Pages

Pages - Menu

Wednesday, February 5, 2014

ပြည်သူ့ရင်ပြင်ရှေ့ အပန်းဖြေနေသော လူငယ်အဖွဲ့ ကားဖြင့်လိုက်တိုက်ခံရ

RangonNewsDaily: February . 5 .2014
ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်တွင် ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်က အပန်းဖြေနေသော လူငယ်သုံးဦးထံသို့ လူငယ်တစ်စု ရောက်လာပြီး ရန်စခံရမှုကြောင့် ပြဿနာ မဖြစ်ရန် ၎င်းတို့ ပါလာသော ယာဉ်နှစ်စီးဖြင့် နေအိမ်သို့ မောင်းလာစဉ် အဆိုပါ လူငယ်တစ်စုက ယာဉ်ဖြင့် လိုက်တိုက်ခဲ့ကြောင်း ဒဂုံ မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

သြစတြေးလျနိုင်ငံ GMC အကယ်ဒမီကျောင်းတွင် အနုပညာ ဘာသာရပ် တက်ရောက်နေသော စမ်းချောင်းမြို့နယ်၊ ရှမ်းရိပ်သာလမ်းတွင် နေသူ ကိုကောင်းမြတ်သည် ယင်းနေ့က ၎င်း၏ သူငယ်ချင်းနှစ်ဦးနှင့်အတူ ကိုယ်ပိုင်ယာဉ် နှစ်စီးဖြင့် ပြည်သူ့ရင်ပြင်ရှေ့၌ လာရောက် အပန်းဖြေနေစဉ် လူငယ်လေးဦး ရောက်ရှိလာကာ ရန်စကား ပြောသောကြောင့် ရှောင်ထွက် ကာ နေအိမ်ပြန်ရန် ယာဉ်ပေါ်တက်စဉ် အဆိုပါ လူငယ်အဖွဲ့က “ရိုက်သတ်ပစ်မယ်၊ ကားကို မီးရှို့ပစ်မယ်” ဟု ခြိမ်းခြောက ပြောဆိုကာ ၎င်းတို့ ယာဉ်နောက် လိုက်လာပြီး အလုံလမ်းမကြီးရှိ အင်တာနေရှင်နယ် ဟိုတယ်ရှေ့တွင် ယာဉ်နောက်ပိုင်းကို ဝင်တိုက်ခဲ့ပြီး မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း ကိုကောင်းမြတ်၏ တိုင်ကြားချက်အရ သိရှိရသည်။

“လူငယ်ချင်း စကားများရာက ယာဉ်နဲ့ လိုက်တိုက်ခံရလို့ တိုင်ကြားထားတဲ့ ကားနံပါတ်ကို က.ည.န ရုံးထံ သတင်းပေးပို့ပြီး မေးမြန်းထားတယ်။ လတ်တလော စုံစမ်းဆဲ ဖြစ်တာကြောင့် ကားနဲ့ဝင်တိုက်တဲ့အဖွဲ့က ဘယ်သူတွေလဲဆိုတာ မသိရသေးဘူး” ဟု ဒဂုံ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ရန်စခံရသောကြောင့် မောင်းထွက်ပြေးလာစဉ် အဆိုပါ လူငယ်လေးဦးခန့်မှာ ဟာရီယာ အမျိုးအစားယာဉ်ဖြင့် နောက်မှလိုက်လာပြီး ကိုကောင်းမြတ်၏ SURF အမျိုးအစားယာဉ်ကို နောက်မှ ဝင်တိုက်ခဲ့သောကြောင့် ယာဉ်နောက်တံခါး ပိန်ချိုင့်ကာ မှန်များကွဲခြင်း၊ အမိုးပိန်ချိုင့် ပျက်စီး ဆုံးရှုံးခဲ့ခြင်း တို့ကြောင့် (ပ)၂၄/၁၄၊ ပုဒ်မ ၂၇၉/၄၂၇/၅၀၆/၂၀၂ ဖြင့် အမှုဖွင့်ကာ စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment