Pages

Pages - Menu

Thursday, October 24, 2013

နိုင်ငံတော်သမ္မတ မှ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌအား ရာထူးမှ နုတ်ထွက်ခွင့်ပြု

RangonNewsDaily:: October. 24 .2013
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းညိန်းအား ၎င်း၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးက အောက်တိုဘာ ၂၃ ရက်တွင် ကြေညာသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ)ပါ “ခန့် အပ်သည့်အာဏာပိုင်ထံ နုတ်ထွက်လွှာတင်၍ ခွင့်ပြုချက်ရရှိခြင်း”ဆိုသော ပြဋ္ဌာန်းချက်အရ ခွင့်ပြုခြင်း ဖြစ်သည်။ အစိုးရသစ်တက်လာပြီးနောက် ဗဟိုဘဏ်ဥပဒေကို ယခုနှစ် ဇူလိုင် ၁၁ ရက်က ပြဋ္ဌာန်းပြီး ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ကို ဇူလိုင် ၃၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အ စည်းအဝေးတွင် အတည်ပြုလိုက်ခြင်းဖြစ်၍ သက်တမ်းသုံးလနီးပါးသာရှိသေးသည်။

ဦးသန်းညိန်းမှာ ယင်းဥပဒေ မပေါ်ပေါက်မီက ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူုဖြစ်သည်။ယခု အချိန်သည် ဥပဒေပြဋ္ဌာန်းပြီး ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှ ခွဲထွက်ကာ သီးခြားရပ်တည်၍ လွတ်လပ်စွာလုပ်ကိုင်နိုင်ရန် ပြင်ဆင်နေချိန်ဖြစ်ပြီး ဘဏ္ဍာရေးမူဝါဒများ ချမှတ်ရန် ပြင်ဆင်နေကြသည့် အချိန်ဖြစ်သည်ဟု စီးပွားပညာရှင်များက လက်ခံထားသည်။

ဗဟိုဘဏ်၏ အခြားဒုတိယ ဥက္ကဋ္ဌတစ်ဦးဖြစ်သည့် ဦးဆက်အောင်က ယင်းနုတ်ထွက်မှုကို တိကျစွာ မသိရှိကြောင်း ဆိုသည်။

လက်ရှိတွင် ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့များ တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ထားပြီးဖြစ်၍ မကြာမီ ဘဏ္ဍာ ရေးကဏ္ဍအတွက် ထူးခြားသော ရလဒ်များပေါ်ထွက်လာတော့မည်ဟု ဦးဆက်အောင်က ဆိုသည်။
Mizzima News , kolatt(PBDN)
RangonNewsDaily

No comments:

Post a Comment