Pages

Pages - Menu

Wednesday, February 5, 2014

တောင်ဥက္ကလာပမြို့နယ်တွင် ကားလေးစီးဆင့် တိုက်မှုဖြစ်ပွားကလေးတစ်ဦးဒဏ်ရာရ

Photo: တောင်ဥက္ကလာပမြို့နယ်တွင် ကားလေးစီးဆင့်
တိုက်မှုဖြစ်ပွားကလေးတစ်ဦးဒဏ်ရာရ
Wednesday, February 5, 2014 

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်း (၃၁)ကားဂိတ်ဟောင်းအနီးရှိ အညာသွေးထမင်းဆိုင်ရှေ့၌ ယနေ့ည ၉ နာရီကျော်တွင် ယာဉ်လေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သင်္ဃန်းကျွန်း စံပြဈေးဘက်မှယာဉ်ကြောအတိုင်း
မောင်းနှင်လာသည့် ဒိုင်နာယာဉ်သည် ဘရိတ်ပေါက်ပြီး အပေါ် ယာဉ်ကြောမှ ကုန်တင်ယာဉ်ကြီးကိုတိုက်မိကာ အညာသွေး ထမင်းဆိုင်ရှေ့၌ရပ်ထားသည့် အငှားယာဉ်ကိုတစ်ဆင့်တိုက်မိခဲ့ကာ တိုက်မိသည့်အငှားယာဉ်သည် ဆိုင်ရှေ့မှထွက်ခွာရန် ပြုလုပ်နေသည့် စူပါကာစတန်အမျိုးအစားယာဉ်ကို ထပ်မံတိုက်မိခြင်းဖြစ်သည်။

ဒိုင်နာယာဉ်သည် ကုန်တင်ယာဉ်ကြီးကိုတိုက်မိပြီး အငှားယာဉ် အားမတိုက်မီ လမ်းပေါ်၌ရှိနေသည့်ထမင်းဆိုင်မှ ကလေးတစ်ဦးကို တိုက်မိကြောင်း၊ ယင်းအတွက် အဆိုပါကလေးကို သင်္ဃန်းကျွန်းစံပြ
ဆေးရုံသို့ပို့ဆောင်ခဲ့ရသော်လည်း စိုးရိမ်စရာမရှိကြောင်းသိရသည်။

ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသည့် အညာသွေးထမင်းဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လွင်ဦးက ''ဒိုင်နာယာဉ်က နောက်ကနေ ဝင်တိုက်ပြီး အခုလိုဖြစ်သွားတာပါ''ဟုဆိုသည်။

ယာဉ်တိုက်မှုကို အရေးယူဆောင်ရွက်နိုင်ရန် တောင်ဥက္ကလာပ ယာဉ်ထိန်းရဲရုံးမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခင်းဖြစ်ပွားရာသို့ လာရောက်သည့် ယာဉ်အမှုစစ်ကပြောသည်။

The Union Daily

RangonNewsDaily: February . 5 .2014
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်း (၃၁)ကားဂိတ်ဟောင်းအနီးရှိ အညာသွေးထမင်းဆိုင်ရှေ့၌ ယနေ့ည ၉ နာရီကျော်တွင် ယာဉ်လေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ သင်္ဃန်းကျွန်း စံပြဈေးဘက်မှယာဉ်ကြောအတိုင်း
မောင်းနှင်လာသည့် ဒိုင်နာယာဉ်သည် ဘရိတ်ပေါက်ပြီး အပေါ် ယာဉ်ကြောမှ ကုန်တင်ယာဉ်ကြီးကိုတိုက်မိကာ အညာသွေး ထမင်းဆိုင်ရှေ့၌ရပ်ထားသည့် အငှားယာဉ်ကိုတစ်ဆင့်တိုက်မိခဲ့ကာ တိုက်မိသည့်အငှားယာဉ်သည် ဆိုင်ရှေ့မှထွက်ခွာရန် ပြုလုပ်နေသည့် စူပါကာစတန်အမျိုးအစားယာဉ်ကို ထပ်မံတိုက်မိခြင်းဖြစ်သည်။

ဒိုင်နာယာဉ်သည် ကုန်တင်ယာဉ်ကြီးကိုတိုက်မိပြီး အငှားယာဉ် အားမတိုက်မီ လမ်းပေါ်၌ရှိနေသည့်ထမင်းဆိုင်မှ ကလေးတစ်ဦးကို တိုက်မိကြောင်း၊ ယင်းအတွက် အဆိုပါကလေးကို သင်္ဃန်းကျွန်းစံပြ
ဆေးရုံသို့ပို့ဆောင်ခဲ့ရသော်လည်း စိုးရိမ်စရာမရှိကြောင်းသိရသည်။

ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသည့် အညာသွေးထမင်းဆိုင်မှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လွင်ဦးက ''ဒိုင်နာယာဉ်က နောက်ကနေ ဝင်တိုက်ပြီး အခုလိုဖြစ်သွားတာပါ''ဟုဆိုသည်။

ယာဉ်တိုက်မှုကို အရေးယူဆောင်ရွက်နိုင်ရန် တောင်ဥက္ကလာပ ယာဉ်ထိန်းရဲရုံးမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အခင်းဖြစ်ပွားရာသို့ လာရောက်သည့် ယာဉ်အမှုစစ်ကပြောသည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment