Pages

Pages - Menu

Tuesday, January 14, 2014

အာရပ်ကမ္ဘာကို တုန်လှုပ်စေခဲ့သူ အစ္စရေး စစ်ခေါင်းဆောင်ရှာရွန် ကွယ်လွန်

Photo: အာရပ်ကမ္ဘာကို တုန်လှုပ်စေခဲ့သူ အစ္စရေး စစ်ခေါင်းဆောင်ရှာရွန် ကွယ်လွန်
Monday, January 13, 2014

ရန်သူ အာရပ်များကို တုန်လှုပ် ထိတ်လန့်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အစ္စရေး စစ်ခေါင်းဆောင်နှင့် ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သူ အေရီရယ်ရှာရွန်သည် ရှစ်နှစ်တာ ကိုမာဝေဒနာ ခံစားရပြီးနောက် အသက် ၈၅ ခုနှစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အရှေ့အလယ်ပိုင်း ဒေသတစ်လျှောက် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ ပါလက်စတိုင် နိုင်ငံတော် တည်ထောင်ရန် ရည်ရွယ်ထားသည့် နယ်မြေများတွင် ဂျူး အခြေစိုက် အိမ်ရာများ တည်ထောင်ခြင်း၊ သိမ်းပိုက်ထားသည့် ဂါဇာ ကမ်းမြောင်ဒေသမှ ပြန်လည် ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း စသည့် လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့သည့် အစ္စရေး စစ်သည်တော် နိုင်ငံပြုသမား တစ်ဦးဖြစ်သူ ရှာရွန် ကွယ်လွန်သွားပြီ ဖြစ်သည်။

တဲအဘစ် မြို့တော်အနီးရှိ ရှီဘာ ကျန်းမာရေးဌာနတွင် ရှာရွန် ကွယ်လွန်သွားခြင်း ဖြစ်ပြီး၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေစဉ် ဦးနှောက်တွင်းရှိ သွေးကြောများ ပိတ်ဆို့သွားရာမှတစ်ဆင့် ကိုမာဝေဒနာ စတင်ခံစားခဲ့ရကာ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်မှစ၍ ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့သည်။

“အေရီက ရဲစွမ်းသတ္တိရှိတဲ့ စစ်သားပါ။ ရဲရင့်တဲ့ နိုင်ငံပြုပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်ပါတယ်။ အစ္စရေး နိုင်ငံတော် တည်ဆောက်ရေးနဲ့ လုံခြုံရေးအတွက် အများကြီး လုပ်ဆောင် ပေးတဲ့သူပါ” ဟု အစ္စရေးနိုင်ငံ စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင် ဖြစ်သည့် သမ္မတ ရှီမွန်ပဲရက်စ်က ပြောကြားလိုက်သည်။

ရှာရွန်အပေါ် အောက်မေ့ သတိရသည့် အခမ်းအနားကို တနင်္လာနေ့တွင် ကျင်းပမည် ဖြစ်ပြီး အစ္စရေး နိုင်ငံတောင်ပိုင်းရှိ ရှာရွန် နေထိုင်ရာ အရပ်အနီးရှိ ဆိုင်ကာ မိုးလယ်တော အနီးတွင် အသုဘ အခမ်းအနား ကျင်းပသွားမည် ဖြစ်သည်။

အစ္စရေးတို့၏ ရန်သူတော် ပါလက်စတိုင်းတို့က ရှာရွန် သေဆုံးသည့် သတင်းကြောင့် ဝမ်းသာ ပျော်ရွင်လျက်ရှိပြီး ဂါဇာဒေသရှိ ပါလက်စတိုင်းများက ပျော်ရွင်ခြင်း အထိမ်းအမှတ် အစီအစဉ်များ လုပ်ဆောင်လျက်ရှိသည်။

“ဒီလို အာဏာရှင် ဆိုးယုတ်သူ တစ်ဦး ထွက်ခွာ သွားတာကြောင့် အောင်ပွဲရမယ်လို့ ကျွန်တော်တို့ ပိုမို ယုံကြည်လာပါတယ်” ဟု ပါလက်စတိုင်း ဟားမတ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ အဘူဇူရီက ပြောကြားသည်။

ဂါဇာ ကမ်းမြောင်ဒေသမှ အစ္စရေးများ တစ်ဖက်သတ် တပ်ရုပ်သွားရေးကို 
အစ္စရေး ဝန်ကြီးချုပ် ရှာရွန်က၂၀၀၆ခုနှစ် မတိုင်ခင်တွင် ညွှန်ကြားခဲ့ပြီး ပါလက်စတိုင်းများနှင့် အစ္စရေးများကြား တင်းမာမှု လျော့ပါးစေရန် လုပ်ဆောင် ပေးခဲ့သည်။ အနောက်ဘက်ကမ်း ဒေသရှိ 
ပါလက်စတိုင်းနိုင်ငံနှင့် အစ္စရေးနိုင်ငံကြား ဆက်ဆံရေးကို ရှာရွန်က အခြားသော အစ္စရေး နိုင်ငံရေးသမားများထက် ပိုမို ပုံဖော်ပေးခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ တည်ထောင်ရေး ၁၉၄၈ ခုနှစ် စစ်ပွဲ၊ ၁၉၅၆ ခုနှစ် ဆိုင်းနိုင်း ထိုးစစ်တို့တွင် ရှာရွန် ပါဝင်ခဲ့ပြီး ၁၉၆၇ ခုနှစ် အရှေ့အလယ်ပိုင်း စစ်ပွဲတွင် သံချပ်ကာ တပ်မတစ်ခုကို ကွပ်ကဲခဲ့ကာ ၁၉၇၃ ခုနှစ်တွင် စူးအက် တူးမြောင်းကို ဖြတ်ကျော်ပြီး အာရပ် တပ်မတော်များကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြင့် အီဂျစ်အမှတ် (၃) တပ်မတော်ကို ဝန်းရံ ပိတ်ဆို့ခဲ့သည်။

သို့သော်လည်း ၁၉၈၂ ခုနှစ် လက်ဘနွန် ထိုးစစ်တွင် ဘေရွတ်မြို့တော် ဒုက္ခသည် စခန်းများရှိ ပါလက်စတိုင်း ဒုက္ခသည် ရာပေါင်းများစွာကို ခရစ်ယာန် ပြည်သူ့စစ်အုပ်များက ရက်ရက်စက်စက် သတ်ဖြတ်မှု ပေါ်ပေါက်လာခဲ့ပြီး ယင်းဖြစ်ရပ်တွင် ရှာရွန်၏ တာဝန် မကင်းကြောင်း အစ္စရေး စုံစမ်းရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရှာရွန်က ပါလက်စတိုင်းများဖြင့် စေ့စပ်ဆွေးနွေးရန် ကြိုးပမ်းခဲ့သဖြင့်လည်း ၎င်းကို ငြိမ်းချမ်းရေး စွမ်းဆောင်သူတစ်ဦး ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံခြား အင်အားကြီး နိုင်ငံများက သတ်မှတ်ထားသည်။

The Voice Weekly

RangonNewsDaily:: January . 14 .2014
ရန်သူ အာရပ်များကိုတုန်လှုပ်ထိတ်လန့်အောင် စွမ်းဆောင်နိုင်ခဲ့သည့် အစ္စရေး စစ်ခေါင်းဆောင်နှင့် ဝန်ကြီး
ချုပ်ဟောင်း တစ်ဦးဖြစ်သူ အေရီရယ်ရှာရွန်သည် ရှစ်နှစ်တာ ကိုမာဝေဒနာ ခံစားရပြီးနောက် အသက် ၈၅ ခုနှစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။ အရှေ့အလယ်ပိုင်း ဒေသတစ်လျှောက် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခြင်း၊ ပါလက်စတိုင် နိုင်ငံတော် တည်ထောင်ရန်ရည်ရွယ်ထားသည့်နယ်မြေများတွင်ဂျူးအခြေစိုက် အိမ်ရာများ တည်ထောင်ခြင်း၊ သိမ်းပိုက်
ထားသည့် ဂါဇာ ကမ်းမြောင်ဒေသမှ ပြန်လည် ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း စသည့် လုပ်ဆောင်ချက်များကို
ပြုလုပ်ခဲ့သည့် အစ္စရေး စစ်သည်တော် နိုင်ငံပြုသမား တစ်ဦးဖြစ်သူ ရှာရွန် ကွယ်လွန်သွားပြီ ဖြစ်သည်။

တဲအဘစ် မြို့တော်အနီးရှိ ရှီဘာ ကျန်းမာရေးဌာနတွင် ရှာရွန် ကွယ်လွန်သွားခြင်း ဖြစ်ပြီး၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ် တာဝန် ထမ်းဆောင်နေစဉ် ဦးနှောက်တွင်းရှိ သွေးကြောများ ပိတ်ဆို့သွားရာမှတစ်ဆင့် ကိုမာဝေ
ဒနာ စတင်ခံစားခဲ့ရကာ ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်မှစ၍ ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့သည်။

“အေရီက ရဲစွမ်းသတ္တိရှိတဲ့ စစ်သားပါ။ ရဲရင့်တဲ့ နိုင်ငံပြုပုဂ္ဂိုလ် တစ်ဦးလည်း ဖြစ်ပါတယ်။ အစ္စရေး နိုင်ငံတော် တည်ဆောက်ရေးနဲ့လုံခြုံရေးအတွက်အများကြီးလုပ်ဆောင် ပေးတဲ့သူပါ”ဟုအစ္စရေးနိုင်ငံစတင်တည်ထောင်
ခဲ့သူများတွင် တစ်ဦးအပါအဝင် ဖြစ်သည့် သမ္မတ ရှီမွန်ပဲရက်စ်က ပြောကြားလိုက်သည်။

ရှာရွန်အပေါ် အောက်မေ့ သတိရသည့် အခမ်းအနားကို တနင်္လာနေ့တွင် ကျင်းပမည် ဖြစ်ပြီး အစ္စရေး နိုင်
ငံတောင်ပိုင်းရှိရှာရွန် နေထိုင်ရာအရပ်အနီးရှိ ဆိုင်ကာ မိုးလယ်တော အနီးတွင် အသုဘ အခမ်းအနား ကျင်း
ပသွားမည် ဖြစ်သည်။

အစ္စရေးတို့၏ ရန်သူတော် ပါလက်စတိုင်းတို့က ရှာရွန် သေဆုံးသည့် သတင်းကြောင့် ဝမ်းသာ ပျော်ရွင်လျက်
ရှိပြီး ဂါဇာဒေသရှိ ပါလက်စတိုင်းများက ပျော်ရွင်ခြင်း အထိမ်းအမှတ် အစီအစဉ်များ လုပ်ဆောင်လျက်ရှိ
သည်။

“ဒီလို အာဏာရှင်ဆိုးယုတ်သူတစ်ဦးထွက်ခွာသွားတာကြောင့် အောင်ပွဲရမယ်လို့ ကျွန်တော်တို့ ပိုမို ယုံကြည်
လာပါတယ်” ဟု ပါလက်စတိုင်း ဟားမတ်အုပ်စု ပြောရေးဆိုခွင့်ရှိသူ အဘူဇူရီက ပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသမှအစ္စရေးများတစ်ဖက်သတ်တပ်ရုပ်သွားရေးကို အစ္စရေး ဝန်ကြီးချုပ် ရှာရွန်က၂၀၀၆
ခုနှစ် မတိုင်ခင်တွင် ညွှန်ကြားခဲ့ပြီး ပါလက်စတိုင်းများနှင့် အစ္စရေးများကြား တင်းမာမှု လျော့ပါးစေရန် လုပ်
ဆောင် ပေးခဲ့သည်။ 
 
အနောက်ဘက်ကမ်း ဒေသရှိ ပါလက်စတိုင်းနိုင်ငံနှင့် အစ္စရေးနိုင်ငံကြား ဆက်ဆံရေးကို ရှာရွန်က အခြား
သော အစ္စရေး နိုင်ငံရေးသမားများထက် ပိုမို ပုံဖော်ပေးခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ တည်ထောင်ရေး ၁၉၄၈ ခုနှစ် စစ်ပွဲ၊ ၁၉၅၆ ခုနှစ် ဆိုင်းနိုင်း ထိုးစစ်တို့တွင် ရှာရွန် ပါဝင်ခဲ့ပြီး ၁၉၆၇ ခုနှစ်အရှေ့အလယ်ပိုင်းစစ်ပွဲတွင် သံချပ်ကာ တပ်မတစ်ခုကို ကွပ်ကဲခဲ့ကာ ၁၉၇၃ ခုနှစ်တွင် စူးအက်
တူးမြောင်းကို ဖြတ်ကျော်ပြီးအာရပ်တပ်မတော်များကို တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြင့် အီဂျစ်အမှတ်
(၃) တပ်မတော်ကို ဝန်းရံ ပိတ်ဆို့ခဲ့သည်။

သို့သော်လည်း ၁၉၈၂ ခုနှစ် လက်ဘနွန် ထိုးစစ်တွင် ဘေရွတ်မြို့တော် ဒုက္ခသည် စခန်းများရှိ ပါလက်စတိုင်း ဒုက္ခသည် ရာပေါင်းများစွာကို ခရစ်ယာန် ပြည်သူ့စစ်အုပ်များက ရက်ရက်စက်စက် သတ်ဖြတ်မှု ပေါ်ပေါက်
လာခဲ့ပြီး ယင်းဖြစ်ရပ်တွင် ရှာရွန်၏ တာဝန် မကင်းကြောင်း အစ္စရေး စုံစမ်းရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ရှာရွန်က ပါလက်စတိုင်းများဖြင့် စေ့စပ်ဆွေးနွေးရန် ကြိုးပမ်းခဲ့သဖြင့်လည်း ၎င်းကို ငြိမ်းချမ်း
ရေး စွမ်းဆောင်သူတစ်ဦး ဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုနှင့် နိုင်ငံခြား အင်အားကြီး နိုင်ငံများက သတ်မှတ်ထားသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment