RangonNewsDaily:: November . 16 .2013
တပ်မတော် အစိုးရလက်ထက်၂၀၀၂ ခုနှစ်တွင် နိုင်ငံတော် ပုန်ကန်မှုကြောင့် မိသားစုတစ်ခုလုံး ထိန်းသိမ်းခံ
တပ်မတော် အစိုးရလက်ထက်၂၀၀၂ ခုနှစ်တွင် နိုင်ငံတော် ပုန်ကန်မှုကြောင့် မိသားစုတစ်ခုလုံး ထိန်းသိမ်းခံ
ခဲ့ရပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၃ ခုနှစ်
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့သည့် မြန်မာနိုင်ငံကို
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ပါတီ အာဏာရှင်စနစ်ဖြင့် ၂၇ နှစ်
အုပ်ချုပ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏မြေး ဦးအေးနေဝင်းနှင့် တွေ့ဆုံ
မေးမြန်း ဖြစ်သည်များကို ထုတ်နုတ် ဖော်ပြလိုက်ရပါသည်။
Voice : ထောင်ထဲမှာ ဘယ်လောက် နေခဲ့ရလဲဗျ။
UANW : အထဲမှာက ၁၁ နှစ်နဲ့ ရှစ်လ နေခဲ့ရပါတယ်။
Voice : လွတ်မယ်ဆိုတာ ကြိုသိပါ သလား၊ ဘယ်လောက် ကြိုသိခဲ့ပါသလဲ။
UANW : မသိခဲ့ပါဘူး၊ လွတ်ခါနီး ၁၅ မိနစ်လောက်မှ သိတာပါ။ ညီအစ်ကို နှစ်ယောက် လွတ်လာပါတယ်။
Voice : အခု လွတ်လာပြီးတော့ အရင်လို စီးပွားရေး ပြန်လုပ်မှာလား။
UANW : မလုပ်သေးပါဘူး။ အခုမှ လွတ်လာခါစ ဆိုတော့ စဉ်းစားဦးမှာပါ။
Voice : ထောင်ထဲမှာ ဘယ်လောက် နေခဲ့ရလဲဗျ။
UANW : အထဲမှာက ၁၁ နှစ်နဲ့ ရှစ်လ နေခဲ့ရပါတယ်။
Voice : လွတ်မယ်ဆိုတာ ကြိုသိပါ သလား၊ ဘယ်လောက် ကြိုသိခဲ့ပါသလဲ။
UANW : မသိခဲ့ပါဘူး၊ လွတ်ခါနီး ၁၅ မိနစ်လောက်မှ သိတာပါ။ ညီအစ်ကို နှစ်ယောက် လွတ်လာပါတယ်။
Voice : အခု လွတ်လာပြီးတော့ အရင်လို စီးပွားရေး ပြန်လုပ်မှာလား။
UANW : မလုပ်သေးပါဘူး။ အခုမှ လွတ်လာခါစ ဆိုတော့ စဉ်းစားဦးမှာပါ။
Voice : နိုင်ငံရေးလုပ်ဖို့ ရှိပါသလား၊ ပါတီတစ်ခုထောင်ဖို့ ရှိပါသလား၊ လွှတ်တော် ထဲကိုဝင်ဖို့ ရှိပါသလား။
UANW : အင်း နိုင်ငံရေး လုပ်မလားလို့ မေးရင် လုပ်မှာပါ။ ဒါပေမဲ့ ပါတီတစ်ခုထောင်မှ၊ လွှတ်တော်ထဲကိုဝင်
မှ နိုင်ငံရေး မဟုတ်ပါဘူး။
အဲလိုလုပ်ဖို့ကို စိတ်မဝင်စားပါဘူး။
Voice : ဒါဆို ဘယ်လို နိုင်ငံရေးကို လုပ်ပါမလဲ။
UANW : အမျိုးသားနိုင်ငံရေးပါ။ တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ အစဉ်အလာကို သေးသိမ်အောင် လုပ်တာမျိုး
