Pages

Pages - Menu

Saturday, November 23, 2013

မြန်မာ့တပ်မတော်သားတစ်ဦး အမျိုးသမီးအိမ်သာတွင်း ဝင်ရောက်ချောင်းမြောင်းစဉ် ဖမ်းဆီးရမိ


RangonNewsDaily:: November . 23 .2013
မနေ့က မြန်မာ ယူ-၂၃ (၁-၃) ဂျပန် ယူ-၂၀ ပွဲအပြီးမှာ မိန်းကလေး အိမ်သာထဲ ယောင်္ကျားတစ်ယောက် ၀င်
ပြီး ချောင်းတဲ့အတွက် မိန်းကလေးတွေ ပွက်လောရိုက်နေတာကို တွေ့ကြုံခဲ့ရပါတယ်။ အဲဒီမိန်းကလေးတွေ
ရဲ့  ပြောပြမှုအရတော့ ဒီကောင်က မိန်းကလေးအိမ်သာထဲ အရင်ဝင်နေပြီး အပေါ်ကနေ ချောင်းတယ်လို့ သိ
ရပါတယ်။
ဒါကို အိမ်သာတက်ရင်းအပေါ်ကိုမော့ကြည့်လို့ တွေ့တဲ့မိန်းကလေးတစ်ယောက်ကလန့်ပြီးအပြင်ကိုထွက်ပြေး
ပါတယ်။ ဒါကိုသူနဲ့ပါလာတဲ့ မိန်းကလေး အဖေါ်တွေက သိပြီး အိမ်သာကို တစ်ခေါက်ပြန်လာပါတယ်။ 

အဲ့ဒီအချိန်ထိ အဲ့ဒိကောင်က ထွက်မသွားသေးဘဲ နောက်အိမ်သာလာတက်တဲ့ မိန်းကလေးတွေကို အပေါ်က
နေ ဆက်ချောင်းကြည့်ပါတယ်တဲ့။ တော်တော်ကိုအတင့်ရဲပါတယ်။ဒီအချိန်မှာအပြင်ကနေ အချောင်းခံရတာ
ကိုသိပြီးမကျေနပ်တာကြောင့် ပြန်လာတဲ့ မိန်းကလေးတွေက အိမ်သာတွေထဲက မိန်းကလေးတွေကို အပြင်
ကိုအမြန်ပြန်ထွက်လာကြဖို့၊ ချောင်းနေတဲ့သူရှိကြောင်း ပြောတဲ့အချိန်မှာအဲ့ကောင်က ခပ်တည်တည်ပဲ ထွက်
လာရင်း အိမ်သာမှားလို့ ဆိုပြီး ကျားအိမ်သာထဲ ၀င်သွားပါတယ်။ 

လုံခြုံရေးရဲတွေကို သွားရောက် အကြောင်းကြားမှုကြောင့်ဒီကောင့်ကိုရဲကခေါ်ပြီးအရေးယူမယ်ပြောပြီး ခေါ်
သွားပါတယ်။ ကွင်းတာဝန်ခံနဲ့လည်း လုံခြုံရေး အကြီးအကဲတို့ ညှိုနှိုင်းကြတယ်လို့ သိရပါတယ်။ 

ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းချက်တွေအရ မြန်မာ့တပ်မတော်မှ တပ်ထိန်းရာထူးအဆင့်ရှိသူတစ်
ဦးဖြစ်ကြောင်း သိရပါသည်။

ဦးဘိုထွန်း (21-11-2013)
ခွန်ဒီယမ်    ,  kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment