Pages

Pages - Menu

Friday, September 6, 2013

ရမည်း သင်းမြို့နယ် မိုးထိမိုးမိရွှေလုပ်ကွက်များ ပြန်ရရေး တောင်းဆိုမည်ဟုဆို

RangonNewsDaily:: September 6, 2013

ရမည်း သင်းမြို့နယ် မိုးထိမိုးမိဒေသရှိ အသေးစားရွှေလုပ်ငန်းအင်အားစု များသည် ရွှေလုပ်ကွက် အင်း များ ပြန်လည် လုပ်ကိုင်ခွင့်ရရှိရေးအပါ အဝင် အချက်သုံးချက်အား ငြိမ်း ချမ်းစွာ တောင်းဆိုမှုများပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၉ရက်တွင် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ အား ရွှေလုပ်ကွက်အင်း များ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေး၊ ကုမ္ပဏီမှ ထုတ်ထားသည့် စည်း မျဉ်းစည်းကမ်းများအား အသေး စားရွှေလုပ် ငန်းရှင် များနှင့် ညှိနှိုင်း ရေးဆွဲပြင်ဆင်ပေးရေး၊ လုပ်ကွက် များ ပြန်လည် လုပ်ကိုင်ခွင့်မရရှိ ပါကလည်း သင့်တော်သည့်လျော် ကြေး (သို့) လုပ်ကွက် အသစ်များ ပြန်လည်သတ်မှတ်ပေးရေး စသည့် အချက်များ အား တောင်း ဆိုမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း နှင့် ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးတွင် ခွင့်ပြုမိန့်တင်ထားပြီးဖြစ် ကြောင်း အသေးစားရွှေလုပ်ငန်း အင်အားစုများ က ပြောသည်။

အသေးစားရွှေလုပ်ငန်း ရှင် ဦးတင်ဝင်းဌေးက ''ကျွန်တော် တို့ ခွင့်ပြုမိန့် တင်ထားပြီးပါပြီ။ လုပ်ကွက်အင်းတွေ ပြန်လည်ရရှိဖို့ အတွက် ငြိမ်းချမ်းစွာပဲ တောင်း ဆိုမှာပါ။ ရတဲ့အထိ တောင်းဆို မှုတွေ ပြုလုပ်သွားမှာပါ''ဟု ပြော သည်။

ဩဂုတ် ၂၆ရက်မှစတင် ကာ နေပြည်တော်ရှိ အမှတ်(၂)သတ္တုတွင်း ဝန်ကြီးဌာနအပါအဝင် နေရာခြောက်နေရာသို့ စာတင် တောင်းဆိုမှု များ ပြုလုပ်ခဲ့ပြီး ပြန် လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ငြိမ်းချမ်းစွာတောင်း ဆို မှုပြုလုပ် ခြင်းဖြစ်ကြောင်း၊ အဆိုပါနေရာ တွင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေ သော အသေးစားရွှေလုပ်ငန်းရှင် ၆ဝကျော်ရှိကြောင်း ပြောသည်။

Yangon Media::-- , RangonNewsDaily
kolatt (Pabedan)

No comments:

Post a Comment