Pages

Pages - Menu

Thursday, October 24, 2013

ဗြိတိန်၏ အချမ်းသာဆုံး လူငယ်စာရင်းတွင် ပါဝင်လာသည့် ရိုစီဟတ်တင်ဂမ်

Photo: ဗြိတိန်၏ အချမ်းသာဆုံး လူငယ်စာရင်းတွင် ပါဝင်လာသည့် ရိုစီဟတ်တင်ဂမ်
Thursday, October 24, 2013

အသက်(၂၆)နှစ်ရှိ စူပါမော်ဒယ်လ်သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ပိုမိုအောင်မြင်ကျော်ကြား လူသိများလာသလို ဝင်ငွေအရလည်း တိုးပွားပိုင်ဆိုင်လာရာ ဗြိတိန်၏ အသက်(၃၀)အောက် အချမ်းသာဆုံး စာရင်းတွင် အဆင့်(၂၇) ချိတ်ခဲ့သည်။

ဗြိတိန်၏ အချမ်းသာဆုံး လူငယ်စာရင်းတွင် ပါဝင်လာသည့် ရိုစီဟတ်တင်ဂမ်
ဗြိတိန်၏ အသက်(၃၀)အောက် အချမ်းသာဆုံး လူငယ်အယောက်(၃၀) စာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် ရိုစီ ဟတ်တင်ဂမ် ဝှစ်တလီ ပါဝင်လာပြီ ဖြစ်သည်။ အသက်(၂၆)နှစ်ရှိ စူပါမော်ဒယ်လ်သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ပိုမိုအောင်မြင်ကျော်ကြား လူသိများလာသလို ဝင်ငွေအရလည်း တိုးပွားပိုင်ဆိုင်လာရာ ဗြိတိန်၏ အသက်(၃၀)အောက် အချမ်းသာဆုံး စာရင်းတွင် အဆင့်(၂၇) ချိတ်ခဲ့သည်။ ယခုစာရင်းကို ပြုစုသည့် Heat မဂ္ဂဇင်းက လာမည့် နှစ်များအတွင်း ရိုစီအနေဖြင့် ယခုထက် အဆင့်တက်လာဦးမည်ဟုလည်း ခန့်မှန်းထားသည်။ သို့သော်လည်း Transformers: Dark of the Moon မင်းသမီးသည် ဂီတနှင့် ရုပ်ရှင်နယ်ပယ်မှ စူပါစတားများနှင့် ယှဉ်လျင်မှု ဓနအင်အား ကြီးကြီးမားမား ကွာဟနေဆဲ ဖြစ်သည်။

Victoria's Secret မော်ဒယ်လ်သည် ပေါင်စတာလင် (၅.၆)သန်းမျှသာ ကြွယ်ဝသော်လည်း ထိပ်ဆုံးနေရာမှ အမျိုးသား ဂီတအဖွဲ့ One Directionက စတာလင်ပေါင် (၅၉.၃၃)သန်းထိ ပိုင်ဆိုင်ထားသည်။ ဒုတိယ နေရာတွင်မူ Harry Potter ဇာတ်ဆောင် ဒန်နီရယ်လ် ရက်ကလစ်ဖ်က ပေါင်စတာလင် (၅၆.၁၉)သန်းဖြင့် ရပ်တည်နေသည်။ လူတစ်ဦးချင်း ချမ်းသာကြွယ်ဝမှုနှင့် နှိုင်းယှဉ် တွက်ချက်မည် ဆိုပါကမူ ဒန်နီရယ်လ်သည် ဗြိတိန်၏ အသက်(၃၀)အောက် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ညွှန်းဆိုနိုင်မည် ဖြစ်သည်။ ၎င်းတို့နောက်တွင် ရောဘတ်ပက်တင်ဆန်၊ ကီရာနိုက်တလေ၊ အမ်မာဝပ်ဆန်၊ အဒဲလ်၊ ရူးပတ်ဂရန့်တ်၊ ကယ်လ်ဗင်ဟားရစ်နှင့် ချယ်ရီကိုးလ်တို့က အစဉ်လိုက် ရပ်တည်လျှက် ရှိသည်။

ဒီဗွန်တွင် မွေးဖွားသည့် ရိုစီသည် Transformers: Dark of the Moon ဇာတ်ကား၏ အောင်မြင်မှုများကြောင့် ဝင်ငွေတိုးပွားမှုအတွက် အထောက်အကူ ရရှိခဲ့သလို ဖက်ရှင်မော်ဒယ်လ် ကဏ္ဍတွင် စာချုပ်သစ် အများအပြား ချုပ်ဆိုနိုင်ခဲ့ခြင်းကလည်း သူမ၏ ဓနအင်အား တိုးပွားမှုအတွက် အထောက်အကူ ဖြစ်စေခဲ့သည်။ အသက်(၁၆)နှစ် အရွယ်က မော်ဒယ်လ် အေဂျင်စီ တစ်ခုနှင့် စတင် အလုပ်လုပ်ခဲ့သော ရိုစီသည် နှစ်အနည်းငယ်အတွင်း Victoria's Secret၏ ရွေးချယ်ခြင်းကို ခံခဲ့ရသူဖြစ်ပြီး Burberryကဲ့သို့ အထင်ကရ ဖက်ရှင် အမှတ်တံဆိပ်များအတွက် ကိုယ်စားပြုခွင့်လည်း ရရှိနေပြီ ဖြစ်သည်။

Planet Myanar Network

RangonNewsDaily:: October. 24 .2013
အသက်(၂၆)နှစ်ရှိ စူပါမော်ဒယ်လ်သည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း ပိုမိုအောင်မြင်ကျော်ကြား လူသိများ
လာသလို ဝင်ငွေအရလည်း တိုးပွားပိုင်ဆိုင်လာရာ ဗြိတိန်၏ အသက်(၃၀)အောက် အချမ်းသာဆုံး စာရင်း
တွင် အဆင့်(၂၇) ချိတ်ခဲ့သည်။

"ဂျာမနီဝန်ကြီးချုပ်၏ ဖုန်းပြောဆိုမှုကို အမေရိကန် NSA က ကြားဖြတ်ဖမ်းယူသိရှိနိုင်ဟုဆို"

Photo: "ဂျာမနီဝန်ကြီးချုပ်၏ ဖုန်းပြောဆိုမှုကို အမေရိကန် NSA က ကြားဖြတ်ဖမ်းယူသိရှိနိုင်ဟုဆို"
Thursday, October 24, 2013

ဂျာမနီဝန်ကြီးချုပ် မာကယ်လ်၏ ဆဲလ်ဖုန်းအား အမေရိကန် NSA က လျှို့ဝှက်ထောက်လှမ်းကာ ဖုန်းခေါ်ဆိုပြောကြားမှုများကို ကြားဖြတ်ဖမ်းယူနိုင်ကြောင်း ဂျာမနီအစိုးရက သံသယရှိခဲ့ပြီးနောက် မာကယ်လ်က အဆိုပါကိစ္စအတွက် ဖြေရှင်းချက်ပေးရန် အိုဘားမားကို တောင်းဆိုလိုက်သည်။

အမေရိကန် NSA သည် ပြင်သစ်၊ မက္ကဆီကို၊ ဘရာဇီးလ် စသည့် ၎င်း၏ မဟာမိတ်နိုင်ငံများ၏ အစိုးရခေါင်းဆောင်များနှင့် ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်းများကို လျှို့ဝှက်စောင့်ကြည့် ထောက်လှမ်းခဲ့ကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိသည်။ NSA ဝန်ထမ်းဟောင်း အက်ဒ်ဝပ် စနိုးဒင်းက ထောက်လှမ်းရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖွင့်ချခဲ့မှုနှင့်အတူ ယခုသတင်းများ ဆက်တိုက်ထွက်ပေါ်လာခြင်းဖြစ်သည်။

Planet Myanmar Network

RangonNewsDaily:: October. 24 .2013
ဂျာမနီဝန်ကြီးချုပ် မာကယ်လ်၏ ဆဲလ်ဖုန်းအား အမေရိကန် NSA က လျှို့ဝှက်ထောက်လှမ်းကာ ဖုန်းခေါ်ဆို
ပြောကြားမှုများကို ကြားဖြတ်ဖမ်းယူနိုင်ကြောင်း ဂျာမနီအစိုးရက သံသယရှိခဲ့ပြီးနောက် မာကယ်လ်က အဆို
ပါကိစ္စအတွက် ဖြေရှင်းချက်ပေးရန် အိုဘားမားကို တောင်းဆိုလိုက်သည်။

အမေရိကန်တွင် ကစားစရာ သေနတ်ကိုင်တဲ့ ကလေးငယ်တစ်ဦးအား ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့်သေဆုံး

အမေရိကန်တွင် ကစားစရာ သေနတ်ကိုင်တဲ့ ကလေးငယ်တစ်ဦးအား ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့်သေဆုံး
===================
အောက်တိုဘာ-၂၄
M-Media

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာရိုဆာမြို့တွင် ကော်စေ့ထည့်ပစ်ရသည့် ရိုင်ဖယ်သေနတ်အား ကိုင်ဆောင်လာသည့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအား ရဲတပ်ဖွဲ့က မှားယွင်းပစ်ခတ်မှုတစ်ခု အင်္ဂါနေ့က ဖြစ်ပွားခဲ့ပြီး ထိုကလေးငယ်မှာ သေဆုံးခဲ့သည်ဟု သိရသည်။

ထိုကလေးငယ်မှာ အန်ဒီ လိုပက်ဇ်ဟုအမည်ရပြီး ကော်စေ့ထည့်ပစ်ရသည့် ရိုင်ဖယ်သေနတ်ကိုင်ကာ လမ်းလျှောက်လာစဉ် ရဲတပ်ဖွဲ့ဝင်များကတွေ့မြင်ခဲ့ပြီး သေနတ်အစစ်ဟုထင်မှတ်ကာ လက်နက်ချရန် အမိန့်ပေးခဲ့သည်။ တစ်ဆက်တည်းမှာပင် ရဲတပ်ဖွဲ့ဝင်များမှာ ထိုကလေးငယ်အား အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု အခင်းဖြစ်ပွားခဲ့သည့် ဆိုနိုမာကောင်တီ၏ ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေညာချက်တွင် ရေးသားထားသည်။ 

ထိုအဖြစ်အပျက်က ဆန်တာရိုဆာမြို့ရှိ လူ့အသိုင်းအ၀ိုင်းအား စိုးရိမ်မှုများကို ဖြစ်ပေါ်စေသည်။ အမေရိကန်တွင် သေနတ်ဖြင့် ပစ်ခတ်မှုများမှာ မကြာခဏဖြစ်ပွားလေ့ရှိပြီး မကြာသေးခင်ကလည်း နီဗာဒါပြည်နယ်တွင် အလယ်ကျောင်းသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဆရာတစ်ဦးသေဆုံးခဲ့ကာ အခြားကျောင်းသားနှစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။ 
Ref: CNA

RangonNewsDaily:: October. 24 .2013 အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာရိုဆာမြို့တွင် ကော်စေ့ထည့်ပစ်ရသည့် ရိုင်
ဖယ်သေနတ်အားကိုင်ဆောင်လာသည့်အသက်၁၃ နှစ်အရွယ်ကလေးငယ်တစ်ဦးအား ရဲတပ်ဖွဲ့က မှားယွင်း
ပစ်ခတ်မှုတစ်ခု အင်္ဂါနေ့က ဖြစ်ပွားခဲ့ပြီး ထိုကလေးငယ်မှာ သေဆုံးခဲ့သည်ဟု သိရသည်။

ရည်ရွယ်ချက်ကြီးလေလေ "" တန်ရာတန်ကြေး"" ဆိုတဲ့ ပေးဆပ်မှုတော့အထိုက်လျှောက်ရှိရမယ်

RangonNewsDaily:: October. 24 .2013

လောက၌ ဘယ်အရာမျှ အလကားမရ။ သူ့တန်ဖိုးနှင့်သူ ပေးရသည်။
::
ရည်ရွယ်ချက် ကြီးကြီးထားသူဖြစ်က သူများထက် တန်ဖိုးများများပေးရန် အဆင်သင့်ရှိရလိမ့်မည်။

Firefox OS ဖြင့် LG စမတ်ဖုန်းကို မြင်တွေ့ ရမည်

Photo: Firefox OS ဖြင့် LG စမတ်ဖုန်းကို မြင်တွေ့ ရမည်
Thursday, October 24, 2013

Mozilla က ဖန်တီးတဲ့ Firefox Mobile OS ကို အသုံးပြုလို့ ဖန်တီးတဲ့ LG စမတ်ဖုန်းကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

LG နဲ့ Mozilla တို့ သဘောတူညီချက်ရယူခဲ့ပြီး တောင်ကိုရီးယား LG ကုမ္မဏီ မှ စမတ်ဖုန်းကို ထုတ်လုပ်နေပါပြီ။ အရွယ် ၄ လက်မ Screen, 5 megapixel ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်း ဖြစ်ပြီး Specification ကတော့ နိမ့်နေ ပါအုံးမယ်။ ပေါ့ပေါ့ပါးပါးနဲ့ အင်တာနက် ကောင်းကောင်း အသုံးပြုလို့ ရအောင် ရည်ရွယ်ထားတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အင်တာနက် အသုံးပြုဖို့ ရယ်လို့လည်း မဟုတ် ပါဘူး။ သူက ဖုန်းတစ်ခုရဲ့  Feature မှန်သမျှကို အလွယ်တကူ၊ မြန်မြန်ဆန်ဆန် အသုံးပြုနိုင်စေဖို့ ရည်ရွယ်ထား ပါတယ်။

ဒီတော့ Firefox OS ကို အသုံးပြုပြီး ထုတ်တဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းက LG ဖြစ်လာမှာပါ။ Twitter, Facebook တို့လို Social Media တို့နဲ့ Integration ပြုလုပ်ထားပြီး Application ခပ်များများ အသုံးပြုနိုင်စေဖို့ ကြိုးစား ဖန်တီးပေးလျက် ရှိပါတယ်။ ဖုန်းကို LG FireWeb လို့ အမည်ပေး ထားပါတယ်။ Mozilla ရဲ့  COO ဖြစ်သူ Jay Sullivan ကိုယ်တိုင် ရှင်းပြထားတဲ့ Firefox OS နဲ့ LG Fireweb ဖုန်း အကြောင်း ကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
http://youtu.be/t_7sTP7IRn4

Aung Kham ( TSJ Team )

RangonNewsDaily:: October. 24 .2013
Mozilla က ဖန်တီးတဲ့ Firefox Mobile OS ကို အသုံးပြုလို့ ဖန်တီးတဲ့ LG စမတ်ဖုန်းကို မြင်တွေ့ရတော့မှာ
ဖြစ်ပါတယ်။

အနုပညာကို လွတ်လပ်တယ်လို့ ခံယူထားပါတယ်ဆိုတဲ့ မိစန္ဒီ

Photo: အနုပညာကို လွတ်လပ်တယ်လို့ ခံယူထားပါတယ်
မိစန္ဒီ
Thursday, October 24, 2013

နေပြည်တော်နဲ့မန္တလေးမှာ သီ ချင်းတွေသွားဆိုမယ်။ ပွင့်လင်းရာသီ ဆိုတော့နယ်ရှိုးတွေတောက်လျှောက် ဆိုဖို့ရှိပါတယ်။ ပြီးတော့ Shwe FM လေးနှစ်ပြည့်မှာလည်း မသီရိဆွေနဲ့ အတွဲဆိုဖို့စီစဉ်နေပါတယ်။ ဒုတိယ အခွေပစ်တိုင်းတောင်ကိုဇန်န၀ါရီလ ကုန်မှာထွက်နိုင်အောင် ကြိုးစားနေ ပါတယ်။ 

သီချင်းလေးပုဒ်လောက်က တော့အချောပြီးသွားပါပြီ။ တေးရေး တွေကတော့ သူငယ်ချင်းတွေပါပဲ။ ကိုလွှမ်းပိုင်၊ ရဲရင့်အောင်၊ သားသား တို့ကို သီချင်းတွေအပ်ထားပါတယ်။ မိစန္ဒီကအခုအခွေမှာသီချင်းခြောက် ပုဒ်လောက်ရေးထားပါတယ်။ 

ပြီးမှ ရွေးထုတ်သွားမှာပါ။ တေးရေးဆရာ တွေရဲ့ ပုံစံတွေနဲ့လည်းအားလုံး ညှိ ပြီးလုပ်သွားမှာပါ။ ပစ်တိုင်းထောင် ဆိုတဲ့ Title လေးပေးဖြစ်ပုံကတော့ ပစ်တိုင်းထောင်အရုပ်လေးတွေက လဲကျလည်းခဏပဲပြီးရင်ပြန်ထောင် နေတာပဲလေ။ မိစန္ဒီလည်း စိတ် ညစ်စရာတွေကြုံလာရင် ပစ်တိုင်း ထောင်လေးလိုပြန်ထောင်မယ်ဆိုတဲ့ စိတ်နဲ့ပေးဖြစ်တာပါ။ ပြီးတော့ ပစ်တိုင်းထောင်ဆိုတဲ့သီချင်းက လူ ငယ်တွေအတွက် ဘ၀သင်ခန်းစာ ပေးမယ့်သီချင်းဖြစ်မယ်လို့ယုံကြည် ပါတယ်။ Music ပုံစံအနေနဲ့ ပရိသတ်ကြီးကို အသစ်အဆန်းလေး တွေချပြချင်ပါတယ်။ ဒါပေမဲ့မိစန္ဒီက ကိုယ့်ပုံစံတစ်ခုတည်း မကြိုက်ပါဘူး။ Hip Hop နဲ့ R&B ပုံစံလေးတွေ ရယ် ပရိသတ်ကြိုက်မယ့် Music ပုံစံဆန်းဆန်းလေးတွေကိုရောပြီး အကောင်းဆုံးပြင်ဆင်နေပါတယ်။ အနုပညာကိုလွတ်လပ်တယ်လို့ခံယူ ထားပါတယ်။ အဲဒီအတွက်ပရိသတ် ကြီးလည်း Music ကို လွတ်လွတ် လပ်လပ်ခံစားစေချင်ပါတယ်။ ပရိ သတ်ကြီးကျန်းမာပါစေ၊ ချမ်းသာ ပါစေ။ ပထမအခွေ မိုနိုပိုလီကို အားပေးလို့ကျေးဇူးတင်ပါတယ်။ ဒုတိယအခွေပစ်တိုင်းထောင်ကို လည်းအားပေးပါလို့ပြောချင်ပါတယ်။

A.P.S
8 DAYS A WEEK ENTERTAINMENT

RangonNewsDaily:: October. 24 .2013
နေပြည်တော်နဲ့မန္တလေးမှာ သီ ချင်းတွေသွားဆိုမယ်။ ပွင့်လင်းရာသီ ဆိုတော့နယ်ရှိုးတွေတောက်လျှောက် ဆိုဖို့ရှိပါတယ်။ ပြီးတော့ Shwe FM လေးနှစ်ပြည့်မှာလည်း မသီရိဆွေနဲ့ အတွဲဆိုဖို့စီစဉ်နေပါတယ်။ ဒုတိယ အခွေပစ်တိုင်းတောင်ကိုဇန်န၀ါရီလ ကုန်မှာထွက်နိုင်အောင် ကြိုးစားနေ ပါတယ်။

ကိုယ်ပါဝင်ရတဲ့အခန်းနည်းတာများတာထက် ဇာတ်လမ်းကိုကြိုက်ရင် ရိုက်ပါတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

Photo: ကိုယ်ပါဝင်ရတဲ့အခန်းနည်းတာများတာထက် ဇာတ်လမ်းကိုကြိုက်ရင် ရိုက်ပါတယ်
စိုင်းစိုင်းခမ်းလှိုင်
Thursday, October 24, 2013

တစ်ခါတလေ အောင်မြင်ပြီး တစ်ခါတလေလည်း မအောင်မြင် ဘူး။ ကျွန်တော်က ရုပ်ရှင်ကိုဝါသနာ ပါတဲ့အပြင် ဂီတကိုလည်းလုပ်ချင် တယ်။ မစွန့်လွှတ်နိုင်တဲ့အတွက် အ ချိန်ရှိသရွေ့ ဂီတနဲ့ ရုပ်ရှင်အတွက် ကြိုးစားနေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်း လှိုင်က ]ကျွန်တော် လတ်တလော မှာ ဒါရိုက်တာ ဦးမီးပွားရိုက်နေတဲ့ ]ကောင်းကင်ဘုံသို့ရေးသောစာ} ဗီ ဒီယိုဇာတ်ကားကို ပိုင်ဖြိုးသု၊ ဆန်း သစ်လတို့နဲ့အတူ ပါဝင်သရုပ်ဆောင် ထားတယ်။ ဒီကားထဲမှာ ကျွန်တော့် ဃ့မေခေအနမ က ဇာတ်လမ်းအစမှာ ကတည်းက ချစ်သူသေသွားတဲ့ဇာတ် ကွက်နဲ့စဖွင့်ထားတဲ့အတွက် ဇာတ် ကားတစ်လျှောက်လုံးမှာ အသည်း ကွဲနေတဲ့ပုံစံမျိုးလေးပါ။ 

ဒီလိုအ သည်းကွဲတဲ့ပုံစံမျိုးလည်း ကျွန်တော် ခဏခဏရိုက်ဖူးတယ်။ ကျွန်တော် ကဇာတ်လမ်းရွေးချယ်မှုအပိုင်းမှာ ဇာတ်လမ်းကို ကြိုက်ရင်ရိုက်ဖြစ် တယ်။ ]ရင်ခုန်မိတာအချစ်လား} ဗီ ဒီယိုဇာတ်ကားမှာ ကျွန်တော်ပါဝင် သရုပ်ဆောင်ထားတဲ့ အခန်းနည်း တယ်ဆိုတာက ကျွန်တော်က ဇာတ် လမ်းကိုကြိုက်တယ်။ စိတ်ဝင်စားတဲ့ အတွက် သရုပ်ဆောင်တာပါ။ အ ခန်းနည်းတာ၊ များတာကဇာတ်လမ်း အပေါ်မှာမူတည်တာပေါ့။ တစ်ကား လုံး ကိုယ်ကပဲဦးဆောင်သွားတဲ့ ဇာတ်လမ်းမျိုးတွေရှိသလို ဒီကားမှာ ဆိုလည်း ကိုလူမင်းက အဓိကသရုပ် ဆောင်ဖြစ်တဲ့အတွက် သူကဇာတ် ကို ဦးဆောင်သွားတာပါ။ ဇာတ် လမ်းသဘောတရားအရ ကျွန်တော် ကနယ်ရောက်တော့မှ ပါတာဆို တော့ အခန်းနည်းတာပါ။ 

အခန်း နည်းခြင်း၊ များခြင်းအပေါ်မှာတော့ ကျွန်တော်ဘက်ကတော့နည်းတယ်၊ များတယ် ရွေးတာမျိုးမရှိပါဘူး။ ဇာတ်လမ်းကိုပဲရွေးပါတယ်။ ဖြစ်စေ ချင်တာကတော့ စိုင်းစိုင်း ပါဝင် ရိုက် ကူးတဲ့ကား၊ စိုင်းစိုင်းကားဆိုရင်ကြည့် လို့ကောင်းတယ်၊ ကြိုက်တာမျိုးပဲ ဖြစ်စေချင်တယ်။ လတ်တလော ထွက်ရှိထားတဲ့ ]အချစ်ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ} ဗီဒီယိုဇာတ် ကားလေးအောင်မြင်တယ်လို့ကြား ရတဲ့အတွက် စိတ်ချမ်းသာပါတယ်။ ဒီကားလေးကို ကြည့်ရှုအားပေးတဲ့ ပရိသတ်ကိုလည်း အရမ်းကျေးဇူး တင်တယ်။ ဒီကားလေးက တော် တော်လေးကို ခက်ခက်ခဲခဲနဲ့ ရိုက် ကူးရတာပါ။ ပထမကျွန်တော်တို့က ဒါရိုက်တာ မလိခစိုးထိုက်အောင် နဲ့ရိုက်တာ။ ရိုက်နေရင်းနဲ့ပဲ သူ့ရဲ့ မိခင်ဆုံးပါးသွားတဲ့အတွက် ဒါရိုက် တာဦးဟိန်းစိုးရဲ့ လက်ထောက် ဒါ ရိုက်တာဖြစ်တဲ့ ဦးသန့်ကနေ ဆက် လက်ကူညီပြီးတော့ ရိုက်ကူးပေးတာ ပါ။

 ဒီဇာတ်ကားကို ပြင်ဦးလွင်မြို့မှာ ရိုက်ပြီးတော့ တချို့ကျန်တဲ့ဇာတ်ဝင် ခန်းတွေကို ရန်ကုန်မှာရိုက်ကူးရ တယ်။ အခက်အခဲတွေနဲ့ ရိုက်ရ တဲ့ဇာတ် ကားလေးဖြစ်တဲ့အတွက် ဒီကားမှာ လိုအပ်တာရှိရင်လည်း ခွင့်လွှတ်ပြီး ကြည့်ပေးပါလို့တောင်း ပန်ချင်တယ်။ ကာလာစုံ Lesson ဇာတ်ကားနဲ့ ပတ်သက်ပြီး ရိုက်ကူး ခွင့်ခုချိန်ထိမရသေးဘူး။ ရုပ်ရှင်အ ဖြစ်နဲ့ ရိုက်ကူးနေတာပါ။ အဲဒါကို ရိုက်ကူးခွင့်ပိတ်ပင်ခြင်း ကိုခံထား ရတာပါ။ ဆက်လက်ရိုက်ကူးခွင့်ရ ချင်ပါတယ်။ ဘယ်တော့မှရမလဲ တော့မပြောတတ်ဘူး။ တစ်ချိန် ချိန်တော့ရမှာပါ။ မရရင်လည်း ဘာ ကြောင့်လဲဆိုတဲ့ အဖြေတစ်ခုတော့ ထွက်လာမှာပါ။}

8 DAYS A WEEK ENTERTAINMENT

RangonNewsDaily:: October. 24 .2013
တစ်ခါတလေ အောင်မြင်ပြီး တစ်ခါတလေလည်း မအောင်မြင် ဘူး။ ကျွန်တော်က ရုပ်ရှင်ကိုဝါသနာ ပါတဲ့
အပြင် ဂီတကိုလည်းလုပ်ချင် တယ်။ မစွန့်လွှတ်နိုင်တဲ့အတွက် အ ချိန်ရှိသရွေ့ ဂီတနဲ့ ရုပ်ရှင်အတွက် ကြိုး
စားနေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်း လှိုင်က ]ကျွန်တော် လတ်တလော မှာ ဒါရိုက်တာ ဦးမီးပွားရိုက်နေတဲ့

ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ပဲ အလုပ်လုပ်လေ့ရှိတဲ့ အေးမြတ်သူ

Photo: ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ပဲ အလုပ်လုပ်လေ့ရှိတဲ့ အေးမြတ်သူ 
 Thursday, October 24, 2013

ဒါရိုက်တာသျှိုကြီး ရိုက်ကူးနေ တဲ့ ‘အထာ’ ဆိုတဲ့ဇာတ်ကားကို အေး မြတ်သူက ဟိန်းဝေယံနဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ အေးမြတ်သူက ဟိန်းဝေယံ ရဲ့ချစ်သူ အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက ပညာပေး အချစ်ဇာတ်လမ်းလေးဖြစ်တယ်လို့ သိရပါတယ်။ အေးမြတ်သူက ပညာ ပေးဇာတ်လမ်းတွေ ရိုက်ရတာကို လည်း သဘောကျပြီး ပရိသတ်တွေ အတွက်ဆို ဘယ်ဇာတ်ရုပ်မဆို ရိုက် ပြချင်ပြီး ရသစုံပေးချင်တယ်လို့ဆိုပါတယ်။

“ဇာတ်လမ်းတိုင်းကတော့ ပညာပေးမရိုက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပရိသတ်က ပညာပေးဇာတ် ချည်းပဲဆို ကြည့်ရတာ ပျင်းလာမယ်။ အဲဒီ တော့ ရသစုံအောင်ေ တာ့ ပေးရ တယ်။ တစ်ခုမဟုတ်တစ်ခု ပရိ သတ်ကို ဘယ်လိုရသပေးရမလဲ ဆိုပြီး စဉ်းစားဖြစ်တယ်။ ကိုယ်တိုင်က လည်း ဘယ်ဇာတ်ရုပ်ဆိုပြီး ရိုက်ချင် တာမျိုးလည်း မရှိဘူး။ ဘယ်ဇာတ်ရုပ် ပဲလာလာ ကိုယ်ရအောင်ရိုက်မယ်။ ငါနဲ့မလိုက်ဘူးဆိုတာ မရှိဘူးလို့ပဲ ခံယူထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အေးမြတ်သူက ခေါင်းစဉ် တစ်ခု အောက်မှာ မနေတတ်ဘူး။ အမြဲတမ်း လည်း လွတ်လွတ်လပ်လပ်ပဲနေတယ်။ စိတ်ကိုချုပ် ကိုင်တာမျိုးကို မကြိုက်ဘူး။ အဲဒီအတွက်ကို ဘယ် ဇာတ်ရုပ်ရိုက်မယ်၊ မရိုက်ဘူး ဆိုတာ မျိုးမရှိပါဘူး” လို့ ပြောပါတယ်။ အေးမြတ်သူက ဘယ်အလုပ်မဆို ကိုယ်တိုင်ဆုံးဖြတ်ချက်နဲ့ပဲ ဆုံးဖြတ် ပြီးတော့ လုပ်ဖြစ်တယ်လို့ ဆိုလာတဲ့ အေးမြတ်သူက..

“အလုပ်တစ်ခုကိုလုပ်ရင် ပတ်ဝန်းကျင်ရဲ့ အသံကိုတော့ နားစွင့်ရတယ်။ ဒါပေမဲ့ တကယ့် တကယ် ဆုံးဖြတ်ချက်က ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမယ်။ ဖြစ်လာ တဲ့ ကောင်း သည်၊ ဆိုးသည်ကိုလည်း ကိုယ်ပဲခံရ မယ်။ သူများပြောလို့ဖြစ်ရတာမျိုး မရှိဘူး။ကိုယ်ဆုံးဖြတ်တာ ကိုယ်ပဲခံ ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးပဲထား တယ်။ မှားခဲ့ရင် လည်း နောင် ဒီလို မျိုးမဖြစ်အောင် ဆင်ခြင်ရမယ်ဆိုတဲ့ အတွေးပဲတွေးတယ်။ ဘာပဲလုပ်လုပ် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ပဲ လုပ်ဖြစ် တယ်။ ငယ်ငယ်ကတည်းကလည်း အိမ်ကမိဘတွေက ဒါလုပ်ရမယ် ဆိုတာမျိုးမရှိဘူး။ ဒါလုပ်ရင် ဒါဖြစ် မယ်၊ ဟိုဟာလုပ်ရင် ဟိုဟာဖြစ်မယ်။ အဲဒီအထဲမှာမှ ကိုယ်ဖြစ်ချင်တဲ့လမ်း ကို ရွေးလျှောက်ခိုင်းတယ်။ အဆိုး၊ အကောင်းကိုပဲ သိအောင်ပြောပြ ထားတယ်။ အဲဒီတော့ ကိုယ်ရွေးချယ် လို့ ကောင်းတာဖြစ်ခဲ့ရင်လည်း အဲဒီအပေါ်မှာပျော်ရွှင်တယ်။ မကောင်း တာဖြစ်ခဲ့ရင်လည်း အဲဒီအမှားရဲ့ အပေါ်မှာ ခံစားပြီး နောက်ထပ် အဲဒီ လိုမမှားအောင် ကြိုးစားဖြစ်တယ်။ အမြဲတမ်းတော့အဆိုးထဲက အ ကောင်းကို ရအောင်ယူဖြစ်တယ်။အဆိုးကြီးဖြစ် သွားခဲ့ရင်တောင် နောက်ထပ်ဒီလို မဖြစ်ရဘူးဆိုပြီး သင်ခန်းစာယူဖြစ်တယ်” လို့ ပြောပါ တယ်။

လွင်လွင်ထွန်း၊ ဓာတ်ပုံ- မင်းမင်းထွန်း
Popular Journal



RangonNewsDaily:: October. 24 .2013

ဒါရိုက်တာသျှိုကြီး ရိုက်ကူးနေ တဲ့ ‘အထာ’ ဆိုတဲ့ဇာတ်ကားကို အေး မြတ်သူက ဟိန်းဝေယံနဲ့အတူ ရိုက် ကူးနေပါတယ်။ ဒီဇာတ်ကားထဲမှာ အေးမြတ်သူက ဟိန်းဝေယံ ရဲ့ချစ်သူ အဖြစ် သရုပ်ဆောင်ထားပါတယ်။

သျှမ်း/မြောက် လူသတ်တရားခံများအား ပြစ်ဒဏ်ချ၊ တရားလိုဘက်မှကျေနပ်မှုမရှိ

သျှမ်း/မြောက် လူသတ်တရားခံများအား ပြစ်ဒဏ်ချ၊ တရားလိုဘက်မှကျေနပ်မှုမရှိ

သျှမ်းသံတော်ဆင့် (နန်းဟွမ်ဟွမ်)
၂၄ အောက်တိုဘာလ ၂၀၁၃

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကျားဖြူပါတီ အကြီးအကဲ၏တူအားသတ်သည့် တရားခံများကို၊ လားရှိုးမြို့ ၌ ယခုလ ၂၁ ရက်နေ့ က ထောင်ဒဏ်ချမှတ်ရာ တရားလိုဘက်မှကျေနပ်မှုမရှိကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

“ကျနော့သားကို ဓါးနဲ့ ၂၆ ချက် မသေမချင်းသတ်တဲ့ တရားခံ ၃ ယောက်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ်ဘဲချ မှတ်တယ်၊ မသေမချင်းလူသတ်မှုနဲ့ ပစ္စည်းလုယက်မှုဘဲလေ။ ရဲဆီက သေနတ်လုယူထွက်ပြေးမှုအတွက် ဘာအမိန့်မှ မချဘူးဘဲ။ မူစယ်မှာရုံးထုတ်စစ်တုန်းက ရဲတယောက်တောင် သေတယ်လေ။” သေဆုံးသူ စိုင်းအိုက်လိန်၏ ဖခင် လုံးစိုင်းဆမ်က ပြောသည်။

၂၁ ရက်က လားရှိုးခရိုင်တရားရုံးတွင် အဆိုပါအမှုအား ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ 

ယခုနှစ် ဖေဖော်ဝါရီလ ရ ရက်ညက နမ့်ခမ်းမြို့နယ် ပေါက်တိုက်ရပ်ကွက်နေ စိုင်းဆမ်(ကောင်လွန်)၊ နန်းဌေး ၏သား စိုင်းအိုက်လိန်အား ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ၊ နမ့်ခမ်းမြို့ ပြည်သူ့လွှတ်တော်ဥကဌ ဦးကျော်မြင့်၏ တူ လိဖန် (ခ) ရဲအောင်ထွေးနှင့်အပေါင်းအပါက ဓါးဖြင့်ထိုးသတ်ခဲ့သည်။ တရားခံ ရဲအောင်ထွေးအား မူစယ်သို့ ပို့ဆောင်စစ်ဆေးရာတွင် ၄င်း၏ အပေါင်းအပါက လုံခြုံရေးရဲထံမှ သေနတ်လုယူထွက်ပြေးရာ ပစ်ခတ်မှုကြောင့် ရဲတဦးသေဆုံးခဲ့သည်။ 

သို့သော်တရုတ်အာဏာပိုင်များကူညီမှုဖြင့်၎င်းအား ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး လားရှိုးအကျဉ်းထောင်သို့ ပို့ဆောင် ချုပ်နှောင်ကာ တရားစီရင်ခဲ့ရာမှ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရခြင်းဖြစ်ပါသည်။   

“အဲ့ဒါက ဘာကြောင့်လဲ တရားခံက  ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တူတော်စပ်နေတာကြောင့်လား၊ ဒါမှ မဟုတ် ပိုက်ဆံပေး ထားတာများလို့လား၊ တရားချမှတ်ပေးတာ လုံးဝမမျှတဘူး။  ကျနော်လုံးဝ မကျေနပ်ဘူး” ဟု ဖခင်လုံးစိုင်းဆမ်က ဆက်လက်ပြောပြသည်။

အမှုရင်ဆိုင်ချိန်တွင်လည်း တရားမျှတမှုမရှိကြောင်း၊ တရားခံဘက်က အမှုချေပရန် ရှေ့နေ (၃) ယောက်ငှား ခွင့်ရှိပြီး သက်သေများမှာလည်း လူသတ်တရားခံ၏ မိခင် ဖခင် နှင့် အိမ်နီးနားချင်းဆွေမျိုးတဦးတို့သာ ဖြစ်ကြောင်း၊ တရားလို ဘက်မှ ရှေ့နေငှားခွင့်မရှိသကဲ့သို့ သက်သေထုတ်ခွင့်လည်း လုံးဝမရှိခဲ့ကြောင်း ၄င်းက ဆိုသည်။

“ မသေမချင်း လူသတ်မှု ပုဒ်မ ၃၀၂ အရ ဆိုရင် ထောင်ဒဏ်(၁၀) နှစ်မှ တစ်သက်တစ်ကျွန်း ကျခံနိုင်ပြီး၊ ပစ္စည်းလုယက် မှု ပုဒ်မ ၃၂၆ အရ ဆို ထောင်ဒဏ်မှ ၁ နှစ်မှ ၁၀ နှစ် အထိ ကျခံနိုင်တယ် လို့ ဥပဒေထဲမှာပါတယ်။ အခုဟာက  မသေ မချင်း လူသတ်မှုနဲ့ ပစ္စည်းလုလက်မှု ပေါင်းပြီး အမိန့်ချခဲ့တာ ထောင်ဒဏ် ၁၀နှစ် တဲ့။ ဘယ်လိုလုပ်လိုက်တာလဲ၊ စိတ်ကြွ ဆေး တစ်ပြား အမှုမှာတောင်မှ ထောင် ဒဏ် ရ နှစ် ကျခံရတယ်။ ငွေများတရားနိုင် ခေတ်လည်း မကုန်သေးဘူး၊ တာဝန် ကျရဲကို လက်နက် လုယက် ပစ်ခတ်မှု လည်း ဘာကြောင့် ထိမ်ချန် စစ်ဆေးခဲ့တယ်။   ရုံးတော်ကို ကျနော်လုံးဝ နား မလည် နိုင်တော့ဘူး ” ဟု အမည်မဖော်လိုသော မူစယ်ရှေ့နေ တစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၁ ရက်က လားရှိုး တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်  ၁၀  နှစ်စီချမှတ်ခံကြရသော  တရားခံများ မှာ ရဲအောင်ထွေး(ခ) လိဖန်၊ အိုက်ဆမ်နှင့် အားကျိတို့ဖြစ်ပြီး ၄င်းတို့သည် ပြစ်မှုကျူးလွန်ပြီး ၈ လ ကျော်အကြာတွင် ထိုသို့ ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ပါသည်။

RangonNewsDaily:: October. 24 .2013
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ကျားဖြူပါတီ အကြီးအကဲ၏တူအားသတ်သည့် တရားခံများကို၊ လားရှိုးမြို့ ၌ ယခုလ ၂၁ ရက်နေ့ က ထောင်ဒဏ်ချမှတ်ရာ တရားလိုဘက်မှကျေနပ်မှုမရှိကြောင်း သျှမ်းသံတော်ဆင့်မှ သတင်းရရှိသည်။

မြောက်ဥက္ကလာပမြို့နယ်၊ မေဓါဝီလမ်းပေါ်တွင် အမျိုးသားတစ်ဦး ဦးခေါင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံး

RangonNewsDaily:: October. 24 .2013
၂၄.၁၀.၂၀၁၃ရက်နေ့ ၀၄၀၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓါဝီလမ်းပေါ်တွင် ဦးခေါင်းသွေးထွက်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးသေဆုံးနေ၍ ယာဉ်ထိန်းတပ်ဖွဲ့စု - ၂ မှ တပ်ဖွဲ့ဝင်များသည်မြောက်ဥက္ကလာပဆေးရုံသို့ပိုအပ်ခဲ့သည်။

"သြစတြေးလျတွင် တောမီးလောင်ကျွမ်းမှု ငြှိမ်းသတ်စဉ် မီးသတ်လေယာဉ် ပျက်ကျ"

"သြစတြေးလျတွင် တောမီးလောင်ကျွမ်းမှု ငြှိမ်းသတ်စဉ် မီးသတ်လေယာဉ် ပျက်ကျ"

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေသည့် မီးသတ်လေယာဉ်တစ်စင်း ယနေ့ ပျက်ကျသွားရာ လေယာဉ်မှူး သေဆုံးသွားသည်။ သြစတြေးလျ အမျိုးသား ဥယျာဉ်အတွင်း သို့ လေယာဉ်ပျက်ကျသွားခြင်းဖြစ်သည်။

လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသည့် လေယာဉ်မှူးမှာ အသက် ၄၃ နှစ်အရွယ်ဖြစ်ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံ New South Wales ရှိ နေရာ ၅၅ ခုတွင် တောမီးလောင်ကျွမ်းမှုများ ကူးစက်ဖြစ်ပေါ်နေသည်။ New South Wales တွင် တောမီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၂၀၀ ကျော်မှာ မီးလောင်ပျက်စီးခဲ့ပြီးဖြစ်သည်။

Planet Myanmar Network

RangonNewsDaily:: October. 24 .2013
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တောင်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေသည့် မီးသတ်လေ
ယာဉ်တစ်စင်း ယနေ့ ပျက်ကျသွားရာ လေယာဉ်မှူး သေဆုံးသွားသည်။ ၾသစေၾတးလ် အမ်ဳိးသား ဥယ်ာဥ္အ
တွင်း သို့ လေယာဉ်ပျက်ကျသွားခြင်းဖြစ်သည်။

မျက်စိ အလင်းကွယ်နေသည့် တူနီးရှား အဖွားအို တစ်ဦး ဟဂ်ျခရီးစဉ်တွင် အလင်းပြန်ရ

မျက်စိ အလင်းကွယ်နေသည့် တူနီးရှား အဖွားအို တစ်ဦး ဟဂ်ျခရီးစဉ်တွင် အလင်းပြန်ရ 


kolatt(PBDN): October. 24 .2013

၁၈ လကြာ မျက်စိအလင်းကွယ်နေသည့် တူနီးရှားအမျိုးသမီးတစ်ဦးမှာ ဟဂ်ျခရီးစဉ်အတွင်း သွားရောက်ရသောနေရာတစ်ခုဖြစ်သည့် အာရာဖတ်ကွင်းပြင်တွင် မျက်စိအလင်းပြန်ရခဲ့သည်ဟုသိရသည်။ 
::
ထိုအမျိုးသမီးမှာ ကလေးငါးယောက်၏ မိခင် အသက် ၇၀ အရွယ်ရှိ နဖီဆာ အလ်-ကွာမာဇီဖြစ်ပြီး မက္ကာမြို့သို့လာ မျက်စိအလင်းကွယ်သူအဖြစ် လာရောက်ခဲ့သည့် သူမမှာ ယခုအခါ မျက်စိအလင်းပြန်ရသူဖြစ် တူနီးရှားသို့ ပြန်ရတော့မည်ဖြစ်သည်။ 
::
သူမမှာ လွန်ခဲသည့် ၁ နှစ်ခွဲကျော်က ပြင်းထန်စွာထိခိုက်မိသောကြောင့် မျက်စိအလင်းကွယ်ခဲ့ရခြင်းဖြစ်ပြီး၊ ဆိုးရွားစွာထိခိုက်ခဲ့ခြင်းနှင့် သူမ၏အသက်အရွယ်တို့ကြောင့် ကုသရန်မဖြစ်နိုင်ဟု ဆရာဝန်များက ပြောကြားခဲ့သည်။ 

“အလ္လာဟ်အရှင်မြတ်ရဲ့ စောင်မမှုရှိနေတဲ့အတွက် ကျွန်မဘယ်တုန်းကမှ မျှော်လင့်ချက်မပျောက်ခဲ့ပါဘူး။ မျက်စိအလင်းပြန်ရဖို့ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှာ တစ်ချိန်လုံး ကျွန်မ ဆုတောင်းနေခဲ့ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။ 
::
အာရဖသ်ကွင်းပြင်မှာ တောင်းဆုဒိုအာကို ပိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်မကို စိတ်ပျက်အားလျော့စေမှာ မဟုတ်ဘူးဆိုတာကို ကျွန်မ ယုံကြည်ထားတယ်။ အာရဖသ်ကွင်းပြင်မှာ ဆုမွန်ဒိုအာ တောင်းခံနေတုန်း ရုတ်တရက် ကျွန်မ ပြန်မြင်ရတော့တာပဲ။ 

အလင်းပြရန်ခဲ့တဲ့အတွက် ပျော်လွန်းလို့ တဲထဲမှာ ငိုကြွေးနေတဲ့ကျွန်မကို အခြား ဟဂ်ျဘုရားဖူးဧည့်သည်တွေ မြင်တဲ့အခါ အားလုံးက ‘အလ္လာဟု အက္ကဘရ်’ (အလ္လာဟ်အရှင်မြတ်သာလျှင် အမြင့်မြတ်ဆုံးဖြစ်တော်မူ၏) လို့ ဟစ်အော် ကြွေးကြော်ခဲ့ကြပါတယ်” ဟု သူမ၏ မျက်စိအလင်းပြန်ရခဲ့ပုံကို ပြောကြားခဲ့သည်။ 
::
ထို့နောက် တူနီးရှားမှ မက္ကာမြို့သို့လာရောက်စဉ် မက္ကာနှင့် မဒီနာမြို့များရှိ ထွဋ်မြတ်သော နေရာများကို မြင်တွေ့ချင်သည့် အိပ်မက်တစ်ခုအား ရင်ဝယ်ပိုက်၍ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သူမကပြောကြားခဲ့သည်။

“အလ္လာဟ်အရှင်မြတ်ကို ကျွန်မကျေးဇူးတင်ပါတယ်။ အခုတော့ ဘယ်သူ့အကူအညီမှမပါဘဲ ကျွန်မလျှောက်ကြည့်နိုင်ပါပြီ” ဟု သူမကဆိုခဲ့ပြီး၊ အာရာဖတ်ကွင်းပြင်တွင် မြောက်များစွာသော ဘုရားဖူးဧည့်သည်များကို တွေ့မြင်ရသည့်အတွက် ပျော်ရွှင်မိကြောင်း၊ ထိုကဲ့သို့မြင်ကွင်းမျိုးကို သူမအနေဖြင့် တွေ့မြင်လိမ့်မည်ဟု မမျှော်လင့်ထားကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။ 
::
“ကမ္ဘာ့ပေါ်က အမြင့်မြတ်ဆုံးနေရာမှာ အလ္လာဟ်အရှင်မြတ်ရဲ့ ကောင်းချီးမင်္ဂလာနဲ့ ကျွန်မမျက်စိ အလင်းပြန်ရခဲ့ပါတယ်ရှင်”


Saudi Gazette via m-media ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: October. 24 .2013 ၁၈ လကြာ မျက်စိအလင်းကွယ်နေသည့် တူနီးရှားအမျိုးသမီးတစ်ဦးမှာ ဟဂ်ျခရီးစဉ်အတွင်း သွားရောက်ရသောနေရာတစ်ခုဖြစ်သည့် အာရာဖတ်ကွင်းပြင်တွင် မျက်စိအလင်းပြန်ရခဲ့သည်ဟုသိရသည်

ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်ရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်

Photo: ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်ရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်
Thursday, October 24, 2013

ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက် အမှိုက်ပုံအနီးရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် အောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းက ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ အမိန့်စာတွင် ကျန်စစ်သား ရပ်ကွက်၊ နောက်ဆုံး စွန့်ပစ်အမှိုက် ဧရိယာအတွင်း အောက်နယ်နိမိတ် သတ်ရာပါ (၃.၆၈) ဧက ခန့်ရှိ မြေတွင် အခွင့်အမိန့် မရရှိဘဲ လက်ရှိလုပ်ကိုင် နေထိုင်လျှက်ရှိသည့် မြေမှ ထွက်ခွာ သွားရမည်ဖြစ်ပြီး ယင်းမြေပေါ်ရှိ အစိုးရမင်းတို့ပိုင် ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ် ပစ္စည်းများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်း ထုတ်ယူရမည် ဖြစ်ကြောင်းကို မြန်မာနိုင်ငံတော် အောက်ပိုင်းမြို့ရွာရှိ မြေရာအက် ဥပဒေပုဒ်မ-၂၁ အရ ဆင့်ဆိုကြောင်း ဒလမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း လက်မှတ်ဖြင့် ဖော်ပြထားသည်။

အမိန့်စာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက "ဒီစာထုတ်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။ တိုင်းဒေသကြီး အစိုးရက ဒီစာကိုထုတ်တာပါ။ ကျွန်တော်တို့ ထုတ်တာ မဟုတ်ပါဘူး။ ဘယ်လို ဆက်လုပ်သွားမလဲဆိုတော့ အပေါ်က ညွှန်ကြားတဲ့အတိုင်း လုပ်သွားမယ်။ နေခွင့်ပြုလိုက်ဆိုရင် နေခွင့်ပြုလိုက်မယ်"ဟု အောက်တိုဘာ ၂၃ ရက်က ပြောကြားသည်။

ပြောင်းရွှေ့ရန် ဆင့်ဆိုသည့် အမိန့်ကို လိုက်နာမှု မရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ၎င်းထုတ်ပြန်ထားသည့် အမိန့်စာတွင် ဖော်ပြထားသည်။

"သူတို့တွေ ၁၀ လပိုင်း ၄ ရက်က လာပြီး စာလာကပ်သွားတယ်။ ပြီးတော့ လက်ခံရရှိကြောင်း လက်မှတ် ထိုးခိုင်းတယ်။ ဒါပေမဲ့ ဘယ်သူမှ လက်မှတ် မထိုးပေးလိုက်ဘူး။ တကယ်လို့ လက်မှတ် ထိုးပေးလိုက်ရင် သဘောတူတယ်ဆိုပြီး လာဖျက်သွားမှာ စိုးလို့ပါ" ဟု ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီးရှိ ကျူးကျော်တဲတွင် နေထိုင်သော ဒေါ်ခင်သန်းရီက ပြောကြားသည်။

ကျူးကျော်တဲများတွင် နေထိုင်သူများက မိမိတို့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ ဒလမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ရောက်ရှိလာသူများဖြစ်ပြီး စီမံကိန်း (စိမ်းလန်း) မြေကွက်များ ဖြစ်သည်ကို အထောက်အထား ခိုင်လုံစွာ ပြနိုင်ကြောင်း ဆိုသည်။

"ကျွန်မတို့ မရှိဆင်းရဲသားတွေအတွက်က တစ်နေရာကနေ တစ်နေရာကို ပြောင်းရွှေ့ဖို့ဆိုတာ မလွယ်ဘူး။ နေဖို့အတွက် တစ်နေရာနဲ့ အိမ်ပြန်ဆောက်ဖို့အတွက် ပြန်ပြီး ကူညီပေးမယ်ဆိုရင် ကျွန်မတို့အတွက် ပြောင်းရွှေ့ဖို့က အဆင်ပြေသွားမယ်လို့ ထင်တယ်" ဟု ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီး ကျူးကျော်တဲတွင် နေထိုင်သော ကလေးနှစ်ဦး မိခင် ဒေါ်ကြည်ကြည်ထွေးက ပြောကြားသည်။       

Eleven Media Group

ကျန်စစ်သားရပ်ကွက်၊  အမှိုက်ပုံအနီးရှိ ပြောင်းရွှေ့ရန် အမိန့်စာ ကပ်ထားသည့် ကျူးကျော်တဲတစ်ခုကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်
ကျန်စစ်သားရပ်ကွက်၊ အမှိုက်ပုံအနီးရှိ ပြောင်းရွှေ့ရန် အမိန့်စာ ကပ်ထားသည့် ကျူးကျော်တဲတစ်ခုကို စက်တင်ဘာ ၂၃ ရက်က တွေ့ရစဉ်
RangonNewsDaily:: October. 24 .2013
ဒလမြို့နယ်၊ ကျန်စစ်သား ရပ်ကွက် အမှိုက်ပုံအနီးရှိ ကျူးကျော်တဲများကို နိုဝင်ဘာ ၃ ရက်အတွင်း ရွှေ့ပြောင်းပေးရန် အောက်တိုဘာ ၄ ရက်၊ နံနက်ပိုင်းက ငါးကြိမ်မြောက် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တက်ရောက်ခွင့် ရရှိရန် ရွေးချယ်ခံရမည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများစာရင်း နိုဝင်ဘာတွင် ထုတ်ပြန်မည်

Photo: ရန်ကုန်နှင့် မန္တလေးတက္ကသိုလ် တက်ရောက်ခွင့် ရရှိရန် ရွေးချယ်ခံရမည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများစာရင်း နိုဝင်ဘာတွင် ထုတ်ပြန်မည်
Thursday, October 24, 2013

၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများသာ တက်ရောက်ခွင့် ရရှိမည့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ၀င်ခွင့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ရွေးချယ်ခံရမည့် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူစာရင်းများအား နိုဝင်ဘာလဆန်းတွင် ထုတ်ပြန်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တွင် နိုင်ငံတကာ တက္ကသိုလ်များသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ အာဆီယံ ပညာရေးကွန်ရက်မှ ထောက်ပံ့ကြေးများ ရရှိခြင်း၊ တက္ကသိုလ် အဆောင်များတွင် နေထိုင်ခွင့်နှင့် အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်း တက္ကသိုလ် အပါအ၀င် နိုင်ငံတကာ တက္ကသိုလ်များနှင့် ချိတ်ဆက်ထား၍ အခွင့်အလမ်းများစွာ ရှိနေမှုတို့ကြောင့် ယင်းတက္ကသိုလ်များသို့ တက်ရောက် ရရှိရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။      

ယင်းအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ လာရောက် လျှောက်ထားကြသည့် ကျောင်းသား၊ ကျောင်းသူများထဲမှ သက်ဆိုင်ရာ ဘာသာရပ်များဖြစ်သည့် ပထ၀ီဘာသာရပ်၊ သမိုင်းဘာသာရပ် စသည့် ၀ိဇ္ဇာ ဘာသာရပ်များအတွက် ရမှတ် ၄၃၀၊ သိပ္ပံ ဘာသာတွဲများတွင် ရမှတ် ၄၉၀၊ အင်္ဂလိပ် ဘာသာရပ်အတွက် ရမှတ် ၅၀၀၊ မြန်မာ ဘာသာရပ်အတွက် ရမှတ် ၄၅၀ ဖြင့် ဘာသာရပ် တစ်ခုလျှင် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူ ၁၅ ဦးစီဖြင့် ရွေးချယ် ခေါ်ယူမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့မှ ကြေညာထားသည်။ ထို့ပြင် ရန်ကုန် တက္ကသိုလ်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူ ၃၀၀ နှင့် မန္တလေး တက္ကသိုလ်တွင် ထူးချွန်ကျောင်းသား ၃၀၀ ဖြင့် ရွေးချယ်ခေါ်ယူပြီး ပထမနှစ် သင်တန်းမှစကာ လေးနှစ်ကြာမြင့်ပြီး ပါရဂူဘွဲ့အထိ သင်ကြားပေးမည်ဖြစ်သည်။

"ဒီရန်ကုန် မန္တလေး တက္ကသိုလ်ဝင်ခွင့်အတွက် ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်းတွေကို လာမယ့် နိုဝင်ဘာလဆန်းမှာ ထုတ်ပြန်နိုင်မှာ ဖြစ်ပါတယ်၊  ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးကနေ ၀င်ခွင့် လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူစာရင်းတွေကို စစ်ဆေးနေပါပြီ၊ တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ မကြာမီ တက်ရောက်နိုင်တော့မှာ ဖြစ်ပါတယ်"ပညာရေး ၀န်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် အောက်မြန်မာပြည် ဒေသများမှ လျှောက်ထားမည့် ကျောင်းသား၊ ကျောင်းသူများသည် ရန်ကုန်တက္ကသိုလ်တွင် လျှောက်ထားနိုင်ပြီး အထက်မြန်မာပြည် ဒေသများမှ ကျောင်းသားများသည် မန္တလေး တက္ကသိုလ်တွင် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ်တွင် ၀ိဇ္ဇာနှင့် သိပ္ပံဘွဲ့ သင်တန်းများ ရပ်နားထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး လက်ရှိတွင် အနိမ့်ဆုံး ၀ိဇ္ဇာနှင့် သိပ္ပံဘွဲ့ တစ်ခုရရှိထားသူများအား ၀င်ခွင့်စာမေးပွဲ ဖြေဆိုစေကာ ဘွဲ့လွန် ဒီပလိုမာ သင်တန်းများ၊ မဟာဘွဲ့ သင်တန်းများ၊ မဟာသုတေသန ဘွဲ့သင်တန်းများနှင့် ပါရဂူဘွဲ့ သင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျှက် ရှိသည်။         

Eleven Media Group

ရန်ကုန် တက္ကသိုလ်အတွင်းရှိ တောင်ငူဆောင်အား တွေ့ရစဉ်
ရန်ကုန် တက္ကသိုလ်အတွင်းရှိ တောင်ငူဆောင်အား တွေ့ရစဉ်
RangonNewsDaily:: October. 24 .2013
၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများသာ တက်ရောက်ခွင့် ရရှိ
မည့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် ၀င်ခွင့်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ
 ရွေးချယ်ခံရမည့်ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူစာရင်းများအား နိုဝင်ဘာလဆန်းတွင် ထုတ်ပြန်မည်
 ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနမှ သိရသည်။

သစ်ခိုးထုတ်မှုများကို သွားရောက် ရှင်းလင်းရာမှ အစိုးရနှင့် ကေအိုင်အေ တပ်တို့ တိုက်ပွဲဖြစ်ပွား

RangonNewsDaily:: October. 24 .2013
ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း သစ်ခိုးထုတ်မှုများကို သွားရောက်ရှင်းလင်းရာမှ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းတွင် အစိုးရနှင့် ကေအိုင်အေတပ်များ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး အစိုးရနှင့် ကေအိုင်အေတို့အကြား ကွဲပြားမှုများ ရှိနေပြီး သစ်ခိုးထုတ်မှုများကို သတင်းရရှိသဖြင့် သွားရောက်ရှင်းလင်းရာမှ တိုက်ပွဲဖြစ်ပွားရခြင်း ဖြစ်သည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

လျော်ကြေး မယူထားသော ယာမြေရှိ စိုက်ခင်းများ ဖျက်ဆီး ခံရမှုကြောင့် ကြေးနီ စီမံကိန်းဒေသခံများ ဆန္ဒပြ

Photo: လျော်ကြေး မယူထားသော ယာမြေရှိ စိုက်ခင်းများ ဖျက်ဆီး ခံရမှုကြောင့် ကြေးနီ စီမံကိန်းဒေသခံများ ဆန္ဒပြ
Thursday, October 24, 2013

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေ အတွင်းရှိ ဆည်းတည်း ကျေးရွာနင့် မိုးကြိုးပြင် ကျေးရွာကြားတွင် လျော်ကြေး မယူထားသော ယာမြေများ၌ စိုက်ပျိုးထားသော ပဲစင်းငုံနှင့် နှမ်း စိုက်ခင်းများကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့မှုကြောင့် အောက်တို့ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း မိုးကြိုးပြင် ဒေသခံများက ပြောကြားသည်။

အောက်တိုဘာ ၂၂ရက်နေ့ မွန်းလွဲပိုင်းက ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ရဲတပ်ဖွဲဝင်များ၏ အကာအကွယ်ဖြင့် လျော်ကြေးငွေ ရယူထားခြင်း မရှိသော ယာမြေတွင် စိုက်ပျိုးထားသော နှမ်းစိုက်ခင်းများကို ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးမှုကြောင့် တောင်သူများ၏ ပဲစင်းငုံ၊ ပြောင်းနှင့် နှမ်းစိုက်ခင်းများ ပျက်စီးခဲ့ရသဖြင့် ဒေသခံတောင်သူ ၁၀၀ ကျော်က အောက်တိုဘာလ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် လိပ်ခွံတောင်ပေါ်သို့ တက်ရောက်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြရာ လမ်းခုလပ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ကြောင်း ဇီးတော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှ ဦးစန္ဒာသီရိက မိန့်ကြားသည်။
“ရဲတွေက လိပ်ခွံတောင်ပေါ်မှရော၊ လက်ပံတောင်းနဲ့ လိပ်ခွံတောင်ကြားမှာရော၊ တောင်ခြေမှာပါ နေရာအနှံ့ တွေ့ရတယ်။ တောင်သူတွေက အလယ်မှာ ပိတ်မိသလို့ ဖြစ်ခဲ့ပေမယ့် အေးအေးချမ်ချမ်းပဲ ပြီးသွားပါတယ်” ဟု ဦးစန္ဒာသီရိက ဆိုသည်။

လျော်ကြေးရယူထားခြင်း မရှိသည့် ယာမြေတွင် စိုက်ပျိုးထားသော စိုက်ခင်းများ ဖျက်ဆီးခံရမှုနင့် ပတ်သက်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စက်ရုံမှူး တစ်ဦးဖြစ်သူ ဦးမြင့်အောင်ထံ ဆက်သွယ် မေးမြန်းရာ ၎င်းမှာ လုပ်ငန်းခွင် ပြင်ပသို့ ရောက်ရှိနေကြောင့် ယင်းကိစ္စကို မသိရှိရ သေးကြောင်း ဖြေကြားပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်နှစ်ခု အသိပေး ပြောကြားသဖြင့် ဆက်သွယ် မေးမြန်းရာ အဝင်ခေါ်ဆိုမှု ရရှိသော်လည်း ပြန်လည် ဖြေကြားခြင်းမရှိပေ။

အဆိုပါ စီမံကိန်းအတွင်းမှ ကြေးစင်တောင်နှင့် စံပယ်တောင် ပတ်ဝန်းကျင်ရှိ ဒေသခံများ တောင်းဆိုထားသော သန့်ရှင်းသော သောက်ရေ မရရှိသေးခြင်း၊ မိုင်တိုင် ၄၄၆/၂ မှ ၄၄၆/၇ အထိ တည်ရှိနေသော ညစ်နွမ်းမြေများကို ဖယ်ရှားပေးမှု မရှိခြင်း၊ ဒေသခံများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လိုအပ်နေသည့် ဆေးရုံစီမံကိန်းကို ပန္နက်တင်ပြီး ဆောက်လုပ်မှု မရှိခြင်း၊ မိုးကြိုး ဆာလ်ဖြူရစ် အက်စစ်စက်ရုံ၏ နိုင်ငံတကာ အသိအမှတ်ပြု (ISO) လက်မှတ်နှင့် ဘေး အန္တရာယ် ကင်းရှင်းရေး လုပ်ဆောင်မှု မပြုခြင်း စသည့်အချက်များကို လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းရေးကော်မရှင်၏ လေ့လာတွေ့ရှိချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီက လုပ်ဆောင်ပေးခြင်း ရှိသေးကြောင်း လက်ပံတောင်းတောင် စုံးစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထို့အပြင် သိမ်းဆည်းခံ လယ်မြေ ၆၂၅၃ ဒသမ ၀၄၆ ဧက ကို လျော်ကြေးငွေလုံးဝ မပေးခြင်းနှင့် ဒေသခံများ တောင်းဆိုမှုကို အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် အချက်များသည် မြေပြင် အခြေအနေနှင့် ကွာခြားနေခြင်း၊ ဆန္ဒဖော်ထုတ်နေသည့် ဒေသခံများ၏ အသံကို ဂရုမစိုက်ဘဲ ကုမ္ပဏီများက ဖွဲ့စည်းထားသည့် CSD အထောက်အကူပြု အဖွဲ့များ၏ တင်ပြချက်များကိုသာ လက်ခံခြင်းနှင့် ကျေးရွာဆက်လမ်းများ ဖောက်လုပ်ပေးသည် ဆိုသည့်လမ်းများမှာ ရာသီမရွေး သွားလာနိုင်သော အဆင့်မီလမ်းများ မဟုတ်ခြင်း စသည်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ က ပြန်လည်ဆင်ခြင် သုံးသပ်ပေးရန် လိုအပ်ကြောင်း ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော မြန်မာဝမ်ပေါင် ကုမ္ပဏီသည် ဒေသခံပြည်သူများအပေါ် လူမှုဝန်းကျင် တာဝန်ယူသည့် ရင်းနှီးမြှုပ်နှံမှု (CSR) ကို ပြည်သူသို့ အစီရင်ခံစာ ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက အောက်တိုဘာလ ဒုတိယပတ်တွင် ထုတ်ပြန် ကြေညာသည်။

အစီရင်ခံစာ ထုတ်ပြန်မည် ဆိုခြင်းမှာ ကောင်းသော်လည်း စောင့်ကြည့်မည့် အဖွဲ့ မရှိသည့်အတွက် ယုံကြည်နိုင်ရန် ခက်ခဲကြောင်း EcoDev အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူက မှတ်ချက်ပြုသည်။

The Voice Weekly

RangonNewsDaily:: October. 24 .2013
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေ အတွင်းရှိ ဆည်းတည်း ကျေးရွာနင့် မိုးကြိုးပြင် ကျေးရွာကြားတွင် လျော်ကြေး မယူထားသော ယာမြေများ၌ စိုက်ပျိုးထားသော ပဲစင်းငုံနှင့် နှမ်း စိုက်ခင်းများကို ဝမ်ပေါင်ကုမ္ပဏီ ဝန်ထမ်းများက ဘူဒိုဇာဖြင့် ထိုး၍ ဖျက်ဆီးခဲ့မှုကြောင့် အောက်တို့ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသခံများ ဆန္ဒဖော်ထုတ်ခဲ့ကြောင်း မိုးကြိုးပြင် ဒေသခံများက ပြောကြားသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စြ ဖင့် စကား များကြရာမှ ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံး

RangonNewsDaily:: October. 24 .2013
သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စြ
ဖင့် စကား များကြရာမှ ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံးခဲ့မှု တစ်ခု အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆို သည်။ ဆွဲကြိုးချ သေဆုံးခဲ့သူမှာ (၁၆)ရပ်ကွက်၊ ကံ့ကော်ရိပ်သာလမ်း တွင် နေထိုင်သည့် ၄၅ နှစ်အရွယ်ရှိ ဦး မောင်မောင်စိုး ဖြစ်သည်ဟုလည်း မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

နိုင်ငံတကာဧည့်သည်များပါ အသုံးပြုနိုင်မည့် ဆီးဂိမ်းဂုဏ်ပြုအထိမ်းအမှတ် ကတ်တစ်သောင်း ကမ္ဘောဇဘဏ်မှ ထုတ်မည်

RangonNewsDaily:: October. 24 .2013
ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံတွင် ကျင်းပမည့် (၂၇) ကြိမ် မြောက်ဆီးဂိမ်းပြိုင်ပွဲကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် နိုင်ငံတကာမှဧည့်သည်များပါ အသုံးပြုနိုင် သော KBZ SEA Games Debit Card တစ်သောင်းခန့်ကို ထုတ်လုပ်သွားမည်ဟု ကမ္ဘောဇဘဏ်၏ အထွေထွေ မန်နေဂျာ ဦးဇော်လင်းထွဋ်က ပြောသည်။

နိုင်ငံတော်သမ္မတ မှ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအား ရာထူးမှ နုတ်ထွက်ခွင့်ပြု

RangonNewsDaily:: October. 24 .2013
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းညိန်းအား ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၂၃ ရက်တွင် ကြေညာသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ)ပါ “ခန့် အပ်သည့်အာဏာပိုင်ထံ နုတ်ထွက်လွှာတင်၍ ခွင့်ပြုချက်ရရှိခြင်း”ဆိုသော ပြဋ္ဌာန်းချက်အရ ခွင့်ပြုခြင်း ဖြစ်သည်။

အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းစပ်မှ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာခြင်းမရှိ

RangonNewsDaily:: October. 24 .2013
ဆရာ ဒေါက်တာထွန်းလွင် ပြောပြတဲ့ မိုးလေ၀သ အခြေအနေပါ။အခုလိုပြောပြပေးတဲ့ ဆရာ့ကို အထူးကျေးဇူးတင်ပါတယ်။ အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းစပ်မှ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာခြင်းမရှိတာကိုတွေ့ရပါတယ်။

အလှူခံမဏ္ဍပ်ရှေ့ အရှိန်ပြင်းစွာ မောင်းခဲ့သည့် ယာဉ်မောင်းကို အမှုဖွင့်ဖမ်းဆီး

RangonNewsDaily:: October. 24 .2013
အလှူခံမဏ္ဍပ်ရှေ့တွင် အရှိန်ပြင်းစွာမောင်းနှင်ခဲ့သည့် ယာဉ်မောင်းတစ်ဦးကို အလှူခံအဖွဲ့က တိုင်ကြား လိုက်သဖြင့် တိုက်ကြီးရဲစခန်းက အောက်တိုဘာ ၂၂ ရက်တွင် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။အမှုကို ဂျိုးဖြူကျေးရွာအုပ်စု အလှူခံအဖွဲ့ခေါင်းဆောင် ဦးမောင်မြင့်(၃၈)နှစ်နှင့် အဖွဲ့က ရဲစခန်းသို့ လာ ရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာ ပညာရေးစနစ် မှားယွင်းလျက်ရှိဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အချို့ ပြောကြား

RangonNewsDaily:: October. 24 .2013
အင်ဂျင်နီယာ နည်းပညာဆိုင်ရာ ပညာရေးစနစ်မှာ ပညာသင်နှစ် အမျိုးမျိုး ပြောင်းလဲခြင်းနှင့် ဝန်ကြီးဌာနများ မကြာခဏ ပြောင်းလဲ၍ စီမံခန့်ခွဲမှုကြောင့် မှားယွင်းလျက် ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ခြောက်ဦးက အမျိုးသားလွှတ်တော်တွင် ပြောကြားသည်။

ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စ စကားများပြီး ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံး

RangonNewsDaily:: October. 24 .2013
သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကားများကြရာမှ ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံးခဲ့မှုတစ်ခု အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆို သည်။
ဆွဲကြိုးချ သေဆုံးခဲ့သူမှာ (၁၆)ရပ်ကွက်၊ ကံ့ကော်ရိပ်သာလမ်းတွင် နေထိုင်သည့် ၄၅ နှစ်အရွယ်ရှိ ဦး မောင်မောင်စိုး ဖြစ်သည်ဟုလည်း မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုထားသည်။