Pages
▼
Pages - Menu
▼
Saturday, August 3, 2013
ဗိုလ်ချုပ်လက်ရေးမူကို အခမ်းအနားနှင့် ယူဆောင်လျှင် ဒေသခံများ လက်ခံမည်ဟုဆို
RangonNewsDaily:: Aug 3, 2013
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ယူဆောင်သွားသော ဗိုလ်ချုပ်လက်ရေးမူ စာအုပ်ကို နိုင်ငံတော်သို့ အပ်နှံသည့် အခမ်းအနားတစ်ခု ကျင်းပပေးပြီး ယူဆောင်မည်ဆိုပါက ရေနံချောင်း မြို့ဒေသခံများက လက်ခံမည် ဖြစ်ကြောင်း ရေနံချောင်းမြို့ ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူ ပြန်လည်ရရှိရေး ကော်မတီ အတွင်းရေးမှူး ဦးမြင့်ငွေက သြဂုတ်လ ၂ ရက်နေ့တွင် The Voice သို့ ပြောကြားသည်။

Samsung Galaxy Tab 3 မြန်မာနိုင်ငံတွင် ရက်ပိုင်းအတွင်း စရောင်းမည်
RangonNewsDaily:: Aug 3, 2013
ကမ္ဘာ့ မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည့် ဆမ်ဆောင်းက နောက်ဆုံး ထုတ်လုပ်လိုက်သော Samsung Galaxy Tab 3 ကို မြန်မာနိုင်ငံတွင် သြဂုတ်လ ဒုတိယပတ်အတွင်း စတင် ရောင်းချ မည် ဖြစ်ကြောင်း ဆမ်ဆောင်း မြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူ ဦးဇာနည် ဝင်းထက်က ပြောကြားသည်။

ဓမ္မစေတီခေါင်းလောင်း ပြန်ဆယ်ရန် အချိန်ကန့်သတ်မထားဟုဆို
RangonNewsDaily:: Aug 3, 2013
လွန်ခဲ့သော နှစ်ပေါင်းလေးရာကျော်က ဒေါပုံမြစ်အတွင်း နစ်မြုပ်ခဲ့သော ကမ္ဘာ့အကြီးဆုံး ကြေးသွန်း ခေါင်းလောင်း ဓမ္မစေတီမင်း ခေါင်းလောင်းကြီးကို ပြန်လည် ဆယ်ယူရန် ယဉ်ကျေးမှုဝန်ကြီးဌာနက အချိန်သတ်မှတ်ထားခြင်း မရှိကြောင်း အဆိုပါ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

၂၂ နှစ်ဆိုတာ . . . (ဆောင်းပါ; ဒုတိယပိုင်း)
RangonNewsDaily:: Aug 3, 2013
(ဓာတ်ပုံ - ၁၉ . ၈ . ၈၈ ရက်နေ့ထုတ် လွတ်လပ်ရေး နေ့စဉ်သတင်းစာ)ယမန်နေ့မှအဆက်
"၂၂ နှစ်ဆိုတာ" ဆောင်းပါးကို ၂၀၁၀ က ရေးပါတယ်။ အဲဒီအချိန်က
အရမ်းတင်းကျပ်တဲ့ အချိန်ဆိုတော့ ကျွန်တော့်ရဲ့ Facebook မှာပဲ
တင်ဖြစ်ပါတယ်။ အဲဒီတုန်းက သူငယ်ချင်း ၃၀-၄၀ လောက်ပဲ ဖတ်ရပါတယ်။ ၂၀၁၁ မှာ
အဆက်နည်းနည်း ရေးဖြစ်ပါတယ်။ အဲဒီကျမှ ဒီဆောင်းပါးကို Publicize
လုပ်ဖြစ်ပါတယ်။
မိုးကြီးခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် မြ၀တီ-မော်လမြိုင် ကုန်သွယ်ရေးလမ်းကြောင်း သုံးရက်ကြာ ရပ်နားထား၍ မော်လမြိုင်မြို့ပေါ်တွင် ထိုင်းကုန်ပစ္စည်းအချို့ ဈေးနှုန်းမြင့်တက်မှု ဖြစ်ပေါ်
RangonNewsDaily:: Aug 3, 2013
မြ၀တီ-မော်လမြိုင် ကုန်သွယ်ရေး လမ်းကြောင်းတွင် မိုးကြီးခြင်း၊ တောင်ပြိုခြင်းတို့ကြောင့် ဇူလိုင် ၃၁ ရက်မှ ယနေ့ သြဂုတ် ၂ ရက်ထိ သုံးရက်ကြာ ရပ်နားမှုကြောင့် မော်လမြိုင်မြို့ပေါ်တွင် ထိုင်းကုန်ပစ္စည်းအချို့ ဈေး
နှုန်းမြင့်တက်မှု ဖြစ်ပေါ်လာကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။''ကားလမ်းပျက်လို့ မြ၀တီ ကား
မသွားနိုင်တာ သုံးရက်ရှိပြီ၊ နောက်ယာဉ်တန်း နှစ်ပတ်(၄-ရက်) ကြာလောက်မှ ပြန်သွားနိုင်မယ်။ ဒီမှာရှိတဲ့ ထိုင်းပစ္စည်း အဓိက စားဆီတွေ ဈေးမြင့်သွားပါတယ်။

မင်းဓမ္မပန်းကွင်းကို စည်ပင်အင်အား ၆၀၀ ခန့်ဖြင့် ခြံစည်းရိုးခတ်ရာမှ ပန်းကွင်းအတွင်း လုပ်ကိုင်သူများနှင့် ခိုက်ရန်ဖြစ်ပွား
ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များက အခြေအနေကို လာရောက် ထိန်းသိမ်းနေစဉ် (ဓာတ်ပုံ-ကြည်နိုင်) |
RangonNewsDaily:: Aug 3, 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပန်းဥယျာဉ်နှင့် အားကစား ကွင်းများဌာန စာတန်းပါ အင်္ကျီ
ဝတ်ဆင်ထားသော ၀န်ထမ်းအင်အား ၆၀၀ ခန့်သည် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် အတွင်းရှိ မင်းဓမ္မပန်း
ကွင်းကို သြဂုတ်၂ ရက်၊နံနက်၂ နာရီခန့်ကတည်းကယာဉ် ၁၂ စီးဖြင့် လာရောက်၍ ကတ္တရာပီပါခွံ ဟောင်း
များဖြင့် ခြံစည်းရိုးကာရံခဲ့ရာမှပန်းကွင်းအတွင်းရှိဆိုင်ခန်းများတွင် နေထိုင်လုပ်ကိုင် နေသူများနှင့်ခိုက်ရန်ဖြစ်
ပွားခဲ့ကြောင်း သတင်းရရှိသည်။