RangonNewsDaily:: September 7, 2013
ဘုရင့်နောင်လမ်းဆုံဂုံးကျော်တံတားတည်ဆောက်ရေးစီမံကိန်းမှာ
ကွန်ကရစ် Box Girder တပ်ဆင်ခြင်းလုပ်ငန်းကို စက်တင်ဘာ ၇ရက်နေ့ကနေ စက်တင်
ဘာ ၁၆ ရက်နေ့ထိ ည ၁၀း၀၀နာရီကနေ နံနက် ၆း၀၀နာရီအတွင်းဆောင် ရွက်ဖို့
စီမံထားတာကြောင့် လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဘုရင့်နောင် လမ်းဆုံကို
ဖြတ်သန်းသွားလာတဲ့မော်တော်ယာဉ်တွေ
သွားရမယ့် လမ်းကြောင်းတွေကို ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်း
သိမ်းကြီးကြပ်မှုကော်မတီက သည်နေ့ (စက်တင်ဘာ ၇ ရက်) သတိပေးနှိုးဆော်ထားပါတယ်။
ရန်ကုန်- အင်းစိန်လမ်းအတိုင်းသွားလာရမယ့်
ယာဉ်တွေအားလုံး ဘုရင့်နောင်လမ်း - ပါရမီလမ်း - ဗဟိုလမ်း -
ဆေးဝါးစက်ရုံလမ်း (ဂျို့ကုန်း) တွေကနေသွားရမှာဖြစ်ပြီး အဲသည်လမ်းကြောင်းကနေ
အသွားအပြန်အသုံးပြုသွားလာရမှာဖြ စ်ပါတယ်။
ရန်ကုန်ကနေလှိုင်သာယာကိုသွားမယ့် ယာဉ်တွေက
သီရိမွန်အိမ်ယာအ တွင်းလမ်း - ဘုရင့်နောင် under pass -
ဘုရင့်နောင်ပွဲရုံပတ်လမ်း - အင်ကြင်းလမ်း ကနေ
ဘုရင့်နောင်တံတားကိုသွားရမှာဖြစ်ပါတယ်။
လှိုင်သာယာကနေ ရန်ကုန်ကို သွားမယ့်ယာဉ်တွေက ဘုရင့်နောင်တံတား - သီရိမွန်အိမ်ယာပတ်လမ်းကတစ်ဆင့် ဘုရင့်နောင်လမ်းကို သွားရမှာဖြစ်ပါတယ်။
လှိုင်သာယာကနေ သမိုင်းလမ်းဆုံကို သွားမယ့်ယာဉ်တွေက ဘုရင့်နောင်တံတား - သီရိမွန်အိမ်ယာအတွင်းလမ်း - ဘုရင့်နောင်လမ်း - ပါရမီလမ်း - အင်းစိန်လမ်း ကတစ်ဆင့် သမိုင်းလမ်းဆုံကို သွားရမှာဖြစ်ပြီး အဲသည်လမ်းကြောင်းကို အသွားအပြန်အသုံးပြုရမှာဖြစ်ပါတယ်။
အင်းစိန်ကနေ လှိုင်သာယာကို သွားမယ့်ယာဉ်တွေက လမ်းပိတ်မယ့် အချိန်မှာ အောင်ဇေယျမြစ်ကူးတံတားကတစ်ဆင့် လှိုင်သာယာကို သွားရမှာဖြစ်ပါတယ်။
Author - ဇင်သော်
The Modern News , RangonNewsDaily
kolatt (Pabedan)
ဘုရင့်နောင်လမ်းဆုံဂုံးကျော်တံတ
ရန်ကုန်- အင်းစိန်လမ်းအတိုင်းသွားလာရမယ့်
ရန်ကုန်ကနေလှိုင်သာယာကိုသွားမယ့်
လှိုင်သာယာကနေ ရန်ကုန်ကို သွားမယ့်ယာဉ်တွေက ဘုရင့်နောင်တံတား - သီရိမွန်အိမ်ယာပတ်လမ်းကတစ်ဆင့် ဘုရင့်နောင်လမ်းကို သွားရမှာဖြစ်ပါတယ်။
လှိုင်သာယာကနေ သမိုင်းလမ်းဆုံကို သွားမယ့်ယာဉ်တွေက ဘုရင့်နောင်တံတား - သီရိမွန်အိမ်ယာအတွင်းလမ်း - ဘုရင့်နောင်လမ်း - ပါရမီလမ်း - အင်းစိန်လမ်း ကတစ်ဆင့် သမိုင်းလမ်းဆုံကို သွားရမှာဖြစ်ပြီး အဲသည်လမ်းကြောင်းကို အသွားအပြန်အသုံးပြုရမှာဖြစ်ပါတယ
အင်းစိန်ကနေ လှိုင်သာယာကို သွားမယ့်ယာဉ်တွေက လမ်းပိတ်မယ့် အချိန်မှာ အောင်ဇေယျမြစ်ကူးတံတားကတစ်ဆင့် လှိုင်သာယာကို သွားရမှာဖြစ်ပါတယ်။
Author - ဇင်သော်
The Modern News , RangonNewsDaily
kolatt (Pabedan)
No comments:
Post a Comment