Pages

Pages - Menu

Friday, August 30, 2013

ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ် ရင်ဆိုင်နေရ

Photo: ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ်
ရင်ဆိုင်နေရ
Friday, August 30, 2013

ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့်
မြွေဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသား
များက ပြောသည်။

“တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာနေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ အကိုက်ခံရတာ” ဟု မကြာမီရက်ပိုင်းအတွင်း မြွေကိုက်ခံရပြီး သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆင်းလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်ဥယျာဉ်မြို့တော်သည် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက်တွင်တည်ရှိပြီး နယ်မှလာသော ကျောင်းသားများ အများဆုံး ငှားရမ်းနေထိုင်ကြကာ အဆောင်များပတ်ပတ်လည်တွင် ကြာရှည်စွာ
အသုံးမပြုဘဲထားရှိသော လယ်ကွင်းများရှိပြီး နှစ်စဉ်မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေရသော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားလာသော ရာသီဥတု
အခြေအနေကြောင့် မြွေဆိုးအန္တရာယ် ပိုမိုကြီးမားလာကြောင်း သတင်းရရှိသည်။

“အခုတလောပတ်ဝန်းကျင်မှာ မြွေတွေတော်တော်တွေ့လာတယ်။ မိုးကြီးလို့ လယ်ကွက်တွေထဲမှာ ရေတွေဝပ်နေတော့ ကုန်းမြေရှိတဲ့ လမ်းမပေါ်
တက်လာတယ်။ ကျောင်းသားတွေကလည်း အများစုက ညဘက်ကျမှ အိမ်ပြန်လာကြတော့ အိမ်အပြန်လမ်းမှာ မြွေကိုက်ခံရတာတွေက ခဏခဏရှိနေပြီ” ဟု အဆိုပါဝင်းအတွင်း နေထိုင်သူ ဒေသခံတစ်ဦးက
ပြောသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ရိပ်မွန်အတွင်း တက္ကသိုလ်ကျောင်းသား ၁၀၀၀ ခန့် နေထိုင်ပြီး ဇွန်လမှ သြဂုတ်လအတွင်း မြွေပွေးအကိုက်ခံရသူ
ခြောက်ဦးခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မြွေပွေးကိုက်ခံရရင် အဆိပ်အနည်းအများပေါ် မူတည်ပြီး တတ်နိုင်သမျှ
အမြန်ဆုံးမြွေဆိပ်ဖြေဆေးထိုးဖို့ လိုအပ်တယ်။ လူနာ အခြေအနေပေါ်မူ
တည်ပြီး မြွေဆိပ်ဖြေဆေး အနည်းဆုံး လေးလုံးကနေခြောက်လုံးလောက် ထိုးရတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းသည် မြွေပွေးဖြစ်ကာ ၁၀ ရာခိုင်နှုန်းသည် မြွေဟောက်ဖြစ်သည်။ နိုင်ငံတွင်း နှစ်စဉ် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် မြွေကိုက်ခံရမှုကြောင့် လူသေဆုံးမှုလျော့ကျမသွားသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့ တိုက်နယ်ဆေးရုံများသို့ မြွေဆိပ်ဖြေဆေး
လှူဒါန်းပေးအပ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ အဆိပ်ရှိသတ္တ၀ါကိုက်ခံရ
မှုဖြစ်စဉ် ၁၅၀၀၀ ခန့် ရှိပြီး ပျမ်းမျှလူဦးရေ ၄၀၈ ဦး သေဆုံးခဲ့ပြီး ၂၀၁၁ တစ်နှစ်တည်းတွင်မူ ဖြစ်စဉ်တစ်သောင်းကျော်တွင် သေဆုံးသူ ၂၅၃ ဦး သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

7Day News Journal


http://www.myanmaronlinenews.net/2013/08/blog-post_781.html

RangonNewsDaily:: Aug 30, 2013

ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့်မြွေဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသား
များက ပြောသည်။

လေဆိပ်နဲ့ရန်ကုန်မြို့ထဲပြေးမယ့် မော်တော်ယာဉ်လိုင်း

RangonNewsDaily:: Aug 30, 2013

ရန်ကုန်လေဆိပ်မှ မြို့တွင်းမြို့ပြင်သို့ ဈေးနှုန်းသက်သာစွာ သွားလာနိုင်မည့် လေဆိပ် ကြိုပို့ လွန်းပြန်ယာဉ် (Airport Shuttle) များကို စက်တင်ဘာ ၁ ရက်နေ့ (တနင်္ဂနွေနေ့)မှ စတင် ပြေးဆွဲ တော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာမွတ်စလင်မ်တို့အတွက် သတိထားရမည့် သပ်လျှိုမှုတစ်ခု (သို့မဟုတ်) ဆလဖီ ၀ါဒ

RangonNewsDaily:: Aug 30, 2013

မော်လာနာ ဟာရှင်တင်မြင့်ရဲ့ ကုရ်အာန်ဘာသာပြန် ဖြန့်ဝေပုံကို ကြည့်ပါ။ လက်သိပ်ထိုး ဖြန့်တာဖြစ်တယ်။ ဆိုင်မှာ တင်မရောင်းဘူး။ ဆိုင်မှာ တင်ရောင်းမယ်ဆိုရင်လည်း ဘယ်သူမှ အားပေးမှာမဟုတ်ဘူး။ မွတ်စလင်မ်တွေရဲ့ အားနည်းချက်က အလကားရရင် အကုန်ယူမယ်။ နှစ်ခါပြန်ယူမယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိနေတာပဲ။ ဒါကို ပိုင်ပိုင်နိုင်နိုင် အသုံးချသွားတာဖြစ်တယ်။ အခု ဘယ်သူမှမသိမီ အိမ်တော်တော်များများမှာ ဒီကုရ်အာန် ရောက်နှင့်နေပြီ။

ကမ္ဘာ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ လေဆင်နှာမောင်း ဓါတ်ပုံ

ကမ္ဘာ့ ပထမဆုံးရိုက်ကူးခဲ့တဲ့ လေဆင်နှာမောင်း ဓါတ်ပုံ
Friday, August 30, 2013

ကမ္ဘာတည်ကတည်းက လေဆင်နှာမောင်းဆိုတာ ရှိခဲ့မှာပါ။ ဒါပေမယ့် နည်းပညာ တွေ ပေါ်ထွက်လာတဲ့ အခါမှာတော့ မှတ်တမ်း တင်ထားမှု
တွေ ပြုလုပ်လာကြပါတယ်။

အောက်မှာ ပြထားတဲ့ ပုံက ကမ္ဘာပေါ်မှာ ပထမဦးဆုံးရိုက်ကူးထားတဲ့
လေဆင်နှာမောင်း ရဲ့ ပုံ၇ိပ် ဖြစ်ပါတယ်။

Kaung Zay Yan
(Discoveries Myanmar)

http://www.myanmaronlinenews.net/2013/08/blog-post_3998.html

RangonNewsDaily:: Aug 30, 2013

ကမ္ဘာတည်ကတည်းက လေဆင်နှာမောင်းဆိုတာ ရှိခဲ့မှာပါ။ ဒါပေမယ့် နည်းပညာ တွေ ပေါ်ထွက်လာတဲ့ အခါမှာတော့ မှတ်တမ်း တင်ထားမှုတွေ ပြုလုပ်လာကြပါတယ်။

"မစ္စတာ ဗီဂျေနမ်ဗီးယား မိထ္ထီလာမြို့ရှိ အကြမ်းဖက်ခံခဲ့ရသော မြို့ခံများနဲ့ တွေ့ဆုံဆွေးနွေး"

"မစ္စတာ ဗီဂျေနမ်ဗီးယား မိထ္ထီလာမြို့ရှိ အကြမ်းဖက်ခံခဲ့ရသော မြို့ခံများနဲ့ တွေ့ဆုံဆွေးနွေး"

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့အထူးကိုယ်စားလှယ် အကြံပေးအရာရှိ မစ္စတာ ဘီဂျေနမ်ဗီးယားဟာ ၂၉.၈.၂၀၁၃ရက်နေ့ ညနေတွင် မိတ္ထီလာမြို့သို့ ရောက်ရှိပြီး အကြမ်းဖက်ခံခဲ့ရသော မြို့ခံများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် အစ္စလာမ်ဘာသာမှ မွတ်ဖ်သီနူးမုဟမ္မဒ်၊ ခလီဖွါဟ်ဦးသိန်းဝင်းအောင်၊ ဦးအောင်ဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာမှ ဆရာတော် အရှင်ဆေကိန္ဒနှင့် ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာမှ မန္တလေးတိုင်း သင်းအုပ်ဆရာတော်များ၊ ဟိန္ဒူဘာသာမှ ဆရာတော် ဦးဘော်ဘီ တို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း အလင်းမျက်ဝန်းမီဒီယာမှ သိရှိရပါတယ်။

မစ္စတာ ဘီဂျေနမ်ဗီးယားသည် ညနေ ၄နာရီခန့်အချိန်တွင် မြို့ပေါ်ရှိ အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသော ဘင်္ဂါလီဗလီ၊ ချမ်းအေးသာယာဗလီနှင့် မင်္ဂလာဇေယုံရပ်ကွက်သို့ လှည့်ပက် ကြည့်ရှုပြီး အကြမ်းဖက်ခံ မြို့ခံ မွတ်စ်စလင်မ် များကို မစ္စတာ ဘီဂျေနမ်ဗီးယား မေးမြန်းမှုတွင် မြို့ခံမွတ်စ်စလင်မ်များက မိမိတို့သည် ဒုက္ခသည်စခန်းများအတွင်း နေထိုင်လိုခြင်းမရှိတော့ပဲ မိမိတို့ ယခင်နေထိုင်ခဲ့သည့် နေရာများသို့သာ ပြန်လည်နေထိုင်လိုကြောင်း ပြောကြားခဲ့ပါတယ်။ မစ္စတာ ဘီဂျေနမ်ဗီးယားမှ မြို့ခံမွတ်စ်စလင်မ်များကို နိုင်ငံတော်မှ အဆိုပါကိစ္စအား စီစဉ်ပေးခြင်းမရှိဘူးလားဟု မေးမြန်းခဲ့ပါတယ်။ ထိုမေးမြန်းမှုအပေါ် မြို့ခံမွတ်စ်စလင်မ်များက နိုင်ငံတော်မှ စီစဉ်ပေးပါတယ် မိမိတို့ မြေကွက်များကို နိုင်ငံတော်မှ သိမ်းယူပြီး တိုက်ခန်းများဆောက်လုပ်ပေးမည်ဆိုခြင်းကို လက်မခံလိုကြောင်း၊မလိုလားကြောင်း မိမိတို့ နဂိုနေထိုင်ခဲ့သည့် မြေနေရာများသာ လိုချင်ကြောင်း၊ အဆိုပါမြေနေရာများတွင်လည်း မိမိတို့၏ နေအိမ်များ ပြန်လည်ဆောက်လုပ်ခွင့် ပေးစေလိုကြောင်း အပြန်အလည်ဆွေးနွေးပြောဆိုခဲ့သည်ဟု သတင်းရရှိပါတယ်။

ထို့နောက် မစ္စတာ ဘီဂျေနမ်ဗီးယားသည် ချမ်းအေးသာယာရပ်ကွက်မှ ဗုဒ္ဓဘာသာဝင်များ၏ ဒုက္ခသည်စခန်းများသို့ သွားရောက်၍ မြို့ခံ ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံမေးမြန်းရာ ဗုဒ္ဓဘာသာဝင်များ မှလည်း မွတ်စ်စလင်မ်များနှင့် မည်သည့်ပြဿနာမျှမရှိပဲ အတူယှဉ်တွဲ နေထိုင်လို့ရကြောင်း၊ မွတ်စ်စ်လင်မ်တွေနဲ့အတူ ယခင်တုန်းကလည်းနေထိုင်နိုင်သည့်အတွက် မိမိတို့အနေနှင့်လည်း နိုင်ငံတော်မှ ဆောက်လုပ်ပေးသည့် တိုက်ခန်းများတွင် မနေလိုကြောင်း ပြောဆိုခဲ့သည့်အတွက် မစ္စတာ ဘီဂျေနမ်ဗီးယား မှ တာဝန်ရှိသူများအား ပြန်လည်တင်ပြမည်ဟု ဆွေးနွေးပြောဆိုမည် ဟုသိရပါတယ်။

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုတွင် အစ္စလာမ်သာသနာမှ မုဖ်သီနူးမုဟမ္မဒ်မှ သားသမီးကို ဆုံးမရမည်မှာ မိဘ၏ တာဝန်ဖြစ်သကဲ့သို့ ဘာသာလေးခုသည် သားသမီးများဖြစ်ပြီး နိုင်ငံတော်သမ္မတသည် မိဘဖြစ်ပြီး ဆိုးသွမ်းသည့် သားသမီးများကို မိဘမှ ဆုံးမရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်သမ္မတ သည်လည်း ဆိုးသွမ်းသည့် သာသနာဝင်တိုင်း မည်သူ့ကိုမဆို မခွဲခြားပဲ ဆုံးမနိုင်ကြောင်း သာဓကပေး၍ တင်ပြဆွေးနွေးခဲ့ပါတယ်။ ဘာသာပေါင်းစုံ အတူယှဉ်တွဲရေးနှင့် ဘာသာတရားတိုင်းသည် အကြမ်းဖက်သည့် သာသနာမဟုတ်ပဲ တရားရေအေး တိုက်ကျွေးသည့် သာသနာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ဘီဂျေနမ်ဗီးယားမှ မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံများ တစ်ဦးပေါ်တစ်ဦး နားလည်မှုထားရှိကာ ချစ်ကြည်အေးချမ်းစွာဖြင့် နေထိုင်ကြရန် ဆွေးနွေးပြောဆိုခဲ့ ကြောင်း အလင်းမျက်ဝန်းမီဒီယာမှ သိရှိရပါသည်။

ဓါတ်ပုံရှင်းလင်းချက်
= မစ္စတာ ဘီဂျေနမ်ဗီးယား ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ်
(ဓါတ်ပုံ မိတ္ထီလာစီဂျေ)

ရဲဒွေး | အလင်းမျက်ဝန်း
မစ္စတာ ဘီဂျေနမ်ဗီးယား ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ်
(ဓါတ်ပုံ မိတ္ထီလာစီဂျေ)
RangonNewsDaily:: Aug 30, 2013
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့အထူးကိုယ်စားလှယ် အကြံပေး
အရာရှိ မစ္စတာ ဘီဂျေနမ်ဗီးယားဟာ ၂၉.၈.၂၀၁၃ရက်နေ့ ညနေတွင် မိတ္ထီလာမြို့သို့ ရောက်ရှိပြီး အကြမ်းဖက်ခံခဲ့ရသော မြို့ခံများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။

ဆီးရီးယားကို အမေရိကန်က တစ်ကိုယ်တော် တိုက်မည်ဟုပြော

RangonNewsDaily:: Aug 30, 2013

အရပ်သား အနည်းဆုံး ၅ဝဝကနေ တစ်ထောင်နီးပါး သေကြေစေခဲ့တဲ့ တိုက်ခိုက်မှုမှာ ဆီးရီးယားအစိုးရက ဓာတုအဆိပ်ငွေ့သုံးစွဲခဲ့တယ်ဆိုတဲ့ သံသယရှိမှုတွေနဲ့ အာဆတ်အစိုးရကို စစ်ရေးအရ ပစ်မှတ်ထား အရေးယူ တိုက်ခိုက်ဖို့ ဗြိတိန်ပါလီမန်က လက်မခံခဲ့တဲ့နောက်ပိုင်း အမေရိကန်ပြည်ထောင်စုအနေနဲ့ တစ်ကိုယ်တော် စစ်ရေးတိုက်ခိုက်မှုအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီလို့ ထိပ်ပိုင်းအစိုးရအရာရှိတစ်ဦးက ပြောဆိုလိုက်ပါတယ်။

"ကမ္ဘာ့ဘဏ် ချေးငွေ ဒေါ်လာ သန်း ၂၆၀ ကျော် လွှတ်တော် အတည်ပြု"

RangonNewsDaily:: Aug 30, 2013

ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၄ ခုက ကမ္ဘာဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ကျော် ချေးယူဖို့အတွက် ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်ပါတယ်။
ကမ္ဘာဘဏ်ကနေ ချေးယူမယ့် အဲဒီ ဒေါ်လာ သန်း၂၆၀ ကျော်ကို ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနဲ့ ဘဏ္ဍာရေး ၀န်ကြီးဌာန တွေက ခွဲဝေ သုံးစွဲကြမှာ ဖြစ်တယ်လို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်မှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ရှင်းလင်းခဲ့ပါတယ်

ဆီးရီးယားစစ် မစခင်ကလေး မှာပင် မီဒီယာကြီးများအား ဆီးရီးယားကတိုက်ခိုက်

RangonNewsDaily:: Aug 30, 2013
အမေရိကန် မီဒီယာ ကုမ္ပဏီ ကြီးများဖြစ်တဲ့ နယူးယောက်တိုင်းမ် သတင်းစာ၊ ဟဖ် ဖင် တန်ပို့စ် သတင်းစာ၊ နဲ့ Twitter တို့ ရဲ့ ၀ဘ်ဆိုက် များကို အာဆတ်ရဲ့ဆီး ရီးယား အစိုးရ ကိုထောက်ခံ တဲ့ ဆီးရီးယန်း အီလက်ထရောနစ် တပ်မတော် ဆိုတဲ့ ဟက်ကာ အဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့ နံနက်လင်းအားကြီး ၁ နာရီ ခန့်မှ စလို့ ထိန်းချူပ် သိမ်းပိုက် ထားတယ်လို့ အယ်လ်ဂျဇီးရား သတင်းတစ်ရပ် မှာ ဖော်ပြထားပါတယ်။

ချစ်သူဆိုတာ....

RangonNewsDaily:: Aug 30, 2013
ဆုံးရူံးပေးဖို့ အကြောင်းပြချက်တွေ...
ဘယ်လောက်များနေပါစေ..။
အကြောင်းပြချက်တခုတည်းကိုရှာဖွေ
ပြီး..
အနားမှ ဘယ်တော့မှ ထွက်မသွားတဲ့သူ...။

ခရီးသည်တင်ယာဉ် ၀န်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုတောင်းမှု အများဆုံးဖြစ်

ခရီးသည်တင်ယာဉ် ၀န်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုတောင်းမှု အများဆုံးဖြစ်

    Created on Thursday, 29 August 2013 22:29 


ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများနှင့် ပတ်သက်၍ တိုင်ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုမိုတောင်းခံသည့် အမှုဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မထသ (ဗဟို) ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ ခရီးသွား ယာဉ်လိုင်းများ၏ ၀န်ဆောင်မှုနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်မှ သြဂုတ် ၂၇ ရက်အထိ တိုင်တန်းမှုပေါင်း ၁၆၁ မှု ရှိခဲ့ကြောင်း သိရသည်။

ယာဉ်ကြောလမ်း မဟုတ်ဘဲ မောင်းတာတွေ၊ မှတ်တိုင် မဟုတ်ဘဲ ရပ်တာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာတွေလည်း ပါဝင်တယ်။ အများစု တိုင်ကြားတဲ့ အကြောင်းအရာကတော့ ယာဉ်စီးခ ပိုတောင်းတာနဲ့ ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေက ခရီးသည်တွေကို ဆက်ဆံမှု မပြေပြစ်တာတွေဘဲ...

 

မထသ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က ''ကျွန်တော်တို့ဆီကို ဒီနှစ်ထဲမှာ ပြည်သူတွေက စာနဲ့တိုင်တာ၊ လူကိုယ်တိုင် လာရောက်တိုင်တာ၊ ဖုန်းနဲ့တိုင်တာတွေ စုစုပေါင်း ၁၆၀ ကျော်ရှိတယ်။ အဲဒီအထဲမှာ သတ်မှတ် ယာဉ်ကြောလမ်း မဟုတ်ဘဲ မောင်းတာတွေ၊ မှတ်တိုင် မဟုတ်ဘဲ ရပ်တာတွေနဲ့ ပတ်သက်ပြီး တိုင်ကြားတာတွေလည်း ပါဝင်တယ်။ အများစု တိုင်ကြားတဲ့ အကြောင်းအရာကတော့ ယာဉ်စီးခ ပိုတောင်းတာနဲ့ ယာဉ်နောက်လိုက်၊ ယာဉ်မောင်းတွေက ခရီးသည်တွေကို ဆက်ဆံမှု မပြေပြစ်တာတွေဘဲ ဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ စစ်ဆေးအရေးယူပြီး ဖြစ်ပါတယ်။ ပြစ်မှုပေါ် မူတည်ပြီးတော့ ဒဏ်ငွေမှ ယာဉ်လိုက်ခွင့် တစ်လအထိ ပိတ်ပြီး အရေးယူ ထားပါတယ်။ အရေးယူပြီးရင်လည်း တိုင်ကြားထားတဲ့ ပြည်သူတွေကို ပြန်ပြီး အကြောင်းကြားပါတယ်'' ဟု သြဂုတ် ၂၈ ရက် ညနေပိုင်းက ပြောကြားသည်။

ယင်းကဲ့သို့ ပြည်သူများမှ တိုင်တန်းမှုကို စစ်ဆေး အရေးယူရန်အတွက် မထသ(ဗဟို)တွင် သက်ဆိုင်ရာ ဌာနအလိုက် ကော်မတီများ ဖွဲ့စည်းထားကြောင်း သိရသည်။


လမ်း၏အလယ်တွင် ခရီးသည် အတင်အချ ပြုလုပ်နေသော ခရီးသည်တင် ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

အေးချမ်းမွန် Credit To >Eleven Media Group < Thanks
Re-posted By ACM 30-8-2013 
https://www.facebook.com/excellencemedia
လမ်း၏အလယ်တွင် ခရီးသည် အတင်အချ ပြုလုပ်နေသော ခရီးသည်တင် ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
RangonNewsDaily:: Aug 30, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများနှင့် ပတ်သက်၍ တိုင်ကြားမှုတွင် ဆက်ဆံရေး မပြေလည်မှုနှင့် ယာဉ်စီးခ ပိုမိုတောင်းခံသည့် အမှုဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မထသ (ဗဟို) ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။