Pages

Pages - Menu

Thursday, October 24, 2013

သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စြ ဖင့် စကား များကြရာမှ ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံး

RangonNewsDaily:: October. 24 .2013
သင်္ဃန်းကျွန်းမြို့နယ်တွင် ဇနီးဖြစ်သူကိုယ်ဝန်ရှိသည့်ကိစ္စြ
ဖင့် စကား များကြရာမှ ယောက်ျားဖြစ်သူ ဆွဲကြိုးချသေဆုံးခဲ့မှု တစ်ခု အောက်တိုဘာ ၂၂ ရက်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆို သည်။ ဆွဲကြိုးချ သေဆုံးခဲ့သူမှာ (၁၆)ရပ်ကွက်၊ ကံ့ကော်ရိပ်သာလမ်း တွင် နေထိုင်သည့် ၄၅ နှစ်အရွယ်ရှိ ဦး မောင်မောင်စိုး ဖြစ်သည်ဟုလည်း မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုထားသည်။ ၎င်းသည် အိမ်နောက်ဖေးခန်း ခေါင်မိုးထုတ်တန်းတွင် အရှည်ငါးပေခန့်၊ လုံးပတ် လက်မ၀က်ခန့်ရှိ နိုင်လွန် ကြိုးဖြင့် ဆွဲကြိုးချသေဆုံးနေ သည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူသည် ဇနီးဖြစ်သူ ကိုယ်ဝန်ရှိသည့်ကိစ္စဖြင့် စကားများရာမှ ယင်းကဲ့သို့ သေကြောင်းကြံစည်ခြင်း ဖြစ်ဟု ကနဦးအရ သိရှိထားရသည် ဟု ဆိုသည်။

သေဆုံးသူအလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့အပ်ထားရာ ပီအာရ် ၇၇ ဖြင့် လက်ခံစစ်ဆေးနေ သည်ဟုဆိုသည်။

ထို့ပြင် ယင်းသေဆုံးအား ဓမ္မတာအတိုင်း သေဆုံးခဲ့ခြင်း ဟုတ်၊ မဟုတ် ဆက်လက်စစ်ဆေးဖော်ထုတ် ပေးရန် ဒု-ရဲအုပ် ငွေမိုးကတရားလိုပြုလုပ် တိုင်တန်းထားသည်။ ထို့ကြောင့် ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၂/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး စခန်းမှူးဖြစ်သူ ရဲမှူး သိန်းဟန်က စစ်ဆေးနေသည်ဟု တိုင်းရဲတပ် ဖွဲ့မှူးရုံးက ဆိုထားသည်။

Mizzima News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment