RangonNewsDaily:: November . 14 .2013
ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများအတွက် လက်မှတ်များကို နိုဝင်ဘာ ၁၈ ရက်မှ စတင် ရောင်းချပေးတော့မည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် အမြင့်ဆုံးတန်ဖိုးကျပ်ငါးထောင်အထိ တန်ဖိုး ရှိနေသည်။ ယင်း လက်မှတ်များကိုလည်း နိုဝင်ဘာ ၁၈ ရက်မှ ၃၀ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ များတွင် ရောင်းချပေးမည်ဖြစ်ပြီး
မြန်မာနိုင်ငံသားတစ်ဦးအတွက် ရိုးရိုးတန်း ၃,၀၀၀ ကျပ်၊ အထူးတန်း ၅,၀၀၀
ကျပ်၊ နိုင်ငံခြားသားတစ်ဦးအတွက် အထူးတန်းဒေါ်လာ ၅၀၊ ရိုးရိုးတန်းဒေါ်လာ ၃၀
ဈေးနှုန်း သတ်မှတ်ထားသည်။