Pages

Pages - Menu

Saturday, September 7, 2013

မြန်မာ့အလှမယ်ခင်ဝင့်ဝါ ဆုလေးဆုနဲ့အတူ ရန်ကုန်သို့အပြန်ခရီးကို ပိရိသတ်များ လာရောက်ကြိုဆိုနိုင်

Photo: မြန်မာ့အလှမယ်ခင်ဝင့်ဝါဆုလေးဆုနဲ့အတူ
အပြန်ခရီးကို လာရောက်ကြိုဆိုနိုင်
Saturday, September 7, 2013

မစ္စစူပရာနေရှင်နယ်ပြိုင်ပွဲကို ၀င်ရောက်ရှင်ပြိုင်ခဲ့တဲ့ မြန်မာ့အလှမယ် ခင်ဝင့်ဝါအနေနဲ့ သူမရရှိထားတဲ့ ဆုလေးဆုနဲ့အတူ စက်တင်ဘာလ ၈ ရက်
နံနက် ၁၁း၄၅နာရီမှာ ရန်ကုန်လေဆိပ်ကိုပြန်လည်ရောက်ရှိမှာဖြစ်ပြီး သူမကိုလာရောက်ကြိုဆိုနိုင်တယ်လို့သိရတယ်။

မစ္စစူပရာနေရင်နယ်ပြိုင်ပွဲကို ၀င်ရောက်ခဲ့တဲ့ ခင်ဝင့်ဝါက မစ်အင်တာနက် ဆုအပါအ၀င်ဆုပေါင်းလေးဆုကို ရရှိခဲ့ပြီး ရတဲ့ ဆုငွေအား လုံးကို ပရဟိတဒါနပြုသွားမှာဖြစ်ပြီး Miss Supranational Myanmar Organization နဲ့ လက်တွဲပြီးအနုပညာအလုပ်တွေဆက်လုပ် သွား
မယ်လို့ သိရတယ်။

“ညီမ စကာတင်(၂၀)ထဲမှာပါဝင်ခဲ့ပြီး Miss Internet ဆုရတဲ့အတွက် ၀မ်းသာပျော်ရွှင် ဂုဏ်ယူမိပါတယ်... ဒီဆုတွေက ပရိသတ်ကြီး ပေး ခဲ့တဲ့ဆုပါ... ညီမ အနေနဲ့ ဆုငွေအားလုံးကို ပရဟိတ အလှူဒါနပြု သွားမှာဖြစ်ပါတယ်။ညီမ မြန်မာပြည်ကို ရောက်တဲ့အခါ ညီမကို မိသားစုလို ချစ်ခင်ပြီး အကောင်းဆုံးပံ့ပိုးပေးခဲ့တဲ့ Miss Supranational Myanmar Organization နဲ့ လက်တွဲပြီး အနုပညာအလုပ်တွေလုပ်သွားမှာပါ။အဲဒီက ရရှိလာတဲ့ဝင်ငွေရဲ့ ၃၀ရာခိုင်နှုန်းကို လူမှုအကျိုးပြု ပရဟိတအလုပ်တွေ အတွက်လှူဒါန်းသွားမှာဖြစ်ပါတယ်... ညီမ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ မြန် မာတစ်မျိုးသားလုံးအတွက် အကျိုးပြုသွားပါမယ်ရှင့်... ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်ရှင့်” လို့ သူမရဲဖေ့ဘွတ်စာမျက်နှာမှာတင် ထားပါတယ်။

ခင်ဝင့်ဝါရရှိခဲ့တဲ့ ဆုတွေက Miss Internet ,Most Beautiful Girl in the World,People Choice Award နဲ့Face of Miss Supranational ဆုတို့ဖြစ်ပါတယ်။ မြန်မာ အလှမယ်ခင်ဝင့်ဝါ
ကစကာတင်လက်ရွေးစင်ဖိုင်နနယ်လစ်စာရင်းဝင်ခဲ့ပါတယ်။
Miss Supranational ဆုကို ဖိလစ်ပိုင်အလှမယ်က ရရှိခဲ့ပါတယ်။

The Modern News Journal

RangonNewsDaily:: September 7, 2013

မစ္စစူပရာနေရှင်နယ်ပြိုင်ပွဲကို ၀င်ရောက်ရှင်ပြိုင်ခဲ့တဲ့ မြန်မာ့အလှမယ် ခင်ဝင့်ဝါအနေနဲ့ သူမရရှိထားတဲ့ ဆုလေးဆုနဲ့အတူ စက်တင်ဘာလ ၈ ရက် နံနက် ၁၁း၄၅နာရီမှာ ရန်ကုန်လေဆိပ်ကိုပြန်လည်ရောက်ရှိမှာဖြစ်ပြီး သူမကိုလာရောက်ကြိုဆိုနိုင်တယ်လို့သိရတယ်။

Android နောက်ထပ်မျိုးဆက်သစ် သို့မဟုတ် KitKat

Photo: Android နောက်ထပ်မျိုးဆက်သစ် သို့မဟုတ် KitKat 
Saturday, September 7, 2013

Google ရဲ့  နောက်ဆုံးထွက် Android ကိုပေးထားတဲ့ အမည်က KitKat ပါ။ ထွက်တော့ မထွက်သေးပါဘူး။ ကြိုတင် ကြေညာထားခြင်းသာ ရှိပါသေး တယ်။ 

ဒီအတွက် Marketing ကိုတော့ စတင်လုပ်ဆောင်နေပါပြီ။ KitKat ချော ကလပ် ဘီစကစ် ချောင်းများကို လိုက်လံ ဝေမျှကျွေးမွေးခြင်း ဖြစ်ပါတယ်။ ဒီတော့ Jelly Bean မျိုးဆက် ကုန်ဆုံးတော့မှာပါ။ 4.3 API level 18 ပြီးတော့ ဆက်ထွက်ဖို့ မရှိတော့ပါဘူး။ KitKat မျိုးဆက် စတင်တော့ မှာ ဖြစ်ပါတယ်။ Honey Comb, Ice Cream Sandwich, Jelly Bean အစရှိသဖြင့် စားစရာမုန့်တွေနဲ့ပဲ အမည်ပေးသွားတာပါ။ ဒီတစ် ခါ ပေးလိုက် တဲ့ KitKat က လည်း စားစရာပါပဲ။ Nexus စမတ်ဖုန်းနဲ့ Tablet တွေမှာ ပထမဆုံး မြင်တွေ့ရမယ်လို့ ဆိုပါတယ်။ 

ယင်းအတွက် Kit Kat မိတ်ဆက်ပွဲကို Google ရဲ့  Android Division က သီးသန့် ပြုလုပ်အုံးမှာပါ။ ကမ္ဘာ့ လူသုံး အများဆုံး မိုဘိုင်းဖုန်း OS အဖြစ် စံချိန်တင်ထားတဲ့ Android ဟာ Kit Kat ကို အကောင်းဆုံး စမတ်ဖုန်း OS အဖြစ် မြင်တွေ့စေရမယ်လို့ ပြောဆိုထားကြောင်း သိရပါတယ်။ 

Ref: pocketlint
Aung Kham (ရိုးရာလေး)

http://www.yoyarlay.com/science-tech/mobile/37719-android-kitkat

RangonNewsDaily:: September 7, 2013

Google ရဲ့  နောက်ဆုံးထွက် Android ကိုပေးထားတဲ့ အမည်က KitKat ပါ။ ထွက်တော့ မထွက်သေးပါဘူး။ ကြိုတင် ကြေညာထားခြင်းသာ ရှိပါသေး တယ်။

ဘုရင့်နောင်လမ်းဆုံဂုံးကျော်တံတားစီမံကိန်းဆောင်ရွက်နေစဉ် ယာဉ်များသွားလာရမယ့်လမ်းကြောင်း သတိပေးထုတ်ပြန်

RangonNewsDaily:: September 7, 2013

ဘုရင့်နောင်လမ်းဆုံဂုံးကျော်တံတားတည်ဆောက်ရေးစီမံကိန်းမှာ ကွန်ကရစ် Box Girder တပ်ဆင်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၇ရက်နေ့ကနေ စက်တင် ဘာ ၁၆ ရက်နေ့ထိ ည ၁၀း၀၀နာရီကနေ နံနက် ၆း၀၀နာရီအတွင်းဆောင် ရွက်ဖို့ စီမံထားတာကြောင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဘုရင့်နောင် လမ်းဆုံကို ဖြတ်သန်းသွားလာတဲ့မော်တော်ယာဉ်တွေ သွားရမယ့် လမ်းကြောင်းတွေကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်း သိမ်းကြီးကြပ်မှုကော်မတီက သည်နေ့ (စက်တင်ဘာ ၇ ရက်) သတိပေးနှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု မစ္စအင်တာနက် ရရှိသွားသော Miss Supranational Myanmar ခင်ဝင့်ဝါ ကို အင်တာနက်ပရိသတ်အများစုက ၇န်ကုန်လေဆိပ်တွင်ကြိုဆိုကြမည်

Photo
(ပုံမှာ-Miss Supranational Myanmar မှ Miss Internetဆုရခင်ဝင့်ဝါ ပုံရိပ်တချို့)
RangonNewsDaily:: September 7, 2013
Miss Internetဆုရမြန်မာ့ဂုဏ်ဆောင်နိုင်ငံတကာပြိုင်ပွဲဝင် ဒုတိယမြောက်မယ်မြန်မာဖြစ်ခဲ့သလိုMiss Supranational Myanmar ခင်ဝင့်ဝါ သည် ကမ္ဘာတတိယအကြီးမားဆုံးနိုင်ငံ တကာအလှမယ်ပြိုင်ပွဲကြီး စကာတင်လက်ရွေးစင် Finalist စာရင်းဝင် မြန်မာနိုင်ငံ၏ ပထမဆုံးအလှမယ် ဖြစ်လာခဲ့သည်။

ဆီးရီးယားကို စစ်ရေးအရ ၀င်စွတ်ဖက်မည့် ကိစ္စ မက်ဒေါနား ဆန့်ကျင်

Photo: ဆီးရီးယားကို စစ်ရေးအရ ၀င်စွတ်ဖက်မည့် ကိစ္စ
မက်ဒေါနား ဆန့်ကျင်
Saturday, September 7, 2013

ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက် စွတ်ဖက့်မည့် အမေရိကန်အစိုးရ၏ 
အစီအစဉ်အား ဆန့်ကျင်ကြောင်း အမေရိကန်ပေါ့တ်စတား မက်ဒေါနားက ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ဆီးရီးယားကို လက်ရှောင်ပါ အမေရီကန် (US Stay Out of Syria ) ဟူသော လက်ရေးမူဓာတ်ပုံကို မက်ဒေါနားက ဓာတ်ပုံများ လွင့်တင် ဝေမျှနိုင်သော Instagram စာမျက်နှာထက်တွင် လွင့်တင်ခဲ့ပြီး
ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက် စွတ်ဖက့်မည့် အမေရိကန်အစိုးရ၏ 
အစီအစဉ်အား ဆန့်ကျင်ကြောင်း ပြသခဲ့ခြင်းဖြစ်သည်။ မက်ဒေါနားသည် ဆီးရီးယားကို စစ်ရေးအရ၀င်ရောက် စွတ်ဖက့်မည့် အစီအစဉ် ကို ဖော်ဆောင်နေသူ အမေရိကန် သမ္မတ ဘာရက် အိုဘားမားအား 
ယခင်က ကာလရှည် ထောက်ခံခဲ့သူ ဖြစ်သည်။

"ဆက်ဒမ် ဟူစိန်ကို အမေရိကန် သမ္မတ ဘုရှ် ၀င်တိုက်ပြီးတဲ့နောက်ပိုင်းမှာ
ပြင်းထန်တဲ့ စစ်ဆန့်ကျင်ရေးဝါဒီ တစ်ဦး ဖြစ်လာခဲ့ပါတယ် " ဟု Huffington Post သတင်းစာက ဖေါ်ပြထားသည်။

Popular Myanmar News Journal

RangonNewsDaily:: September 7, 2013

ဆီးရီးယားကို စစ်ရေးအရ ၀င်ရောက် စွတ်ဖက့်မည့် အမေရိကန်အစိုးရ၏
အစီအစဉ်အား ဆန့်ကျင်ကြောင်း အမေရိကန်ပေါ့တ်စတား မက်ဒေါနားက ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ရီဟန်းနား၏ VEVO တေးသီချင်း ကြည့်ရှုသူ လေးဘီလီယံ အထိရှိလာ

Photo: ရီဟန်းနား၏ VEVO တေးသီချင်း ကြည့်ရှုသူ လေးဘီလီယံ အထိရှိလာ
Saturday, September 7, 2013

ရီဟန်းနား၏ VEVO တေးသီချင်းသည် You Tube ဝက်ဘ်ဆိုက်တွင် ကြည့်ရှုသူ ပရိသတ် လေးဘီလီယံ အထိ မြင့်တက် လာခဲ့ ပြီးနောက် ဆယ်ကျော်သက် အဆိုတော် ဂျက်စတင် ဘီဘာကို ကျော်လွန်၍ ကြည့်ရှုသူ အများဆုံး တေးသီချင်း အဆိုရှင် ဖြစ်လာခဲ့ကြောင်း သိရသည်။
ရီဟန်းနားက သူမ၏ VEVO တေးသီချင်း အောင်မြင်မှုနှင့် ပတ်သက်၍ မိမိကိုယ်မိမိ VEVO ဘုရင်မအဖြစ် ခံစား မိကြောင်း တွစ်တာ ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။ ရီဟန်းနား၏ တေးဂီတ ဗီဒီယို ၁၂ ခုသည် ကြည့်ရှုသူသန်း ၁ဝဝ ကျော်စီ ရှိခဲ့ပြီး သမိုင်းတွင်ခဲ့သည့် တေးသီချင်းမှာ ၂ဝဝ၉ခုနှစ်က သီဆိုခဲ့သော Russian Roulette တေးသီချင်း ဖြစ်သည်။

ထို့ပြင် ရီဟန်းနား၏ Diamonds တေးသီချင်းသည်လည်း ကြည့်ရှုသူ ၃၃၁သန်းကျော် ရှိခဲ့ပြီး ပရိသတ် အများဆုံး ဝင်ရောက် ကြည့်ရှုသည့် တေးသီချင်းအဖြစ် သမိုင်းမှတ်တိုင် ထူနိုင်ခဲ့သည့် သီချင်း ဖြစ်သည်။

မြ၀တီ

RangonNewsDaily:: September 7, 2013

ရီဟန်းနား၏ VEVO တေးသီချင်းသည် You Tube ဝက်ဘ်ဆိုက်တွင် ကြည့်ရှုသူ ပရိသတ် လေးဘီလီယံ အထိ မြင့်တက် လာခဲ့ ပြီးနောက် ဆယ်ကျော်သက် အဆိုတော် ဂျက်စတင် ဘီဘာကို ကျော်လွန်၍ ကြည့်ရှုသူ အများဆုံး တေးသီချင်း အဆိုရှင် ဖြစ်လာခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း

လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်း

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ၀ိုင်းဝန်းကူညီပေးကြဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုအတွင်းရေးမှူး ရဲမှူးချုပ် ဦးခင်မောင်စီက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အခုလ ၁၃ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အကြိုလုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဓမ္မစေတီလမ်း City Mart ဈေးဝယ်စင်တာမှာ ဒီကနေ့ပြုလုပ်တဲ့ အခမ်းအနားမှာ ရဲမှူးချုပ် ဦးခင်မောင်စီက RFA ကို အခုလို ပြောကြားခဲ့တာပါ။

“အစိုးရတစ်ခုတည်းနဲ့ ဖန်တီးလို့ရတာမဟုတ်ဘူး၊ အခုတတ်နိုင်ရင်တတ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရှိနေတာပဲ၊ ဒီလိုလုပ်ငန်းကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေ၊ လုပ်ငန်းအလတ်တွေ၊ လုပ်ငန်းအသေးစားတွေ အဲဒီပုဂ္ဂိုလ်တွေအားလုံးက ကိုယ့်တမျိုးသားလုံးကို ဒုက္ခပေးနေတဲ့ အန္တရာယ်အလားအလာကို ထည့်စဉ်းစားပြီးတော့ ကျွမ်းကျင်မှုနည်းနည်းနဲ့ လုပ်သားများများလိုတဲ့ စီးပွားရေးလုပ်ကွက်တွေ၊ လုပ်ငန်းခွင်တွေကို ဖန်တီးဖို့လိုတယ်”

အဲဒီအခမ်းနားမှာ တက်ရောက်လာကြသူတွေနဲ့ ဈေးလာဝယ်သူတွေက Wall of Pledge ဆိုတဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာသားကို လက်ဖဝါးမှာဆေးသုတ်ပြီး ပိတ်စပေါ်မှာရိုက်နှိပ်ခဲ့ကြတဲ့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဥာဏ်စမ်းမေးခွန်းတွေကိုလည်း ဖြေဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေးအေဂျင်စီ UNIAP အဖွဲ့က စီမံကိန်းညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချောကလည်း လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအပြင် အနုပညာရှင်တွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်လာတဲ့အတွက် တိုးတက်မှုတွေရှိလာနေပြီလို့ ပြောကြားခဲ့ပါတယ်။

အလားတူ လူကုန်ကူးမှု တိုက်ဖျက်ရေး အကြိုလှုပ်ရှားမှုအခမ်းနားတွေကို နေပြည်တော်၊ မန္တလေးမြို့တွေမှာရှိတဲ့ City Mart ဈေးဝယ်စင်တာတွေမှာ ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

RangonNewsDaily:: September 7, 2013
မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ၀ိုင်းဝန်းကူညီပေးကြဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုအတွင်းရေးမှူး ရဲမှူးချုပ် ဦးခင်မောင်စီက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

လိပ်ပြာကန်တိုက်အုပ်စာချဆရာတော် ကျောင်းတိုက်မှထုတ်ပယ်ခံရမှုနှင့်ပတ်သက်၍ ရှင်းလင်း

လိပ်ပြာကန်တိုက်အုပ်စာချဆရာတော် ကျောင်းတိုက်မှထုတ်ပယ်ခံရမှုနှင့်ပတ်သက်၍ ရှင်းလင်း

kolatt(PBDN): Sep . 7. 2013

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်လိပ်ပြာကန်ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်းသော တိုက်အုပ်စာချဆရာတော် ဦးဃောသိတမှ ကျောင်းတိုက်မှ ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

ဗဟန်းမြို့နယ် ငါး/မြောက်ရပ်ကွက် လိပ်ပြာကန်ကျောင်းတိုက် အလယ်ကျောင်းကြီးတွင်သီတင်းသုံးနေထိုင်သော ဦးဃောသိတအား လိပ်ပြာကန်ကျောင်းတိုက်မှ အောက်တိုဘာလလယ်တွင် နောက်ဆုံးထား၍ ထွက်ခွာပေးရန် ရန်ကုန် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ရုံးမှ ခံဝန်ကတိရေးထိုးစေခဲ့သည်။

“ဦးဇင်းဟာ မည်သည့်နိုင်ငံရေးလှုပ်ရှားမှုမှ မလုပ်ပဲ နိုင်ငံရေးလှုံ့ဆော်သူ ဆူပူသူ၊၀ိနည်းတော်နဲ့မညီသူအနေနဲ့ တိုင်ကြားခံရပြီး ယနေ့တိုင် သံဃနာယကဆရာတော်တွေက သြ၀ါဒပေးတာခံယူပြီးတော့ ကျောင်းတိုက်ကနေ နောက်လမှာထွက်ခွာပေးဖို့ ခံဝန် ထိုးခဲ့ရတယ်”ဟု ဦးဃောသိတက မိန့်သည်။

ဦးဇင်းဃောသိတသည် ယခင်ကွမ်းခြံကုန်းဘက်မြို့နယ်အတွင်းရှိ ကျောင်းတိုက်တစ်ခု၌ သီတင်းသုံးနေထိုင်ခဲ့ဖူးပြီး လိပ်ပြာကန် အလယ်ကျောင်းကြီးတွင် သီတင်းသုံးနေထိုင်သည်မှာ ၇ နှစ်ကျော်ရှိပြီ ကျောင်းတိုက်ပိုင်မြေကို အလွဲသုံးစားပြုလုပ်မှုကို စုံစမ်း ဖော်ထုတ်ရာမှ ယခုကဲ့သို့ဖြစ်ပွားခဲ့သည်ဟု သိရသည်။

“ပေ ၇၀ ပေ ၃၀ ကျယ်ဝန်းတဲ့ကျောင်းပိုင်မြေကို ကျောင်းထိုင်ဆရာတော်က ကိုယ်ကျိုးအတွက်သုံးစွဲဖို့ မောရွှေပြည် ကျောင်း တိုက်ကို ရောင်းစားတဲ့ ကိစ္စနဲ့ပက်သက်ပြီး ဖော်ထုတ်ဆောင်ရွက်နေစဉ်မှာ ကျောင်းတိုက်ကနေ ထုတ်ပယ်ဖို့အတွက် စွပ်စွဲ ချက်တွေနဲ့ တိုင်ကြားခံရတာပါ၊ဦးဇင်းအနေနဲ့ ဒီကိစ္စကို သေချာစုံစမ်းပြီး အမှန်တရားပေါ်ပေါက်စေချင်တယ်”ဟု ဦးဇင်းဃော သိတက မိန့်သည်။

လိပ်ပြာကန်ကျောင်းတိုက် အလယ်ကျောင်းကြီး၌ သီတင်းသုံးနေထိုင်သည့် ဦးဃောသိတအား တိုင်းဒေသကြီးသံဃနာယက အဖွဲ့ဆရာတော်များက ဇူလိုင်လ ၁၄ ရက်နေ့၌ ကျင်းပပြုလုပ်သော သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ ဒုတိယအစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု ခံဝန်ကတိစာရွက်၌ဖော်ပြပါရှိသည်။

“ကျောင်းထိုင်ဆရာတော် သူ့ကိုယ်ကျိုးအတွက် ဘာတွေလုပ်တယ်ဆိုတာ သက်သေတွေရှိတယ်။ သူ့အကြောင်းတွေကို အကုန် သိတယ်။ ကျွန်တော်တို့ကလည်း အမှန်တရားပေါ်ပေါက်အောင် ကူညီဆောင်ရွက်ပေးမှာပါ။”ဟု ကျောင်းထိုင်ဆရာတော်နှင့် ဆွေမျိုးတော်သူ တစ်ဦးက ဖွင့်ဟသည်။

ဦးဇင်းဃောသိတသည် ၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်ခဲ့ဖူးပြီး ၂၀၀၈ ခုနှစ် ထိုင်ဝမ်ခရီးစဉ်မှ အပြန်ရန်ကုန်လေဆိပ်၌ နယ်စပ်ဖြတ်ကျော်မှု နိုင်ငံခြားငွေကိုင်ဆောင်မှုတို့ဖြင့် ထောင်ကျခဲ့ဖူးပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ၌ ပြန်လည် လွတ်မြောက်လာသူလည်းဖြစ်သည်။

မြန်မာခရိုနီကယ်

RangonNewsDaily:: September 7, 2013
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်လိပ်ပြာကန်ကျောင်း
တိုက်၌ သီတင်းသုံးနေထိုင်းသော တိုက်အုပ်စာချဆရာတော် ဦးဃောသိတမှ ကျောင်းတိုက်မှ ထုတ်ပယ်ခံရခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

ရန်ကုန်မြို့ ပြဖွံ့ ဖြိုးမှုစီမံကိန်းတွင် အဓိကပါဝင်သော မင်းဓမ္မလမ်း ဒုတိယဗဟိုစီးပွားရေးဇုန်ပုံစံ ရေးဆွဲပြီးဖြစ်

RangonNewsDaily:: September 7, 2013
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မင်းဓမ္မ လမ်းတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒုတိယဗဟိုစီးပွားရေးဇုန်စီမံကိန်းပုံစံ (Plan) အား ရေးဆွဲပြီးဖြစ်ကြောင်း ယင်းစီမံ ကိန်းရေးဆွဲသူ ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ(YCDC)၊ အကြံပေး၊ မြို့ပြ စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က မဇ္ဈိမသို့ ပြောသည်။

သြစတြေးလျ ရွေးကောက်ပွဲမှာ မဲပေးနေကြပြီ

သြစတြေးလျ ရွေးကောက်ပွဲမှာ မဲပေးနေကြပြီ

စက်တင်ဘာလ ၇ ရက် ၂၀၁၃

သြစတြေးလျ နိုင်ငံက အထွေထွေ ရွေးကောက်ပွဲမှာ လူထုက မဲပေးနေကြပါပြီ။

အာဏာရ လေဘာပါတီ ဝန်ကြီးချုပ် Kevin Rudd ဟာ အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် Tony Abbott ရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နောက်ဆုံး ထွက်လာတဲ့ ရွေးကောက်ပွဲ ကနဦး စစ်တမ်းတွေ အရ မစ္စတာ အာဘော့ထ်နဲ့ သူ့ရဲ့ အလယ်အလတ် အမျိုးသား ညွှန့်ပေါင်း အဖွဲ့က ထူးထူးခြားခြား ရှေ့က ဦးဆောင်နေပါတယ်။

သြစတြေးလျ ဥပဒေအရ အသက် ၁ဂနှစ် နိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးရတာ ဖြစ်ပြီး မဲပေးပိုင်ခွင့် ရှိသူ ၁၄ .၅ သန်း ကျော် က မဲလာပေးကြလိမ့်မယ်လို့ ယူဆ ရပါတယ်။

စီးပွားရေး ၊ လူဝင်မှု ကြီးကြပ်ရေး ပြဿနာနဲ့ အငြင်းပွားဖွယ် ဖြစ်နေတဲ့ ကာဗွန်ထွက်ရှိမှု အပေါ် အခွန်ကောက်တဲ့ စနစ်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို သီတင်းငါးပတ်ကြာ ရွေးကောက်ပွဲ မဲဆွယ်မှု အတွင်း အပြင်းအထန် ဆွေးနွေး ငြင်းခုန်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ ပြိုင်ဖက် ပါတီနှစ်စလုံးက ခေါင်းဆောင် တွေရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စ တွေက လွှမ်းမိုးထားတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

BBC

RangonNewsDaily:: September 7, 2013
သြစတြေးလျ နိုင်ငံက အထွေထွေ ရွေးကောက်ပွဲမှာ လူထုက မဲပေးနေကြပါပြီ။
အာဏာရ လေဘာပါတီ ဝန်ကြီးချုပ် Kevin Rudd ဟာ အတိုက်အခံ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင် Tony Abbott ရဲ့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဟစ်တလာရဲ့သက်တော်စောင့် ၉၆နှစ်မှာကွယ်လွန်

ဟစ်တလာရဲ့သက်တော်စောင့် ၉၆နှစ်မှာကွယ်လွန်

စက်တင်ဘာလ ၇ ရက် ၂၀၁၃

ဂျာမန် နာဇီ ခေါင်ဆောင်ဟောင်း အဒေါ့ဖ် ဟစ်တလာရဲ့ နောက်ဆုံးနေ့တွေနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေ ထွက်ဆိုခဲ့သူ နောက်ဆုံး လက်ကျန် တစ်ဦးဖြစ်တဲ့ ဟစ်တလာရဲ့ သက်တော်စောင့်လုပ်ခဲ့သူ အသက် ၉၆ နှစ် အရွယ် ရောဟူမစ်ရှ် တစ်ယောက် ဒီကနေ့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

သူဟာ ဟစ်တလာရဲ့ သက်တော်စောင့်တပ်မှာ တပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူ ဖြစ်ပြီး များသောအားဖြင့်တော့ တယ်လီးဖုန်း ဆက်သွယ်ပြောကြားရသူ အဖြစ် အလုပ်လုပ်ခဲ့သူ ဖြစ်ပါတယ်။

မစ္စတာ မစ်ရှ်ဟာ ဟစ်တလာရဲ့ ဌာနချုပ်မှာ ၅ နှစ်ကြာ တာဝန်ပေးခြင်း ခံခဲ့ရသူ ဖြစ်ပြီး ဟစ်တလာ သူ့ကိုယ်သူ သတ်မသေခင် အသက်ရှင်ရက် နောက်ဆုံး တွေ့ခဲ့ရသူတွေထဲက တစ်ဦး ဖြစ်ပါတယ်။

စစ်ပွဲတွေပြီးတော့ မစ္စတာ မစ်ရှ်ဟာ အဲဒီတုန်းက ဆိုဗီယက်ပြည်ထောင်စုမှာ ၉ နှစ်ကြာ အကျဉ်းကျခံခဲ့ပါတယ်။

သူဟာ မသေခင်အချိန်အထိကို ဟစ်တလာအပေါ် သစ္စာစောင့်သိခဲ့သူ ဖြစ်ပြီး ဟစ်တလာ့ကို အင်မတန် အားကျစရာကောင်းတဲ့ အကြီးအကဲလို့ သူက ခေါ်ဝေါ်ခဲ့ပါတယ်။

BBC

RangonNewsDaily:: September 7, 2013
ဂျာမန် နာဇီ ခေါင်ဆောင်ဟောင်း အဒေါ့ဖ် ဟစ်တလာရဲ့ နောက်ဆုံးနေ့တွေနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေ ထွက်ဆိုခဲ့သူ နောက်ဆုံး လက်ကျန် တစ်ဦးဖြစ်တဲ့ ဟစ်တလာရဲ့ သက်တော်စောင့်လုပ်ခဲ့သူ အသက် ၉၆ နှစ် အရွယ် ရောဟူမစ်ရှ် တစ်ယောက် ဒီကနေ့မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲ မြန်မာ ဆုရ

နိုင်ငံတကာ ဓါတ်ပုံပြိုင်ပွဲ မြန်မာ ဆုရ

07-09-2013

အင်ဒိုနီးရှား လေကြောင်းလိုင်း Garuda Indonesia က နိုင်ငံတကာ ဓါတ်ပုံ ပြိုင်ပွဲ ကျင်းပရာမှာ ၂၀၁၃ ခု နှစ် အတွက် ပေးတဲ့ ဆု ၅ ဆု ထဲမှာ မြန်မာ နိုင်ငံ ဓါတ်ပုံဆရာ ၃ ယောက် ဆု တွေ အသီးသီး ဆွတ်ခူးခဲ့ပါတယ်။

နိုင်ငံပေါင်း ၉၄ နိုင်ငံ က ဓါတ်ပုံပေါင်း ၆ သောင်း ကျော် ထဲက ဆန်ကာတင် ဓါတ်ပုံသမား ၁၅ ယောက် ကို ရွေးချယ်ပြီး အင်ဒိုနီးရှား နိုင်ငံ ကို ဖိတ်ခေါ်ယင်း သူတို့ နိုင်ငံ ထဲမှာ ဓါတ်ပုံတွေ ရိုက်ဖို့ ကျင်းပ သူတွေ က သြဂုတ်လ နောက်ဆုံးပတ်မှာ စီစဉ်ခဲ့တာပါ။

Nature သဘာဝ၊ People လူတွေ၊ Culture ယဉ်ကျေးမှု စတဲ့ ကဏ္ဍ ၃ ခု အရ ဓါတ်ပုံတွေ ရိုက်စေတဲ့ အခါမှာ မြန်မာဓါတ်ပုံဆရာ ကိုနီဦး က Over All Best အားလုံးအကောင်းဆုံး ဓါတ်ပုံတွေ ထွက်လာတဲ့ အတွက် ဆုကြေး အရ လည်း အမေရိကန် ဒေါ်လာ ၃ ထောင်ကျော် ရခဲ့ပါတယ်။

စိန်ခေါ်မှု တွေ့ရတဲ့ အပိုင်းမှာ တော့ ကိုယ်နဲ့ မကျွမ်းတဲ့ ဒေသ မှာ သူတို့ ယဉ်ကျေးမှု နဲ့ သဘာဝ ကို ထင်ဟပ်နိုင်အောင် အချိန်တို အတွင်း အကောင်းဆုံး ရိုက်ချက် ရအောင် ရိုက်ရတဲ့ အပိုင်းနဲ့ ရာသီဥတု အဆင်မပြေတာ ကို တွေ့ရတဲ့ အပိုင်း၊ ကိုယ်သွားရမယ့် နေရာ ကို website မှာ ကြိုပြီး လေ့လာရတဲ့ အကြောင်း ကိုနီဦး က ဘီဘီစီ ကို ပြောပြပါတယ်။

BBC Burmese

RangonNewsDaily:: September 7, 2013
အင်ဒိုနီးရှား လေကြောင်းလိုင်း Garuda Indonesia က နိုင်ငံတကာ ဓါတ်ပုံ ပြိုင်ပွဲ ကျင်းပရာမှာ ၂၀၁၃ ခု နှစ် အတွက် ပေးတဲ့ ဆု ၅ ဆု ထဲမှာ မြန်မာ နိုင်ငံ ဓါတ်ပုံဆရာ ၃ ယောက် ဆု တွေ အသီးသီး ဆွတ်ခူးခဲ့ပါတယ်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဝင်ထပ်တိုး

ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီဝင်ထပ်တိုး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှာ နောက်ထပ် အဖွဲ့ဝင် ထပ်မံ ဖြည့်စွက်တာကို သမ္မတ ဦးသိန်းစိန်က မနေ့က လက်မှတ်ထိုးပြီး တာဝန်ပေးစာ ထုတ်ပြန်လိုက်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့က ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီမှာ ပြည်ထောင်စု ၀န်ကြီး ၂ ပါး ဖြစ်တဲ့ ဦးဇေယျာအောင်နဲ့ ဦးဝင်းမြင့်တို့ ၂ ဦးကို ထပ်မံဖြည့်စွက်လိုက်တာကို စက်တင်ဘာလ ၆ ရက်
နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ပါတယ်။ 

ှုIrrawaddy

RangonNewsDaily:: September 7, 2013
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှာ နောက်ထပ်အဖွဲ့ဝင်ထပ်မံ ဖြည့်စွက်တာကိုသမ္မတ
ဦးသိန်းစိန်က မနေ့က လက်မှတ်ထိုးပြီး တာဝန်ပေးစာ ထုတ်ပြန်လိုက်ပါတယ်။

ရာမွန်မတ်ဆေးဆေးဆု လက်ခံရရှိခဲ့သော ဒေါ်လဖိုင်ဆိုင်းရော်အား လိုင်ဇာမှ ကြိုဆိုဂုဏ်ပြု

ရာမွန်မတ်ဆေးဆေးဆု လက်ခံရရှိခဲ့သော ဒေါ်လဖိုင်ဆိုင်းရော်အား လိုင်ဇာမှ ကြိုဆိုဂုဏ်ပြု

Post 07 September 2013 by KNG News 

၂၀၁၃ ခုနှစ်၏ ရာမွန်မတ်ဆေးဆေး ဆုချီးမြှင့်မှုခံယူပြီး ပြန်လည်ရောက်ရှိလာသော ကချင်တိုင်းရင်းသူ ဒေါ်လဖိုင်ဆိုင်းရော်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ယမန်နေ့က လိုင်ဇာမြို့ PDR ခမ်းမ၌ နေ့လည်စာဂုဏ်ပြုခြင်းနှင့် အထိမ်းအမှတ်ဆုတံဆိပ် ချီးမြှင့်ခြင်း ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဂုဏ်ပြုခြင်း အခမ်းအနားကို ခရစ်ယာန်ဝတ်ပြုဆုတောင်းခြင်းဖြင့်စတင်ကာ၊ လိုင်ဇာဒေသရှိ NGO အဖွဲ့အစည်းအသီးသီး မှလည်း ဂုဏ်ပြုခဲ့ပြီး KIO ဖက်မှလည်း ရာမွန် မတ်ဆေးဆေးဆု ရရှိသော ဒေါ်လဖိုင်ဆိုင်းရော်အား ဂုဏ်ပြုအမှာစကားပြောကြားပြီးနောက် ဂုဏ်ပြုတံဆိပ်နှင့် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဂုဏ်ပြုအခမ်းအနားပြုလုပ်ကာ ကြိုဆိုခြင်းကို ဒေါ်လဖိုင်ဆိုင်းရောအနေဖြင့် ဝမ်းဝမ်းသာပီတိဖြစ်ကြောင်း၊ KIO သည် မိမိလက်ရှိလက်ကိုင် နေသောလူမှု ဖွဲ့အစည်းသို့ ရောက်ရှိအောင် တိုက်တွန်းပေးခဲ့သော အဖွဲ့အစည်းဖြစ်ကြောင်းပြောသည်။

“ကချင်အမျိုးသားခေါင်းဆောင် ဘရန်ဆိုင်း (ကွယ်လွန်) ဦးဆောင်တဲ့အဖွဲ့နဲ့ ယခုလက်ရှိခေါင်းဆောင်တို့ ကနေပြီး ကျွန်မရှိနေတဲ့ ဂျာမနီနိုင်ငံမှာ ရောက်လာခဲ့တယ်။ အဲဒီအချိန်ကစပြီး ဘဝပြောင်းလဲသွားခဲ့တယ်။ ကောင်းတဲ့ ဘက်ကိုပေါ့။ သူတို့သာမရောက်ခဲ့လို့ရှိရင် တိုင်းရင်းသားကိုယ်စားပြု မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ အခုချိန် ဆုတက်ယူခွင့်ရမှာမဟုတ်ပါဘူး” ဟု KNG ကချင်သတင်းဌာနသို့ ဒေါ်လဖိုင် ဆိုင်းရော် ပြောသည်။

ယခုကဲ့သို့ ရာမွန်မတ်ဆေးဆေး ဆုရရှိခြင်းမှာ မြန်မာနိုင်ငံထဲရှိလူမှုအဖွဲ့အစည်းများအတွက်လည်း အကျိုးဖြစ် ထွန်းစေကာ၊ နိုင်ငံတကာလူမှုအဖွဲ့အစည်းများ၏ ယုံကြည်မှုများကိုလည်း ဖော်ဆောင်နိုင်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ရာမွန်မတ်ဆေးဆေးဆုအား ဖိလစ်ပိုင်နိုင်ငံ မတ်ဆေးဆေးဖောင်ဒေးရှင်းမှ အာရှ နိုင်ငံများတွင် မိမိကိုယ်ကျိုးအတွက် ဆောင်ရွက်ခြင်းမဟုတ်ပဲ အများအကျိုးကို ဆောင်နိုင်သူများအား လေ့လာ ရှာဖွေ ပေးအပ်သော ဆုဖြစ်ကြောင်းလည်း သိရသည်။

ထိုဂုဏ်ပြုအခမ်းအနားသို့တက်ရောက်ခဲ့သော NGO မှအမျိုးသမီးတစ်ဦးက “ဘယ်အဖွဲ့အစည်းကပဲ ဆုရရ လူမှုအဖွဲ့အစည်းရဲ့ကိုယ်စား ပြုလိုက်တဲ့သဘောပါပဲ။ ဒါကြောင့် အလိုလိုဝမ်းသာတယ်။ အင်အားပိုရှိသွား တာမျိုးကို ခံစားရတယ်။ အမျိုးသမီးဖြစ်တဲ့အတွက်လည်းအင်မတန်မှ ဂုဏ်ယူပါတယ်” ဟုပြောသည်။

ဆက်လက်၍ ၎င်းအနေနှင့် အမျိုးသားရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် နှင့်လူထုဖွံ့ဖြိုးရေး လုပ်ငန်းများ ကိုလည်း တတ်စွမ်းသမျှဆောင်ရွက်သွားကာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

“မြန်မာကို နိုင်ငံတကာက အသိမှတ်ပြုလာတာကြောင့်မို့ အခုဆိုရင်အခွင့်အရေးတွေ၊ နည်းလမ်းတွေ ပေါင်းစုံ နဲ့အမျိုးသားရေးတွေကို ဆောက်ရွက်လို့ရနေပြီ။ ဆက်လက် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ အမျိုးသမီး လုပ်ငန်း တွေ မှာ ပါဝင်ကူညီသွားမယ်။ အဓိက ကတော့ မြစ်ဆုံ၊ မလိခ ကျေးလက်၊ ကျေးရွာမှာ လက်ရှိအခက်အခဲ ကြုံတွေ့ နေရတဲ့ ဒေသခံတွေအတွက်တက်နိုင်သလောက် အကူအညီ ပေးသွားမယ်” ဟု ဒေါ်လဖိုင် ဆိုင်းရော် ကပြောသည်။

အဆိုပါ ရာမွန် မတ်ဆေးဆေးဆု ရရှိသောဒေါ်လဖိုင်ဆိုင်းရော် အားဂုဏ်ပြုအခမ်းအနားတွင် KIO ခေါင်းဆောင်များ၊ အစိုးရ (KIO) အရာရှိကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကလည်း ပါဝင်တက်ရောက်ဂုဏ်ပြုခဲ့ကြောင်းသိရသည်။

RangonNewsDaily:: September 7, 2013
၂၀၁၃ ခုနှစ်၏ ရာမွန်မတ်ဆေးဆေး ဆုချီးမြှင့်မှုခံယူပြီး ပြန်လည်ရောက်ရှိလာသော ကချင်တိုင်းရင်းသူ ဒေါ်လဖိုင်ဆိုင်းရော်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ယမန်နေ့က လိုင်ဇာမြို့ PDR ခမ်းမ၌ နေ့လည်စာဂုဏ်ပြုခြင်းနှင့် အထိမ်းအမှတ်ဆုတံဆိပ် ချီးမြှင့်ခြင်း ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့ကြောင်းသိရသည်။

စင်ကာပူနိုင်ငံတွင် အင်္ဂလိပ်စာ ခြောက်လသင်တန်း တက်ရောက်နိုင်မည်

RangonNewsDaily:: September 7, 2013

စင်ကာပူနိုင်ငံရှိ Dimensions International College တွင် အင်္ဂလိပ်စာ ဘာသာရပ်ကို ခြောက်လတာ သင်ယူနိုင်မည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက Certificate in Academic English လက်မှတ်ရရှိမည် ဖြစ်ကြောင်း Dimensions Education Center တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

Telnor ကုမ္မဏီမှ အလုပ်အကိုင်ရာထူး ၁၄၀ကျော်စတင်ခေါ်ယူ

RangonNewsDaily:: September 7, 2013
ဆက်သွယ်ရေး တင်ဒါအောင်မြင်ထားပြီး ၂၀၁၄ ခုနှစ်အတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်ဆောင်ရွက်တာ့မည့် တယ်လီနောမြန်မာကုမ္ပဏီက ရာထူးနေရာ တစ်ခုလျှင် ဝန်ထမ်းတစ်ဦးနှုန်းဖြင့် ရာထူးနေရာ ၁၄၆ နေရာအတွက် မြန်မာဝန်ထမ်းများ စတင်ခေါ်ယူပြီ ဖြစ်ကြောင်း ထုတ်ပြန် ကြေညာသည်။

EA ရဲ့ တန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းမှာ ဘေးလ် အဆင့်(၁၇)ပဲ ရ

EA ရဲ့ တန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းမှာ ဘေးလ် အဆင့်(၁၇)ပဲ ရခဲ့
Saturday, September 7,2013

လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာပြောင်းရွှေ့ကြေးပေါင်(၈၅)သန်းနဲ့ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ဘေးလ်ဟာ EA(Electronics Art) က ထုတ်လုပ်တဲ့
ဖီဖာ-၁၄ဂိမ်းရဲ့တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းမှာတော့ ထိပ်သီး(၁၀)ဦးစာရင်း မ၀င်ခဲ့ဘဲ အဆင့်(၁၇)နေရာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။ EA ဟာ အခုလ ၂၄ရက်နေ့မှာ ဖီဖာ-၁၄ဂိမ်းခွေကို စတင်ဖြန့်ချိတော့မှာဖြစ်ပြီး Playstation 3 ၊ Xbox 360 စက်တွေနဲ့ ကစားနိုင်မှာဖြစ်ပါတယ်။

ဒီအထဲမှာ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားကတော့ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဖြစ်ပြီး ဒုတိယနေရာမှာတော့ရီးရဲလ်တိုက်စစ်မှူး
ရော်နယ်ဒိုက ရပ်တည်နေသလို ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်တဲ့ ဗန်ပါစီ၊ ရွန်နီတို့ကလည်း ဘေးလ်ရဲ့ အထက်မှာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

http://yoyarlay.com/sport/football/37717-ea
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: September 7, 2013

လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာ
ပြောင်းရွှေ့ကြေးပေါင်(၈၅)သန်းနဲ့ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ဘေးလ်ဟာ EA(Electronics Art) က ထုတ်လုပ်တဲ့ဖီဖာ-၁၄ဂိမ်းရဲ့တန်ကြေးအမြင့်ဆုံး ကစားသမားစာရင်းမှာတော့ ထိပ်သီး(၁၀)ဦးစာရင်း မ၀င်ခဲ့ဘဲ အဆင့်(၁၇)နေရာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။

Labia minora မအင်္ဂါ နှုတ်ခမ်းသား လှဖို့လိုသလား ? (အမျိုးသမီးများနှင့် အိမ်ထောင်ရှင်များအတွက်သာ)

RangonNewsDaily:: September 7, 2013
 
မ-အင်္ဂါ ဘေးနှုတ်ခမ်းသားဆိုတာလေးတွေကို သေးအောင် ဘယ်လို လုပ်ရင် ရမလဲလို့ပါရှင့်။ အကယ် လို့များ နှုတ်ခမ်းသားတွေ သေးလို့မရရင် Clitoris ကိုကောကြီးအောင် လုပ်လို့ရလား သိချင်ပါတယ်။ Labia minora မအင်္ဂါ နှုတ်ခမ်းသား အသေးတွေဟာ Vaginal opening (ဗဂျိုင်းနား) ပေါက်ရဲ့ ဘေးတဖက်စီမှာ၊ Labia majora မ-အင်္ဂါ-နှုတ်ခမ်းသား အကြီးတွေရဲ့ အတွင်းမှာ ရှိတယ်။ အရွယ်အစား၊ အရောင် နဲ့ ပုံပန်း တယောက်နဲ့ တယောက် မတူကြပါ။ 

သမီးကိုမွေးလာပုံတဲ့--------ဟိဟိ (ဟာသ)

RangonNewsDaily:: September 7, 2013

ကလေး ၊ ဖေဖေ၊ သမီးကို ဘယ်လိုမွေးလာတာလဲဟင်
ဖခင် ၊ အေး၊ သမီး။ သမီးတစ်နေ.နေ.မှာသည်လိုမေးမှာပဲလို..... ဖေဖေ တွက်ထားတာကွ၊
ဒီလိုကွာ။ မင်းအမေနဲ.ဖေဖေ chat room မှာ chatting လုပ်ရင်းသိခဲ့ကြတယ်။

အဆောက်အအုံ တည်ဆောက်ရန် စည်ပင်မှတားမြစ် ထားသော်လည်း ၀ါဝါ၀င်းကုမ္ပဏီက ဆက်လက် ဆောက်လုပ်နေမှုကြောင့် မူလမြေပိုင်ရှင်များ လာရောက်ကန့်ကွက်

အဆောက်အအုံ တည်ဆောက်ရန် စည်ပင်မှတားမြစ် ထားသော်လည်း ၀ါဝါ၀င်းကုမ္ပဏီက ဆက်လက် ဆောက်လုပ်နေမှုကြောင့် မူလမြေပိုင်ရှင်များ လာရောက်ကန့်ကွက်

    Created on Saturday, 07 September 2013 02:55 


အဆောက်အအုံ တည်ဆောက်ရန် မြို့တော်စည်ပင်မှ ခွင့်ပြုချက်မပေးဘဲ တားမြစ်ခဲ့သော်လည်း ၀ါဝါ၀င်းကုမ္ပဏီမှ ဆက်လက် ဆောက်လုပ်နေမှုကြောင့် ဗိုလ်တထောင်မြို့နယ်၊ မြေတိုင်းရပ်ကွက် ၉K ၃ ရပ်ကွက်၊ ၅၇ လမ်း၊ ၅၈ လမ်း၊ ၅၉ လမ်း၊ လမ်း ၆၀ မြေနေရာ (ယခင်စီအိုဒီဝင်း အတွင်းရှိ) မူလမြေပိုင်ရှင် ဦးရေ ၅၀ ခန့်က စက်တင်ဘာ ၆ ရက်၊ နံနက်ပိုင်းက ယင်းမြေနေရာသို့ လာရောက်ကန့်ကွက် ခဲ့ကြကြောင်း သိရသည်။

မြို့တော်စည်ပင်မှ ယင်းမြေနေရာတွင် အဆောက်အအုံ တည်ဆောက်ရန် ခွင့်ပြုချက်မပေးဘဲ ဆက်လက် ဆောက်လုပ်နေခြင်းကိုလည်း တားမြစ်ခဲ့သော်လည်း မူလနှစ်ထပ်ရှိ အဆောက်အအုံမှ ယခုလေးထပ်အထိ တိုးမြှင့်ဆောက်လုပ် လာခြင်းနှင့် ယင်းမြေနေရာ များအတွင်း ခြံဝင်းကာရံ လိုက်သည့်အတွက် ယခုကဲ့သို့ လာရောက် ကန့်ကွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မူလမြေပိုင်ရှင်များသည် နှစ် ၉၀ ဂရန် နှင့် နှစ် ၆၀ ဂရန်ရှိသူ အများစုဖြစ်ပြီး ၁၉၄၇ ခုနှစ်က ကာကွယ်ရေးနှင့် ကုန်သွယ်ရေး ၀န်ကြီးဌာနတို့က ယင်းမြေကွက်များကို ငှားရမ်းခဲ့ပြီး ၁၉၉၄ ဇွန်လတွင် မြို့ရွာနှင့် အိုးအိမ်ဖွံဖြိုးရေး ဦးစီးဌာနမှ ထိုမြေများကို နိုင်ငံတော် လိုအပ်ချက်ဟုဆိုကာ သိမ်းယူခဲ့ပြီး မည်သည့်စီမံကိန်းမှ ပြုလုပ်ခြင်းမရှိဘဲ ၂၀၀၃ ခုနှစ်တွင် ကုမ္ပဏီကြီးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝါ၀ါဝင်း ကုမ္ပဏီအပြင် ဧဒင်၊ ပတ္တမြားနဂါး၊ ယုဇနကုမ္ပဏီများမှ တစ်ကွက် ပျမ်းမျှအကျယ် ၂၅x၅၈ ပေဖြင့် စုစုပေါင်း ၇၁၃ ကွက်ရှိပြီး တည်နေရာမှာ ပျမ်းမျှအားဖြင့် (၅၇) လမ်းမှ လမ်း (၇၀) ၀န်းကျင်အထိ အလျား၊ ဗန္ဓုလလမ်းမှ ကမ်းနားလမ်းအထိ အနံအဖြစ် တည်ရှိသော မြေကွက်လပ်များပေါ်တွင် အဆောက်အအုံများ တည်ဆောက်ကာ သိမ်းယူခဲ့သည့်အတွက် ဟုဆိုကာ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်မှာလည်း လေးကြိမ်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယင်းမြေကွက်လပ်များပေါ်တွင် ဆောက်လုပ်ထားသည့် အဆောက်အအုံများ အတွက် တရားဝင် စည်ပင်မှ ခွင့်ပြုသည်မှာ ၁၂ လုံးသာရှိကြောင်း သိရပြီး ယင်းကဲ့သို့ မြေပိုင်ရှင်ရှိသော မြေကွက်ပေါ်တွင် တရားမ၀င် ဆောက်လုပ်နေမှုကြောင့် စက်တင်ဘာ ၁၀ ရက်နေ့တွင် ငါးကြိမ်မြောက် ဆက်လက် ဆန္ဒပြမည် ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၆ရက် မူလ မြေပိုင်ရှင် ၅၀ ခန့်က အဆောက်အဦ တည်ဆောက်နေမှုကို လာရောက် ကန့်ကွက်နေကြစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
အေးချမ်းမွန် Credit To > Eleven Media Group < Thanks
Re-posted By ACM 7-9-2013 
https://www.facebook.com/excellencemedia
စက်တင်ဘာ ၆ရက် မူလ မြေပိုင်ရှင် ၅၀ ခန့်က အဆောက်အဦ တည်ဆောက်နေမှုကို လာရောက် ကန့်ကွက်နေကြစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)
RangonNewsDaily:: September 7, 2013
အဆောက်အအုံ တည်ဆောက်ရန် မြို့တော်စည်ပင်မှ ခွင့်ပြုချက်မပေးဘဲ တားမြစ်ခဲ့သော်လည်း ၀ါဝါ၀င်းကုမ္ပဏီမှ ဆက်လက် ဆောက်လုပ်နေမှုကြောင့် ဗိုလ်တထောင်မြို့နယ်၊ မြေတိုင်းရပ်ကွက် ၉K ၃ ရပ်ကွက်၊ ၅၇ လမ်း၊ ၅၈ လမ်း၊ ၅၉ လမ်း၊ လမ်း ၆၀ မြေနေရာ (ယခင်စီအိုဒီဝင်း အတွင်းရှိ) မူလမြေပိုင်ရှင် ဦးရေ ၅၀ ခန့်က စက်တင်ဘာ ၆ ရက်၊ နံနက်ပိုင်းက ယင်းမြေနေရာသို့ လာရောက်ကန့်ကွက် ခဲ့ကြကြောင်း သိရသည်။

ဒုသမ္မတ လားရှိုးဗလီသို့ ကျပ်သိန်းတစ်ရာလှုသည့် သတင်းမှားယွင်း

Myanmar Muslim Media


ဒုသမ္မတ လားရှိုးဗလီသို့ ကျပ်သိန်းတစ်ရာလှုသည့် သတင်းမှားယွင်း

ပိာန်းအောင်
စက်တင်ဘာ ၇၊ ၂၀၁၃

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက လားရှိုးဗလီဝတ်ကျောင်းတော်အတွက် ကျပ်သိန်း ၁၀၀ လှုဒါန်းသည်ဆိုသည့် သတင်းဖဘ စာမျက်နှာများတွင် ပျံ့နှံ့နေသည့် သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း မြို့ခံမွတ်စလင်မ်မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဒေါက်တာတင်အောင် က မြန်မာမွတ်စလင်မ်မီဒီယာမှ ဆက်သွယ်မေးမြန်းချက်တစ်ရပ်တွင်ဖြေကြားလိုက်သည်။

"ဒေါက်တာစိုင်းမောက်ခမ်းလားရှိုးလာတယ်ဆိုတာ နိင်ငံတော်နဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ဖို့လာတာပါ။
နိင်ငံတော်အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ သွားတယ်၊ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် လာတယ်။မွတ်စလင်မ်အဖွဲ့ အစည်းတွေနဲ့ တွေ့တာမျိုးတို့၊လက်ခံစကားပြောတာမျိုးတို့၊အကူအညီ ပေးတာမျိုးတို့ ဘာမှ မလုပ်ခဲ့ပါဘူး"ပာု ဒေါက်တာ တင်အောင်က မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။

ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် လားရှိုးမြို့ခံများနှင့် စစ်ကိုင်းတိုင်းမှုးတို့ ကန့်ကွက်သည့်ကြားမှ ပျက်စီးခဲ့သည့် လားရှိုးဗလီ ၀တ်ကျောင်းတော်ကြီး ပြန်လည်ပြင်ဆင်ရေးအတွက် ကျပ်သိန်းတစ်ရာနှင့်အတူ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း၊အဆိုပါခွင့်ပြုမိန့်ကို ဒေါက်တာတင်အောင်က တောင်းခံခဲ့ခြင်းဖြစ်သည်ပာူသော သတင်းမှားတစ်ရပ်မှာ ဖဘ စာမျက်နှာများတွင်ပျံ့နှံ့နေခဲ့သည်။

ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာ တခြားဘာသာဝင်အဖွဲ့ အစည်းတစ်ခုကသော်လည်းကောင်း၊အာဏာပိုင်အဖွဲ့ အစည်းတစ
ငွေရေးကြေးရေးလှုဒါန်းတာတို့ မရှိပါဘူး"ပာုလည်း ဖဘ စာမျက်နှာများထက်တွင်ကောလပာလ ပျံ့နှံ့နေသည့် သတင်းနှင့်ပတ်သက်ပြီး အထက်ပါ ပုဂ္ဂိုလ်ကပင်ဆက်လက်ပြောကြားသည်။

လားရှိုး ဗလီဝတ်ကျောင်းတော်ကို ယခုအချိန်အထိ အကြီးစားပြန်လည်ပြင်ဆင်မှုများပြုလုပ်ထားခြင်းမရှိသေးဘဲ မီးရှို့ခံခဲ့ရသည့် နံရံများအတွက်သာ ဆေးသုတ်ခြင်းလုပ်ငန်းကိုသာပြုလုပ်ထားသဖြင့် ပမာဏများပြားသည့် အလှုငွေလည်း လိုအပ်ခြင်းမရှိသေးကြောင်းသိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ဗလီဆောက်ရန် အလှုငွေပေးအပ်ခဲ့သည်ဆိုသည့် သတင်းမှားပျံ့နှံ့ခဲ့ဖူးသည်။

လားရှိုးဗလီဝတ်ကျောင်းတော်ကိုဘာသာရေးအစွန်းရောက် ဗုဒ္ဓဘာသာအကြမ်းဖက်သမားအချို့က ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ထိုသို့မီးရှို့တိုက်ခိုက်ခံခဲ့ရသည့် လားရှိုးဗလီဝတ်ကျောင်းတော်အား ၂၀၁၃ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့ရောက်မှ သာ ဒေသအာဏာပိုင်များက ပုံမှန်အတိုင်းပြန်လည်ဝတ်ပြုခွင့်ပေးခဲ့သည်။

ပုံစာ-
ဘာသာရေးအစွန်းရောက် ဗုဒ္ဓဘာသာဝင်များက လားရှိုးဗလီအား မီးရှို့ဖျက်ဆီးနေစဉ်
ဘာသာရေးအစွန်းရောက် ဗုဒ္ဓဘာသာဝင်များက လားရှိုးဗလီအား မီးရှို့ဖျက်ဆီးနေစဉ်
RangonNewsDaily:: September 7, 2013

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက လားရှိုးဗလီဝတ်ကျောင်းတော်အတွက် ကျပ်သိန်း ၁၀၀ လှုဒါန်းသည်ဆိုသည့် သတင်းဖဘ စာမျက်နှာများတွင် ပျံ့နှံ့နေသည့် သတင်းမှာ မှန်ကန်ခြင်းမရှိကြောင်း မြို့ခံမွတ်စလင်မ်မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဒေါက်တာတင်အောင် က မြန်မာမွတ်စလင်မ်မီဒီယာမှ ဆက်သွယ်မေးမြန်းချက်တစ်ရပ်တွင်ဖြေကြားလိုက်သည်။

သမီးသေဆုံးမှုအတွက် လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားခဲ့၍ တရားစွဲခံရသူ ဦးဘရန်ရှောင်အား စက်တင်ဘာ ၉ ရက်တွင် အမိန့်ချမှတ်မည်

RangonNewsDaily:: September 7, 2013
ကချင်ပြည်နယ် ဖားကန့်မြို့၊ ဆွတ်ငိုင်တောင်ရပ်ကွက်တွင် နေထိုင်သူ ဦးဘရန်ရှောင်အား မိမိသမီး သေဆုံးမှုအတွက် လူ့အခွင့်အရေး ကော်မရှင်သို့ အကြောင်းကြားစာ ပေးပို့မှုအတွက် ဖားကန့်အခြေစိုက် ဗျူဟာမှူးတစ်ဦးက တရားစွဲဆိုထားမှုကို စက်တင်ဘာ ၉ ရက်တွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

Facebook နောက်ထွက်ဗားရှင်းအသစ် Facebook v3.7 for Android (Update)



RangonNewsDaily:: September 6, 2013
Android ဖုန်း/Tablet တွေအတွက် စက်တင်ဘာလ ၅ ရက်နေ့ကအသစ်ထွက်ရှိလာတဲ့အသစ်ထွက်ရှိလာတဲ့ Facebook version အသစ်လေး Facebook v3.7 ကိုတင်ပေးလိုက်ပါတယ်။