Pages

Pages - Menu

Saturday, February 22, 2014

စီးပွားရေးတိုးတက်အောင်ဆောင်ရွက်သူများအား ပြန်လည် ရင်းနှီးမြုပ်နှံခွင့်ပေးရန်လိုအပ်နေဟု သမ္မတသို့ ဦးတေဇ တင်ပြ

RangonNewsDaily: February . 22 .2014
မြန်မာနိုင်ငံ၏စီးပွားရေးလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်ဆောင်ရွက်နေသူများအား ပြန်လည် ရင်းနှီးမြုပ်နှံမှုပြုနိုင်ရန် အခွင့်အရေးပေးရန် လိုအပ်နေသည် ဟု စီးပွားရေးလုပ်ငန်းရှင် ဦးတေဇ က သမ္မတ ဦးသိန်းစိန် ကို အကြံပြုတင်ပြသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံ၌ ယနေ့ ကျင်းပခဲ့သော နိုင်ငံတော်သမ္မတနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ တွင် ဦးတေဇက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် နိုင်ငံတော်မှ ချမှတ်မည့် အစီစဉ်များကိုလည်း လုပ်ငန်းရှင်များကိုပြတ်ပြတ် သားသားချပြ ပေးစေလိုကြောင်း၊ ယင်းကဲ့သို့ ချမှတ်မည့် ရှေ့လုပ်ငန်းစဉ်များကိုရေးဆွဲခြင်းကိုလည်း ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိကြောင်း ၄င်းက ကျောက်မျက်လုပ်ငန်းရှင်များ ကိုယ်စား အကြံပြုတင်ပြလိုက်သည်။

" နောက်ဆုံးအနေနဲ့ ကောင်းရင်ကောင်းသလိုမကောင်းရင်မကောင်းသလို့ စုပေးဒဏ်ပေးစနစ်ကိုလည်း ကျွန်တော်တို့လက်ခံရန်အဆင်သင့်ရှိပါတယ်။"ဟု ၎င်းကဆိုသည်။

ယင်းအပြင် သတ္တုတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေသည့်  ဧရိယာများကို လည်း တည်ငြိမ်အေးချမ်းမှု ရှိစေရေးဆောင်ရွက်ပေးစေလိုပြီး ၊ အခွန်အခများ လည်းလျော့ ချဆောင်ရွက်ပေးစေလိုကြောင်း၊ ကျောက်မျက်ပြပွဲ များမှ နိုင်ငံတော်အတွက် အခွန်အခ များလည်း များစွာ ရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်၍ ၎င်းတို့လုပ်ငန်းကို နိုင်ငံတော်မှ အသိမှတ်ပြုပေးစေလိုသည်ဟုပြောသည်။

၂၀၁၂ ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ခဲ့သော ကျောက်မျက်ပြပွဲ တစ်ပွဲတွင် နိုင်ငံတော်သို့ အခွန် အဖြစ် ၂.၄ ဘီလီယံ ရှာဖွေပေးနိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ် ခန့်က ပြပွဲတစ်ပွဲလျှင် ကျပ်သန်းတစ်ရာ သာရှာဖွေပေးနိုင်ရာ လက်ရှိအချိန်နှင်နှိုင်းယှဉ်ပါ က ၂၄ ဆမြင့်တက်လာကြောင်း ဦးတေဇကပြောသည်။

Popular Myanmar  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment