Pages

Pages - Menu

Wednesday, February 26, 2014

ကျိုက်ထီးရိုးစေတီတော်ထီးတော်သစ်တပေါင်းလပြည့်နေ့တင်လှူမည်


RangonNewsDaily: February . 26 .2014
ကျိုက်ထီးရိုးစေတီတော်အား မွန်၊ရှမ်း၊မြန်မာထီးတော်ဖြင့် တပေါင်း လပြည့်နေ့တွင် အသစ်ပြန်တင်လှူခြင်းကို ကျိုက်ထီးဆောင်းဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တပညာဒီပ၏ဦးဆောင်မှုဖြင့်ပြုလုပ် မည်ဖြစ်သည်။
''ပြင်ဆင်မှုအနေအထားက စိန်ဖူးနဲ့ငှက်မြတ်နားကိုအသစ်
ထပ်မတည် တော့ဘူး။ အချိန်နည်းလို့၊ အဲဒီမှာရှိတဲ့ရတနာများကိုပဲ ရောင်တော်ပြန်ဖွင့် မယ်။ ပြန်လှူမယ်။ နောက်ထပ်လှူဒါန်းလာမယ့် ရတနာပစ္စည်းတွေကိုလဲ အဲဒီမှာထပ်လှူမယ်။

ထပ်လှူမယ့်အလှူရှင်များကလဲ စေတနာပေါက်လို့ လှူလာရင်လဲ လှူဒါန်းလို့ရအောင်အံခွက်ထည့်မယ်။ အခုထီးတော်က စေတီနဲ့ မကိုက်ညီဘူး။ စေတီနဲ့ကိုက်ညီမှုဖြစ်အောင် အခုထီးတော်ကိုလဲ ပုံစံအသစ်နဲ့ပြန်ပြီးလှူဒါန်းဖို့ပါ။ ထီးတော်ပုံစံကို မွန်၊ ရှမ်း၊ မြန်မာထီးတော် ပုံစံအသစ်နဲ့လှူဒါန်းမှာဖြစ်တယ်''ဟုကျိုက်ထီးဆောင်းအကျိုးတော်ဆောင် ချုပ် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနာဂဒီပကမိန့်ကြားသည်။

ထီးတော်အသစ်ပြန်လည်တင်လှူနိုင်ရေးအတွက် ဇေကမ္ဘာကုမ္ပဏီ မိသားစုက ရွှေစင်သုံးပိဿာ၊ ငွေကျပ်သိန်း၅ဝဝ၊ လိုအပ်သောစတီး ပိုက်ချောင်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁နာရီခွဲ တွင်ဘီးလင်းမြို့နယ်ဇုတ်သုတ်စံပြကျေးရွာရှိ ဆံတော်ရှင်ကျိုက်ထီးဆောင်း စေတီတော်ပရိဝုဏ်၌ကျင်းပခဲ့သည်။

ယင်းသို့ ထီးတော်ပုံစံအသစ် ပြန်လည်တင်လှူခြင်းနှင့်ပတ်သက် ၍ ''ထီးတော်က မွန်၊ရှမ်း၊မြန်မာ ထီးတော်ပုံစံပါ။နဂိုကလဲဒီထီးတော် ပုံစံပါပဲ။ ၂ဝဝ၁ ခုနှစ်က ပြန်တင် တာကိုး၊ အဲဒီ့တုန်းကသင်္ဘောကျင်း က ဦးအောင်မြတ်တို့လုပ်ပေးတာ ဖြစ်တယ်။
''ယခင်ထီးတော်ကအချိုးမကျ တာမို့ မပြေပြစ်ဘူး။ အခု ဒုတိယ အကြိမ်ပြန်လုပ်ခိုင်းတော့ ထီးတော် ပုံစံဖြစ်လာပြီး ရက်ကလဲ၁၅ရက်ပဲ ရတယ်။ ဓမ္မစကြာနဲ့ ပန်းနဲ့ မွန်ထီး က ဟင်္သာပါတာပေါ့။ ဒုတိယ ထီးတော်ရှမ်းထီးမှာက ဇာတ်ကြီး ၁ဝ ဘွဲ့၊ ဇာတ်ကြီး ၁ဝ ဘွဲ့ကို အကွက်ရှစ်ကွက်နဲ့ ထည့်ပြီးပူဇော် မယ်။


ကျန်တဲ့အပေါ်မှာတော့ ဘုရား ရဲ့ဗောဓိပလ္လင်နဲ့ ရွှေပလ္လင်နဲ့အောင် တဲ့ပုံတော်၊ ဒေသစာရီပုံတော်နဲ့ အရင်တုန်းက အဲဒီ့လောက်ပဲထည့် တယ်။ အခုကတော့ ဆရာတော် မိန့်ကြားတော်မူတဲ့အတိုင်း မွန်၊ ရှမ်း၊ မြန်မာထီးတော်ကိုပီပီပြင်ပြင် လဲဖြစ်အောင် ပြန်လည်အသစ်တင် လှူရခြင်းဖြစ်တယ်''ဟု ကျိုက်ထီး ဆောင်းအကျိုးတော်ဆောင်ချုပ်က မိန့်ကြားသည်။

အဆိုပါ ထီးတော်အသစ် ပြန် လည်တင်လှူခြင်းကို ကျိုက်ထီး ဆောင်းဆရာတော်၏ သြဝါဒလမ်း ညွှန်မှုကိုခံယူပြီး ပြန်လည်တင်လှူ မည်ဖြစ်ကြောင်း ကျိုက်ထီးဆောင်း အကျိုးတော်ဆောင်ချုပ်ဘဒ္ဒန္တနာဂ ဒီပက ဆက်လက်မိန့်ကြားသည်။

ကျိုက်ထီးဆောင်းဆရာတော် ကြီးသည် ဆံတော်ရှင်အဆင့်မြင့် ကိုးဆူ၊ ဒုတိယအဆင့်မြင့်ကိုးဆူ နှင့် တစ်ကျော့ပြန်သာသနာ ၂၅ဝဝ ကိန်းခန်းနှင့်အညီ ဖွင့်ဖော်ပြုပြင် တည်ဆောက်၊ ထိန်းသိမ်းစောင့် ရှောက်လျက်ရှိသည်။

ထိန်းသိမ်းစောင့်ရှောက်ရာတွင် လည်း ရှေးဟောင်းသိမ်တော်များကို ပြုပြင်ရာတွင် မပြုပြင်ရဲကြောင်း မြို့နယ်သံဃနာယကများနှင့် ရပ် ကွက်သံဃနာယကများ၊ အာဏာ ပိုင်အဖွဲ့အစည်းများက လျှောက် ထားကြောင်း၊ မြို့နယ်သံဃနာယက များနှင့်သဘောတူညီမှုရရှိပြီးမှသာ ဆောင်ရွက်ခဲ့ကြောင်း၊ ဆံတော်ရှင် များကို ပြန်လည်ဖွင့်ဖော်ခဲ့ခြင်းနှင့် ပတ်သက်၍ မိန့်ကြားတော်မူသည်။

''ကျိုက်ထီးရိုးစေတီတော်ကို ၂ဝဝ၁ ခုနှစ်ကတည်းက ထီးတော် တင်လှူခဲ့တာပါ။ ကြာမြင့်လာပြီ ဖြစ်တဲ့အတွက် ဘုရားဆံတော် ကိန်းဝပ်ဆံတော်တွေဖြစ်တဲ့အတွက် ကြောင့်ဆရာတော်က ပြန်လည်ပြု ပြင်ခြင်းဖြစ်တယ်''ဟုဆရာတော်က မိန့်ကြားတော်မူခဲ့ကြောင်း အကျိုး တော်ဆောင်ချုပ်ကမိန့်ကြားသည်။

ယခင်က ဥာဏ်တော်အမြင့်မှာ ကိုးပေရှိပြီး ယခုထီးတော်အပါအဝင် ဥာဏ်တော်အမြင့် ၁၅ ပေအထိ ရှိသွားမည်ဖြစ်သည်။ ထို့ပြင်ယခင် လှူထားသော ရွှေစင်ပိဿာမှာ ကိုးပိဿာရှိကြောင်း၊ ယခုထပ်မံ၍ ရွှေစင်သုံးပိဿာကို ထပ်မံကပ်လှူ မည်ဖြစ်ကြောင်းသိရသည်။

ကျိုက်ထီးရိုးစေတီတော်အသစ် ပြန်လည်တင်လှူခြင်းကို တပေါင်း လပြည်နေ့ (မတ် ၁၅ရက်)တွင် ကျင်းပပူဇော်မည်ဖြစ်ပြီး ထီးတော် တင်လှူနိုင်ရန်ဘက်ပေါင်းစုံမှပညာ ရှင်များ စုစည်း၍ဆောင်ရွက်သွား မည်ဖြစ်ကြောင်းအကျိုးတော်ဆောင် ချုပ်က ရှင်းလင်းမိန့်ကြားခဲ့သည်။

The Union Daily , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment