Pages
▼
Pages - Menu
▼
Saturday, November 16, 2013
တောင်ကြီးမြို့၏ ၆၆ ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲ
RangonNewsDaily:: November . 16 .2013
တောင်ကြီးမြို့၏
၆၆ ကြိမ်မြောက် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲကို နိုဝင်ဘာလ ၁၆ ရက် နံနက်
၇နာရီမှ စတင်ကာ ပဒေသာပင် ၁၀၀၀ကျော်ခန့် အိုးစည်ဗုံမောင်းများ ၊ရိုးရာ
သံချပ်များ တိုင်းရင်းသားရိုးရာ အကအ
လှများဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း(ခ)
မိန်းလမ်း တလျှောက်စည်တန်းလည့်လည်နေခဲ့ကြကြောင်းသတင်း
ရရှိသည်။
ကသာမြို့နယ်တွင် တရားရုံးထုတ်လာသည့် အချုပ်သားတစ်ဦး ထွက်ပြေးလွတ်မြောက်
RangonNewsDaily:: November . 16 .2013
စစ်ကိုင်းတိုင်း ကသာခရိုင် တရားရုံးသို့ အမှုအားကြားနာစစ်ဆေးရန် ကသာအကျဉ်းထောင်မှ ရုံးထုတ်လာသည့် အချုပ်သားများအနက် မူးယစ်ဆေးအမှုဖြင့် ဖမ်းဆီးထားသော အချုပ်သားတစ်ဦး ယခုလ ၁၅ရက် ညနေ ၄နာရီခွဲခန့်က
ထွက်ပြေးလွတ်မြောက်သည်ဟု ကသာတရားရုံးမှာ တရားရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။

လူငယ်အချင်းချင်း အုပ်စုဖွဲ့ရန်ဖြစ်ရာမှ ပုလင်းကွဲအချွန်ဖြင့် လည်ပင်းကိုထိုး၍ တစ်ဦးသေဆုံး
RangonNewsDaily:: November . 16 .2013
အောင်ဇေယျတံတားပေါ်တွင် လူငယ်အချင်းချင်း အုပ်စုဖွဲ့စကားများရန်ဖြစ်ရာမှ
အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတားပေါ်တွင် နိုဝင်ဘာ ၁၃ ရက် ည ၁၁ နာရီ၌ အမျိုးသားသုံးဦးသည် ဆယ်ကျော်သက်လူငယ်ခြောက်ဦးဖြင့်
စကားများကာ ခိုက်ရန်ဖြစ်ပွားခဲ့သည်။
အိန္ဒိယဆင် ၇ ကောင် ရထားတိုက်လို့ သေ
ရထားတိုက်ခံရတဲ့ ဆင်၊ အနောက်ဘန်ဂေါပြည်နယ်၊ အိန္ဒိယ။ (နိုဝင်ဘာလ ၁၄၊ ၂၀၁၃) |
RangonNewsDaily:: November . 16 .2013
အိန္ဒိယနိုင်ငံ အရှေ့ခြမ်းက အနောက်ဘန်ဂေါ ပြည်နယ်က တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင်တအုပ်ကို ခရီးသည်တင် ရထားတစင်းက ၀င်တိုက်မိလို့ ဆင် ၇ ကောင်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့ခြမ်းက အနောက်ဘန်ဂေါ ပြည်နယ်က တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင်တအုပ်ကို ခရီးသည်တင် ရထားတစင်းက ၀င်တိုက်မိလို့ ဆင် ၇ ကောင်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။