှင်ကိုယ်စားသင်္ဘောသားစုဆောင်းခန့်ထားသည့် Seafarer Recruitment

and Placement Service (SRPS) လိုင်စင်များကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရေကြောင်းပို့ဆောင်ရေး ညွှန်
ကြားမှု ဦးစီးဌာနက တရားဝင် ချထားပေးမည် ဖြစ်ပြီး ယင်းသို့ SRPS လိုင်စင် ရရှိသော ကုမ္ပဏီများသာလျှင် သင်္ဘောသား လူအင်အား ဖြည့်တင်းခြင်း လုပ်ငန်းကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာချ
က်တွင် ပါရှိသည်။

အဆိုပါ SRPS လိုင်စင်ရ ကုမ္ပဏီများသည် သင်္ဘောသားများကို တာဝန် ထမ်းဆောင်ရန် ရွေးချယ် စေလွှတ်

ရာတွင်မှန်ကန်မှုရှိရန်အပြည့်အဝ တာဝန်ယူရမည့်အပြင်အကြောင်းတစ်စုံတစ်ရာ ချို့ယွင်းမှုကြောင့် သင်္ဘော
သားများဆုံးရှုံးနစ်နာမှုများ ရှိလာပါကအပြည့်အဝတာဝန်ယူ ဖြေရှင်းပေးရမည် ဖြစ်ကြောင်း မြန်မာ့ပင်လယ်
ရေကြောင်းအဖွဲ့ချုပ်မှ တာဝန်ရှိတစ်ဦးက ထပ်မံ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် သင်္ဘောသားဦးရေ တစ်သိန်းဝန်းကျင် ရှိသည့်အနက် အလုပ်လက်မဲ့ သင်္ဘောသားဦးရေ

ခြောက်သောင်းကျော် ရှိပြီး ယင်းကဲ့သို့ အလုပ်အကိုင် ရှားပါးမှု အခက်အခဲများအပြင် မမှန်မကန် လုပ်ဆောင်
သည့် ပွဲစားအချို့ကြောင့်လည်း သင်္ဘောသား လူသစ်များကို ခက်ခဲကြမ်းတမ်းသည့် ငါးဖမ်းသင်္ဘောများတွင် ပို့ဆောင်အလုပ်လုပ်ကိုင်စေပြီးလုပ်အားခလစာလုံးဝမရရှိခြင်း၊အပြည့်အဝမရရှိခြင်းတို့ ကြုံတွေ့ နေကြောင်း
MMWF တာဝန်ရှိသူများထံမှ သိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment