Pages

Pages - Menu

Friday, August 30, 2013

ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ် ရင်ဆိုင်နေရ

Photo: ဒဂုံတက္ကသိုလ်ရိပ်မွန်အိမ်ရာနေ ကျောင်းသားများ မြွေဆိုးအန္တရာယ်
ရင်ဆိုင်နေရ
Friday, August 30, 2013

ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့်
မြွေဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသား
များက ပြောသည်။

“တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာနေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ အကိုက်ခံရတာ” ဟု မကြာမီရက်ပိုင်းအတွင်း မြွေကိုက်ခံရပြီး သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆင်းလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်ဥယျာဉ်မြို့တော်သည် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက်တွင်တည်ရှိပြီး နယ်မှလာသော ကျောင်းသားများ အများဆုံး ငှားရမ်းနေထိုင်ကြကာ အဆောင်များပတ်ပတ်လည်တွင် ကြာရှည်စွာ
အသုံးမပြုဘဲထားရှိသော လယ်ကွင်းများရှိပြီး နှစ်စဉ်မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေရသော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားလာသော ရာသီဥတု
အခြေအနေကြောင့် မြွေဆိုးအန္တရာယ် ပိုမိုကြီးမားလာကြောင်း သတင်းရရှိသည်။

“အခုတလောပတ်ဝန်းကျင်မှာ မြွေတွေတော်တော်တွေ့လာတယ်။ မိုးကြီးလို့ လယ်ကွက်တွေထဲမှာ ရေတွေဝပ်နေတော့ ကုန်းမြေရှိတဲ့ လမ်းမပေါ်
တက်လာတယ်။ ကျောင်းသားတွေကလည်း အများစုက ညဘက်ကျမှ အိမ်ပြန်လာကြတော့ အိမ်အပြန်လမ်းမှာ မြွေကိုက်ခံရတာတွေက ခဏခဏရှိနေပြီ” ဟု အဆိုပါဝင်းအတွင်း နေထိုင်သူ ဒေသခံတစ်ဦးက
ပြောသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ရိပ်မွန်အတွင်း တက္ကသိုလ်ကျောင်းသား ၁၀၀၀ ခန့် နေထိုင်ပြီး ဇွန်လမှ သြဂုတ်လအတွင်း မြွေပွေးအကိုက်ခံရသူ
ခြောက်ဦးခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မြွေပွေးကိုက်ခံရရင် အဆိပ်အနည်းအများပေါ် မူတည်ပြီး တတ်နိုင်သမျှ
အမြန်ဆုံးမြွေဆိပ်ဖြေဆေးထိုးဖို့ လိုအပ်တယ်။ လူနာ အခြေအနေပေါ်မူ
တည်ပြီး မြွေဆိပ်ဖြေဆေး အနည်းဆုံး လေးလုံးကနေခြောက်လုံးလောက် ထိုးရတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းသည် မြွေပွေးဖြစ်ကာ ၁၀ ရာခိုင်နှုန်းသည် မြွေဟောက်ဖြစ်သည်။ နိုင်ငံတွင်း နှစ်စဉ် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် မြွေကိုက်ခံရမှုကြောင့် လူသေဆုံးမှုလျော့ကျမသွားသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့ တိုက်နယ်ဆေးရုံများသို့ မြွေဆိပ်ဖြေဆေး
လှူဒါန်းပေးအပ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ အဆိပ်ရှိသတ္တ၀ါကိုက်ခံရ
မှုဖြစ်စဉ် ၁၅၀၀၀ ခန့် ရှိပြီး ပျမ်းမျှလူဦးရေ ၄၀၈ ဦး သေဆုံးခဲ့ပြီး ၂၀၁၁ တစ်နှစ်တည်းတွင်မူ ဖြစ်စဉ်တစ်သောင်းကျော်တွင် သေဆုံးသူ ၂၅၃ ဦး သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

7Day News Journal


http://www.myanmaronlinenews.net/2013/08/blog-post_781.html

RangonNewsDaily:: Aug 30, 2013

ရန်ကုန်- ဒဂုံအရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်မှ ကျောင်းသားများ အများဆုံးနေထိုင်သော ဒဂုံတက္ကသိုလ်ရိပ်မွန် ဥယျာဉ်မြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းကာ ကာလကြာရှည်ရေ၀ပ်နေမှုများကြောင့်မြွေဆိုးအန္တရာယ်ကြုံတွေ့နေရကြောင်း တက္ကသိုလ်ကျောင်းသား
များက ပြောသည်။ “တက္ကသိုလ်တက်ဖို့ နယ်ကနေ ဒီမှာအဆောင်လာနေတာ။ ဒီဘက်မှာ အရင်ကတည်းက မြွေတွေရှိပေမယ့် အခုမိုးတအားရွာပြီး ရေတွေဝပ်တယ်။ လမ်းမီးတွေကလည်း ပြတ်တော့ မြွေတွေက လမ်းပေါ်တက်လာတယ်။ ကျွန်တော်ဆိုရင် လမ်းလျှောက်နေရင်း လမ်းမပေါ်တက်ခွေနေတဲ့ မြွေပွေးကို တက်နင်းမိလို့ အကိုက်ခံရတာ” ဟု မကြာမီရက်ပိုင်းအတွင်း မြွေကိုက်ခံရပြီး သြဂုတ် ၂၉ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံမှ ဆင်းလာသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ဒဂုံတက္ကသိုလ်ရိပ်မွန်ဥယျာဉ်မြို့တော်သည် ဒဂုံတက္ကသိုလ်၏ အရှေ့ဘက်တွင်တည်ရှိပြီး နယ်မှလာသော ကျောင်းသားများ အများဆုံး ငှားရမ်းနေထိုင်ကြကာ အဆောင်များပတ်ပတ်လည်တွင် ကြာရှည်စွာ
အသုံးမပြုဘဲထားရှိသော လယ်ကွင်းများရှိပြီး နှစ်စဉ်မြွေဆိုးအန္တရာယ်ကို ရင်ဆိုင်နေရသော်လည်း ယခုနှစ်တွင် ပိုမိုဆိုးရွားလာသော ရာသီဥတု
အခြေအနေကြောင့် မြွေဆိုးအန္တရာယ် ပိုမိုကြီးမားလာကြောင်း သတင်းရရှိသည်။

“အခုတလောပတ်ဝန်းကျင်မှာ မြွေတွေတော်တော်တွေ့လာတယ်။ မိုးကြီးလို့ လယ်ကွက်တွေထဲမှာ ရေတွေဝပ်နေတော့ ကုန်းမြေရှိတဲ့ လမ်းမပေါ်
တက်လာတယ်။ ကျောင်းသားတွေကလည်း အများစုက ညဘက်ကျမှ အိမ်ပြန်လာကြတော့ အိမ်အပြန်လမ်းမှာ မြွေကိုက်ခံရတာတွေက ခဏခဏရှိနေပြီ” ဟု အဆိုပါဝင်းအတွင်း နေထိုင်သူ ဒေသခံတစ်ဦးက
ပြောသည်။

အဆိုပါ ဒဂုံတက္ကသိုလ်ရိပ်မွန်အတွင်း တက္ကသိုလ်ကျောင်းသား ၁၀၀၀ ခန့် နေထိုင်ပြီး ဇွန်လမှ သြဂုတ်လအတွင်း မြွေပွေးအကိုက်ခံရသူ
ခြောက်ဦးခန့် ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

“မြွေပွေးကိုက်ခံရရင် အဆိပ်အနည်းအများပေါ် မူတည်ပြီး တတ်နိုင်သမျှ
အမြန်ဆုံးမြွေဆိပ်ဖြေဆေးထိုးဖို့ လိုအပ်တယ်။ လူနာ အခြေအနေပေါ်မူ
တည်ပြီး မြွေဆိပ်ဖြေဆေး အနည်းဆုံး လေးလုံးကနေခြောက်လုံးလောက် ထိုးရတယ်” ဟု ဆရာဝန်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် မြွေကိုက်ခံရမှု၏ ၉၀ ရာခိုင်နှုန်းသည် မြွေပွေးဖြစ်ကာ ၁၀ ရာခိုင်နှုန်းသည် မြွေဟောက်ဖြစ်သည်။ နိုင်ငံတွင်း နှစ်စဉ် မြွေဆိပ်ဖြေဆေး လုံလောက်စွာ ဖြန့်ဖြူးထုတ်လုပ်ပေးနိုင်ခြင်းမရှိသဖြင့် မြွေကိုက်ခံရမှုကြောင့် လူသေဆုံးမှုလျော့ကျမသွားသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဝင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်နှင့် ရေကြည်မြို့ တိုက်နယ်ဆေးရုံများသို့ မြွေဆိပ်ဖြေဆေး
လှူဒါန်းပေးအပ်ပွဲတစ်ခု၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၀၅ မှ ၂၀၁၀ ပြည့်နှစ်အထိ အဆိပ်ရှိသတ္တ၀ါကိုက်ခံရ
မှုဖြစ်စဉ် ၁၅၀၀၀ ခန့် ရှိပြီး ပျမ်းမျှလူဦးရေ ၄၀၈ ဦး သေဆုံးခဲ့ပြီး ၂၀၁၁ တစ်နှစ်တည်းတွင်မူ ဖြစ်စဉ်တစ်သောင်းကျော်တွင် သေဆုံးသူ ၂၅၃ ဦး သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

7Day News ,RangonNewsDaily
kolatt (Pabedan): 30.8.2013

No comments:

Post a Comment