တွေ တိုင်းပြည်ရဲ့ လုံခြုံရေး၊ လူမျိုးရေးနဲ့
ပတ်သက်လာခဲ့လို့ ရှိရင် တတ်နိုင်တဲ့ဘက်က ပြည်သူ အပေါ်မှာ ကူ
ညီပေးနိုင်တဲ့
နိုင်ငံရေးကို ပြောတာပါ။
Voice : တစ်သီးပုဂ္ဂလ အနေနဲ့ နိုင်ငံရေးလုပ်လို့ ရတယ်လို့ ဆိုလိုတာလား။
UANW :မဟုတ်ပါဘူး။အဲလို နိုင်ငံရေးမျိုးကို လက်ရှိ လုပ်နေတဲ့ စေတနာ ကောင်းကောင်းနဲ့ လုပ်နေတဲ့လူ
တွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့်မို့လို့
ကျွန်တော် ဝင်ပါပြီးတော့ လုပ်လိုက်လို့ ထပ်ပြီး အကျိုးကျေးဇူး ရလာရင်တော့
လုပ်မှာပါ။ဒါပေမဲ့ သူတို့ လုပ်နေတာတွေက အားရကျေနပ်ဖွယ်ရှိတော့ ဝင်ပါစရာ
မလိုသေး
ပါဘူး။
Voice : နိုင်ငံတော် ပုန်ကန်မှု လုပ်တယ် ဆိုပြီး အစိုးရက ဖမ်းခဲ့တယ်။ အဲဒါ တကယ် လုပ်ခဲ့တာလား၊ အဖမ်းခံရတာကိုရော ဘယ်လိုမြင်လဲ။
UANW : နိုင်ငံတော် ပုန်ကန်မှုနဲ့ အဖမ်းခံရတာ ဟုတ်ပါတယ်။ အဲဒီကြောင်းတွေ ပြန်မပြော ချင်တော့ဘူး။
Voice : နိုင်ငံတော် ပုန်ကန်မှု လုပ်တယ် ဆိုပြီး အစိုးရက ဖမ်းခဲ့တယ်။ အဲဒါ တကယ် လုပ်ခဲ့တာလား၊ အဖမ်းခံရတာကိုရော ဘယ်လိုမြင်လဲ။
UANW : နိုင်ငံတော် ပုန်ကန်မှုနဲ့ အဖမ်းခံရတာ ဟုတ်ပါတယ်။ အဲဒီကြောင်းတွေ ပြန်မပြော ချင်တော့ဘူး။
Voice : နောက်ပြီး အရင်အစိုးရကိုရော ဘယ်လို မြင်ပါသလဲ။
UANW :ဘာမှမမြင်ပါဘူး၊နာကြည်းတဲ့ခံစားချက်လည်းဘာမှ မရှိဘူး။ ဒါပေမဲ့ မမြင်ဘူးဆိုတာ အစိုးရကြောင့်
ကျွန်တော်တို့ အကျဉ်းကျခံရတာ မဟုတ်ဘူး။
အစိုးရကို ချုပ်ကိုင်ထားတဲ့ လူပုဂ္ဂိုလ်အချို့ သို့မဟုတ် တစ်ဦး
တစ်ယောက်သော
ပုဂ္ဂိုလ်ကြောင့်သာလျင် အထဲကို ဝင်ခဲ့ရတာ ဆိုတော့ အစိုးရကို ဘယ်လိုမှ
မမြင်ပါဘူး။
နောက်ပြီး အစိုးရသာမကောင်းခဲ့ရင်ကျွန်တော့်အဘိုးတောင်အပြင်မှာ နေရမှာ မဟုတ်ဘူး။ အစိုးရ သဘော
ထား ကောင်းခဲ့တာကြောင့် အဘိုးဟာ
သာမန်လူတစ်ယောက် လိုပဲ အပြင်မှာ နောက်ဆုံး ထွက်သက်အထိ
မြန်မာနိုင်ငံသား
တစ်ယောက် အနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ ခေါင်းချခွင့် ရခဲ့တာပဲ။
Voice : ဖမ်းဆီး ထိန်းသိမ်းခံခဲ့တဲ့ အချိန်မှာ ပိုင်ဆိုင်မှုတွေ ဘယ်လောက် ချိပ်ပိတ် ခံခဲ့ရပါသလဲ။
UANW : ကျွန်တော်တို့ မိသားစုမှာ အရှိန်အဝါကြောင့် လုပ်ကိုင်ခဲ့တာ၊ စီးပွားရှာခဲ့တာ မရှိပါဘူး။ ကိုယ်ကိုယ်
တိုင် မှန်မှ သူများကို
မှန်မှန်ပြောလို့ ရမှာပါ။ နိုင်ငံတော် ခရီးစဉ်အရ သွားခဲ့တဲ့ နိုင်ငံတွေက
ပေးလိုက်တဲ့ လက်ဆောင်တွေကိုတောင်မှ ပြန်ရောက်တဲ့အချိန်မှာစာရင်းအင်းနဲ့
နိုင်ငံတော်နဲ့ပါတီကို ပြန်အပ်ခဲ့ရတာလေ
။ နာရီ ဘယ်နှလုံး၊ ကော်ဇော
ဘယ်နှချပ်ကအစ နိုင်ငံတော်ပိုင်အဖြစ် ပြန်အပ်ခဲ့ရတယ်။
ကျွန်တော် ပြောနေတာကိုမယုံရင်အခုသက်ရှိထင်ရှားရှိနေတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်တို့၊
လွှတ်တော်
ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကို သွားပြီးတော့ မေးလို့ ရတယ်။ တပ်မှူး၊
တပ်မမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ သူ
တွေလေ၊သူတို့တွေတာဝန်ကျရာမှာ
ကျွန်တော်တို့က မိသားစု အရှိန်အဝါနဲ့ မြေကွက် တစ်ကွက်ပေးပါ။ အိမ်
တစ်လုံး
ပေးပါဆိုပြီး တောင်းခဲ့တာ မရှိဘူး။
သူတို့ကိုယ်တိုင်သက်သေခံနိုင်ပါတယ်။သူတို့တွေထက်စီနီယာကျတဲ့ဗိုလ်ချုပ်ကြီး မောင်အေးတို့၊
ဗိုလ်ချုပ်ကြီး
ထွန်းကြည် တို့ကို သွားမေးနိုင်ပါတယ်။ ကားတို့၊
နိုင်ငံခြားပစ္စည်းတွေ တင်သွင်းခွင့် ပါမစ်တွေကို မိသားစု အရှိန်အဝါနဲ့
ယူခဲ့တာ ဘာတစ်ခုမှ မရှိပါဘူး၊ သူတို့ သက်ရှိထင်ရှား ရှိနေပါသေးတယ်။
Voice : ပြည်သူတွေကြားမှာ မိသားစု ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြောကြတာကို ဘယ်လို ထင်ပါတယ်။
UANW:ပြည်သူတွေကိုတော့ ပြောစရာမလိုပါဘူး။ ပြည်သူတွေထင်ယောင်ထင်မှား ဖြစ်အောင် သတင်းလွှင့်
Voice : ပြည်သူတွေကြားမှာ မိသားစု ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ပြောကြတာကို ဘယ်လို ထင်ပါတယ်။
UANW:ပြည်သူတွေကိုတော့ ပြောစရာမလိုပါဘူး။ ပြည်သူတွေထင်ယောင်ထင်မှား ဖြစ်အောင် သတင်းလွှင့်
တဲ့ သူတွေ ရှိတယ်။ သူတို့က မိသားစုကို မလိုမုန်းထား
ရှိခဲ့ကြတာလေ။ ရေးကြီးခွင်ကျယ် ပြောနေစရာ မလို
ဘူး။ ဘယ်နိုင်ငံမှာမဆို
ဒီလိုအဆင့် အတန်းနဲ့ နေခဲ့ရတဲ့ မိသားစုကို ကြိုက်တဲ့ သူတွေ ရှိသလို
မကြိုက်တဲ့သူ
တွေလည်း ရှိမှာပဲ။
Voice : ရေးကြီးခွင်ကျယ် ပြောစရာ မလိုဘူးဆိုတာ ဘာကြောင့်ပါလဲ။
UANW :အရေးတယူလုပ်ပြီးရှင်းစရာမလိုဘူးဆိုတာက နိုင်ငံသားတွေအပေါ်မှာ အပြည့်အဝ ယုံကြည်လို့ပါ။
သူတို့တွေ စဉ်းစား ဆင်ခြင်နိုင်ပါတယ်။ ဒါကြောင့်
ဒီကိစ္စကို အလေးမထားပါဘူး။
Voice : လက်ရှိ နိုင်ငံရဲ့ နိုင်ငံရေး ဖြစ်စဉ်ကို ဘယ်လို ယူဆပါလဲ။
UANW :အခုအစိုးရလက်ထက်မှာအပေါင်းလက္ခဏာတွေကို တွေ့ရလို့ဝမ်းသာပါတယ်။သို့သော်စနစ်ပြောင်း
ခေတ်ပြောင်းလို့ တိုးတက်လာတာလား၊ လူ
ပြောင်းသွားတာကြောင့် တိုးတက်လာတာလား ဆိုတာ စဉ်းစား
ကြည့် ဖို့လိုမယ်။
နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်မှာ ဒီစနစ်ကို ကြိုက်လို့ ဝမ်းသာအားရ
ပူးပေါင်းလာတဲ့သူ မရှိ
ပါဘူး။
အရင်ခေတ်ဟောင်းကို ရုန်းထွက်ချင်တဲ့
ရွေးကောက်ပွဲ နိုင်ငံရေးကို ရွေးချယ်ခဲ့ကြတာပါ။ ဒါပေမဲ့ စစ်အစိုးရမို့
လို့
မကောင်းဘူး၊ တပ်မတော် အုပ်ချုပ်တဲ့ နိုင်ငံရေးက မကောင်းဘူးဆိုတဲ့ အယူအဆကို
လက်မခံဘူး။
Voice : ဘာလို့ လက်မခံတာလဲ။
UANW : အခု တာဝန် ထမ်းဆောင်နေတဲ့ သမ္မတဦးသိန်းစိန်သာ နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်ခဲ့ရင် တိုင်းပြည် ပိုပြီးတော့တိုးတက်မယ်လို့ ယူဆလို့ပါ။ဝန်ကြီးချုပ် ဆိုတော့ အဲဒီအချိန်က အခြေခံဥပဒေ မရှိဘူး။ အခြေခံဥပ
Voice : ဘာလို့ လက်မခံတာလဲ။
UANW : အခု တာဝန် ထမ်းဆောင်နေတဲ့ သမ္မတဦးသိန်းစိန်သာ နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်ခဲ့ရင် တိုင်းပြည် ပိုပြီးတော့တိုးတက်မယ်လို့ ယူဆလို့ပါ။ဝန်ကြီးချုပ် ဆိုတော့ အဲဒီအချိန်က အခြေခံဥပဒေ မရှိဘူး။ အခြေခံဥပ
ဒေရဲ့ထိန်းချုပ်ခြင်းကိုမခံရဘူးလေ။ သူ အခုအချိန်ထက် ကောင်းအောင် လုပ်လို့ရတယ်။ အခုက ဘာပဲ
လုပ်
ချင်လုပ်ချင်အခြေခံဥပဒေကထိန်းချုပ်ထားတာ ဆိုတော့ ဘာမှ လုပ်လို့မရဘူး။
ခေတ်စနစ်ထက်စာရင် တိုင်း
ပြည် အုပ်ချုပ်တဲ့သူ ပြောင်းသွားလို့ တိုင်းပြည်က
အကောင်းဘက်ကို ဦးတည်သွားတာပါ။
Voice : ဒီတော့ စနစ်ထက် လူက အရေးကြီးတယ်လို့ ယူဆပါသလား။
UANW : အဲလိုပြောလို့ မရပါဘူး။လူနဲ့စနစ်က ၅၀ ရာခိုင်နှုန်းစီ အရေးကြီးတာပါ။ တိုင်းပြည် စပြီး ထူထောင်
ကတည်းက အခြေခံဥပဒေနဲ့ အုပ်ချုပ်သူ
သမ္မတ ကောင်းကောင်း လိုအပ်တာပါ။
ဟိန်းသွင်ထက်
The Voice , kolatt(PBDN)
RangonNewsDaily
ဟိန်းသွင်ထက်
The Voice , kolatt(PBDN)
RangonNewsDaily
No comments:
Post a Comment