Pages

Pages - Menu

Friday, August 30, 2013

"မစ္စတာ ဗီဂျေနမ်ဗီးယား မိထ္ထီလာမြို့ရှိ အကြမ်းဖက်ခံခဲ့ရသော မြို့ခံများနဲ့ တွေ့ဆုံဆွေးနွေး"

"မစ္စတာ ဗီဂျေနမ်ဗီးယား မိထ္ထီလာမြို့ရှိ အကြမ်းဖက်ခံခဲ့ရသော မြို့ခံများနဲ့ တွေ့ဆုံဆွေးနွေး"

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့အထူးကိုယ်စားလှယ် အကြံပေးအရာရှိ မစ္စတာ ဘီဂျေနမ်ဗီးယားဟာ ၂၉.၈.၂၀၁၃ရက်နေ့ ညနေတွင် မိတ္ထီလာမြို့သို့ ရောက်ရှိပြီး အကြမ်းဖက်ခံခဲ့ရသော မြို့ခံများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် အစ္စလာမ်ဘာသာမှ မွတ်ဖ်သီနူးမုဟမ္မဒ်၊ ခလီဖွါဟ်ဦးသိန်းဝင်းအောင်၊ ဦးအောင်ဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာမှ ဆရာတော် အရှင်ဆေကိန္ဒနှင့် ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာမှ မန္တလေးတိုင်း သင်းအုပ်ဆရာတော်များ၊ ဟိန္ဒူဘာသာမှ ဆရာတော် ဦးဘော်ဘီ တို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း အလင်းမျက်ဝန်းမီဒီယာမှ သိရှိရပါတယ်။

မစ္စတာ ဘီဂျေနမ်ဗီးယားသည် ညနေ ၄နာရီခန့်အချိန်တွင် မြို့ပေါ်ရှိ အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသော ဘင်္ဂါလီဗလီ၊ ချမ်းအေးသာယာဗလီနှင့် မင်္ဂလာဇေယုံရပ်ကွက်သို့ လှည့်ပက် ကြည့်ရှုပြီး အကြမ်းဖက်ခံ မြို့ခံ မွတ်စ်စလင်မ် များကို မစ္စတာ ဘီဂျေနမ်ဗီးယား မေးမြန်းမှုတွင် မြို့ခံမွတ်စ်စလင်မ်များက မိမိတို့သည် ဒုက္ခသည်စခန်းများအတွင်း နေထိုင်လိုခြင်းမရှိတော့ပဲ မိမိတို့ ယခင်နေထိုင်ခဲ့သည့် နေရာများသို့သာ ပြန်လည်နေထိုင်လိုကြောင်း ပြောကြားခဲ့ပါတယ်။ မစ္စတာ ဘီဂျေနမ်ဗီးယားမှ မြို့ခံမွတ်စ်စလင်မ်များကို နိုင်ငံတော်မှ အဆိုပါကိစ္စအား စီစဉ်ပေးခြင်းမရှိဘူးလားဟု မေးမြန်းခဲ့ပါတယ်။ ထိုမေးမြန်းမှုအပေါ် မြို့ခံမွတ်စ်စလင်မ်များက နိုင်ငံတော်မှ စီစဉ်ပေးပါတယ် မိမိတို့ မြေကွက်များကို နိုင်ငံတော်မှ သိမ်းယူပြီး တိုက်ခန်းများဆောက်လုပ်ပေးမည်ဆိုခြင်းကို လက်မခံလိုကြောင်း၊မလိုလားကြောင်း မိမိတို့ နဂိုနေထိုင်ခဲ့သည့် မြေနေရာများသာ လိုချင်ကြောင်း၊ အဆိုပါမြေနေရာများတွင်လည်း မိမိတို့၏ နေအိမ်များ ပြန်လည်ဆောက်လုပ်ခွင့် ပေးစေလိုကြောင်း အပြန်အလည်ဆွေးနွေးပြောဆိုခဲ့သည်ဟု သတင်းရရှိပါတယ်။

ထို့နောက် မစ္စတာ ဘီဂျေနမ်ဗီးယားသည် ချမ်းအေးသာယာရပ်ကွက်မှ ဗုဒ္ဓဘာသာဝင်များ၏ ဒုက္ခသည်စခန်းများသို့ သွားရောက်၍ မြို့ခံ ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံမေးမြန်းရာ ဗုဒ္ဓဘာသာဝင်များ မှလည်း မွတ်စ်စလင်မ်များနှင့် မည်သည့်ပြဿနာမျှမရှိပဲ အတူယှဉ်တွဲ နေထိုင်လို့ရကြောင်း၊ မွတ်စ်စ်လင်မ်တွေနဲ့အတူ ယခင်တုန်းကလည်းနေထိုင်နိုင်သည့်အတွက် မိမိတို့အနေနှင့်လည်း နိုင်ငံတော်မှ ဆောက်လုပ်ပေးသည့် တိုက်ခန်းများတွင် မနေလိုကြောင်း ပြောဆိုခဲ့သည့်အတွက် မစ္စတာ ဘီဂျေနမ်ဗီးယား မှ တာဝန်ရှိသူများအား ပြန်လည်တင်ပြမည်ဟု ဆွေးနွေးပြောဆိုမည် ဟုသိရပါတယ်။

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုတွင် အစ္စလာမ်သာသနာမှ မုဖ်သီနူးမုဟမ္မဒ်မှ သားသမီးကို ဆုံးမရမည်မှာ မိဘ၏ တာဝန်ဖြစ်သကဲ့သို့ ဘာသာလေးခုသည် သားသမီးများဖြစ်ပြီး နိုင်ငံတော်သမ္မတသည် မိဘဖြစ်ပြီး ဆိုးသွမ်းသည့် သားသမီးများကို မိဘမှ ဆုံးမရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်သမ္မတ သည်လည်း ဆိုးသွမ်းသည့် သာသနာဝင်တိုင်း မည်သူ့ကိုမဆို မခွဲခြားပဲ ဆုံးမနိုင်ကြောင်း သာဓကပေး၍ တင်ပြဆွေးနွေးခဲ့ပါတယ်။ ဘာသာပေါင်းစုံ အတူယှဉ်တွဲရေးနှင့် ဘာသာတရားတိုင်းသည် အကြမ်းဖက်သည့် သာသနာမဟုတ်ပဲ တရားရေအေး တိုက်ကျွေးသည့် သာသနာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ဘီဂျေနမ်ဗီးယားမှ မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံများ တစ်ဦးပေါ်တစ်ဦး နားလည်မှုထားရှိကာ ချစ်ကြည်အေးချမ်းစွာဖြင့် နေထိုင်ကြရန် ဆွေးနွေးပြောဆိုခဲ့ ကြောင်း အလင်းမျက်ဝန်းမီဒီယာမှ သိရှိရပါသည်။

ဓါတ်ပုံရှင်းလင်းချက်
= မစ္စတာ ဘီဂျေနမ်ဗီးယား ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ်
(ဓါတ်ပုံ မိတ္ထီလာစီဂျေ)

ရဲဒွေး | အလင်းမျက်ဝန်း
မစ္စတာ ဘီဂျေနမ်ဗီးယား ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစဉ်
(ဓါတ်ပုံ မိတ္ထီလာစီဂျေ)
RangonNewsDaily:: Aug 30, 2013
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့အထူးကိုယ်စားလှယ် အကြံပေး
အရာရှိ မစ္စတာ ဘီဂျေနမ်ဗီးယားဟာ ၂၉.၈.၂၀၁၃ရက်နေ့ ညနေတွင် မိတ္ထီလာမြို့သို့ ရောက်ရှိပြီး အကြမ်းဖက်ခံခဲ့ရသော မြို့ခံများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင်အစ္စလာမ်ဘာသာမှမွတ်ဖ်သီနူးမုဟမ္မဒ်၊ခလီဖွါဟ်ဦးသိန်းဝင်းအောင်၊ဦးအောင်
ဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာမှ ဆရာတော် အရှင်ဆေကိန္ဒနှင့် ဘုန်းတော်ကြီးများ၊ ခရစ်ယာန်
ဘာသာမှ မန္တလေးတိုင်း သင်းအုပ်ဆရာတော်များ၊ ဟိန္ဒူဘာသာမှ ဆရာတော် ဦးဘော်ဘီ တို့ တက်ရောက်
 ဆွေးနွေးခဲ့ကြောင်း အလင်းမျက်ဝန်းမီဒီယာမှ သိရှိရပါတယ်။

မစ္စတာ ဘီဂျေနမ်ဗီးယားသည် ညနေ ၄နာရီခန့်အချိန်တွင် မြို့ပေါ်ရှိ အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသော ဘင်္ဂါလီ
ဗလီ၊ ချမ်းအေးသာယာဗလီနှင့် မင်္ဂလာဇေယုံရပ်ကွက်သို့ လှည့်ပက် ကြည့်ရှုပြီး အကြမ်းဖက်ခံ မြို့ခံ မွတ်စ်စ
လင်မ် များကိုမစ္စတာဘီဂျေနမ်ဗီးယား မေးမြန်းမှုတွင်မြို့ခံမွတ်စ်စလင်မ်များက မိမိတို့သည် ဒုက္ခသည်စခန်း
များအတွင်း နေထိုင်လိုခြင်းမရှိတော့ပဲ မိမိတို့ ယခင်နေထိုင်ခဲ့သည့် နေရာများသို့သာ ပြန်လည်နေထိုင်လို
ကြောင်း ပြောကြားခဲ့ပါတယ်။ 
 
မစ္စတာ ဘီဂျေနမ်ဗီးယားမှ မြို့ခံမွတ်စ်စလင်မ်များကို နိုင်ငံတော်မှ အဆိုပါကိစ္စအား စီစဉ်ပေးခြင်းမရှိဘူးလား
ဟု မေးမြန်းခဲ့ပါတယ်။ ထိုမေးမြန်းမှုအပေါ် မြို့ခံမွတ်စ်စလင်မ်များက နိုင်ငံတော်မှ စီစဉ်ပေးပါတယ် မိမိတို့
 မြေကွက်များကို နိုင်ငံတော်မှ သိမ်းယူပြီး တိုက်ခန်းများဆောက်လုပ်ပေးမည်ဆိုခြင်းကို လက်မခံလိုကြောင်း
၊မလိုလားကြောင်းမိမိတို့နဂိုနေထိုင်ခဲ့သည့် မြေနေရာများသာလိုချင်ကြောင်း၊အဆိုပါမြေနေရာများတွင်လည်း
မိမိတို့၏ နေအိမ်များ ပြန်လည်ဆောက်လုပ်ခွင့် ပေးစေလိုကြောင်း အပြန်အလည်ဆွေးနွေးပြောဆိုခဲ့သည်ဟု သတင်းရရှိပါတယ်။

ထို့နောက် မစ္စတာ ဘီဂျေနမ်ဗီးယားသည် ချမ်းအေးသာယာရပ်ကွက်မှ ဗုဒ္ဓဘာသာဝင်များ၏ ဒုက္ခသည်စခန်း
များသို့သွားရောက်၍ မြို့ခံ ဗုဒ္ဓဘာသာဝင်များနှင့် တွေ့ဆုံမေးမြန်းရာဗုဒ္ဓဘာသာဝင်များမှလည်းမွတ်စ်စလင်မ်
များနှင့် မည်သည့်ပြဿနာမျှမရှိပဲ အတူယှဉ်တွဲ နေထိုင်လို့ရကြောင်း၊ 
 
မွတ်စ်စ်လင်မ်တွေနဲ့အတူ ယခင်တုန်းကလည်းနေထိုင်နိုင်သည့်အတွက် မိမိတို့အနေနှင့်လည်း နိုင်ငံတော်
မှ ဆောက်လုပ်ပေးသည့် တိုက်ခန်းများတွင် မနေလိုကြောင်း ပြောဆိုခဲ့သည့်အတွက် မစ္စတာ ဘီဂျေနမ်ဗီး
ယား မှ တာဝန်ရှိသူများအား ပြန်လည်တင်ပြမည်ဟု ဆွေးနွေးပြောဆိုမည် ဟုသိရပါတယ်။

ဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုတွင် အစ္စလာမ်သာသနာမှ မုဖ်သီနူးမုဟမ္မဒ်မှ သား
သမီးကို ဆုံးမရမည်မှာ မိဘ၏ တာဝန်ဖြစ်သကဲ့သို့ ဘာသာလေးခုသည် သားသမီးများဖြစ်ပြီး နိုင်ငံတော်
သမ္မတသည် မိဘဖြစ်ပြီး ဆိုးသွမ်းသည့် သားသမီးများကို မိဘမှ ဆုံးမရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်သမ္မတ သည်လည်း ဆိုးသွမ်းသည့် သာသနာဝင်တိုင်း မည်သူ့ကိုမဆို မခွဲခြားပဲ ဆုံးမနိုင်ကြောင်း သာဓကပေး၍ တင်ပြဆွေးနွေးခဲ့ပါတယ်။ 
 
ဘာသာပေါင်းစုံ အတူယှဉ်တွဲရေးနှင့်ဘာသာတရားတိုင်းသည် အကြမ်းဖက်သည့် သာသနာမဟုတ်ပဲ တရား
ရေအေး တိုက်ကျွေးသည့် သာသနာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

မစ္စတာ ဘီဂျေနမ်ဗီးယားမှ မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံများ တစ်ဦးပေါ်တစ်ဦး နားလည်မှုထားရှိ
ကာ ချစ်ကြည်အေးချမ်းစွာဖြင့် နေထိုင်ကြရန် ဆွေးနွေးပြောဆိုခဲ့ ကြောင်း အလင်းမျက်ဝန်းမီဒီယာမှ သိရှိရပါ
သည်။

အလင်းမျက်ဝန်း , RangonNewsDaily
kolatt (Pabedan): 30.8.2013

No comments:

Post a Comment