Pages

Pages - Menu

Saturday, February 22, 2014

သာကေတ ရှုခင်းသာကွေ့တွင် ကွန်တိန်နာယာဉ် တိမ်းမှောက်

RangonNewsDaily: February . 22 .2014
သာကေတမြို့နယ် ရှုခင်းသာ လမ်းမကြီးရှိ Asia Point Bowling Centre ရှေ့ လမ်းအကွေ့တွင် ဖေဖော်ဝါရီလ ၂၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က သစ်လုံးများ တင်ဆောင်လာသော ကွန်တိန်နာ ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သာကေတမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်မင်းနောင်က The Voice သို့ ပြောကြားသည်။
အဆိုပါ တိမ်းမှောက်ခဲ့သည့် ကွန်တိန်နာယာဉ်မှာ တောင်ဒဂုံမှ အေးရှားဝေါလ်သို့ ကွန်တိန်နာတွင်း သစ်လုံးများ သယ်ဆောင်လာသည့် ယာဉ်ဖြစ်ပြီး လမ်းကွေ့တွင် ဘယ်ဘက် ယာဉ်ကြော အတွင်းသို့ ယာဉ်တစ်ခြမ်းစောင်း တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကွန်တိန်နာပုံးထဲ ပါလာတဲ့ သစ်လုံးတွေက လမ်းကွေ့မှာ ပုံးတစ်ဖက်ကို စောင်းပြီး ရောက်သွားခဲ့ရာက ယာဉ်ဝိတ်မမျှဖြစ်ပြီး ကားက တစ်စောင်းလဲသွားတာ ဖြစ်နိုင်တယ်” ဟု ယာဉ်တိမ်း မှောက်ရာသို့ လာရောက် စစ်ဆေးခဲ့သော ယာဉ်ထိန်း ရဲအုပ်မင်းနောင်က ဆိုသည်။

အဆိုပါ ကွန်တိန်နာယာဉ် တိမ်းမှောက်ခဲ့မှုကြောင့် ကျိုက်ထိုမြို့နယ်တွင်နေသူ အသက် ၂၉ နှစ်အရွယ်ရှိ ယာဉ်မောင်း ကိုဇင်ကိုထွန်း၏ ညာဘက် ပေါင်ရိုးအောင့် ဒဏ်ရာရရှိခဲ့ပြီး ယာဉ်တိမ်း မှောက်မှုနှင့် ပတ်သက်၍ စုံစမ်းလျက် ရှိကြောင်း သာကေတမြို့မ အမှတ် (၁) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment