|
ဘာသာရေးအစွန်းရောက် ဗုဒ္ဓဘာသာဝင်များက လားရှိုးဗလီအား မီးရှို့ဖျက်ဆီးနေစဉ် |
RangonNewsDaily:: September 7, 2013
ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက လားရှိုးဗလီဝတ်ကျောင်းတော်အတွက် ကျပ်သိန်း
၁၀၀ လှုဒါန်းသည်ဆိုသည့် သတင်းဖဘ စာမျက်နှာများတွင် ပျံ့နှံ့နေသည့် သတင်းမှာ
မှန်ကန်ခြင်းမရှိကြောင်း မြို့ခံမွတ်စလင်မ်မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဒေါက်တာတင်အောင် က မြန်မာမွတ်စလင်မ်မီဒီယာမှ ဆက်သွယ်မေးမြန်းချက်တစ်ရပ်တွင်ဖြေကြားလိုက်သည်။
"ဒေါက်တာစိုင်းမောက်ခမ်းလားရှိုးလာတယ်ဆိုတာ နိင်ငံတော်နဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်ဖို့လာတာပါ။
နိင်ငံတော်အစီအစဉ်နဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စတွေ သွားတယ်၊ငြိမ်းချမ်းရေး
လုပ်ငန်းစဉ်တွေ အတွက် လာတယ်။မွတ်စလင်မ်အဖွဲ့ အစည်းတွေနဲ့
တွေ့တာမျိုးတို့၊လက်ခံစကားပြောတာမျိုးတို့၊အကူအညီ ပေးတာမျိုးတို့ ဘာမှ မလုပ်ခဲ့ပါဘူး"ပာု ဒေါက်တာ တင်အောင်က မြန်မာမွတ်စလင်မ်မီဒီယာသို့ပြောသည်။
ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည်
လားရှိုးမြို့ခံများနှင့် စစ်ကိုင်းတိုင်းမှုးတို့ ကန့်ကွက်သည့်ကြားမှ
ပျက်စီးခဲ့သည့် လားရှိုးဗလီ ၀တ်ကျောင်းတော်ကြီး ပြန်လည်ပြင်ဆင်ရေးအတွက်
ကျပ်သိန်းတစ်ရာနှင့်အတူ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း၊အဆိုပါခွင့်ပြုမိန့်ကို
ဒေါက်တာတင်အောင်က တောင်းခံခဲ့ခြင်းဖြစ်သည်ပာူသော သတင်းမှားတစ်ရပ်မှာ ဖဘ
စာမျက်နှာများတွင်ပျံ့နှံ့နေခဲ့သည်။
ဒီဖြစ်စဉ်ဖြစ်ပြီးနောက်ပိုင်းမှာ တခြားဘာသာဝင်အဖွဲ့ အစည်းတစ်ခုကသော်လည်းကောင်း၊အာဏာပိုင်အဖွဲ့ အစည်းတစ
ငွေရေးကြေးရေးလှုဒါန်းတာတို့ မရှိပါဘူး"ပာုလည်း ဖဘ
စာမျက်နှာများထက်တွင်ကောလပာလ ပျံ့နှံ့နေသည့် သတင်းနှင့်ပတ်သက်ပြီး အထက်ပါ
ပုဂ္ဂိုလ်ကပင်ဆက်လက်ပြောကြားသည်။
လားရှိုး ဗလီဝတ်ကျောင်းတော်ကို ယခုအချိန်အထိ အကြီးစားပြန်လည်ပြင်ဆင်မှုများပြုလုပ်ထားခြင်းမရှိသေးဘဲ မီးရှို့ခံခဲ့ရသည့် နံရံများအတွက်သာ ဆေးသုတ်ခြင်းလုပ်ငန်းကိုသာပြုလုပ်ထားသဖြင့် ပမာဏများပြားသည့် အလှုငွေလည်း လိုအပ်ခြင်းမရှိသေးကြောင်းသိရသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဒေါ်အောင်ဆန်းစုကြည်က ဗလီဆောက်ရန် အလှုငွေပေးအပ်ခဲ့သည်ဆိုသည့် သတင်းမှားပျံ့နှံ့ခဲ့ဖူးသည်။
လားရှိုးဗလီဝတ်ကျောင်းတော်ကိုဘာသာရေးအစွန်းရောက် ဗုဒ္ဓဘာသာအကြမ်းဖက်သမားအချို့က ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ထိုသို့မီးရှို့တိုက်ခိုက်ခံခဲ့ရသည့်
လားရှိုးဗလီဝတ်ကျောင်းတော်အား ၂၀၁၃ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့ရောက်မှ သာ
ဒေသအာဏာပိုင်များက ပုံမှန်အတိုင်းပြန်လည်ဝတ်ပြုခွင့်ပေးခဲ့သည်။
Myanmar Muslim Media , RangonNewsDaily
kolatt (Pabedan)
No comments:
Post a Comment