Pages

Pages - Menu

Thursday, February 6, 2014

အီလက်ထရွန်နစ်ဥပဒေကြမ်းအမျိုးသားလွှတ်တော်တွင်အတည်ပြု

RangonNewsDaily: February . 6 .2014
အမျိုးသားလွှတ်တော်ဥပဒေ ကြမ်းကော်မတီအနေဖြင့် အမျိုး သားလွှတ်တော်တွင် ဇန်နဝါရီ ၇ ရက်က

 ဆွေးနွေးညှိနှိုင်းခဲ့သည့် အီလက်ထရွန်နစ်ဆက်သွယ်ဆောင် ရွက်ရေးဥပဒေ (နိုင်ငံတော်အေး ချမ်းသာ
ယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥပဒေအမှတ် ၅/၂ဝဝ၄) အား ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်သူ့လွှတ်
တော်သို့ ဆွေးနွေးနိုင် ရန်ပေးပို့ခဲ့ရာ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာခြင်းကို ယနေ့ အမျိုး
သားလွှတ်တော်တွင် အတည်ပြုခဲ့သည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့ လာခြင်းကို အမျိုး
သားလွှတ်တော် ဥပဒေကြမ်းကော်မတီအနေဖြင့် လေ့လာတွေ့ရှိချက်များကို အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက ဖတ် ကြားခဲ့ပြီးအတည်ပြုရန်လွှတ်တော် ၏အဆုံးအဖြတ်ရယူခဲ့စဉ် ကန့် ကွက်သူမရှိသောကြောင့် လွှတ်
 တော်မှ အတည်ပြုရယူလိုက်ခြင်း ဖြစ်သည်။ 

ယင်းသို့ အတည်ပြု ခဲ့သည့်ဥပဒေကြမ်းသည် ပြည်သူ့ လွှတ်တော်က အတည်ပြုသည့် ပုဒ်မ ၁ တွင် အဓိပ္ပာယ်
ဖွင့်ဆိုမှု သင့်လျော်မှန်ကန်စေရေးအတွက် ဤဥပဒေအား အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး
ဥပဒေ ကို ပြင်ဆင်သည့်ဥပဒေဟုခေါ်တွင် စေရမည်ဟုပြင်ဆင်ထားကြောင်း လေ့လာတွေ့ရှိရသည်ဟူ၍ လည်း ကောင်း၊ဥပဒေကြမ်းတွင် ပြစ်ဒဏ် များကို အဓိကထား၍ပြင်ဆင်ခြင်း ဖြစ်ကြောင်း၊

 လေ့လာတွေ့ရှိရသော ကြောင့်မူလဥပဒေ၌ ပြဋ္ဌာန်းသတ်မှတ်ထားသော ထောင်ဒဏ်များကိုလျှော့ချခြင်းဖြစ်
ပြီး မူလဥပဒေ ပုဒ်မ၃၄၊ ၃၅၊ ၃၆၊ ၃၇၊ တို့တွင် ပါရှိသောပြစ်ဒဏ်များတွင် ငွေ ဒဏ်နှင့်တန်ဖိုးများကို သတ်မှတ်
ထား၍ယင်းဒဏ်ငွေကိုမဆောင်မှသာ ထောင်ဒဏ်ကိုချမှတ်ရမည်ဟု ပြောင်းလဲပြင်ဆင်ထားခြင်းဖြစ် ကြောင်း
၊ ပြစ်ဒဏ်ပြင်ဆင်ချက်များနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ပြင်ဆင်အတည်ပြုချက်များသည် သင့်လျော်ညီ
ညွတ်မှုရှိကြောင်း လေ့လာတွေ့ရှိရသည်ဟူ၍အချက်များကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။

အဆိုပါဥပဒေ၌ ပယ်ဖျက်သင့်ကြောင်း လေ့လာတွေ့ရှိရသော အဆိုပြုပြဋ္ဌာန်းချက်ရှိ ပုဒ်မ ၇ နှင့် ၈တို့သည်

 ဖော်ပြရန်လိုအပ်ခြင်းမရှိ၍ပြည်သူ့လွှတ်တော်၏အတည်ပြုချက်အတိုင်းသာ ပယ်ဖျက်သင့်ကြောင်း အမျိုး
သား လွှတ်တော်က ဆက်လက်အတည်ပြုခဲ့သည်။

အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီသည် အီလက် ထရွန်နစ်ဆက်သွယ်ရေးဥပဒေကြမ်း၏ ပြင်ဆင်

သည့်ဥပဒေကြမ်းကို ဖြည့်စွက်ပြင်ဆင်ရန်မရှိသောကြောင့် အမျိုးသားလွှတ်တော်မှ အတည်ပြုကြောင်းကြေ
ညာခဲ့သည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment