Pages

Pages - Menu

Saturday, November 16, 2013

ကမ္ဘာ့ဖလားသည် ရော်နယ်လ်ဒိုထက် မိမိကို ပိုလိုအပ်ကြောင်း အီဘရာဟီမိုဗစ်ဆို

Photo: ကမ္ဘာ့ဖလားသည် ရော်နယ်လ်ဒိုထက် မိမိကို ပိုလိုအပ်ကြောင်း အီဘရာဟီမိုဗစ်ဆို
Friday, November 15, 2013 

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အမှန်တကယ်လိုအပ်သော ပုံရိပ်သည် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် မိမိသာ ဖြစ်နိုင်ကြောင်း ဇလာတန် အီဘရာဟီမိုဗစ်က ပြောကြားလိုက်သည်။

အီဘရာဟီမိုဗစ် ကိုယ်စားပြုရာ ဆွီဒင်အသင်းနှင့် ရော်နယ်လ်ဒို ပါဝင်မည့် ပေါ်တူဂီတို့သည် ဥရောပဖလား ဥရောပဇုန် ခြေစစ်ပွဲ နောက်ဆုံးအဆင့် လက်ကျန်နေရာများအတွက် အပြိုင်လုရမည် ဖြစ်သည်။ အဆိုပါ နာမည်ကြီး နှစ်သင်းအနက် တစ်သင်းသင်းသည် ပြိုင်ပွဲတွင် ပါဝင်ခွင့် ဆုံးရှုံးမည်ဖြစ်ရာ ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား၌ အီဘရာဟီမိုဗစ်နှင့် ရော်နယ်လ်ဒိုတို့အနက် တစ်ဦးကိုသာ တွေ့မြင်ရမည် ဖြစ်သည်။ အီဘရာဟီမိုဗစ်က အဆိုပါ အခြေအနေတွင် မိမိသည် ပိုမို၍ တောင်းဆိုခြင်း ခံရသူ ဖြစ်လိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

ပြင်သစ်လီဂူး ချန်ပီယံ PSG အသင်း၏ တိုက်စစ်မှူးက "ကမ္ဘာ့ဖလားဟာ ရော်နယ်လ်ဒိုထက်စာရင် အီဘရာဟီမိုဗစ်ကို ပိုပြီး လိုအပ်ပါလိမ့်မယ်။ ကျွန်တော်ဟာ ဘောလုံးပွဲတွေအတွက် စိတ်လှုပ်ရှား တက်ကြွမှုတွေ ယူဆောင်ပေးနိုင်သူပါ။ ကျွန်တော် ဂိုးတွေလည်း သွင်းယူနိုင်တယ်။ ဒီအချက်မှာ ဘယ်သူမှ ကျွန်တော့်ကို မယှဉ်နိုင်ပါဘူး။ ပရိသတ်တွေက ဘယ်သူနဲ့ယှဉ်ယှဉ် ကျွန်တော့်ကိုပဲ ကမ္ဘာ့ဖလားမှာ မြင်ချင်ကြလိမ့်မယ်လို့ ကျွန်တော် ယုံပါတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက "ရော်နယ်လ်ဒိုကို ကစားသမား တစ်ယောက် အနေနဲ့တော့ ကျွန်တော် တကယ်လေးစားပါတယ်။ သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက် ဟုတ်မဟုတ်ဆိုတာ မေးခွန်းထုတ်နေစရာမှ မလိုတာ"ဟုလည်း သုံးသပ်သွားသေးသည်။

၎င်းက မိမိဖြစ်စေ၊ ရော်နယ်လ်ဒိုဖြစ်စေ ပြိုင်ပွဲတွင် မပါဝင်ရခြင်းကမူ ကမ္ဘာ့ဖလားအတွက် ဆုံးရှုံးမှု တစ်ရပ်ဟူ၍မူ ဝန်ခံခဲ့သည်။ "ကမ္ဘာ့ဖလားဆိုတာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ပြိုင်ပွဲကြီးလေ။ ရော်နယ်လ်ဒို၊ နေမာ၊ ဝိန်းရွန်နီ၊ လီယွန်နယ်လ်မက်ဆီ၊ ဒါမှမဟုတ် ရှာဗီဟာနန်ဒက်ဇ်တို့ထဲက တစ်ယောက်ယောက် မပါဘူးဆိုရင် ပြိုင်ပွဲအတွက် စိတ်ပျက်စရာ အခြေအနေပါပဲ။ ကျွန်တော်ဖြစ်ဖြစ်၊ ရော်နယ်လ်ဒိုဖြစ်ဖြစ် ဒီပြိုင်ပွဲနဲ့ လွဲမယ်ဆိုတာကတော့ ဆိုးရွားတဲ့ အနေအထားပါ။ ဘာပဲဖြစ်ဖြစ် ရှေ့ပွဲစဉ် နှစ်ခုမှာ အစွမ်းကုန် ကြိုးစားပြီး လက်ရွေးစင် အသင်းကို ကူညီနိုင်အောင် ကျွန်တော် အားထုတ်သွားပါမယ်"ဟုလည်း အီဘရာဟီမိုဗစ်က ဖွင့်ဟသွားသည်။

Soccer Myanmar

RangonNewsDaily:: November . 16 .2013
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အမှန်တကယ်လိုအပ်သော ပုံရိပ်သည် ခရစ္စတီယာနို ရော်နယ်လ်ဒိုထက် မိမိသာ ဖြစ်နိုင်ကြောင်း ဇလာတန် အီဘရာဟီမိုဗစ်က ပြောကြားလိုက်သည်။ အီဘရာဟီမိုဗစ် ကိုယ်စားပြုရာ ဆွီဒင်အသင်းနှင့် ရော်နယ်လ်ဒို ပါဝင်မည့် ပေါ်တူဂီတို့သည် ဥရောပဖလား ဥရောပဇုန် ခြေစစ်ပွဲ နောက်ဆုံးအဆင့် လက်ကျန်နေရာများအတွက် အပြိုင်လုရမည် ဖြစ်သည်။ 
 
အဆိုပါ နာမည်ကြီး နှစ်သင်းအနက် တစ်သင်းသင်းသည် ပြိုင်ပွဲတွင် ပါဝင်ခွင့် ဆုံးရှုံးမည်ဖြစ်ရာ ဘရာဇီးလ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလား၌ အီဘရာဟီမိုဗစ်နှင့် ရော်နယ်လ်ဒိုတို့အနက် တစ်ဦးကိုသာ တွေ့မြင်ရမည် ဖြစ်သည်။ အီဘရာဟီမိုဗစ်က အဆိုပါ အခြေအနေတွင် မိမိသည် ပိုမို၍ တောင်းဆိုခြင်း ခံရသူ ဖြစ်လိမ့်မည်ဟု မှတ်ချက်ပြုခဲ့သည်။

ပြင်သစ်လီဂူး ချန်ပီယံ PSG အသင်း၏ တိုက်စစ်မှူးက "ကမ္ဘာ့ဖလားဟာ ရော်နယ်လ်ဒိုထက်စာရင် အီဘရာဟီမိုဗစ်ကို ပိုပြီး လိုအပ်ပါလိမ့်မယ်။ ကျွန်တော်ဟာ ဘောလုံးပွဲတွေအတွက် စိတ်လှုပ်ရှား တက်ကြွမှုတွေ ယူဆောင်ပေးနိုင်သူပါ။ 
 
ကျွန်တော် ဂိုးတွေလည်း သွင်းယူနိုင်တယ်။ ဒီအချက်မှာ ဘယ်သူမှ ကျွန်တော့်ကို မယှဉ်နိုင်ပါဘူး။ ပရိသတ်တွေက ဘယ်သူနဲ့ယှဉ်ယှဉ် ကျွန်တော့်ကိုပဲ ကမ္ဘာ့ဖလားမှာ မြင်ချင်ကြလိမ့်မယ်လို့ ကျွန်တော် ယုံပါတယ်"ဟု ပြောကြားခဲ့သည်။ 
 
၎င်းက "ရော်နယ်လ်ဒိုကို ကစားသမား တစ်ယောက် အနေနဲ့တော့ ကျွန်တော် တကယ်လေးစားပါတယ်။ သူဟာ အကောင်းဆုံး ကစားသမားတစ်ယောက် ဟုတ်မဟုတ်ဆိုတာ မေးခွန်းထုတ်နေစရာမှ မလိုတာ"ဟုလည်း သုံးသပ်သွားသေးသည်။

၎င်းက မိမိဖြစ်စေ၊ ရော်နယ်လ်ဒိုဖြစ်စေ ပြိုင်ပွဲတွင် မပါဝင်ရခြင်းကမူ ကမ္ဘာ့ဖလားအတွက် ဆုံးရှုံးမှု တစ်ရပ်ဟူ၍မူ ဝန်ခံခဲ့သည်။ "ကမ္ဘာ့ဖလားဆိုတာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ပြိုင်ပွဲကြီးလေ။ 
 
 ရော်နယ်လ်ဒို၊ နေမာ၊ ဝိန်းရွန်နီ၊ လီယွန်နယ်လ်မက်ဆီ၊ ဒါမှမဟုတ် ရှာဗီဟာနန်ဒက်ဇ်တို့ထဲက တစ်ယောက်ယောက် မပါဘူးဆိုရင် ပြိုင်ပွဲအတွက် စိတ်ပျက်စရာ အခြေအနေပါပဲ။ 
 
ကျွန်တော်ဖြစ်ဖြစ်၊ ရော်နယ်လ်ဒိုဖြစ်ဖြစ် ဒီပြိုင်ပွဲနဲ့ လွဲမယ်ဆိုတာကတော့ ဆိုးရွားတဲ့ အနေအထားပါ။ ဘာပဲဖြစ်ဖြစ် ရှေ့ပွဲစဉ် နှစ်ခုမှာ အစွမ်းကုန် ကြိုးစားပြီး လက်ရွေးစင် အသင်းကို ကူညီနိုင်အောင် ကျွန်တော် အားထုတ်သွားပါမယ်"ဟုလည်း အီဘရာဟီမိုဗစ်က ဖွင့်ဟသွားသည်။

Soccer Myanmar ,kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment