Pages

Pages - Menu

Thursday, November 14, 2013

ဆီးဂိမ်း ဖွင့်ပွဲ၊ပိတ်ပွဲ အခမ်းအနားများအတွက် ပွဲကြည့်လက်မှတ်ခ ကျပ်ငါးထောင်အထိ ရှိနေ

RangonNewsDaily:: November . 14 .2013
ဆီးဂိမ်းပြိုင်ပွဲ၏ ဖွင့်ပွဲပိတ်ပွဲအခမ်းအနားများအတွက် လက်မှတ်များကို နိုဝင်ဘာ ၁၈ ရက်မှ စတင် ရောင်းချပေးတော့မည်ဖြစ်ပြီး လက်မှတ်တစ်စောင်လျှင် အမြင့်ဆုံးတန်ဖိုးကျပ်ငါးထောင်အထိ တန်ဖိုး ရှိနေသည်။ ယင်း လက်မှတ်များကိုလည်း နိုဝင်ဘာ ၁၈ ရက်မှ ၃၀ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ များတွင် ရောင်းချပေးမည်ဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦးအတွက် ရိုးရိုးတန်း ၃,၀၀၀ ကျပ်၊ အထူးတန်း ၅,၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦးအတွက် အထူးတန်းဒေါ်လာ ၅၀၊ ရိုးရိုးတန်းဒေါ်လာ ၃၀ ဈေးနှုန်း သတ်မှတ်ထားသည်။

ဝယ်ယူလိုသော ပရိသတ်များအနေဖြင့် နေပြည်တော်၌ ၀ဏ္ဏသိဒိ္ဓအဆင့်မြင့် အားကစားကွင်း အမှတ်(၁) ၊ မြို့မဈေးဆိုင်ခန်း အမှတ် ပ-၁၁၂ နှင့် ပျဉ်းမနားပေါင်း လောင်းကွင်းတို့တွင်လည်းကောင်း၊ ရန်ကုန်မြို့ ၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆိုက်ရောက်ခန်းမနှင့် ဗိုလ်ချုပ်ဈေးရှေ့ရှိ မိုးယံထီဆိုင်တို့တွင် လည်းကောင်း၊ မန္တလေးမြို့တွင် ၈၄လမ်း၊ ၃၁ထ၃၂ မိုးယံထီဆိုင်တို့တွင် မှတ်ပုံတင်ကတ်ပြားပြသ၀ယ် ယူနိုင်မည် ဖြစ်သည်။

ထို့အပြင် အခြားအားကစားပွဲများကို ကြည့်ရှုရန်အတွက် ၀င်ခွင့်ကတ်ပြားများအား နိုဝင်ဘာလ ၁၈ ရက် မှဒီဇင်ဘာလ ၂၀ ရက်အထိကျပ် ၂၅၀၀ နှုန်းဖြင့် ရောင်းချပေးမည် ဖြစ်သည်။

အဆိုပါ ၀င်ခွင့်ကတ်ဖြင့် အားကစားနည်း ၂၂ မျိုး၏ ပွဲစဉ်များကို ကြည့်ရှုခွင့်ရမည်ဖြစ်ပြီး ရန်ကုန်နှင့်နေ ပြည်တော်တွင် ကျင်းပမည့် အမျိုးသားဘောလုံးပွဲစဉ်၊ မန္တလေးတွင်ကျင်းပမည့် အမျိုးသမီး ဘောလုံးပွဲ စဉ်များအတွက်မူ သီးသန့်လက်မှတ်ထပ်မံဝယ်ယူရမည် ဖြစ်သည်။

ဝင်ခွင့်ကတ်ပြားများကို နေပြည်တော် နှင့် ရန်ကုန်မြို့များတွင် ရောင်းချပေးမည်ဖြစ်ပြီး နေပြည်တော်တွင် ၀ဏ္ဏသိဒိ္ဓအဆင့်မြင့် အားကစားကွင်း အမှတ်(၁) ဂိတ်၊ လယ်ဝေးရှိ အမှတ်(၂)လေ့ကျင့်ရေးစခန်း၊ ပျဉ်း မနားပေါင်းလောင်းကွင်း၊

 နေပြည်တော် ဟိုတယ်ဇုန်ရှိ Junction Center တို့တွက်လည်းကောင်း ရန် ကုန်မြို့ ဟံသာဝတီအ၀ိုင်းအနီးရှိ Junction Center နှင့် သုဝဏ္ဏအားကစားပြိုင်ပွဲရုံ (၁) ဘော်လီဘော ရုံတို့တွင်လည်း ရောင်းချပေးမည် ဖြစ်သည်။ ၀င်ခွင့်ကတ်လုပ်ရန်အတွက် မှတ်ပုံတင်လိုအပ်မည်ဖြစ်ပြီး ၀ယ်ယူမည့် သူကိုယ်တိုင်သာ ကြည့်ခွင့်ရမည်ဖြစ်ကာ အခြားသူတစ်ဦးအား လက်လွှဲရောင်းချခဲ့ပါက ၀င်ခွင့်ရမည် မဟုတ်ပေ။

Mizzima - News, kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment