Pages

Pages - Menu

Wednesday, February 26, 2014

"တောင်သူလယ်သမား နေ့မှာ နောနော်၏ တစ်ကိုယ်တော် ဖျော်ဖြေ ပွဲ ပြုလုပ်မည်"


RangonNewsDaily: February . 26 .2014
နော်နော်က သူတို့ Blaze တီး ဝိုင်းရဲ့ One Band Show ကို မတ်လ ၂ ရက်နေ့ည မျှော်စင်ကျွန်း မှာ ကျင်း ပပြုလုပ် တော့ မှာဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ် ထဲမှာလည်း အမျိုးသား ကဇာတ်ရုံမှာ One Band Show ကို ပြုလုပ်ဖြစ်တဲ့ နောနော်တို့ အဖွဲ့က ဒီတစ်ခေါက် ရှိုးပြုလုပ်ဖြစ်ပုံ နဲ့ ပတ်သက်ပြီး
“တောင်သူ လယ်သမားနေ့ ဆိုတော့ ပိတ်ရက်လည်း ဖြစ်တယ်။

ပြီးတော့ လေးလေးနက်နက် စီးရီးကလည်း ထွက်ထားတယ်။ ခု MTV လည်း ထွက်ပြီးပြီ ဆိုတော့ အဲဒီသီချင်းတွေ နဲ့ ပြန်မိတ်ဆက်ပေး ချင်တာ လည်း ပါတယ်။ ပရိသတ်တွေကို ရော့ခ်မု(ဒ်) အပြည့်နဲ့ ဖျော်ဖြေချင် တာလည်း ပါတယ်။

မျှော်စင်ကျွန်းကို ရွေးဖြစ်တာကတော့ ဒီနေရာကို ကြိုက်တယ်။ ကျွန်တော် တို့ Underground ဘဝ ကတည်းက မျှော်စင်ကျွန်း မှာပဲ တီးဆိုဖြစ်တော့ ဒီမှာပဲ ရွေးဖြစ်တာ” လို့ နောနော်က ပြောပါတယ်။ နောနော် တို့ Blaze အနေနဲ့ တစ်နှစ် တစ်ခါဆိုသလို ရှိုးပွဲ ပုံမှန် ပြုလုပ်ဖြစ်တဲ့ အတွက် ဒီနှစ် မှာလည်း ပြုလုပ်ဖြစ်ခြင်း ဖြစ်ပြီး အခွေ ပရိုမိုးရှင်း အနေ နဲ့တော့ မဟုတ်ဘူး လို့လည်း သိရပါ တယ်။

နော်နော် ရဲ့ နောက်ဆုံး ထွက်ရှိတဲ့ စီးရီး “လေးလေးနက်နက်” က အရင် အခွေတွေလောက် သိပ်ပြီး ပျံ့နှံ့မှု မရှိတဲ့ အကြောင်း ကိုလည်း နောနော်က “လေးလေးနက်နက်မှာ မြူးဇစ်က အရင်ကနဲ့မတူ အောင် ဆန်းသစ် ထားတော့ ကြိုက်တဲ့ လူလည်း ရှိတယ်။ မကြိုက်တဲ့ လူလည်းရှိတယ်။ အဲဒီအတွက် နည်းနည်း ငြိမ်သွား တဲ့ သဘောပါ” လို့ နောနော် က ပြောပါတယ်။

နောနော်က “လေးလေးနက်နက်” စီးရီးကို ပြန်မိတ်ဆက်ပေးမယ့် မတ် ၂ ရက်နေ့ ရှိုးမှာတော့ ဧည့်သည် အဆိုတော် အနေနဲ့ ထည့်သွင်းထားခြင်း မရှိဘဲ သူတို့ တစ်ဝိုင်း တည်းပဲ တီးခတ်ဖျော်ဖြေ မှာဖြစ်တယ်လို့လည်း သိရပါတယ်။ နောနော်တို့ရဲ့ One Band Show ပွဲအတွက် လက်မှတ် များကိုတော့ ၅ဝဝဝကျပ်နှုန်း သတ်မှတ် ထား ကြောင်း လည်း သိရပါတယ်။

P054
Popular Journal , 
kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment