Pages

Pages - Menu

Friday, September 6, 2013

တိုင်းလွှတ်တော်ဥက္ကဌအိမ်တွင် ပျောက်သွားသည်ဆိုသည့် ရွှေထည်ပစ္စည်းများ မူလနေရာတွင်ပြန်တွေ့၍ ဖမ်းဆီးထားသူများအား ရဲစခန်းမှ ပြန် လွှတ်ပေး

RangonNewsDaily:: September 6, 2013

ဧရာဝ တီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတင်စိုး၏နေအိမ်တွင် ဩဂုတ်လဆန်းပိုင်းက ပျောက် ဆုံးခဲ့သည့် ရွှေထည်ပစ္စည်းများ မှာ မူလထားသည့်နေရာတွင် ပြန် လည်တွေ့ရှိသည်ဆို၍ တိုင်း လွှတ်တော် ဥက္ကဋ္ဌ အိမ်မှ ဝန်ထမ်း သုံးဦးအား ဖမ်းဆီးထားသည့်ရဲ စခန်းမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ် ကြောင်း သိရသည်။

Living Color Media မန္တလေးရုံး ဖောက်ထွင်းခံရ

Photo: Living Color Media မန္တလေးရုံး ဖောက်ထွင်းခံရ
Friday, September 6, 2013

Living Color မဂ္ဂဇင်း၊ အပတ်စဉ်ထုတ်နှင့် နေ့စဉ်ထုတ် The Voice စာစောင်များ ထုတ်ဝေ ဖြန့်ချိလျက်ရှိသော Living Color Media ၏ မန္တလေးရုံးခွဲတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်က ငွေကျပ် ၉၆၇,၄၃၀ ကျပ်ခန့် ခိုးယူဖောက်ထွင်းခံခဲ့ရသည်။

ယင်းရုံးတွင် နေထိုင်သော ဖြန့်ချိရေး ဝန်ထမ်းများသည် ရုံးခန်းပိတ်ချိန် ညပိုင်းများတွင် အပြင်သို့ သတင်းစာဖြန့်ချိရေးအတွက် နေ့စဉ်သွားရောက်လေ့ ရှိကြောင်း၊ အဆိုပါနေ့ နံနက် ၆ နာရီခန့်က သတင်းစာတိုက်သို့ ဖြန့်ချိရေး ဝန်ထမ်းများ ပြန်လည် ရောက်ရှိချိန်တွင် ခြံတံခါးကို ခတ်ထားသော သော့ပွင့်နေသည်ကို တွေ့ရကြောင်း၊ ရုံးခန်းအတွင်း ကွန်ပျူတာ တင်ထားသောစားပွဲ အံဆွဲ ပျက်နေပြီး အတွင်းတွင် ထည့်ထားသော ငွေကျပ် ၉၆၇,၄၃၀ ကျပ်ခန့် ပျောက်ဆုံးသွားခဲ့ကြောင်း ဖြန့်ချိရေးတာဝန်ခံ ဦးဂျက်တူးတူးက ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၄x၂၅ လမ်း၊ ၆၃x၆၄ လမ်းကြား၊ မြသီတာလမ်းသွယ်ရှိ The Voice နေ့စဉ်ထုတ် သတင်းစာတိုက်မှ ငွေများခိုးယူ ဖောက်ထွင်းခံရမှုနှင့် ပတ်သက်၍ သတင်းစာတိုက်ရုံး အနီးဝန်းကျင်ရှိ CCTV ကင်မရာမှတစ်ဆင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

“မီဒီယာရုံးခန်းမှာ အဖောက်ခံရတယ်ဆိုတော့ ကျွန်တော်တို့ ရုံးမှာလည်း ရှိတဲ့ပိုက်ဆံ ဘဏ်အပ်ထားလို့ ပြောထားတယ်” ဟု မန္တလေးမြို့တော်ရှိ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ကလည်း မြသီလမ်းသွယ်နှင့် ၂၄ လမ်းထောင့်ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင် ဖောက်ထွင်းခံရပြီး ဟန်းဆက်သုံးလုံး၊ ငွေကျပ်တစ်သောင်းနှင့် မန်မိုရီစတစ်အချို့ ပျောက်ဆုံးသွားကြောင်း အဆိုပါဆိုင် တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ ဖောက်ထွန်းမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ်ရှိ အမှတ် (၁) ရဲခစန်းတွင် တရားလို ဦးဂျက်တူးတူးက တရားလိုပြု တိုင်တန်း၍ နယ်မြေရဲစခန်းမှ (ပ) ၁၇၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်စစ်ဆေးအရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

မန္တလေးတွင် ယခုနှစ်အတွင်း သတင်းစာတိုက် များဖြစ်သော မြနန္ဒာနှင့် ပေါ်ပြူလာဂျာနယ်တိုက်တို့တွင်လည်း ဖောက်ထွင်းခံရမှုများ ဖြစ်ပွားခဲ့သည်။

The Voice Weekly

RangonNewsDaily:: September 6, 2013

Living Color မဂ္ဂဇင်း၊ အပတ်စဉ်ထုတ်နှင့် နေ့စဉ်ထုတ် The Voice စာစောင်များ ထုတ်ဝေ ဖြန့်ချိလျက်ရှိသော Living Color Media ၏ မန္တလေးရုံးခွဲတွင် စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်က ငွေကျပ် ၉၆၇,၄၃၀ ကျပ်ခန့် ခိုးယူဖောက်ထွင်းခံခဲ့ရသည်။

Master Card မြန်မာဆိုင်ရာ ဌာနေကိုယ်စားလှယ် ပထမဆုံးခန့်အပ်

RangonNewsDaily:: September 6, 2013

နိုင်ငံတကာသုံး ငွေပေးချေရေးစနစ် ဝန်ဆောင်မှုပေးနေသော Master Card ကုမ္ပဏီက မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဖြစ် Mr.Antonio Corro ကို ခန့်အပ်ကြောင်း အဆိုပါကုမ္ပဏီက ကြေညာသည်။ Mr.Antonio Corro သည် ဌာနေကိုယ်စားလှယ် အဖြစ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့အတွက် ပူးတွဲတာဝန် ထမ်းဆောင်မည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် ဘန်ကောက်မြို့၌ ရုံးထိုင်မည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

SEA Games ပြိုင်ပွဲအတွက် သင်္ဃန်းကျွန်းဆေးရုံနှင့် ရန်ကုန်ဆေးရုံကြီးတို့ ကြိုတင်ပြင်

RangonNewsDaily:: September 6, 2013

မကြာမီ ကျင်းပတော့မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ များ (SEA Games) မှ အားကစားနည်း အချို့ကို ရန်ကုန်မြို့တွင် ကျင်းပမည် ဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုနှင့် အရေးပေါ်အခြေအနေ ကုသဆောင်ရွက်ပေးရန် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တို့က ကြိုတင်ပြင်ဆင်နေကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ထွန်းက The Voice သို့ ပြောကြားသည်။

နောက်ဆုံးထွက် Honda Fit ဂျပန်မှာ ကြေညာပြီ

Photo: နောက်ဆုံးထွက် Honda Fit ဂျပန်မှာ ကြေညာပြီ
Friday, September 6, 2013

Honda Fit လို့အမည်ရတဲ့ Sub-compact ကားကို တော်တော်များများ သိကြမှာပါ။ မြန်မာပြည်ကို အရောက်များတဲ့ ကားစာရင်းထဲမှာလည်း ပါဝင်ပါတယ်။ အများစုက ဂျပန်လေလံဈေးကွက်က ရောက်ရှိတာပါ။ ယခု မြင်တွေ့ရတဲ့ ကားကတော့ ၂၀၁၅ မော်ဒယ် Honda Fit ပဲ ဖြစ်ပါတယ်။ 

၂၀၀၁ ခုနှစ်ကတည်းက ထုတ်လုပ်တဲ့ကား ဖြစ်ပြီး ၂၀၁၅ မော်ဒယ်ကိုတော့ တတိယမျိုးဆက်လို့ သတ်မှတ်လိုက်ပါတယ်။ ထူးခြားလာမှု တစ်ခုက ဟိုင်းဘရစ်ဗားရှင်းပါ ပူးတွဲ ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ ဟိုင်းဘရစ် ဖစ်တ် က ဆီတစ်ဂါလံကို ၈၆ မိုင်အထိ မောင်းနှင်နိုင်မယ့်ကားပါ။ အံ့မခန်း ဆီစားသက်သာတဲ့ကား ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကနဲ့ ဥရောပ ဈေးကွက်ကပါ Honda Fit အသစ်ကို မျော်နေကြပါပြီ။ 

ပုံစံအားဖြင့် ထူးထူးခြားခြားပြောင်းလဲသွားမှု မရှိသလို အင်ဂျင်အရွယ်လည်း သိပ်မပြောင်းသွားပါဘူး။ ၁.၄ လီတာ ဆလင်ဒါလေးလုံး ဗားရှင်းဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ Fuel Economy အပိုင်းမှာကျ သိသိသာသာ မြင့်တက် သွားမှု ဖြစ်ပါတယ်။ အရွယ်အစားကတော့ အရင်အတိုင်းပါပဲ။ မိသားစုစီး ကားငယ်ေးလ တစ်စီး အဖြစ် ရှိနေအုံးမှာပါ။ 

ဂျပန်နိုင်ငံမှာပဲ ယခုရက်ပိုင်းအတွက် Honda က မိတ်ဆက်ပြသသွားခြင်း ဖြစ်ပါတယ်။ ၂၀၁၅ မော်ဒယ် Honda Fit ကို ၂၀၁၄ နှစ်ဆန်းမှာ ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile
http://www.colay.com.mm/automobile/news/detail/880

RangonNewsDaily:: September 6, 2013

Honda Fit လို့အမည်ရတဲ့ Sub-compact ကားကို တော်တော်များများ သိကြမှာပါ။ မြန်မာပြည်ကို အရောက်များတဲ့ ကားစာရင်းထဲမှာလည်း ပါဝင်ပါတယ်။ အများစုက ဂျပန်လေလံဈေးကွက်က ရောက်ရှိတာပါ။ ယခု မြင်တွေ့ရတဲ့ ကားကတော့ ၂၀၁၅ မော်ဒယ် Honda Fit ပဲ ဖြစ်ပါတယ်။

ခရီးသွားရာတွင် သယ်ယူရ လွယ်ကူသည့် Wireless Charger နှင့် Power Bank များ ဝယ်ယူနိုင်ပြီ

Photo: ခရီးသွားရာတွင် သယ်ယူရ လွယ်ကူသည့် Wireless Charger နှင့် Power Bank များ ဝယ်ယူနိုင်
Friday, September 6, 2013

iPhone 4, 4s, 5, S4, S3 တို့အတွက် ကြိုးမဲ့အသုံးပြုနိုင်သည့် Wireless Charger သည် သေးငယ်သည့် ပုံစံဖြစ်သည်။ သေးငယ်သည့် အတွက် ခရီးသွားရာမှာလည်း အလွယ်တကူသယ်ယူနိုင်ပြီး အားသွင်းသည့်အခါ ကြိုးမလိုဘဲ ဘက်ထရီတုံးပေးတွင်သာ တင်၍ အားသွင်းထားရုံနှင့် အလွယ်တကူ အားပြည့်နိုင်ပါသည်။ အရောင်က အဖြူရောင်ဖြစ်ပြီး ဈေးနှုန်းမှာ ၆၀,၀၀၀ ကျပ် ဖြစ်ပါသည်။ Power Bank 3000 mAh သည် မိတ်ကပ်ဘူးပုံစံဖြစ်ပြီး iOS, Android ဖုန်းများအတွက် အသုံးပြုနိုင်ပါသည်။ မိတ်ကပ်ဘူးပုံစံ ဖြစ်သည့်အတွက် ဆယ်ကျော်သက် မိန်းကလေးများကို အကြိုက်တွေ့စေပြီး မိမိသွားလိုရာခရီးကို လွယ်ကူစွာ သယ်ဆောင် သွားနိုင်ပါသည်။

အားသွင်းကြိုး ပါဝင်ပြီး အရောင်က အမဲရောင်နှင့် ပန်းရောင်နှစ်မျိုးရှိပါသည်။ Digital Power Bank 10000 mAh သည် မိမိဖုန်း၏ ဘက်ထရီ % အားဘယ်လောက် ရှိသွားပြီိဆိုသည်ကို ပြသပေးပါသည်။ ခရီးသွားလျှင် သယ်ယူသွားနိုင်ပြီး အိတ်ဆောင်ပုံစံ သေးငယ်လို့ သယ်ရတာ လွယ်ကူပါသည်။ အားသွင်းကြိုး ပါဝင်ပြီး ညဘက်လိုအပ်သည့်အခါ သုံးနိုင်ရန် ဓာတ်မီးပါဝင်ပါသည်။ အရောင်က အဖြူရောင်၊ အမဲရောင်တို့ရှိပြီး ဈေးနှုန်းသည် ၃၀,၀၀၀ ကျပ်ဖြစ်ပါသည်။ 

Power Bank 2600 mAh သည် လေးထောင့်ရှည်ပုံစံဖြစ်ပြီး သေးငယ်သည့် Power Bank ဖြစ်ပါသည်။ လက်ထဲတွင် အလွယ်တကူ သယ်နိုင်ပြီး လေးထောင့် ရှည်ဖြစ်သည့်အတွက် အမြင်ဆန်းတဲ့ပုံစံ ဖြစ်ပါသည်။ အလှကြိုးပုံစံလေးနှင့် ချိတ်ရတာလွယ်ကူသည့် စတီးကွင်းပါ ပါဝင်သည်။ အဖြူရောင်၊ အပြာရောင်၊ အစိမ်းရောင်၊ အဝါရောင်၊ အမဲရောင်တို့ ဖြစ်ပြီး ဈေးနှုန်းသည် ၉၀၀၀ ကျပ်ဖြစ်ပါသည်။

Power Bank 18000 mAh သည် လေးထောင့်ပုံစံ ဖြစ်ပါသည်။ ရိုးရှင်းသည့် ပုံစံဖြစ်သည့်အတွက် လူကြီးလူငယ်မရွေး သုံးနိုင်ပြီး အိတ်ဆောင်သုံးလို့ ရပါသည်။ ခရီးသွားရာမှာလည်း လွယ်ကူစွာ သယ်ဆောင်နိုင်ပြီး အပြာရောင်၊ အဖြူရောင်၊ အမဲရောင်၊ ပန်းရောင်၊ အစိမ်းရောင် ဟူ၍ အရောင်ငါးရောင် ရှိပါသည်။ ဈေးနှုန်းသည် ကျပ် ၃၀၀၀၀ ဖြစ်ပါသည်။ 

အဆိုပါ Power Bank များသည် Power Bank တစ်ခုကို iOS, Android ဖုန်း ခြောက်လုံးလောက်ကို တစ်လုံးပြီးတစ်လုံး တစ်ခါတည်း အားသွင်းနိုင်ပါသည်။ အကယ်၍ Power Bank များသည် အားနည်းသွားပါက ၎င်း Power Bank များအား ပြန်လည်အားသွင်းပြီး အသုံးပြုနိုင်ပါသည်။ ၎င်း Power Bank များနှင့် Wireless Charger များအား Golden Dragon၊ ရန်ကင်းစင်တာရှေ့၊ မဟာဘောဂလမ်း၊ အိမ်အမှတ် ၃၊ ဖုန်း-၇၃၀ ၃၇၆ ၃၉ တွင် ဝယ်ယူနိုင်ပါသည်။

Ref & Credit: Net Guide Journal

RangonNewsDaily:: September 6, 2013

iPhone 4, 4s, 5, S4, S3 တို့အတွက် ကြိုးမဲ့အသုံးပြုနိုင်သည့် Wireless Charger သည် သေးငယ်သည့် ပုံစံဖြစ်သည်။ သေးငယ်သည့် အတွက် ခရီးသွားရာမှာလည်း အလွယ်တကူသယ်ယူနိုင်ပြီး အားသွင်းသည့်အခါ ကြိုးမလိုဘဲ ဘက်ထရီတုံးပေးတွင်သာ တင်၍ အားသွင်းထားရုံနှင့် အလွယ်တကူ အားပြည့်နိုင်ပါသည်။

အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အမှုဖွင့်

Photo: အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အမှုဖွင့်
Friday, September 6, 2013

လပြည့်ဝန်းပလာဇာ ဒုတိယထပ်တွင် အခန်းငှားရမ်းဖွင့်လှစ် ရောင်း ချနေ သော Super Action ဖက်ရှင်ဆိုင်၌ အတွင်းတွင် လူများရှိနေစဉ် ပလာဇာလုံခြုံရေး ဝန်ထမ်းသုံးဦးက စက်တင်ဘာလ ၂ ရက် နေ့တွင် လာရောက်သော့ခတ်ခဲ့သဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က ဒဂုံမြို့နယ်ရဲတပ်ဖွဲ့ စခန်းသို့ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်းတွင် သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့စခန်းက လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အုပ်စုဖွဲ့ မတရားချုပ်နှောင်မှုဖြင့် အမှုဖွင့် ခဲ့ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းက ပ-၁၉၅/ ၂၀၁၃၊ အုပ်စုဖွဲ့ မတရားချုပ်နှောင်မှု ဆိုင်ရာ ပြစ်မှုပုဒ်မ ၃၄၁/၁၁၄ ဖြင့် အမှုဖွင့်ခဲ့ပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ စခန်းထံမှ စုံစမ်းသိရှိရသည်။

သတ်မှတ်ငှားရမ်းရက် ကျော်လွန်ပြီဖြစ်သည် ဟုဆိုကာ ဖက်ရှင်ဆိုင်၏ ဝင်ထွက် တံခါးပေါက်တစ်ခုကို သော့ခတ်ခြင်းဖြင့် လည်းကောင်း၊ ကျန်တံခါးတစ်ခုကို သံခုံများ ဖြင့်လည်းကောင်း ပလာဇာလုံခြုံရေး များက လာရောက် ပိတ်ဆို့ခဲ့ရာ ဖက်ရှင်ဆိုင် အတွင်းရှိ ဆိုင်ပိုင်ရှင်နှင့် ဝန်ထမ်းစုစုပေါင်း သုံးဦးတို့မှာ ဆိုင်အတွင်း သုံးနာရီခန့်ကြာ ပိတ်မိနေခဲ့သောကြောင့် အမှုဖွင့်ခြင်း ဖြစ်ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။
"ပြဿနာကို ဥပဒေအရ ဖြေရှင်းသွားဖို့ ပြောပေမယ့် ပလာဇာဘက်က အခုလိုအပြင်က သော့လာပိတ်သွားတာဟာ ဥပဒေမဲ့ လူမိုက်ဆန်ဆန် လုပ်ရပ်ဖြစ်တယ်" ဟု ၄င်းက ဆိုသည်။

ဆိုင်ခန်းငှားရမ်းမှု သတ်မှတ်ရက်ထက် နှစ်ရက်ခန့် ကျော်လွန်နေ ပြီ ဖြစ်သောကြောင့် ဖက်ရှင်ဆိုင်ကို ဆက်လက် မငှားရမ်း လိုသဖြင့် ပြောင်းရွှေ့ပေးရန် ဆိုင်ပိုင်ရှင်ကို အကြိမ်ကြိမ် အကြောင်းကြားခဲ့သော် လည်း ဖယ်ပေးခြင်း မရှိသောကြောင့် လုံခြုံရေးများကို သော့ခတ်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း လပြည့်ဝန်းပလာဇာ မန်နေဂျင်း ဒါရိုက်တာဦးသိန်းရွှေက ပြောကြား သည်။

ပလာဇာလုံခြုံရေးများက မွန်းလွဲ တစ်နာရီခွဲ အချိန်ခန့်တွင် ဆိုင်ရှိဝင်ပေါက် နှစ်ခုကို လာရောက် ပိတ်ဆို့ထားသဖြင့် ဒဂုံမြို့နယ် ရဲအရာရှိများ ရောက်ရှိလာချိန်တွင်မှ လွတ်မြောက် ခဲ့ကြကြောင်း ပလာဇာ အတွင်း ဆိုင်ခန်းအချို့ရှိ မျက်မြင်များက ပြောကြားသည်။

ဒဂုံမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင်း ဖက်ရှင်ဆိုင်ပိုင်ရှင်က အမှုဖွင့်ထားသည်ကို လပြည့်ဝန်းပလာဇာ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းရွှေက မသိရှိသေးကြောင်း ၄င်း၏ ရုံးဝန်ထမ်းမှတစ်ဆင့် The Voice ၏ မေးမြန်းချက်ကို စက်တင်ဘာလ ၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က ပြန်လည် ဖြေကြားသည်။

အဆိုပါပလာဇာတွင် ရုံးခန်း၊ ဆိုင်ခန်း ငှားရမ်းသူများနှင့် ပလာဇာပိုင်ရှင် တို့အကြား မကြာခဏဆိုသလို ပြဿနာများ ဖြစ်ပွားလေ့ ရှိကြောင်း၊ ပလာဇာပိုင်ရှင်နှင့် လုံခြုံရေး ဝန်ထမ်းများသည် ငှားရမ်းသူများကို မချေမငံ ဆက်ဆံလေ့ ရှိတတ်ကြောင်း ယင်းပလာဇာတွင် ရုံးခန်းဖွင့်လှစ်ခဲ့ဖူးသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: September 6, 2013

လပြည့်ဝန်းပလာဇာ ဒုတိယထပ်တွင် အခန်းငှားရမ်းဖွင့်လှစ် ရောင်း ချနေ သော Super Action ဖက်ရှင်ဆိုင်၌ အတွင်းတွင်လူများရှိနေစဉ်ပလာဇာလုံခြုံရေး ဝန်ထမ်းသုံးဦးက စက်တင်ဘာလ ၂ ရက် နေ့တွင် လာရောက်
သော့ခတ်ခဲ့သဖြင့် ဖက်ရှင်ဆိုင်ပိုင်ရှင်က ဒဂုံမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့စက်တင်ဘာလ ၄ ရက်နေ့ ညနေ ပိုင်း
တွင် သွားရောက်တိုင်တန်းရာ ရဲတပ်ဖွဲ့စခန်းက လပြည့်ဝန်းပလာဇာ ပိုင်ရှင်ကို အုပ်စုဖွဲ့ မတရားချုပ်နှောင်
မှုဖြင့် အမှုဖွင့် ခဲ့ကြောင်း ဖက်ရှင်ဆိုင်ပိုင်ရှင် ဦးကျော်ရဲမင်း က ပြောကြားသည်။

Samsung, Apple တို့အတွက် ယှဉ်ဘက်ဖြစ်လာမည့် Lenovo Vibe X

Photo: Samsung, Apple တို့အတွက် ယှဉ်ဘက်ဖြစ်လာမည့် Lenovo Vibe X 
Friday, September 6, 2013

Apple, Samsung, HTC, Sony အစရှိသဖြင့် အပြန်အလှန် ယှဉ်ပြိုင် နေချိန် နောက်ထပ် တိုးလာတဲ့ ပြိုင်ဘက်များကတော့ တရုတ်ပြည်က စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ Huawei အပြင် အခြားသော စမတ်ဖုန်း ကုမ္မဏီကြီးများအရှိန်အဟုန်နဲ့ နေရာရလာပြီး ဈေးကွက်မှာ ထပ်မံအောင်မြင်လာသူက Lenovo ဖြစ်ပါတယ်။ 

လပ်တော့၊ ကွန်ပြူတာလောက်ပဲ အများစု သိထားပေမယ့် ကုမ္မဏီအတွက် အဓိက ဝင်ငွေ ရှာဖွေမှုမှာ စမတ်ဖုန်းလည်း ပါဝင်လာနေပါပြီ။ ဘာလင်က IFA 2013 မှာလည်း ပရိတ်သတ်ကို အံ့သြစေမယ့် စမတ်ဖုန်း အသစ် မိတ်ဆက်ပေးခဲ့ပါတယ်။ Lenovo Vibe X လို့ အမည်ရပါတယ်။ 

ထူးခြားချက်က ကင်မရာပါ။ နောက်မှာ 13 Megapixel ပါဝင်တာချည်း High end smartphone တို့ တူညီပေမယ့် ရှေ့ မှာ 5 megapixel ပါဝင်တာတော့ ခပ်ရှားရှားရယ်ပါ။ Lenovo ကတော့ Front Facing ကင်မရာကိုလည်း 5 Megapixel နဲ့ ထုတ်လုပ်ဖန်တီးလိုက်ပါတယ်။ Self photo shooting လုတ်တတ်သူများအတွက် ဝမ်းသာစရာ ပါပဲ။ Feature စုံလင်စွာနဲ့ ရှေ့ ကင်မရာကိုလည်း ခပ်ကောင်းကောင်း အသုံးပြုနိုင်စေမှာ ဖြစ်ကြောင်း မိတ်ဆက်ပါမှာ Lenovo က ရှင်းပြ သွားပါတယ်။ 

ကျန်တဲ့ Specification များကတော့ အခြား ဈေးကြီးစမတ်ဖုန်းများနဲ့ သိပ်မကွာပါဘူး။ ဖန်သား မျက်နှာပြင်က ၅ လက်မ၊ အရည်အသွေးက 1920x1280 ဖြစ်ပါတယ်။ Apple က လက်ရှိ အသုံးပြုနေတဲ့ အကောင်းဆုံးပါ ဆိုတဲ့ Retina Display Resolution ကိုပေးနိုင်တယ်လို့ ဆိုပါတယ်။ Pixel density မြင့်လို့ပါ။ Gorilla Glas 3 အသားနဲ့ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာ တစ်ခုက ဝိတ်ပါ။ ၁၂၁ ဂရမ်ပဲ ရှိတာမို့ ကမ္ဘာ့ အပေါ့ပါးဆုံး စမတ်ဖုန်း စာရင်းထဲတောင် ပါဝင်ဖို့ ရည်ရွယ်ထားပုံ ရပါတယ်။ ၆.၉ မီလီမီတာ အထူမို့ ခပ်ပါးပါး စမတ်ဖုန်း ပါပဲ။ Quad Core MTK Processor ကို အသုံးပြုပြီး RAM ကတော့ 2GB 1.5 GHz ပါပဲ။ internet storage ကို 16 GB ဗားရှင်းပဲ ထုတ်လုပ်အုံးမှာ ဖြစ်ပါတယ်။ micro SD ကဒ်ထပ်ဆိုက် နိုင်ပါတယ်။ 

Android 4.2 Jelly Bean နဲ့ပဲ ထွက်ရှိမှာ ဖြစ်ပါတယ်။ လာမယ့် အောက်တို ဘာလဆိုရင် တရုတ်ပြည်မှာ စဖြန့်ပါပြီ။ ကမ္ဘာ့ဈေးကွက်ကိုလည်း လာမယ့် ဒီဇင်ဘာလကစလို့ ဖြန့်ချိရောာင်းချမှာလို့ ဆိုပါတယ်။ ဈေးနှုန်းကို တရားဝင်တော့ မကြေညာရသေးပါဘူး။ အများစု ခန့်မှန်းချက်အရ အမေရိကန်ဒေါ်လာ ၃၀၀ နဲ့ ၄၀၀ ကြား ဖြစ်ပါတယ်။ ဒီတော့ မြန်မာကျပ်ငွေနဲ့ ၃ သိန်းခွဲလောက်တော့ ပေါက်ဈေးရှိနိုင်မယ့် ဖုန်းပါ။ အကယ်၍သာ ၃ သိန်းခွဲပဲဆိုရင်လည်း တော်တော်ကြီးကို တန်ပါတယ်။ ဒါကြောင့် လက်ရှိ Apple, Samsung, Sony, Hawei , HTC တို့အတွက် Lenovo Vibe X ဟာ ယှဉ်ဘက် စမတ်ဖုန်း ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း ထားကြကြောင်း သိရပါတယ်။
.
Ref:phonearena
www.mmsocialsky.com
အောင်ခမ်း ( MM Social Sky )
.

RangonNewsDaily:: September 6, 2013

Apple, Samsung, HTC, Sony အစရှိသဖြင့် အပြန်အလှန် ယှဉ်ပြိုင် နေချိန် နောက်ထပ် တိုးလာတဲ့ ပြိုင်ဘက်
များကတော့ တရုတ်ပြည်က စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ Huawei အပြင် အခြားသော စမတ်ဖုန်း ကုမ္မဏီကြီး
များအရှိန်အဟုန်နဲ့ နေရာရလာပြီး ဈေးကွက်မှာ ထပ်မံအောင်မြင်လာသူက Lenovo ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အဖွဲ့ ၇ ဦးပါဝင်သော ကော်မတီ တရပ် NLD ပါတီဖွဲ့စည်း

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် အဖွဲ့ ၇ ဦးပါဝင်သော ကော်မတီ တရပ် NLD ပါတီဖွဲ့စည်း
====================
စက်တင်ဘာ ၊ ၆ ရက်၊ ၂၀၁၃
M-Media

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အဖွဲ့ဝင် (၇) ဦးပါဝင်သော ကော်မတီတရပ် ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ သတင်းထုတ်ပြန်လိုက် ကြောင်း သိရှိရသည်။ အဆိုပါ  ကော်မတီတွင် ပါဝင်သူများမှာ 
၁။ ဦးထွန်းထွန်းဟိန်
၂။ ဦးအောင်သိန်း
၃။ ဦးကျော်ဝင်း
၎။ ဦးကြည်ဝင်း (လပ္ပတ္တာ)
၅။ ဦးမောင်ဖေတင်
၆။ ဦးကိုနီ
၇။ ဦးဌေးဦး တို့ဖြစ်ကြပြီး ၆.၉.၂၀၁၃ ကျင်းပတဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်အရ တာဝန်ပေးအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 

Ref: NLD ပြန်ကြားရေး FB စာမျက်နှာ

RangonNewsDaily:: September 6, 2013

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးအတွက် အဖွဲ့ဝင် (၇) ဦးပါဝင်သော ကော်မတီတရပ် ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှ သတင်းထုတ်ပြန်လိုက် ကြောင်း သိရှိရသည်။ အဆိုပါ ကော်မတီတွင် ပါဝင်သူများမှာ

ရမည်း သင်းမြို့နယ် မိုးထိမိုးမိရွှေလုပ်ကွက်များ ပြန်ရရေး တောင်းဆိုမည်ဟုဆို

RangonNewsDaily:: September 6, 2013

ရမည်း သင်းမြို့နယ် မိုးထိမိုးမိဒေသရှိ အသေးစားရွှေလုပ်ငန်းအင်အားစု များသည် ရွှေလုပ်ကွက် အင်း များ ပြန်လည် လုပ်ကိုင်ခွင့်ရရှိရေးအပါ အဝင် အချက်သုံးချက်အား ငြိမ်း ချမ်းစွာ တောင်းဆိုမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ဆွမ်းခံကြွလာသော သံဃာများနှင့် ဘုန်းကြီးကျောင်းသားများ ကားတိုက်ခံရ

RangonNewsDaily:: September 6, 2013

အရုဏ်ဆွမ်းခံကြွသော သံဃာများနှင့် ဘုန်းကြီးကျောင်သားများကို အရှိန်လွန်လာသော ကားတစ်စီးက ၀င်တိုက်ခဲ့မှု တစ်ခု စက်တင်ဘာ ၄ ရက် နံနက်က ဗဟန်းမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။

"ကန့်ဘလူမြို့နယ်၊ ထန်းကုန်းမြို့တွင် အဓမ္မကျင့်ရန်ကြံစည်မှုဖြင့် ထောင်ဒဏ်(၇)နှစ် ချမှတ်"

RangonNewsDaily:: September 6, 2013

ပြီးခဲ့သည့် သြဂုတ်လ (၂၄)ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်မြို့တွင် 
ဇီးပင်သာကျေးရွာနေ မလှပြုံး (၂၅)နှစ် သည် ထန်းကုန်းမှ အလုပ်သိမ်းအပြန် အစ္စလာမ်ဘာသာဝင် စိတ်မမှန်သည့်ရောဂါခံစားနေသူ မောင်ဆန်းမင်း(၁၅)နှစ်မှ အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြင့် မနေ့က စက်တင်ဘာလ(၄)ရက်နေ့တွင် ထောင်ဒဏ်(၇)နှစ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။

တရားမဝင် ကုန်ပစ္စည်းဝင်ရောက်မှု ပဲခူးနှင့်ပြည်လမ်းကြောင်း အဓိကထား စစ်ဆေးမည်

RangonNewsDaily:: September 6, 2013

နယ်စပ်လမ်းကြောင်းများမှ ဝင် ရောက်လာသော တရားမဝင် ကုန်သွယ် မှုများကို စက်တင်ဘာ ပထမပတ်မှ စ၍ ရန်ကုန် ကုန်းတွင်း ဝင်ပေါက် များတွင်Mobile Team ဖြင့် စစ်ဆေးတော့ မည်ဖြစ်သည်။

ဆီးချိုပျောက်နည်းမျာစွာထဲ့က နည်းလမ်းလေး တစ်ခု

RangonNewsDaily:: September 6, 2013

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို တွေ့ရခြင်း ဖြစ်ပါသည်။ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို
သွားရောက်ပြပါတယ်။ အထူးကု သမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။

Sony ရဲ့  နောက်ဆုံးထွက် ရေစုံခံ Xperia Z1

Sony ရဲ့  နောက်ဆုံးထွက် ရေစုံခံ Xperia Z1

Soney Xperia Z တုန်းက အောင်မြင်သလို နောက်ထပ် ရေစိုခံတဲ့ မျိုးဆက်သစ် ဖုန်းကို Sony တို့ မိတ်ဆက် လိုက်ပါပြီ။ Sony Xperia Z1 လို့ အမည်ပေးထား ပါတယ်။ 

အဓိက သိသိ သာသာ တိုးတက် လာ မှုက ကင်မရာ ဖြစ် ပါတယ်။ 20.7 megapixel အရည် အေ သြးေ တာင် ရှိပါ တယ်။ သူ့အတွက် ထောက်ပံ့တဲ့ Feature လည်း အင်မတန် စုံပြီး Info-eye, AR Effect, Timeshift Burst, Social Live တို့လို app တွေတောင် ပါဝင်လိုက် ပါသေး တယ်။ Processor က လည်း 2.2 GHz Quad core ဆိုတော့ Processor အကောင်းဆုံး စမတ်ဖုန်း များ စာရင်း ထဲကို ဝင် လာအုံး မှာပါ။ RAM ကတော့ 2GB ပါပဲ။ မျက်နှာပြင် အရွယ် ကတော့ ၅ လက်မ ရှိပြီး Full HD Screen ဖြစ် ပါတယ်။ 

16 GB memory ဗားရှင်း သာ ကြေညာ ထားပြီး Micro SD ကဒ်နဲ့ 64 GB expend လုပ်နိုင် ပါ တယ်။ Android ကတော့ 4.2.2 နဲ့ပဲ ထွက်ရှိတာပါ။ Sony ရဲ့  အားနည်း ချက် တစ်ခုက Android upgrade လုပ်ဖို့ အချိန် ကာလ ကြာခြင်း ဖြစ်ပါ တယ်။ ဘက်ထရီ ကတော့ 3000 mAh ပါ။ ရေစုံခံ (Water Proof), ဖုန် အဝင်ခံ (Dust Proof) ကလည်း ယခင်က ထက် များစွာ တိုးမြင့် လာတယ် လို့ လည်း ဆိုပါ တယ်။ 

ဈေးနှုန်း ကိုတော့ မကြေ ညာ ရသေး ပါဘူး။ အမေရိ ကန်ဒေါ်လာ ၆၀၀ အထက် မှာ ရှိနိုင် တယ်လို့ ခန့်မှန်း ထား ကြ ပါတယ်။ မြန်မာပြည် မှာတော့ ၇ သိန်းလောက် ပေါက်နိုင်တယ် လို့တောင် ဖုန်း ဆိုင် အချို့  က ခန့်မှန်း ထားကြ ပါ တယ်။ စက်တင် ဘာ လ ကုန် ပိုင်းလောက် ဖြန့် ချိ မှာ ဖြစ်ေ ကြာ င်း သိရ ပါတယ်။

Aung Kham (ရိုးရာလေး)

RangonNewsDaily:: September 6, 2013
Soney Xperia Z တုန်းက အောင်မြင်သလို နောက်ထပ် ရေစိုခံတဲ့ မျိုးဆက်သစ် ဖုန်းကို Sony တို့ မိတ်ဆက် လိုက်ပါပြီ။ Sony Xperia Z1 လို့ အမည်ပေးထား ပါတယ်။