Pages

Pages - Menu

Saturday, February 8, 2014

ကျဆုံးရဲဘော်တွေကို ABSDF ဂုဏ်ပြု

Photo: ကျဆုံးရဲဘော်တွေကို ABSDF ဂုဏ်ပြု
Saturday, February 8, 2014

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဖြတ်သန်းမှု ၂၅ နှစ်တာအတွင်း ကျဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ကယားပြည်နယ် လွိုင်ကော်မြို့ ဥတ္တရာရုံ ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။

ကျဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေအတွက် အခုလို အခမ်းအနားနဲ့ ဂုဏ်ပြုပွဲကျင်းပတာ ဖြစ်တယ်လို့ ABSDF ဥက္ကဌ ကိုသံခဲက ပြောပါတယ်။

“၂၅ နှစ်တာအတွင်းမှာ ကျဆုံးသွား ကျနော်တို့ရဲ့ ရဲဘော်တွေကို ဂုဏ်ပြုတယ်၊ နောက်တစ်ခုကတော့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မိသားစုတွေကို သူတို့ရဲ့ သားသမီးတွေ၊ ညီအစ်ကို မောင်နှမတွေဟာ အခုလို ဒီမိုကရေစီတိုက်ပွဲမှာ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့ပြီး ကျဆုံးသွားတဲ့အပေါ်မှာ အသိအမှတ်ပြုတာလည်း ဖြစ်ပါတယ်”

ဒီနေ့ဂုဏ်ပြုမှတ်တမ်း ပေးအပ်ပွဲဟာ ကယားပြည်နယ်မှာ ကျဆုံးခဲ့တဲ့ ရဲဘော် ၃၄ ဦးကို ရည်စူးပေးအပ်တာဖြစ်ပြီး လာမယ့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာလည်း ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ အလားတူအခမ်းအနား ကျင်းပသွားမယ်လို့ သိရပါတယ်။

၂၅ နှစ်အတွင်း ကျဆုံးသွားကြတဲ့ ABSDF အဖွဲ့ဝင် ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီနေ့အခမ်းအနားကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ)၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ရ.လ.လ.ဖ)၊ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းစတဲ့ အဖွဲ့ဆယ်ဖွဲ့ က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး သ၀ဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။

RFA

RangonNewsDaily: February . 8 .2014
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဖြတ်သန်းမှု ၂၅ နှစ်တာအတွင်း ကျ
ဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ကယားပြည်နယ် လွိုင်ကော်မြို့ ဥတ္တရာရုံ ဘုန်းတော်ကြီး
ကျောင်းမှာ ဒီနေ့ ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ခဲ့ပါတယ်။ ကျဆုံးသွားကြတဲ့ အဖွဲ့ဝင်တွေအတွက် အခုလို အခမ်းအနားနဲ့ ဂုဏ်ပြုပွဲကျင်းပတာ ဖြစ်တယ်လို့ ABSDF ဥက္ကဌ ကိုသံခဲက ပြောပါတယ်။

“၂၅ နှစ်တာအတွင်းမှာ ကျဆုံးသွား ကျနော်တို့ရဲ့ ရဲဘော်တွေကို ဂုဏ်ပြုတယ်၊ နောက်တစ်ခုကတော့ ကျဆုံး
သွားတဲ့ရဲဘော်တွေရဲ့ မိသားစုတွေကို သူတို့ရဲ့ သားသမီးတွေ၊ ညီအစ်ကို မောင်နှမတွေဟာ အခုလို ဒီမိုကရေ
စီတိုက်ပွဲမှာ ရွပ်ရွပ်ချွန်ချွန် တိုက်ပွဲဝင်ခဲ့ပြီး ကျဆုံးသွားတဲ့အပေါ်မှာ အသိအမှတ်ပြုတာလည်း ဖြစ်ပါတယ်”

ဒီနေ့ဂုဏ်ပြုမှတ်တမ်း ပေးအပ်ပွဲဟာကယားပြည်နယ်မှာ ကျဆုံးခဲ့တဲ့ရဲဘော် ၃၄ ဦးကို ရည်စူးပေးအပ်တာဖြစ်
ပြီးလာမယ့် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှာလည်းရှမ်းပြည်နယ် တောင်ကြီးမြို့မှာအလားတူအခမ်းအနား ကျင်းပ
သွားမယ်လို့ သိရပါတယ်။

၂၅ နှစ်အတွင်း ကျဆုံးသွားကြတဲ့ ABSDF အဖွဲ့ဝင် ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒီနေ့အခမ်းအနားကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်
မြောက်ရေးတပ်ဦး (က.လ.လ.တ)၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး
တပ်ဦး (ရ.လ.လ.ဖ)၊ ကယားပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းစတဲ့ အဖွဲ့
ဆယ်ဖွဲ့ က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး သ၀ဏ်လွှာတွေ ဖတ်ကြားခဲ့ပါတယ်။

RFA , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment