Pages
▼
Pages - Menu
▼
Saturday, November 23, 2013
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အစည်းအဝေး ကျင်းပ
RangonNewsDaily:: November . 23 .2013
လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ အနေဖြင့် ၂၀၁၃ ဒီဇင်ဘာလ မကုန်ခင် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးနိုင်အောင် ကြိုးစား ဆောင်ရွက်နေပါကြောင်း၊ လက်ကျန် နိုင်ငံရေး အကျဉ်းသား စာရင်း ၈၂ ဦးနှင့် ပုဒ်မ ၁၈ ဖြင့် တရားစွဲခံရသူ ၂၀၀ ကျော် စာရင်း တင်ပြသွားမည် ဖြစ်ပါကြောင်း၊

မော်လမြိုင်သို့ နိုင်ငံခြားသားစက်ဘီးစီးအဖွဲ့ရောက်ရှိ
မော်လမြိုင်သို့ နိုင်ငံခြားသားစက်ဘီးစီးအဖွဲ့ရောက်ရှိ မော်လမြိုင် နိုဝင်ဘာ ၂၂ ပြင်သစ်နိုင်ငံသား Mr.Tha
ffarzateh ပါ အမျိုးသားခြောက်ဦး၊အမျိုးသမီးလေးဦး၊ ကနေဒါနိုင်ငံသူတစ်ဦး စုစုပေါင်း ၁၁ ဦးသည်နိုဝင်ဘာ ၂၁ ရက် ညနေ ၃ နာရီခွဲခန့်ကသံလွင်တံတား(မော်လမြိုင်)မှတစ်ဆင့် မော်လမြိုင်မြို့သို့ စက်ဘီးစီး၍ ရောက်
ရှိ ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောဈေးကြီးနောက် ဆက်တွဲသတင်း
RangonNewsDaily:: November . 23 .2013
ရခိုင်ပြည်နယ်၊မောင်တော ခရိုင်၊မောင်တောမြို့ပေါ် ရှိ မြို့မ ဈေးကြီးနှစ်ထပ်ဈေးကြီးကိုဒီနေ့ (23.11.2013
)နေ့ညနေ(06:55) နာရီမှစ၍ရခိုင်အကြမ်းဖက်တစ်ချို့ မှမီးကွင်းပစ်သွားရာပစ္စည်းတန်ဖိုး သိန်း ၃၀၀ ကျော်
ရှိဆိုင်ခန်းကြီးနှစ် ခန်းမီးလောင်သွားပြီးနောက် နောက်ထပ်သုံးခန်းမှာတစ်ဝက် ကျော်လောင်နေချိန် ညနေ (08:00)အချိန်တွင်မီးငြိမ်းသတ်နိုင် ကြောင်းသတင်းရရှိပါသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့ သတင်း
RangonNewsDaily:: November . 23 .2013
ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့သူကြီးအုပ်စု၊ဆင်ပင်ညာကျေး ရွာရှိ
ဟာကီးမ်အာလီ ဗလီအား ရခိုင်အကြမ်း
ဖက်သမားများက ယနေ့ နိုဝင်ဘာလ(၂၃)ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် မီးရှို့ခဲ့ကြောင်း မောင်တော
ဒေသခံအချို့မှ သတင်းရရှိပါသည်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့သူကြီးအုပ်စု၊ဆင်ပင်ညာကျေး
ဖက်သမားများက ယနေ့ နိုဝင်ဘာလ(၂၃)ရက်နေ့ ည ၁၀ နာရီကျော်ခန့်တွင် မီးရှို့ခဲ့ကြောင်း မောင်တော
ဒေသခံအချို့မှ သတင်းရရှိပါသည်။
မြန်မာ့တပ်မတော်သားတစ်ဦး အမျိုးသမီးအိမ်သာတွင်း ဝင်ရောက်ချောင်းမြောင်းစဉ် ဖမ်းဆီးရမိ
RangonNewsDaily:: November . 23 .2013
မနေ့က မြန်မာ ယူ-၂၃ (၁-၃) ဂျပန် ယူ-၂၀ ပွဲအပြီးမှာ မိန်းကလေး အိမ်သာထဲ ယောင်္ကျားတစ်ယောက် ၀င်
ပြီး ချောင်းတဲ့အတွက် မိန်းကလေးတွေ ပွက်လောရိုက်နေတာကို တွေ့ကြုံခဲ့ရပါတယ်။ အဲဒီမိန်းကလေးတွေ
ရဲ့ ပြောပြမှုအရတော့ ဒီကောင်က မိန်းကလေးအိမ်သာထဲ အရင်ဝင်နေပြီး အပေါ်ကနေ ချောင်းတယ်လို့ သိ
ရပါတယ်။
မရမ်းကုန်းမြို့နယ်တွင်ပန်းရံလုပ်သား (၂)ဦးဓါတ်လိုက်ပြီး တစ်ဦးသေဆုံး တစ်ဦးဒဏ်ရာရ
RangonNewsDaily:: November . 23 .2013
၂၂.၁၁.၂၀၁၃ရက်နေ့ ၁၆၂၅အချိန်အင်းစိန်ဆေးရုံသို့ လျှပ်စစ်ဓါတ်လိုက်၍ လူတစ်ဦးသေဆုံး ရောက်ရှိလာကြောင်း သတင်းအရ မရမ်းကုန်းမြို့မ
ရဲစခန်းမှူးနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ လှိုင်သာယာမြို့နယ်၊ရှမ်းကျောင်းရပ်ကွက်နေ အောင်ဇော်(ပန်းရံ)လုပ်သား၊ (ဘ)ဦးအေးမောင်သည်

ရန်ကုန်မြို့တွင် ၁၅ ထပ်အမြင့်ရှိ အထပ်မြင့် ကားပါကင် ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်ရန် စီစဉ်
(ရန်ကုန်မြို့အတွင်း ရပ်နားထားသော ယာဉ်များကြောင့် ယာဉ်ကြောပိတ်ဆို့ နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)) |
RangonNewsDaily:: November . 23 .2013
ရန်ကုန်မြို့တော်တွင်း ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းနိုင် ရန်ရည်ရွယ်၍ အထပ်မြင့် ကားပါကင်များ ဆောက်လုပ်ရန် ရည်မှန်းထားခဲ့ရာ ပထမဆုံး အနေဖြင့် ၁၅ ထပ် အမြင့်ရှိ အထပ်မြင့် ကားပါကင်အား မြို့လယ်ရှိ ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

တက္ကသိုလ်များ ဗဟိုကောင်စီ ဥက္ကဋ္ဌရာထူး ပြောင်းလဲမည်
RangonNewsDaily:: November . 23 .2013
နှစ်ပေါင်း ၅၀ ကျော် သက်တမ်းရှိ တက္ကသိုလ်များ ဗဟိုကောင်စီ ဥက္ကဋ္ဌ ရာထူးကို ခေတ်အဆက်ဆက် ပညာရေးဝန်ကြီးများကသာ တာဝန်ယူခဲ့ရာက အစိုးရသစ် လက်ထက် ပညာရေးစနစ်တွင် ကောင်စီဝင်များထဲမှ ရွေးချယ် ခန့်အပ်ရန် စီစဉ်နေကြောင်း မိတ္ထီလာ စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက The Voice သို့ ပြောကြားသည်။

စက်သုံးဆီ မှောင်ခို တင်သွင်းမှု လာမည့် ရက်သတ္တတစ်ပတ်အတွင်း စတင်စစ်ဆေးမည်
RangonNewsDaily:: November . 23 .2013
တရားမဝင် ကုန်သွယ်မှု ရွေ့လျား တိုက်ဖျက်ရေးအဖွဲ့ (Mobile Team) သည် ရန်ကုန်မြစ် အတွင်းသို့ ဝင်ရောက်လျက် ရှိသည့် စက်သုံးဆီ တရားမဝင် တင်သွင်းမှုများကို နိုဝင်ဘာလ တတိယပတ်အတွင်း စတင်စစ်ဆေးမည် ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား RCSS ၏ ထောက်ခံချက်ဖြင့် နိုင်/စစ် ကော်မတီမှ စစ်ဆေးနေပြီး ပါဂျောင် လူသတ်မှုကို CID က စတင်စစ်ဆေး
RangonNewsDaily:: November . 23 .2013
သာယာဝတီ အကျဉ်းထောင်အတွင်း အကျဉ်းကျခံနေရသည့် သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား ၎င်း၏ မိခင်အဖွဲ့အစည်းဖြစ်သည့် RCSS ၏ ထောက်ခံချက်ဖြင့် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ စစ်ဆေးနေသော်လည်း တစ်ပြိုင်နက်တည်း မြန်မာပြည် မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်ပြီး သံချောင်းအား သာယာဝတီ ထောင်အတွင်း CID တပ်ဖွဲ့က လွန်ခဲ့သည့် နှစ်လခန့်က စစ်ဆေးခဲ့ပြီး သက်ဆိုင်သူများကိုလည်း ထပ်မံမေးမြန်း စုံစမ်းနေကြောင်း မေးမြန်းခံရသူများထံမှ သိရသည်။

တရုတ် ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု ၃၅ဦး ထက် မနည်း သေဆုံး
တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ဓာတ်ငွေ့ ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်စဉ်။ (နိုဝင်ဘာ ၂၂၊ ၂၀၁၃) |
RangonNewsDaily:: November . 23 .2013
တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုဖြစ်တာကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

သွားပါတယ်။လူပေါင်း၁၆၅ ဦး လောက်လည်း
ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တရုတ်နိုင်ငံ
အရှေ့ဘက်က ကမ်း
ရိုးတန်းမြို့ဖြစ်တဲ့ Qingdao မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာပါ။
Myanmar Monk With Walkie-Talkie
RangonNewsDaily:: November . 23 .2013
In Burma, only police, military and intelligent department are allowed to use Walkie-Talkie. The monk leading the protest against renovating the Madarasa in Thingangyun Township of Yangon Province is holding Walkie-Talkie. So it is clear that who are behind this rally.