Pages

Pages - Menu

Wednesday, July 24, 2013

နိုင်ကျဉ်းများကို ထပ်မံလွှတ်ပေးလိုက်သော်လည်း ၄ဝ၁ ကြိုး ရှည်တပ် ထူးခတ်ထားဆဲ

လွတ်ငြိမ်းခွင့်ရ နိုင်ငံရေးအကျဉ်း သားများကို ကြိုးရှည်ရှည်ဖြင့် လှန်ထား သည်ဟုဆိုသော ထောင်တွင်း ကြွေးကျန် ပုဒ်မ ၄ဝ၁ ဖြင့် သာ ပြန်လွှတ်ပေးခြင်း ဖြစ် ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုသက်ဦးက ပြောသည်။

ပန်းဆိုးတန်း အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာ သာဖြင့် ထုတ်ဝေ

Wednesday, July 24, 2013

ပန်းချီ၊ စာပေ၊ လက်မှုအနုပညာနှင့် မြန်မာ့ယဉ်ကျေးမှု ဦးစားပေးဖော်ပြမည့် ပန်းဆိုးတန်း အနုပညာနှင့် ယဉ်ကျေးမှု ဂျာနယ်ကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဝေသွားမည် ဖြစ်ကြောင်းကို Pansodan Gallery တည်ထောင်လုပ်ကိုင်သူ ဦးအောင်စိုးမင်းက ပြောကြားသည်။

အော်စကာဆုရုပ်တုကို မိဘများအား ဂျနီဖာလောရင့်စ် ပေးအပ်

Photo: အော်စကာဆုရုပ်တုကို မိဘများအား ဂျနီဖာလောရင့်စ် ပေးအပ်
Wednesday, July 24, 2013

ဟောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင် ဂျနီဖာလောရင့်စ်ဟာ သူ ရရှိထားတဲ့ အော်စကာဆု ရုပ်တုကို သူ့ရဲ့ မိဘနှစ်ပါးကို ပေးအပ်ခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြ ထားပါတယ်။
အော်စကာဆု ရုပ်တုကို သူ့အိမ်က ဧည့်ခန်းထဲမှာ ထားရတာကို စိတ်ထဲမှာ ကသိကအောက် ဖြစ်နေတဲ့အတွက် အခုလို မိဘနှစ်ပါးကို ပေးလိုက်တာလို့ ဂျနီဖာလောရင့်စ် က ပြောပါတယ်။

"ကျွန်မမိဘတွေက ရုပ်တုကို ကန်တက်ကီက သူတို့အိမ်ကို သယ်သွားကြပါပြီ။ ဘာလို့လဲ ဆိုတော့ အဲဒီရုပ်တုကို ကျွန်မအိမ်မှာ ထားရတာ စိတ်ထဲမှာ ကသိကအောက် ဖြစ်နေလို့ပါ" လို့ ဂျင်နီဖာလောရင့်စ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျနီဖာလောရင့်စ်ဟာ ဟောလိဝုဒ်ရဲ့ အမြင့်ဆုံး ဆုတံဆိပ်ဖြစ်တဲ့ အော်စကာ ရုပ်တုကို သူ့အိမ်ရဲ့နေရာအနှံ့မှာ ထားကြည့်ခဲ့သေးပေမယ့် ဘယ်လိုမှ စိတ်တိုင်းမကျ နိုင်တာကြောင့် နောက်ဆုံးမှာ သူ့အမေရဲ့ အကြံပေးချက်အရ ကန်တက်ကီပြည်နယ် က သူ့မိဘတွေရဲ့ အိမ်မှာ ထားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
"ကျွန်မ အဲဒီရုပ်တုကို ရေချိုးခန်းကို သွားတဲ့လမ်းမှာတောင် ထားကြည့် ပါသေးတယ်။ နောက်တော့ ကျွန်မအမေက သူယူသွားမယ်လို့ ပြောတာနဲ့ ပေးလိုက်တာပါ။ အခုတော့ အဲဒီရုပ်တုက ကန်တက်ကီ ပြည်နယ်က စန္ဒရားတစ်ခုပေါ်မှာ ရောက်နေပါပြီ" လို့ ဂျနီဖာလောရင့်စ်က ပြောပါတယ်။

ဂျနီဖာလောရင့်စ်ဟာ အဲဒီ အော်စကာရုပ်တုကို ယခုနှစ်အော်စကာ ဆုပေးပွဲမှာ Silver Linings Playbook ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု အတွက် ရရှိထားတာ ဖြစ်ပါတယ်။

The Voice Weekly

Wednesday, July 24, 2013

ဟောလိဝုဒ်ရဲ့ နာမည်ကျော် သရုပ်ဆောင် ဂျနီဖာလောရင့်စ်ဟာ သူ ရရှိထားတဲ့ အော်စကာဆု ရုပ်တုကို သူ့ရဲ့ မိဘနှစ်ပါးကို ပေးအပ်ခဲ့တယ်လို့ contactmusic.com မှာ ဖော်ပြ ထားပါတယ်

နိုင်ငံရေး အကျဉ်းသားတွေ ပိုလွှတ်ပေးဖို့ တောင်းဆို

Wednesday, July 24, 2013

လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးအရေးယူမှုတွေ မရှိသင့်တော့ကြောင်းနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အခါတိုင်း နိုင်ငံရေး အကျဉ်းသားတွေ ပိုလွှတ်ပေးဖို့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ဒီနေ့ကျင်းပတဲ့ဆွေးနွေးပွဲ မှာ တောင်းဆိုကြပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ညွှန်း စက်တင်ဘာလ အပြီးသတ်မည်

Wednesday, July 24, 2013

ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ညွှန်းကို စက်တင်ဘာလအတွင်း အပြီးသတ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးလူမင်းက The Voice သို့ ပြောကြားသည်။ ဗိုလ်ချုပ်ရုပ်ရှင်၏ ဇာတ်ညွှန်းကို အပိုင်းသုံးပိုင်း ခွဲကာ ရေးသားနေပြီး ဒါရိုက်တာများ၊ ဇာတ်ညွှန်းရေးဆရာများ စုပေါင်း၍ ဇာတ်ကားတစ်ကားစာ အချောသတ်ကို စက်တင်ဘာလ အတွင်း အပြီးသတ် ရေးကြမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အင်တာနက် ဆိုး၍ အွန်လိုင်းလုပ်ငန်းများ အခက်တွေ့

Photo: အင်တာနက် ဆိုး၍ အွန်လိုင်းလုပ်ငန်းများ အခက်တွေ့
Wednesday, July 24, 2013

အင်တာနက် အမြန်နှုန်း အလွန်နှေးကွေးလွန်းနေတာကြောင့် နိုင်ငံတ ကာနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်နေကြတဲ့ ခရီးသွားလာရေး ကုမ္ပဏီတွေ၊ ငွေကြေး အလွှဲအပြောင်း လုပ်ရတဲ့ ဘဏ်လုပ်ငန်းတွေ၊ အင်တာနက်ဆိုင်တွေ စတဲ့ လုပ်ငန်းအများစုမှာ ထိခိုက်နစ်နာမှုတွေ ရှိလာပါတယ်။

အွန်လိုင်းငွေလွှဲလုပ်ငန်းနဲ့ အခြား အင်တာနက်အခြေခံ ဆောင်ရွက်နေရ တဲ့လုပ်ငန်းတွေဟာ အင်တာနက်အမြန်နှုန်း အင်မတန် နှေးကွေးသွား တာကြောင့် အလုပ်မတွင်တော့ဘဲ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ကမ္ဗောဇဘဏ် ဒုဥက္ကဌ ဦးသန်းလွင်က ဧရာဝတီကို ပြောဆိုပါတယ်။

ထို့ပြင် ” နိုင်ငံခြားကုန်သွယ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုတွေကို ထိခိုက်နိုင်တယ်။ အခုမှ လိုင်းက စဖြစ်ပေမယ့် အချိန်က တလ ကြာဦးမယ် ဆိုတော့ အများကြီး ထိခိုက်နိုင်တယ်” လို့လည်း သတိပေးပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မြန်မာနိုင်ငံက အင်တာနက်ကို အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းတွေနဲ့ အဓိက ချိတ်ဆက်ထားတဲ့ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ် ဆက်ကြောင်း( SEA-ME-WE 3 ) ချွတ်ယွင်းတာကြောင့် အင်တာနက်လိုင်းက တလနီးပါး နှေးနေဦးမယ်ဆိုပြီး ယနေ့ ကြေညာချက် ထုတ်ပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက စစ်ဆေးချက်အရ မြန်မာပြည်တွင်း လမ်းကြောင်းဖြစ်တဲ့ ဖျာပုံ၊ ကျုံကဒွန်းနဲ့ ကုလားထိပ် ပင်လယ်ကမ်းစပ်အထိ စစ်ဆေးခဲ့ရာမှာ ပင်လယ်အတွင်း ၁၃ ကီလိုမီတာခန့်မှာ ချွတ်ယွင်းမှုဖြစ် ခဲ့နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့် ချွတ်ယွင်းခဲ့တယ်ဆိုတာကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက မပြောထားပါဘူး။

ကေဘယ် ဆက်ကြောင်း ချွတ်ယွင်းမှုအတွက် စင်ကာပူနိုင်ငံအခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ပြုပြင်ထိန်းသိမ်းရေး အဖွဲ့နဲ့ ညှိနှိုင်းပြီး အမြန်ဆုံးပြုပြင်နိုင်ဖို့ဆောင်ရွက်မယ်လို့ မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ကြေညာထားပါတယ်။ အင်တာနက်နဲ့ နိုင်ငံရပ်ခြား တယ်လီဖုန်းအဝင်၊ အထွက် ခေါ်ဆိုမှုများ လုံးဝပြတ်တောက်မှု မရှိစေဖို့ ကုန်းတွင်းနယ် စပ်ဖြတ်ကျော် ဆက်ကြောင်းတွေကနေတဆင့် ချိတ်ဆက်ပေးထားတယ် လို့လည်း ဆိုပါတယ်။

ဒါပေမယ့် အင်တာနက်အပေါ် အခြေခံပြီး ဆက်သွယ်လုပ်ကိုင်ရတဲ့ ဒီခေတ် စီးပွားရေးမှာ အင်တာနက် စက္ကန့် မိနစ်နဲ့အမျှ ဆိုးတာနဲ့ အလုပ်ပျက်ရတော့ တာပါပဲ။

“အီးမေးလ် အဆက်အသွယ်လုပ်လို့ မရတော့ နိုင်ငံခြားဖုန်းတွေ ခေါ်ရတယ်၊ ကုန်ကျစရိတ်တွေ အရမ်းများတယ်။ တချို့တွေက ဒီနိုင်ငံရဲ့ အင်တာ နက် ပြဿနာ ဖြစ်နေတာကို မသိတော့ ဘွတ်ကင် ဖျက်ပစ်လိုက်တာမျိုးလည်း ရှိတယ်။ ဝင်ငွေအတွက် အရမ်းနစ်နာရတယ်”လို့ Bravo Travel and Tours ကုမ္ပဏီက တာဝန်ရှိသူ တဦးက ဧရာဝတီကို ပြောပါတယ်။

နိုင်ငံတကာကို ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေတဲ့ RIO Shipping, Travel & Trading ကုမ္ပဏီက တာဝန်ရှိသူကလည်း အင်တာနက်လိုင်း က နှေးနေတာကြောင့် ကုန်ကျစရိတ်တွေ ပိုများလာတယ်လို့ ဆိုပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က အင်တာနက်ဆိုင်ပိုင်ရှင် တဦးဖြစ်တဲ့ ကိုမင်းမင်းကလည်း“ အင်တာနက်လိုင်းတွေ နှေးရင် ဝင်ငွေ အရမ်းထိခိုက်တယ်။ ဆိုင်ဖွင့်ထားတဲ့သူဆိုတော့ လိုင်းမကောင်းရင် ဘာမှလုပ်လို့မရဘူးလေ။ ဆက်သွယ်ရေးကတော့ ကြေညာချက်လေးတခု ထုတ်ရုံနဲ့ပြီးသွားပေမယ့် ဘယ်လို အဆင်ပြေအောင် လုပ်ပေးမယ်ဆိုတာ ဘယ်တော့မှ မပြောဘူး”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေတုန်းကလည်း အလားတူ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်တုန်း က ကေဘယ်လ်ဆက်ကြောင်းချို့ယွင်းလို့ဆိုပြီး အင်တာနက်လိုင်းတွေ တလနီးပါး နှေးကွေး ပြတ်တောက်နေခဲ့ပါတယ်။

“ ဒီ ကေဘယ်လ်တခုတည်းကို အားကိုးနေရတယ်။ အရန်ဆက်ကြောင်းတွေက လည်း အဆင်မပြေဘူးဆိုတော့ အဓိက ကေဘယ်လ် တခုခုဖြစ်ပြီဆိုရင် တတိုင်းပြည်လုံး အခက်တွေ့ရတယ်။ ဒီကေဘယ်လ်တခုတည်းမဟုတ် ဘဲ နောက်ထပ် လိုအပ်နေသေးတယ်။ မြန်မာနိုင်ငံမှာ အင်တာနက်နှေးတာ လူတိုင်းသိပေမယ့် အခုလို အခြေအနေကျတော့ အရမ်းသိသာ သွားတာပေါ့ ” လို့ Thura Swiss Consultancy မှ CEO ဒေါက်တာအောင်သူရက လည်း ပြောပါတယ်။

အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေး အနာဂတ်အစီအမံတွေ ပတ် သက်ပြီးတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တာဝန်ရှိသူတွေကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်း လုံးဝမရှိပါဘူး။

အမြန်နှုန်းကျလို့ အင်တာနက်ဆိုင်တွေ ဒုက္ခတွေ့နေ 
ဧရာဝတီ
အမြန်နှုန်းကျလို့ အင်တာနက်ဆိုင်တွေ ဒုက္ခတွေ့နေ
Wednesday, July 24, 2013

အင်တာနက် အမြန်နှုန်း အလွန်နှေးကွေးလွန်းနေတာကြောင့် နိုင်ငံတ ကာနဲ့ချိတ်ဆက်ပြီး အလုပ်လုပ်နေကြတဲ့ ခရီးသွားလာရေး ကုမ္ပဏီတွေ၊ ငွေကြေး အလွှဲအပြောင်း လုပ်ရတဲ့ ဘဏ်လုပ်ငန်းတွေ၊ အင်တာနက်ဆိုင်တွေ စတဲ့ လုပ်ငန်းအများစုမှာ ထိခိုက်နစ်နာမှုတွေ ရှိလာပါတယ်။

မျိုးစောင့်ဥပဒေသည် အပေါ်ယံကြည့်လျှင် ငြင်းခုန်စရာဟု ယူဆဖွယ်ရာရှိသော်လည်း မွတ်စ်လင်မ်များအတွက် ၎င်းဥပဒေသည် မြောက်များစွာ အကျိုးရှိ

လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာပြောချင်ပါသည်။ မျိုးစောင့်ဥပဒေကို ဆန့်ကျင်သူ၊ ကန့်ကွက်သူ၊ ဝေဖန်သူ၊ ထောက်ခံသူ ဘယ်လိုအသံတွေ ဝေစည်နေပါစေ။ ကျွန်မကတော့ ကန့်ကွက်စရာလို့ မမှတ်ယူခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အကြောင်းရှိပါသည်။

လိုင်းကား မတော်တဆမှု လဝက်အတွင်း ၂ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရ

Photo: လိုင်းကား မတော်တဆမှု လဝက်အတွင်း ၂ ဦးသေ၊ ၂၀ ဦး ဒဏ်ရာရ
Wednesday, July 24, 2013

ယခုနှစ် ဇူလိုင်လအစမှ လ၀က်အထိ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းတွင် အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လိုင်းကား မော်တော်ယာဉ် မတော်တဆမှုများကြောင့် ၂ ဦး သေဆုံးပြီး ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ဒဏ်ရာရသူ ၂၀ ဦး ရှိကြောင်း သိရသည်။

ယခုလ လဝက်အတွင်း ကောက်ယူသော စာရင်းများအရ ရန်ကုန်စည်ပင်သာယာရေး ဧရိယာအတွင်း ယာဉ်မတော်တဆမှုပေါင်း ၇ မှုနှင့် စည်ပင်သာယာ နယ်နိမိတ်ပြင်ပတွင် ၁ မှု ဖြစ်ပွားခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦး၊ ဒဏ်ရာရသူ ၂၀ ဖြစ်ကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ဗဟိုကော်မတီ (မ.ထ.သ) ၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ ယာဉ်မတော်တဆမှုများ လျှော့နည်းစေရန် ယာဉ်ကြံ့ခိုင်မှုနှင့် စည်းကမ်းလိုက်နာမှု စစ်ဆေးရေးအဖွဲ့ကို ယခင် ၈ ဖွဲ့မှ ယခု ၁၆ ဖွဲ့အထိ တိုးချဲ့ ဖွဲ့စည်းထားကြောင်း မ.ထ.သ ဥက္ကဌ ဦးလှအောင်က ပြောသည်။

“စည်းကမ်း မလိုက်နာတဲ့ ယာဉ်တွေကို မ.ထ.သက တကယ်ရော အရေးယူရဲ့လားလို့  မေးကြတယ်။ ကျနော်တို့မှာ စာရင်းဇယားတွေ လုပ်ထားတာရှိပါတယ်။ အရေးယူခဲ့တာတွေကို မှတ်တမ်းတင်ထားတာကို လာကြည့်နိုင်ပါတယ်” ဟု ဦးလှအောင်က ဆိုသည်။

ယခုနှစ်စမှ ဇွန်လအထိ ဘတ်စ်ကားများကို နေ့စဉ်အသုံးပြုနေရသည့် ခရီးသွားများထံမှ တိုင်ကြားမှုပေါင်း ၉၃ မှု လက်ခံရရှိထားပြီး ယခုလ ၁ ရက်မှ ၂၂ ရက်အတွင်း အမှုပေါင်း ၂၀ တိုင်ကြားစာများ လက်ခံရရှိထားကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။

၂၀၁၂ ခုနှစ် မေလတွင် ကောက်ယူခဲ့သည့် စာရင်းဇယားများအရ ယာဉ်တိုက်မှုပေါင်း ၁၆ မှု၊ ယာဉ်တိမ်းမှောက်မှုပေါင်း ၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၇၇ ဦး ရှိခဲ့ကြောင်း၊ ယခု ၂၀၁၃ ခုနှစ် မေလတွင် ကောက်ယူခဲ့သော စာရင်းအရ ယာဉ်တိုက်မှုပေါင်း ၁၄ မှု၊ ရေယာဉ် ၁ စီး အပါအ၀င် ယာဉ်တိမ်းမှောက်မှုပေါင်း ၅ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရသူပေါင်း ၉၆ ဦး ရှိခဲ့သည့်အတွက် ယမန်နှစ်နှင့် နှိုင်းယှဉ်လျှင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက် တိုးမြင့်များပြားလာကြောင်း သိရှိရသည်။

ရန်ကုန်မြို့တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ ၁၇ ဖွဲ့ရှိပြီး ယာဉ်လိုင်းပေါင်း ၃၉၅ လိုင်းရှိကာ ပြေးဆွဲခွင့် မှတ်ပုံတင် ချပေးထားသည့် ဘတ်စ်ကား အစီးရေပေါင်း ၆၀၀၀ ကျော်ရှိကြောင်း၊ ခရီးသည်တင် ကားများအနက် ဒိုင်နာ ခရီးသည်တင်ယာဉ် စုစုပေါင်း ၁၈၈၉ စီး၊ ဟိုင်းလပ်အမျိုးအစား ခရီးသည်တင်ယာဉ် ၈၈၅ စီး ရှိပြီး ဒိုင်နာနှင့် ဟိုင်းလပ် ခရီးသည်တင် ယာဉ်များသည် ယာဉ်တိုက်မှုနှင့် မတော်တဆမှု အများဆုံး ဖြစ်ပွားကြောင်း မ.ထ.သ၏ စာရင်းဇယားများအရ သိရသည်။

မြောက်ဒဂုံ – ဆူးလေပြေးဆွဲနေသော အမှတ် ၂၅၅ ခရီးသည်တင်ဘီအမ် ယာဉ်တစီး အလံပြ ဘုရားလမ်းအနီးတွင် မေလအတွင်းက တိမ်းမှောက်စဉ် (ဓာတ်ပုံ – ထက်နိုင်ဇော်) 
ဧရာဝတီ
မြောက်ဒဂုံ – ဆူးလေပြေးဆွဲနေသော အမှတ် ၂၅၅ ခရီးသည်တင်ဘီအမ် ယာဉ်တစီး အလံပြ ဘုရားလမ်းအနီးတွင် မေလအတွင်းက တိမ်းမှောက်စဉ် (ဓာတ်ပုံ – ထက်နိုင်ဇော်)
Wednesday, July 24, 2013

ယခုနှစ် ဇူလိုင်လအစမှ လ၀က်အထိ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းတွင် အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် လိုင်းကား မော်တော်ယာဉ် မတော်တဆမှုများကြောင့် ၂ ဦး သေဆုံးပြီး ကျောင်းသားကျောင်းသူ ၆ ဦးအပါအဝင် ဒဏ်ရာရသူ ၂၀ ဦး ရှိကြောင်း သိရသည်။

Acer မှ ထူးချွန်ကျောင်းသားများအား ဆုချီးမြှင့်ခြင်းအခမ်းအနား

Photo: Acer မှ ထူးချွန်ကျောင်းသားများအား ဆုချီးမြှင့်ခြင်းအခမ်းအနား
Wednesday, July 24, 2013

ယနေ့ နေ့လည်တစ်နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ရွှေလမင်းနဂါး ကုမ္ပဏီမှ ဖြန့်ချိသော “Acer” Product များကိုဝယ်ယူအားပေးသည့် Customer များအား ကျေးဇူးတုန့်ပြန်သည့် အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။ Student Challenging Opportunity ဟု အမည်ပေးထားပြီး အဆိုပါ အစီအစဉ်ကို ကျင်းပရခြင်း ရည်ရွယ်ချက်မှာ ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်း သူတို့ရဲ့ ကြိုးစားမှုများကို အသိအမှတ်ပြုတဲ့အနေနဲ့ တက္ကသိုလ်ဝင်တန်းမှာ ဂုဏ်ထူးများများ၊ အမှတ်များများ ရရှိတဲ့သူတွေကို ဆုချီးမြှင့်ခြင်းပဲ ဖြစ်ပါတယ်။

အစီအစဉ်ကတော့ တက္ကသိုလ်ဝင်တန်းဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်း သူတွေ အနေနဲ့ Acer Notebook များကို အောင်စာရင်းမထွက်မီ ၀ယ်ယူကာ Program Form များဖြည့်သွင်းထားရမှာ ဖြစ်ပြီးအဆိုပါ Customer များထဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်တာပဲ ဖြစ်ပါတယ်။ 

Form များကိုလည်း မြန်မာတစ်နိုင်ငံလုံးမှ ကွန်ပျူတာအရောင်းဆိုင်များမှာ အလွယ်တကူရယူ ဖြည့်သွင်းကာ ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ နောင်လာမယ့် အစီအစဉ်များမှာလည်း ကျောင်းသားကျောင်းသူတွေအနေနဲ့ ဈေးနှုန်းချိုသာပြီး Quality ကောင်းတဲ့ Acer Notebook များကို ၀ယ်ယူအသုံးပြုပြီး ပါဝင်ဆင်နွှဲနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Myanmar ICT

Wednesday, July 24, 2013

ယနေ့ နေ့လည်တစ်နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ရွှေလမင်းနဂါး ကုမ္ပဏီမှ ဖြန့်ချိသော “Acer” Product များကိုဝယ်ယူအားပေးသည့် Customer များအား ကျေးဇူးတုန့်ပြန်သည့် အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။

မြန်မာ့ဆေးမင်ကြောင်

Photo: မြန်မာ့ဆေးမင်ကြောင်
Wednesday, July 24, 2013

အင်္ဂလိပ်လို Tatoo ၊ မြန်မာလို " ဆေးမင်ကြောင်" ဆိုသည်မှာ လူ၏ ကိုယ်အရေပြားပေါ်တွင်စွဲမြဲစွာ ထင် နေစေရန်တုတ်၊ဆူးချွန် အစရှိသော အရာများဖြင့်ဆေးရောင်သွင်းကာ အရုပ် များ၊ အမှတ်အသားနှင့် ပန်းကနုတ် စသောအလှအပများ ထိုးနှံခြင်းကို ခေါ်သည်။

ဆေးမင်ကြောင် ဘယ်ကစ

ဆေးမင်ကြောင်ဓလေ့သည် ပိုလီနီးရှန်း (Polynesian) လူမျိုး များကစတင်သည်ဟုဆိုကြသည်များ လည်းရှိသည်။ ဗြိတိန်ကျွန်းမြောက် ပိုင်းတွင် "အရုပ်ခြယ်လူများ" (The Painted People) များ နေထိုင်ကျက်စားခဲ့သည်ဟုလည်းဆို ကြသည်။ ဥရောပနိုင်ငံများသို့ ဆေးမင်ကြောင် (Tatoo) ဟူသောဝေါဟာရစတင်ဆောင် ကြဉ်းလာသူမှာ နယ်မြေသစ်ရှာဖွေသူ ဂျိမ်းစ်ကွတ် (James Cook) ဖြစ်ပြီး ၁၇၇၁ ခုနှစ်တွင်ဖြစ်သည်။ ဆေးမင် ကြောင် မြတ်နိုးသူများက "အရေပြားအနုပညာ" (Skin Art)၊ ဆေးမင်ကြောင် အနုပညာ(Tatoo Art) စသဖြင့်လည်း ခေါ်ဆိုကြသည်။

ရှေးမြန်မာတို့က ထိုးကွင်းမင်ကြောင်ကို မင်သေ့၊ ကော်၊ ကော်ရစ်၊ မင်ကော်ရစ်ဟူ၍ခေါ်ခဲ့ကြသည်။ မင်သေ့ထိုးနှံခြင်းဓလေ့ကို ပုဂံခေတ်က စတင်ခဲ့သည်ဟုယူဆကြသည်။ အင်းဝခေတ်ဆင်ဖြူရှင်သီဟသူ(၇၈၃- ၇၈၇) မင်သေ့ထိုးခြင်းကိုမြတ်နိုးပုံကိုမဏိ ရတနာပုံကျမ်းတွင်ဖော်ပြထားသည်။

ဆေးမင်ကြောင် ဘာကြောင့်ထိုး

ဆေးမင်ကြောင်ထိုးနှံရာတွင် ရည်ရွယ်ချက်များရှိရာ
(က) အမှတ်အသားအဖြစ် ထိုးနှံခြင်း
(ခ) အလှအပအဖြစ် ထိုးနှံခြင်း
(ဂ) စွဲလမ်းမှုအခြေခံ၍ အဆောင်သဘောထိုးနှံခြင်းနှင့်
(ဃ) ထုံးတမ်းစဉ်လာအရ ထိုးနှံခြင်း တို့ဖြစ်ကြသည်။

မြန်မာနိုင်ငံသား ယောက်ျားများသည် ရှေးဦးပိုင်းတွင် အဆောင်သဘောဖြင့်မင်ကြောင်များထိုးနှံလာခဲ့ရာမှ နောင်သော်အလှအပသဘောသို့ ရွေ့လျောလာခဲ့သည်။ ထိုမှတစ်ဖန် "ထိုးကွင်းရှိမှ ယောက်ျားပီသသည်" ဟူသော သဘောထားများဝင်ရောက်လာချိန်တွင်မူ ထုံးတမ်းစဉ်လာသဘော သက်ရောက်သွားခဲ့သည်။ မြန်မာနိုင်ငံမှ ချင်းအမျိုးသမီးများသည် မျက်နှာတစ်ပြင်လုံး မည်းမှောင်နေအောင်ပါးရဲထိုး(ပါးထိုး၊ ပါး မည်းထိုး)ခဲ့ကြဖူးသည်။ ပါးရဲ မပါသော အမျိုးသမီးသည် ပွဲမဝင်၊ မတင့်တယ်၊ မျက်နှာဖြူကြီးနှင့်"ဗန္ဓတ်" ဟု သဘောထားခဲ့ကြသည်။ ထို့ပြင်နတ်"ပွယ်" သည် အခမ်းအနားများသို့ ဝင်ခွင့်မပြုခဲ့ပေ။ 

ဆေးမင်ကြောင်ဆေးများ

မြန်မာ့ထိုးကွင်းမင်ကြောင်၏ အစသည် မင်နှင့်ဆေးဝါးအစီအရင်ရောစပ်ကာ ဂါထာမန္တန်များ၊ အင်းများ၊ တစ်စုံတစ်ရာရည်ရွယ်ချက်ရှိသော အရုပ်များကို ထိုးနှံခြင်းမှ စတင်ခဲ့သည်ဟု ယူဆကြသည်။ ထိုကဲ့သို့ အစီအရင်ပြုလုပ်ရာတွင် အထက်ဆေးသုံးပါး၊ အောက်ဆေး နှစ်ပါးဟူ၍ ခွဲခြားထားသည်။

အထက်ဆေးသုံးပါးတွင် ဘုရား ဆေး၊ သိကြားနတ်ဗြဟ္မာဆေးနှင့် ဝိဇ္ဇာစသော အထက်လမ်း အတတ် ပညာဆိုင်ရာ ဆေးများပါဝင်သည်။ အောက်ဆေးနှစ်ပါးတွင် ကာယသိဒ္ဓိ ကိုယ်ခံဆေးနှင့် ပီယသိဒ္ဓိ ချစ်ဆေးများပါသည်။

ဆေးမင်ကြောင်သုံးမျိုး

မြန်မာတို့တွင် လူ၏ကိုယ်ခန္ဓာ အနှံ့ဆေးမင်ကြောင် ထိုးကြရာမျက်နှာတွင်ထိုးနှံခြင်း၊ ခါး၏အထက်ပိုင်းတွင် ထိုးနှံခြင်းနှင့် ခါးအောက် ပိုင်းထိုးနှံခြင်းတို့ဖြစ်သည်။ ခါး အောက်ပိုင်းတွင် ထိုးနှံသောအရုပ်များကို ယေဘုယျအားဖြင့် "ထိုးကွင်း" ဟုခေါ်ကြသည်။ ထိုကွင်းများတွင် အမျိုးပေါင်း ၆ဝ ကျော်ရှိသည်။

ဆေးမင်ကြောင်အရေးပါပုံ

အင်းဝခေတ်မှစ၍ ကုန်းဘောင် ခေတ်ကုန်ဆုံးပြီးနောက် နှစ်ပေါင်း အတန်ကြာသည်အထိ ဆေးမင်ကြောင်ခေတ်ကြီး အလွန်ကောင်းစားစဉ်က ထိုးကွင်းမင်ကြောင်မရှိလျှင် လူရာမဝင်သလောက်ပင် ဖြစ်သည်။ ကဗျာစာဆိုများကလည်း ကဗျာများတွင် ဆေးမင်ကြောင်အကြောင်း ဖွဲ့သီခဲ့ကြသည်။

ယောက်ျားပျိုလေးတစ်ယောက် က မိန်းမပျိုလေးတစ်ယောက်ကို နှစ်သက်သောကြောင့် နှစ်သက်သည်ပြောသည်ကိုပင် ထိုးကွင်းမင်ကြောင်နှင့် ဆုံးဖြတ်သည်။ " အကယ်ပြောသလော၊ အကယ်ပြောသည်မှန်လျှင် မင်ကြောင်ထိုးဦး" ဟု ဆိုလေ့ရှိသည်။ မင်ကြောင်မရှိသူ၏ ပြောစကားသည် အချက်အလက်မပြည့်စုံသော လျှောက်လွှာသဖွယ်ဖြစ်သည်။" သျှောင်တွဲနှင့် ပေါင်မည်းနှင့်" ဟူ၍ ခံ့ညားပုံကိုဖော်ပြခဲ့ကြသည်။ " ပေါင်းဖြူချင်း သေမင်းခေါ်တတ်တယ်" ဟူ၍ ထိုးကွင်းမရှိသူကို အိမ်ထောင်ဘက်အဖြစ် မရွေးချယ် သင့်ကြောင်း ရည်ညွှန်းခဲ့ကြသည်ကို တွေ့ရှိရသည်။

အလင်းဆက် (IR)
Popular Journal

Wednesday, July 24, 2013

အင်္ဂလိပ်လို Tatoo ၊ မြန်မာလို " ဆေးမင်ကြောင်" ဆိုသည်မှာ လူ၏ ကိုယ်အရေပြားပေါ်တွင်စွဲမြဲစွာ ထင် နေ
စေရန်တုတ်၊ဆူးချွန်အစရှိသောအရာများဖြင့်ဆေးရောင်သွင်းကာအရုပ် များ၊ အမှတ်အသားနှင့် ပန်းကနုတ်
စသောအလှအပများ ထိုးနှံခြင်းကို ခေါ်သည်။

အောင်ရဲလင်း ရဲ့ ဖက်ရှင်ဒီဇိုင်း

Photo: အောင်ရဲလင်း ရဲ့ ဖက်ရှင်ဒီဇိုင်း
Wednesday, July 24, 2013

ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးနေတဲ့ "ညအက္ခရာ" ဇာတ်ကားကို အောင်ရဲလင်းက မိုးဟေကိုနဲ့အတူ ရိုက် ကူးထားပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက ဂျလေဘီကာရိုက်တာနဲ့ သရုပ်ဆောင်ထားပြီး ကိုယ် မှန်ရင်အကုန်လုံး လုပ်တတ်တဲ့ ကောင်လေးအဖြစ် သရုပ် ဆောင်ထားပါတယ်။ 

ဒီဇာတ်ကားထဲမှာလည်း အောင်ရဲ လင်းကဂျလေဘီကာရိုက်တာနဲ့လိုက်အောင် ဆံပင်ပုံစံ ပြောင်းလဲထားတာတွေ့ရပါတယ်။ ဇာတ်ကားတစ် ကားမှာဖက်ရှင်ပုံစံပြောင်းလဲသွားမှလည်း ပရိသတ် ရဲ့အမြင်မှာအသစ်အဆန်း လေးတွေမြင် စေချင်တဲ့အကြောင်းကို လည်းအောင်ရဲလင်းက

" ဇာတ်ကား တစ်ကားမှာဖက်ရှင်က နံပါတ်တစ်လို့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အချစ်ဇာတ် ကားတွေ တော် တော်များများဆိုအချစ်ထဲမှာပဲ လှည့်ပတ်ပြီး ရိုက်နေရ တော့ ဖက်ရှင်ပုံစံပြောင်းမှ ပရိသတ်ရဲ့အမြင်မှာ ပြောင်းလဲသွားမယ်။ ပုံစံကွဲသွားမယ်။ အဲဒါ ကြောင့် ဖက်ရှင်ကိုအဓိကထားပြီး လုပ်တယ်။ 

ဆံပင်ကိုလည်းအဓိကအတတ်နိုင်ဆုံး ပြောင်းဖြစ်တယ်။အခု ဒီဇာတ်ကား ထဲမှာဆိုရင်ကျွန်တော်က ဂျလေ ဘီကာရိုက်တာအဖြစ် သရုပ် ဆောင်ရတော့ကာရိုက်တာ နဲ့လိုက်အောင် ဆံပင်ပုံစံ ကိုပြောင်းထားတယ်။ ဒီဆံပင်ပုံစံကိုဥက္ကာထက် Pop Soul ဖန်တီးပေးထားတယ်။ ကျွန်တော်ရှိတဲ့ဆံပင်ကို ထပ်ပြီးတော့ဆက်ထားတယ်။ 

အတုနဲ့အစစ်နဲ့ ရောထားတယ်။ ဘာပဲပြောပြောအတတ်နိုင်ဆုံး ပရိသတ်ရဲ့အမြင် မှာတစ်ခုခုကိုအပြောင်းအလဲလေးဖြစ် သွားစေချင် တဲ့အတွက်ကြိုးစားပြီး သရုပ်ဆောင်ဖြစ်ပါတယ်" လို့ပြောပါတယ်။ ဇာတ်လမ်းအပေါ်မှာ မူတည်ပြီး ဆံပင်ပုံစံ၊အဝတ်အစားဖက်ရှင်ပုံစံတွေကို စဉ်းစား လေ့ရှိတဲ့အောင်ရဲလင်းက

" ဘာဖြစ်လို့လဲဆိုတော့ ဖက်ရှင်နဲ့ဆံပင်ပုံစံက ၅ဝရာခိုင်နှုန်းလောက် အထောက်အပံ့ပေးတယ်။ ကျန်တဲ့ ၅ဝ ရာ ခိုင်နှုန်းကကိုယ့်ရဲ့အိုက်တင်နဲ့ပေါင်းပြီးလုပ် တယ်။ဆံပင်ဆိုလည်းပုံစံအမြဲ ပြောင်းတယ်။

အဲဒီလိုပြောင်းတဲ့အတွက် စိတ်ပါပြောင်း သွားအောင်လို့ အမြဲတမ်း ဆံပင်ပုံစံ ကိုပြောင်းတယ်။ ပြီးတော့ကျွန်တော်က ဇာတ်ကားရိုက်ရင် တအားကြီးစိတ် ညစ်ရတဲ့ ဇာတ်မျိုးဆိုရင် မရိုက်ဖြစ် ဘူး။ကိုယ်တိုင်ကလည်း စိတ်ညစ်တဲ့ဒဏ်ကိုသိပ်ပြီးမခံနိုင်ဘူး။ 

ဥပမာ- ဒုက္ခိတဇာတ်မျိုးတွေဆိုရင် ကျွန်တော် မရိုက်ဖြစ်ဘူး။ ဇာတ်ရွေးတယ်။ အဓိကကတော့ကိုယ်တိုင်က စိတ် ညစ်တဲ့ဒဏ်ကိုမခံ နိုင်တာကြောင့် ပါ။ အချစ်ဇာတ်လမ်းလေးတွေကျတော့ လူငယ်တွေနဲ့လည်း ပိုပြီးအံဝင်ခွင် ကျဖြစ်မယ်လို့ ထင်တယ်။ ပြီးတော့လူကြီးတွေအတွက်ကျတော့ မိသားစုဒရာမာလေးတွေ ရိုက်ဖြစ်ပါတယ်" လို့ ပြောပါတယ်။

လွင်လွင်ထွန်း
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Popular Journal
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
Wednesday, July 24, 2013

ဒါရိုက်တာ ကျော်ဇောလင်း ရိုက်ကူးနေတဲ့ "ညအက္ခရာ" ဇာတ်ကားကို အောင်ရဲလင်းက မိုးဟေကိုနဲ့အတူ ရိုက် ကူးထားပါတယ်။ ဒီဇာတ်ကားထဲမှာ အောင်ရဲလင်းက ဂျလေဘီကာရိုက်တာနဲ့ သရုပ်ဆောင်ထားပြီး ကိုယ် မှန်ရင်အကုန်လုံး လုပ်တတ်တဲ့ ကောင်လေးအဖြစ် သရုပ် ဆောင်ထားပါတယ်။

ဖာဘရီဂတ်စ်ကို ရောင်းချမည် မဟုတ်ဟု ဘာကာ ပြောကြား

Photo: ဖာဘရီဂတ်စ်ကို ရောင်းချမည် မဟုတ်ဟု ဘာကာ ပြောကြား
Wednesday, July 24, 2013

ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်အား ရောင်းချမည် မဟုတ်ဟု ဘာကာအသင်းက မန်ယူအား အသိပေး ပြောကြားထားပြီး ဖြစ်ကြောင်း ယင်းအသင်း၏ ဥက္ကဋ္ဌ ဆန်ဒရိုရိုဆဲလ်က ပြောကြားထားသည်။ 

မန်ယူအသင်းသည် အဆိုပါ ကစားသမားအား ခေါ်ယူရေးအတွက် ပေါင်သန်း ၃ဝ ဖြင့်  ထပ်ဆောင်းပေး၍ ကြိုးပမ်းခဲ့ကြောင်း၊ ဇူလိုင် ၂၂ ရက်က အတည်ပြု ပြောကြား ထားခဲ့သော်လည်း ၎င်းကြိုးပမ်းချက်ကို ဘာကာကငြင်းဆို လိုက်ကြောင်း စပိန် သတင်းစာများတွင် ထုတ်ပြန်ထားသည်။ ဖာဘရီဂတ်စ်သည် ရောင်းချရန် မဟုတ်သလို အသင်း၏ ဥက္ကဋ္ဌ အနေဖြင့်လည်း မန်ယူနှင့် ရှင်းလင်း ပြောကြားထားပြီး ဖြစ်ကြောင်း ဇူလိုင် ၂၂ ရက်တွင် အဆိုပါ ကလပ်အသင်းက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မြ၀တီ

Wednesday, July 24, 2013

ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်အား ရောင်းချမည် မဟုတ်ဟု ဘာကာအသင်းက မန်ယူအား အသိပေး ပြောကြားထားပြီး ဖြစ်ကြောင်း ယင်းအသင်း၏ ဥက္ကဋ္ဌ ဆန်ဒရိုရိုဆဲလ်က ပြောကြားထားသည်။

ဂစ်တာနိုင်ဇော်၏ “ဂန္တ၀င်တောင်ပံများ” စီးရီး သြဂုတ်တွင်ထွက်ရှိမည်

Wednesday, July 24, 2013

Lazy Club တီးဝိုင်းအဖွဲ့မှ ဂစ်တာနိုင်ဇော်၏ ငါးခွေမြောက်တူရိယာ သီးသန့်ပါဝင်သည့် “ဂန္ထ၀င်တောင်ပံ များ

” တစ်ကိုယ်တော်စီးရီးကို သြဂုတ်လအတွင်း ဖြန့်ချိမည်ဖြစ်သည်။ယင်းစီးရီးသည် လေးဖြူ၊အငဲ၊ ဖိုးကျော်၊ သျှီ၊
ထူးအယ်လ်လင်းတို့ သီဆိုခဲ့သည့် နာမည်ကြီးတေးသီချင်းများအား ပြန်လည်တီးခတ်ထားခြင်းဖြစ်ပြီး တေးသီ
ချင်း ၁၂ ပုဒ်၏ တူရိယာတီးခတ်မှုများပါဝင်မည် ဖြစ်သည်။

အရည်အချင်းရှိတဲ့ လူသစ်တန်း ဂီတသမားတွေကို ကူညီဖို့ Boxer လာပြီ

Photo: အရည်အချင်းရှိတဲ့ လူသစ်တန်း ဂီတသမားတွေကို ကူညီဖို့ Boxer လာပြီ
Wednesday, July 24, 2013

Big Bag အဖွဲ့ရဲ့ ဒရမ်မာ ဗီနိုထွန်း ဦးစီးပြီးတော့ Boxer Music Group ဆိုတဲ့ တေးထုတ်လုပ်ရေး တခုကို တည်ထောင်ထား ပြီး ဂီတလောကထဲ ဝင်ရောက်ချင်တဲ့ တကယ့် အရည်အချင်းရှိသူ ဂီတသမားတွေကို အဲဒီတေး ထုတ်လုပ်ရေးက ကူညီသွားဖို့ ရှိတယ်လို့ သိရပါတယ်။

Boxer Music Group မှာ သီချင်းတပုဒ် စဖြစ်လာဖို့ တေးရေးကနေစပြီး တေးဂီတ (Band)၊ အသံသွင်း စတူဒီယို၊ တူရိယာ ပစ္စည်းအစုံအလင် တို့လည်း ရှိတဲ့အပြင် ထုတ်လုပ်ဖြန့်ချိတဲ့ အပိုင်းကိုပါ တာဝန်ယူပေးမှာ ဖြစ်တယ်လို့ ဗီနိုထွန်းက ပြောပါတယ်။ ဗီစီဒီ အတွက် ရိုက်ကူးရေးပိုင်းကိုလည်း Boxer ကနေ တာဝန်ယူပေးမှာ ဖြစ်ပါတယ်။

“ကျနော်တို့ သူငယ်ချင်းတွေ ပေါင်းပြီးတော့ Boxer Music Group ဆိုတဲ့ ထုတ်လုပ်ရေး တခုလုပ်ဖြစ်တယ်။ လူသစ်တွေရဲ့ အခွေတွေကို ထုတ်ပေးတယ်။ စတူဒီယိုလည်းရှိတယ်၊ Production လည်းရှိတယ်၊ Band လည်းရှိတယ်။ အဲဒီတော့ အကုန်လုံး အပြီးအစီး လုပ်လို့ရတယ်” လို့ ဗီနီုထွန်းက ပြောပါတယ်။

Big Bag အပါအဝင် ဂီတ သူငယ်ချင်းတွေ တိုင်ပင်ကြပြီး Boxer ကို တည်ထောင်ခဲ့တာဖြစ်ကြောင်း၊ ဂီတ လောကထဲကို အရည်အချင်းရှိရှိ ဝင်ရောက်လာမယ့် မျိုးဆက်များအတွက် ကူညီပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

Boxer Music Group အနေနဲ့ ပိုက်ဆံရှိလို့ လုပ်တာ မဟုတ်ပေမယ့် အခက်အခဲရှိတဲ့ ဂီတ ညီအစ်ကို မောင်နှမတွေ အတွက် လိုအပ်တဲ့ အရာတွေကို ငွေကြေး နည်းနည်းနဲ့ စီစဉ်ကူညီမှာ ဖြစ်တယ်လို့ ဗီနိုထွန်းက ဆက်ပြောပါတယ်။

တကယ်လို့ ငွေကြေးအခက်အခဲ လုံးဝ ဖြစ်နေတယ်၊ အရည်အချင်းလည်း ရှိတယ်ဆိုရင် သူတို့ဘက်က တတ်နိုင်သမျှ အကူအညီ ပေးမယ်လို့လည်း သိရပါတယ်။

“ကျနော်တို့ ဂီတလောကက သိပ်ခေတ်မကောင်းတော့တဲ့ အချိန်မှာ ကိုယ်တိုင်ကိုယ်ကျ၊ ကိုယ့်လက်ကိုယ့်ခြေနဲ့ လုပ်ချင်တယ်။ ကိုယ့် ဂီတ အုပ်စုတွေလည်း စုစုစည်းစည်းနဲ့ လုပ်နိုင်မယ်။ ဂီတသမားတွေရဲ့ အခက်အခဲကို ဂီတသမားတွေကပဲ နားလည် တယ်။ အခုအချိန်က ပရိုဂျူဆာလည်း ရှားပါးနေတဲ့ ခေတ်ကြီးမှာဆိုတော့လေ၊ ကိုယ့်ဘာသာ လုပ်နိုင်မှ အသက်ရှူ ချောင်မယ်လေ” လို့ ဗီနိုထွန်းက ရှင်းပြပါတယ်။

နိုင်ငံကျော် အဆိုတော်တွေ ပါဝင်တဲ့ “ပန်းရောင်ခင်းတဲ့လမ်း” အတွဲစီးရီး၊ Underground Rock Band တွေ ပေါင်းစည်းထားတဲ့ “The Rock MTV” တေးစီးရီး၊ ကျားပေါက်ရဲ့ International song တွေ ပါဝင်တဲ့ “Blood Suger Politic” စီးရီး၊ အီတလီနိုင်ငံ တေးဂီတအဖွဲ့ရဲ့ “LUCID” အမည်ရ တေးစီးရီး၊ ကျော်သူရဟိန်းရဲ့ “ဂုဏ်သိက္ခာနှောင်ကြိုး” တေးစီးရီး စတဲ့ တေးစီးရီး တွေကိုလည်း Boxer Music Group ကနေ ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။

ပေါ့ပ် အဆိုတော် အသစ်ဖြစ်တဲ့ ကျော်သူရဟိန်းရဲ့ တေးစီးရီးကိုတော့ သီချင်းတီးတာ၊ အသံသွင်းတာ၊ ဖြန့်ချိတာ အားလုံးကို Boxer Music Group ကနေပဲ အစအဆုံး စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

Boxer Group အနေနဲ့ ရိုက်ကူးရေးပိုင်းကိုလည်း တာဝန်ယူပေးနေပြီး ရိုက်ကူးရေး၊ Editing စတာတွေ အတွက် ပညာရှင် တွေလည်း သူတို့ဆီမှာ ရှိပါတယ်။

“ကျနော်တို့က အနုပညာသမားဖြစ်တော့ အနုပညာ နည်းနည်းဆန်တယ်။ Boxer ကို ကြော်ငြာတာတွေလည်း မလုပ်ဖြစ်ခဲ့ဘူး။ နီးစပ်ရာ လေးတွေနဲ့ပဲ လုပ်နေကြတာ။ အခုမှစတာ ဆိုတော့ နောက်ပိုင်း တဖြည်းဖြည်း ကျနော်တို့ အတွက်ရော၊ အားလုံး အတွက်ပါ အသုံးဝင်လာမယ်လို့ ယုံပါတယ်” လို့ ဗီနိုထွန်းက ပြောပါတယ်။

Big Bag အဖွဲ့ က ဇူလိုင် ၂၇ ရက်နေ့ သုဝဏ္ဏကွင်းမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးပွဲတော်မှာလည်း ပါဝင်တီးခတ် သီဆိုကြမှာဖြစ်ပြီး သြဂုတ်လကုန်ပိုင်းမှာ Big Bag ရဲ့ တကိုယ်တော် စင်တင် ဖျော်ဖြေပွဲကို ကျင်းပကြမှာ ဖြစ်ပါတယ်။ တကိုယ်တော်ပွဲမှာ Big Bag ထွက်ခဲ့သမျှ သီချင်းမှန်သမျှကို ပြန်လည် ဆန်းသစ် တင်ဆက်ကြမှာဖြစ်ပြီး S.I.R အဖွဲ့ ကလည်း ပါဝင်သီဆိုမယ်လို့ ဗီနိုထွန်းက ဆိုပါတယ်။

ဗီနီုထွန်းဟာ Big Bag အဖွဲ့ရဲ့ ဒရမ်မာတဦး အနေနဲ့သာမက တေးရေးတေးဆို တဦးလည်း ဖြစ်ပါတယ်။ လူငယ်တွေ ပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ “ပြန်မဆုံဖြစ်ကြရင်” သီချင်းကို ရေးသားသီဆိုခဲ့သူ ဖြစ်ပြီး လက်ရှိမှာ တကိုယ်တော် ကိုယ်ပိုင်သံစဉ် စီးရီးကို အပြီးသတ်နေပြီလို့ သိရပါတယ်။

ဗီနိုထွန်းကို ကျော်သူရဟိန်းရဲ့ ဂုဏ်သိက္ခာနှောင်ကြိုး စီးရီး မိတ်ဆက်ပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – နဒီထိုက်) 
ဧရာဝတီ
ဗီနိုထွန်းကို ကျော်သူရဟိန်းရဲ့ ဂုဏ်သိက္ခာနှောင်ကြိုး စီးရီး မိတ်ဆက်ပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ – နဒီထိုက်)
Wednesday, July 24, 2013

Big Bag အဖွဲ့ရဲ့ ဒရမ်မာ ဗီနိုထွန်း ဦးစီးပြီးတော့ Boxer Music Group ဆိုတဲ့ တေးထုတ်လုပ်ရေး တခုကို တည်ထောင်ထား ပြီး ဂီတလောကထဲ ဝင်ရောက်ချင်တဲ့ တကယ့် အရည်အချင်းရှိသူ ဂီတသမားတွေကို အဲဒီတေး ထုတ်လုပ်ရေးက ကူညီသွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့လယ် ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရ

Wednesday, July 24, 2013

ရန်ကုန်မြို့လယ် လူစည်ကားသော နေရာတစ်ခုဖြစ်သည့် ကျောက်တံတား မြို့နယ်၊ ၃၅လမ်း (အထက်ဘလောက်)ရှိ Net Asia Mobile and Network Solution ဖုန်းအရောင်းဆိုင်တွင် ဇူလိုင်လ ၂၁ ရက် နံနက် ၁ နာရီခန့်က ကျပ်၂၇ သိန်း ကျော်ဖိုး ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း ဆိုင်ရှင်က The Voice သို့ပြောကြားသည်။

ငြိမ်းချမ်းရေး အနုပညာပွဲကြီး လာပြီ

Photo: ငြိမ်းချမ်းရေး အနုပညာပွဲကြီး လာပြီ
Wednesday, July 24, 2013

ကချင်စစ်ဘေးဒုက္ခသည်များအတွက် ကျင်းပမယ့် ငြိမ်းချမ်းရေးပွဲတော် ရံပုံငွေပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ဇူလိုင် ၂၇၊ ၂၈ ရက်နေ့တွေမှာ သိုက်သိုက်မြိုက်မြိုက် ကျင်းပပါတော့မယ်။

ရံပုံငွေပွဲမှာ ရရှိမယ့်  ငွေများအားလုံးကို ကချင်စစ်ဘေးသင့် ဒေသများသို့ တပြားမကျန် သွားရောက်လှုဒါန်းမယ်လို့ စီစဉ်သူများက ဆိုပါတယ်။

ငြိမ်းချမ်းရေးပွဲတော် ပထမရက်ဖြစ်တဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ ဇာတ်မင်းသားကြီး နန်းဝင်း အဖွဲ့ရဲ့ ” ငြိမ်းချမ်းရေး ရောဟိနီ” ပြဇာတ်၊ ဒါရိုက်တာကျော်ဇောလင်းရဲ့ ” မြေဇာပင်” ပြဇာတ်၊ ဇာတ်မင်းသား ဖိုးချစ်ရဲ့ နှစ်ပါးသွားဖျော်ဖြေမှု၊ လူရွှင်တော် အဖွဲ့များဖြစ်တဲ့ 5 stars ၊ ဟားငါးကောင်၊ DJ၊ စုဗူး၊ သီးလေးသီး၊ ရွှေညီအကို၊ ဧရာကျော်ထူး အဖွဲ့ ၇ ဖွဲ့ရဲ့ တခန်းရပ်ပြဇာတ်များကို တင်ဆက်ကြမှာဖြစ်ပါတယ်။

ဒါ့အပြင် Metal Zone တေးဂီတအဖွဲ့၊ Peace Music Group တေးဂီတအဖွဲ့၊ Big Bag တေးဂီတအဖွဲ့တို့နဲ့အတူ တေးသံရှင် ဇော်ပိုင်၊ Lလွန်းဝါ၊ စောဖိုးခွား၊ ကျားပေါက်၊ မီးမီးခဲ၊ ချစ်သုဝေ၊ ချမ်းချမ်း၊ ပရော့ဂျက် ဝမ်းအဖွဲ့၊ ဆိုင်ကလုံးအဖွဲ့၊ Fire Creker အဖွဲ့ တို့က တေးဂီတအစီအစဉ်များနဲ့ တင်ဆက်ဖျော်ဖြေကြမှာ ဖြစ်ပါတယ်။

Metal Zone တေးဂီတအဖွဲ့က တေးသံရှင် ၇ဦး ရဲ့ ဖျော်ဖြေမှုကို တီးခတ်ပေးရမှာဖြစ်ပြီး ပါဝင်ခွင့်ရတဲ့ အတွက် ဝမ်းသာတယ်လို့ Metal Zone ရဲ့ ဘေ့စ်ဂစ်တာ ကိုဖိုးဇော်က ပြောပြပါတယ်။

ပါဝင်တင်ဆက်မယ့် Big Bag  အဖွဲ့က ထူးထူးခြားခြား ဖျော်ဖြေနိုင်အောင် Orchestar သံစုံ တီးဝိုင်းများနဲ့ သူတို့ရဲ့ ပန့်ရောခ် တေးဂီတ တွေကို ရောစပ် ဖျော်ဖြေမှာဖြစ်တယ်လို့ Big Bag အဖွဲ့မှ ဗီနိုထွန်းဆီက သိရပါတယ်။

အမျိုးသမီး တေးသံရှင် နီနီခင်ဇော်ကတော့ အရင်က ဇူလိုင် ၂၈ ဒုတိယနေ့မှာ ပါဝင်ဖျော်ဖြေဖို့ လက်ခံထားခဲ့ပေမယ့် ဇူလိုင် ၂၇ ရက်နေ့ ပြောင်းလိုက်တဲ့ အတွက် အရေးကြီး အလုပ် ကိစ္စတခုနဲ့ တိုင်ဆိုင်နေလို့ စိတ်မကောင်းစွာ ဖျက်လိုက်ရတယ်လို့ နီနီခင်ဇော်က ပြောပါတယ်။

ဇူလိုင် ၂၈ မှာတော့ အိုင်းရင်းခရော့ခ် တေးဂီတအဖွဲ့တဖွဲ့ထဲကပဲ ၃နာရီခွဲစာလောက် ဖျော်ဖြေမှာဖြစ်ပြီး ပင်တိုင်တေးသံရှင်တွေဖြစ်တဲ့ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း တို့က သီဆိုကြမှာဖြစ်ပါတယ်။ ဒီပွဲမှာ ပါဝင်ဖို့ ဦးဇာဂနာ ကပဲ ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီပွဲ အတွက် အနုပညာရှင်တွေအားလုံးက မေတ္တာနဲ့ကူညီခဲ့တာဖြစ်တယ်လို့  IC တေးဂီတရဲ့ မန်နေဂျာ၊ ကိုညီညီဆီက သိရပါတယ်။

ငြိမ်းချမ်းရေးပွဲတော်နဲ့ပတ်သက်ပြီး ဦးစီး စီစဉ်သူ ဦးဇာဂနာက “အနုပညာရှင်တွေရဲ့ အလုပ်က သူတို့ နိုင်သလောက် တာဝန်ထဲကမှ ဒါကို တောင်းဆိုပေးတာ၊ အသံထွက် ပေးတာပါ။ အနုပညာသည် ဆိုတာကတော့ တာဝန်တခုအရ ဟိုဘက်ခေတ်တွေတုန်းက အစိုးရ ခိုင်းတဲ့ဟာတွေချည်းပဲ သူတို့လုပ်တဲ့ သဘော ရှိတာကိုး။ အခုဟာက ခိုင်းလို့ လုပ်တာ မဟုတ်ဘဲနဲ့ ကိုယ့်စိတ်သဘောထဲကကို ဒါဟာ အသံထွက်ပေးဖို့လိုပြီ၊ တိုင်းပြည်မှာ ငြိမ်းချမ်းရေး အတွက်ကို အနုပညာရှင်တွေကိုယ်တိုင်က မဟုတ်တာတွေ လျှောက်ပြီး လုပ်နေကြမယ့်အစား၊ တတိုင်းပြည်လုံး ငြိမ်းငြိမ်းချမ်းချမ်း ရှိမယ့်ဟာကို အနုပညာရှင်မှန်ရင် ထိပ်ဆုံးကနေ၊ ရှေ့ဆုံးကနေ တောင်းဆိုသင့်ပြီလို့ အနုပညာရှင်တွေ အားလုံး ကလည်း ယုံကြည်သွားပြီ၊ လုပ်မယ်ဆိုတဲ့ ဆန္ဒလည်း သူတို့ဆီမှာရှိသွားပြီ။ အဲဒီအတွက်ကြောင့် ဒီဟာကတော့ အတိုင်းအတာ တခုအနေနဲ့ နှိုးဆော်တဲ့ အသံဖြစ်သွားမှာပါ” လို့ ပြောပါတယ်။

ကြိုတင် လှုဒါန်းလိုသူများ၊ ပွဲတော်ရက်များမှာ လှုဒါန်းလိုသူများ အားလုံးအတွက် ဘဏ် ၃ ခုနှင့် ချိတ်ဆက်လှုဒါန်းနိုင်ကြောင်း သိရပါတယ်။ အလှုရှင်များအနေနဲ့ ၁) ထွန်းဖောင်ဒေးရှင်းဘဏ် ၊ အကောင့်နံပါတ် ST 1287/3500 1287 ၊ အကောင့်အမည် Myanmar Peace Fund၊ အကောင့် အမျိုးအစား Saving ။ ၂) ကမ္ဘောဇဘဏ်၊ အကောင့်နံပါတ် 021 123 000 2848၊ အကောင့်အမည် Myanmar Peace Fund၊ အကောင့် အမျိုးအစား Saving  ။ ၃) AGD ဘဏ် အကောင့်နံပါတ် 302 123 000 0836 ၊ အကောင့်အမည် Myanmar Peace Fund၊ အကောင့် အမျိုးအစား Saving တွေဆီ လှုဒါန်းနိုင်ကြောင်း သိရပါတယ်။

ဒါ့အပြင် ဖုန်းနံပါတ် ၀၉-၄၂၀-၃၀ ၈၈၀၁။  ၀၉-၃၁၂-၉၉၃၇၂။   ၀၉-၃၁၂-၅၉၆၁၉။ ၀၉-၇၃၁-၇၂၀၁၂။ ၀၉-၇၃၁-၀၂၄၈၂ စတဲ့ ဖုန်း ၅ လုံးကိုလည်း ဆက်သွယ်လှုဒါန်းနိုင်ပါတယ်။

ငြိမ်းချမ်းရေးပွဲတော် ဖျော်ဖြေမှုတွေကို Sky Net ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးပွဲတော်ဖျော်ဖြေပွဲ  လက်မှတ်များကို ကျပ် ၃သောင်း၊ ၂သောင်း၊ ၁သောင်း၊ ၆၅၀၀ ကျပ်တို့ဖြင့် ရောင်းချနေပြီး city mart ဆိုင်ခွဲများ၊ Ocean ဆိုင်ခွဲများ၊ ဘိုဘို အင်တာတိန်းမန့်၊ HOME ရုံးခန်း(ဗိုအောင်ကျော်လမ်းအောက်ဘလောက်) တို့မှာ ဝယ်ယူရရှိနိုင်ပါပြီ။

ရံပုံငွေပွဲမှာ ရရှိမယ့်  ငွေများအားလုံးကို ကချင်စစ်ဘေးသင့် ဒေသများသို့ တပြားမကျန် သွားရောက် လှုဒါန်းမယ် (ဓာတ်ပုံ – ဂျေပိုင်)
ဧရာဝတီ
ရံပုံငွေပွဲမှာ ရရှိမယ့်  ငွေများအားလုံးကို ကချင်စစ်ဘေးသင့် ဒေသများသို့ တပြားမကျန် သွားရောက် လှုဒါန်းမယ် (ဓာတ်ပုံ – ဂျေပိုင်)
Wednesday, July 24, 2013

ကချင်စစ်ဘေးဒုက္ခသည်များအတွက် ကျင်းပမယ့် ငြိမ်းချမ်းရေးပွဲတော် ရံပုံငွေပွဲကို ရန်ကုန်မြို့၊ သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ ဇူလိုင် ၂၇၊ ၂၈ ရက်နေ့တွေမှာ သိုက်သိုက်မြိုက်မြိုက် ကျင်းပပါတော့မယ်။

နိုင်ငံတကာ ရေတပ်များနည်းတူ ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေး မြန်မာ့ရေတပ်မတော်က လွှတ်တော်တွင် ဘတ်ဂျက်တောင်းမည်

နိုင်ငံတကာ ရေတပ်များနည်းတူ ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေး မြန်မာ့ရေတပ်မတော်က လွှတ်တော်တွင် ဘတ်ဂျက်တောင်းမည်

အာဆီယံနိုင်ငံ အများစုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ပိုင်ဆိုင်နေပြီဖြစ်သော Submarine (ရေငုပ်သင်္ဘော) ကို မြန်မာနိုင်ငံကလည်း ပိုင်ဆိုင်နိုင်ရေး စီစဉ်ထားမှုများ ရှိနေကြောင်းနှင့် လွှတ်တော်တွင် ဘက်ဂျက်တင်ပြ တောင်းခံပြီး ဆောင်ရွက်သွားရန် ရှိနေကြောင်း တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။

 ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံသည် လာမယ့် စက်တင်ဘာလတွင် ရုရှားနိုင်ငံမှ နှစ်စင်းတိတိ လွှဲပြောင်းရယူသွားတော့မည်ဖြစ်ပြီး တန်ဖိုး ဒေါ်လာသန်း ၅၀၀ တန် ဒီဇယ်ရေငုပ်သင်္ဘော ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသည်လည်း မကြာခင်ကာလအတွင်း အရှေ့တောင်အာရှ၏ အင်အားကြီး 3D ရေတပ်စနစ်ကို ဦးတည်နေပြီဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံအတွက် Submarine ကိစ္စက အရင်တုန်းကတည်းက ရှိခဲ့တာ။ ငွေကြေး လိုအပ်ချက်လေးတွေကြောင့် ခဏရပ်ထားတာ။ ဒီဘက်ခေတ်ရောက်တော့ ဘတ်ဂျက်ရရှိရေးအတွက် လွှတ်တော်ကို စောင့်ရမယ့် သဘောမှာ ရှိတယ်။ လွှတ်တော်ကို တင်ရဦးမှာပါ” ဟု မြန်မာ့တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။

 ဇွန်လအတွင်းက မြန်မာ့တပ်မတော်ရေသည် ရေငုပ်သင်္ဘောကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၌ မြန်မာစစ်သားများ လေ့လာမှုပြုလုပ်နေကြောင်း၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်တွင် ရေငုပ်သင်္ဘောများကို လေ့လာခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ကာ ယင်းသတင်းအပေါ် နိုင်ငံနယ်နမိတ် ကာကွယ်ရေးအတွက် ဝယ်ယူသုံးစွဲသင့်ကြောင်း အားပေးထောက်ခံနေကြသည်ကို သိရသည်။ မြန်မာနိုင်ငံနှင့် ရေပြင်ပိုင်ဆိုင်မှု ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရေငုပ်သင်္ဘောအပြင် တပ်မတော်ရေကို နိုင်ငံတကာအဆင့်မီ ရေတပ်တစ်ခုအဖြစ် တည်ဆောက်နေကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source: http://www.khitlunge.org.mm/news/news_detail.aspx?info_id=30755
Photo: မြန်မာနေ့စဉ်သတင်း

အာဆီယံနိုင်ငံ အများစုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ပိုင်ဆိုင်နေပြီဖြစ်သော Submarine (ရေငုပ်သင်္ဘော) ကို မြန်မာနိုင်ငံကလည်း ပိုင်ဆိုင်နိုင်ရေး စီစဉ်ထားမှုများ ရှိနေကြောင်းနှင့် လွှတ်တော်တွင် ဘက်ဂျက်တင်ပြ တောင်းခံပြီး ဆောင်ရွက်သွားရန် ရှိနေကြောင်း တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။

ခုနစ်နှစ်အတွင်း လိုင်စင်မဲ့ကား အစီး ၆၀ဝ ခန့် ဖမ်းမိ၊ ထိုကားများကို ပြခန်းဖွင့်၍ အရစ်ကျရောင်းမည်ဟုဆို

Wednesday, July 24, 2013

မြန်မာနိုင်ငံသို့ တရားမဝင်တင်သွင်းသည့် လိုင်စင်မဲ့ကားများကို နယ်စပ်ဂိတ်များမှ စစ်ဆေးခဲ့ရာ ၂၀ဝ၅ ခုနှစ်မှ စတင်ပြီးခုနစ်နှစ်အတွင်း ကားအစီးရေ ၆၀ဝ ခန့် ဖမ်းမိခဲ့ကြောင်း စီးပွားကူးသန်း ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဇူလိုင် ၂၃ ရက်က လွှတ်တော်တွင် ပြောကြားခဲ့သည်။ အဆိုပါကားများ၏ ခန့်မှန်းတန်ဖိုး စုစုပေါင်းမှာ ကျပ်သန်းပေါင်း ၁၈၀ဝ၀ ခန့်ရှိသည်ဟုလည်း ဒုဝန်ကြီးက ဆက်ပြောသည်။

ထိုင်ဝမ်ကျောင်းသားများအတွက် သီးသန့်ထုတ်သော HTC Desire 1500

ထိုင်ဝမ်ကျောင်းသားများအတွက် သီးသန့်ထုတ်သော HTC Desire 1500

သတင်းများအရ TC Desire 1500 ဟာ ထိုင်ဝမ်နိုင်ငံမှ ကျောင်းသားများ အတွက် ရည်ရွယ်ပြီး ထုတ်လုပ်တဲ့ဖုန်းဖြစ်ကြောင်း သိရပါတယ်။

ဘယ်နိုင်ငံကိုမှမဖြန့်ပါဘူး။ ဈေးသက်သာ အဆင့်မြင့် စမတ်ဖုန်း ဖြစ် ပါတယ်။ Processor -Qualcomm Snapdragon 200 1.2Ghz quad-core အသုံးပြုပြီး RAM 1GB ရှိပါတယ်။ ၄.၃ လက်မ အရွယ်ဖုန်း ဖြစ်ပြီး မျက်နှာပြင်က 800 x 480 resolution ပေးပါတယ်။ 4GB Storage က Built in ပါဝင်ပါတယ်။ 64 GB အထိ expand လုပ်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာ 8 megapixel ရှိပြီး 720 p video recording ပြုလုပ် နိုင် ပါတယ်။ ရှေ့ မှာတော့ 16 megapixel ပါ။ ဘက်ထရီ 1,800mAh အားရှိပြီး Talk time ၁၇.၈ နာရီ ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ၁၂၃ ဂရမ်အလေးချိန် ရှိတဲ့ ဖုန်း ဖြစ်ပါတယ်။

HTC Desire 1500 ကို ကာလတန်ဖိုးအားဖြင့် ထိုင်ဝမ် ဒေါ်လာ ၁၁၉၀၀ (ဗြိတိန်ပေါင် ၂၅၈) ဝန်းကျင်နဲ့ ထိုင်ဝမ်မှာ ရောင်းချပေးကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

http://blog.techspace.com.mm/2013/07/htc-desire-1500.html

အေးချမ်းမွန် Credit To >TechSpace Journal < Thank
Re-post By ACM 24-7-2013

သတင်းများအရ TC Desire 1500 ဟာ ထိုင်ဝမ်နိုင်ငံမှ ကျောင်းသားများ အတွက် ရည်ရွယ်ပြီး ထုတ်လုပ်တဲ့
ဖုန်းဖြစ်ကြောင်း သိရပါတယ်။

တွံတေးမြို့နယ် ကွမ်းခြံတခုအတွင်း အမျိုးသမီး ခေါင်းဖြတ် အသတ်ခံရမှု အမှုမှန်ပေါ်ပြီ

Wednesday, July 24, 2013

တွံတေးမြို့နယ် ကြည်တန်းကျေးရွာ ကွမ်းခြံ စိုက်ခင်းအတွင်း အသက် ၅၇ နှစ် အရွယ် အမျိုးသမီး တစ်ဦး ခေါင်းဖြတ် အသတ်ခံရမှုသည် လူ နှစ်ဦး ကို ငွေပေး၍ စေခိုင်းခဲ့ခြင်းဖြစ်ပြီး စေခိုင်းသူကပါ ယင်းသို့ ပြုလုပ်စဉ်တွင် ပါဝင်ခဲ့ကြောင်း ပြစ်မှု ကျူးလွန်သူဟု စွပ်စွဲခံရသူ သုံးဦးက ဝန်ခံ ထွက်ဆိုခဲ့ သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

၂၅.၇.၂၀၁၃ တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖြန့်ချီမည့် GSM နှင့် CDMA သတင်း

၁။ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လစဉ် တန်ဖိုးနည်းမိုဘိုင်းဖုန်း(၃၅၀၀၀၀)စီကို ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဧပြီလမှ စတင်၍ပြည်သူများ အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဆက်သွယ်အသုံးပြုနိုင်ရေး အတွက် ခွဲဝေရောင်းချပေးခဲ့ပြီးဖြစ်ပါသည်။

ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးလျှင် ဖမ်းဆီးမည်

Photo: ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးလျှင် ဖမ်းဆီးမည်
Wednesday, July 24, 2013

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့ဝင်များ လိုင်စင်မဲ့ယာဉ် စီးနင်းပါက ဖမ်းဆီး အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် အမျိုးသားလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး တစ်ဆယ့် သုံးရက်နေ့မြောက် အစီအစဉ်တွင် ဒုတိယ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ နယ်စပ် ဒေသများမှ တရားမဝင် လိုင်စင်မဲ့ ယာဉ်များ ဝင်ရောက်နေမှုကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ဌာနဆိုင်ရာ အသီးသီးမှ စစ်ဆေး အရေးယူနေပြီး ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် များကိုလည်း လိုင်စင်မဲ့ယာဉ် စီးနင်းခွင့် မပြုထားကြောင်း ဒုတိယ ဝန်ကြီးက ဆက်လက် ပြောကြားသည်။

“ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေကို ယာဉ်လိုင်စင်တွေ ပေးထားပြီးပြီ။ လိုင်စင်မဲ့ယာဉ် စီးရင် ဖမ်းပြီး အရေးယူမယ်” ဟု ဒေါက်တာပွင့်ဆန်းက ဆိုသည်။

မြန်မာနိုင်ငံရှိ နယ်စပ်ဂိတ် အသီးသီးမှ လိုင်စင်မဲ့ ကားများ မြန်မာနိုင်ငံ တစ်ဝန်းလုံးသို့ ပျံ့နှံ့ ဝင်ရောက်နေပြီး ယင်းသို့ ဝင်ရောက်ခြင်းမှာ နယ်စပ်ဂိတ် တာဝန်ရှိသူများနှင့် ညှိနှိုင်း သယ်ဆောင်သည်ဟု ယူဆကြောင်း တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်းက ပြောကြားသည်။

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လိုင်စင်မဲ့ မော်တော်ယာဉ် များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် ဧပြီလအထိ စစ်ဆေး ဖမ်းဆီးခဲ့ရာ မွန်ပြည်နယ်မှ ၃၃၃ စီးဖြင့် အများဆုံး ဖမ်းမိခဲ့ကြောင်း ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

၂၀၀၄-၂၀၀၅ ဘဏ္ဍာနှစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အထိ တရားမဝင် လိုင်စင်မဲ့ယာဉ်များ မြန်မာ-ထိုင်း နယ်စပ် မရမ်းချောင် ကုန်ပစ္စည်း စစ်ဆေးရေး စခန်းမှ အများဆုံး ဖမ်းမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စစ်တမ်းများအရ သိရသည်။

ထို့ပြင် မြဝတီ ကုန်သွယ်ရေး ဇုန်အနီး သောင်ရင်း မြစ်ကမ်းတစ်လျှောက် တရားမဝင် ဂိတ်များမှ လိုင်စင်မဲ့ ယာဉ်များ အဓိက ဝင်ရောက်ကြောင်း အဆိုပါ စစ်တမ်းများအရ သိရသည်။

၂၀၁၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ မနက် ၂ နာရီတွင် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ တပ်သား လေးဦးကို လိုင်စင်မဲ့ မော်တော်ယာဉ် စီးနင်းလာသဖြင့် ကျိုက်ထိုမြို့နယ် ရဲစခန်းက ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ယင်းသို့ ဖမ်းဆီးနေသော်လည်း တနင်္သာရီတိုင်းဒေသကြီး ထိုင်းနယ်စပ် မေတ္တာမြို့နယ်ခွဲတွင် ထိုင်းနံပါတ်ပြား သိသာ ထင်ရှားစွာ တပ်ဆင်၍ သွားလာဆဲပင်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

The Voice Weekly

Wednesday, July 24, 2013

အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့
ဝင်များလိုင်စင်မဲ့ယာဉ်စီးနင်းပါကဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး
ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောကြားသည်။

"ဆိုတေးဇနီး ဝင့်ကုဋေသူ အတွက် ငိုခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်း"

"ဆိုတေးဇနီး ဝင့်ကုဋေသူ အတွက် ငိုခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်း"
Wednesday, 24 July 2013

ဝိုင်းစုခိုင်သိန်းက သူရဲ့ စုံတွဲ အခွေ အတွက် ဇူလိုင်လ ၁ဝ ရက်နေ့ ကဆိုတေးနဲ့ အတူ Pro Music Studio မှာ တွေ့ဆုံခဲ့ပါတယ်။ ဆိုတေးရဲ့ ဇနီး ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)ချော ချောကလည်း အဲဒီနေ့က လိုက်လာခဲ့ ပါတယ်။

"ဝိုင်းစုရဲ့ အတွဲခွေ အတွက် ဆို တေးက သီချင်းတီးဖို့ လာလုပ်ပေး တယ်။ စတူဒီယိုရှေ့က သဘာဝ ဆိုင်မှာ အတူတူ စားသေးတယ်။ အဲဒီကောင် မလေး နဲ့ ဝိုင်းစုနဲ့ ဆိုရင် ဝိုင်းစုဘေး ကပ်ရပ် တင်စားတာ။ တအား အေး တာ။ ဆိုတေးက တစ်ချိန်လုံး နောက်နေတာပဲ။ သူက ပြုံးပြုံးလေးပဲ ချစ်ဖို့ ကောင်းတယ်။ အရင်တစ်ခေါက် သထုံမှာ သီချင်းသွားဆိုတော့ တွေ့ ဖူးတယ်။ အဲဒီတုန်းက သေချာမသိ လိုက်ဘူး။ ၁ဝ ရက်နေ့ကမှ သေချာ စကားပြောပြီး သူနဲ့ ဓာတ်ပုံတွေ ရိုက် တယ်။ သူ့ကင်မရာထဲမှာ လည်း နှစ် ယောက်တွဲ ဓာတ်ပုံ ရိုက်သေးတယ်။ ဆိုတေးကတောင်မှ ဝိုင်းစုနဲ့ ဆိုတဲ့ သီချင်းက အဲဒီ ကောင်မလေး ကြိုက် လို့ဆိုတဲ့ သီချင်းတဲ့။ မဆိုဘူးဆိုရင် စိတ် ကောက်မယ်လို့ လုပ်တယ်ဆိုပြီး စနေသေးတယ်" လို့ပြန်လည်ပြောပြခဲ့ပါတယ်။

ဆိုတေးတို့ ကားအက်ဆီးဒင့်ဖြစ် ပြီး ဝင့်ကုဋေသူ ကွယ်လွန်သွားတာ ကို မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်ဆို တဲ့ ဝိုင်းစုခိုင်သိန်းက

"သူဆုံးသွားပြီ ဆိုတော့ ယုံကို မယုံနိုင်ဘူး။ ကိုယ်နဲ့ တွေ့ထားတာ မှ ရက်ပိုင်းလေးပဲ ရှိသေးတယ်။ ဆို တေးလည်း အခြေအနေမကောင်း ဘူးလို့ ကြားတော့ တောက် လျှောက် သတင်းမေးနေတာ။ နေပြည်တော်က အသိ ကိုလည်း လိုက်သွားဖို့ ပြောတော့ သူ လည်းလိုက်သွားတယ်။ ဆေး ရုံ ကိုတောက်လျှောက် သတင်း လှမ်းမေးနေတာ။ အဲ ဒီကောင်မလေး ဆုံး သွားတော့ ဝိုင်းစုတို့ ငိုရ တယ်။ ဝိုင်းစု ရော၊ ဝိုင်းစုအမေ ရော၊ ဝိုင်းစု မိတ် ကပ်ဆရာရော အကုန်ငို ကြတယ်။

စတူဒီယို ရောက် တော့အသံသွင်းခါနီးမှာ ဆိုတေး သတင်း ထပ်ကြား တာက ဆိုတေးက ပရက်ရှာကျနေတယ်။ အခုတော့ ပရက်ရှာ နည်းနည်း တက်လာတယ်။ အားလုံး ဘုရားစာ ရွတ်နေပြီ တဲ့၊ ဆုံးခါနီး ရွတ်တဲ့ ဘုရား စာ ပေါ့။ အဲဒီတော့ ငိုရပြန်ရော၊ အသံသွင်းတာကို အဲဒီနေ့က တစ်ချိန် လုံး ငိုပြီး အသံသွင်းရတယ်။ ဆိုတေးနဲ့ ဆိုမယ့် သီချင်းနာမည်က "အသက်ရှု မှားအောင်" တဲ့၊ တကယ်ပဲ အဲဒီလို ဖြစ် သွားတာပဲ။ အခုတောင် ဝိုင်းစု စဉ်း စားနေတာ သူ အဲဒီနေ့က အကြမ်း ဆိုထားတာကို အသံဖမ်းထား တာကိုပဲ ထုတ်ရမလား၊ ဘယ်လို ဖြစ်မလဲ မသိဘူး။ အမှတ်တရ ဖြစ်သွားတာပေါ့။ ဆိုတေး သတိ ရလာရင် ဆေးရုံမှာဆိုတော့ ချော ဒီလိုဖြစ်တယ် ဆိုတာကို ချက် ချင်းမပြောသေးဘူးတဲ့။ သူ့နေ ရာမှာ ကိုယ်လည်းမခံစားနိုင်ဘူး။ ဆို တေးအတွက်တတ်နိုင်သမျှ အကောင်း ပကတိ အတိုင်းဖြစ်ပါစေလို့ ဝိုင်းစု ဆု တောင်းနေမှာပါ"လို့ပြောပါတယ်။

ခိုင်ဝေလွင်
Popular Journal

Wednesday, 24 July 2013

ဝိုင်းစုခိုင်သိန်းက သူရဲ့ စုံတွဲ အခွေ အတွက် ဇူလိုင်လ ၁ဝ ရက်နေ့ ကဆိုတေးနဲ့ အတူ Pro Music Studio မှာ တွေ့ဆုံခဲ့ပါတယ်။ ဆိုတေးရဲ့ ဇနီး ကွယ်လွန်သွားတဲ့ ဝင့်ကုဋေသူ(ခ)ချော ချောကလည်း အဲဒီနေ့က လိုက်လာခဲ့ ပါတယ်။

မက်ဆီစိတ်ကြိုက် မာတီနိုကို ဘာကာ နည်းပြ ခန့်လိုက်ပြီ

မက်ဆီစိတ်ကြိုက် မာတီနိုကို ဘာကာ နည်းပြ ခန့်လိုက်ပြီ
Wednesday, July 24, 2013

ဘာစီလိုနာသည် ကျန်းမာရေး ပြဿနာကြောင့် အနားပေးခဲ့သော နည်းပြ ဗီလာနိုဗာ နေရာတွင် နယူးဝဲလ်အိုးဘွိုင်း နည်းပြဟောင်း မာတီနိုကို အစားထိုးခန့်အပ်ခဲ့သည်။ မာတီနိုသည် ယမန်နေ့က ဘာစီလိုနာအသင်း တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
ခဲ့ပြီးနောက် ၂နှစ် စာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ မာတီနိုမှာ မက်ဆီ အကြိုက်တွေ့သည့် နည်းပြတစ်ဦးဖြစ်ပြီး ၎င်းကို နည်းပြအဖြစ် မခန့်အပ်မီ မက်ဆီက ချီးကျူးထားခဲ့ဖူးသည်။

မာတီနိုနှင့် ပတ်သက်၍ မက်ဆီက “ မာတီနိုဟာ ထိပ်တန်း နည်းပြတစ်ဦးဖြစ်သလို သူ့ကို ကျွန်တော် ကြိုက်ပါတယ်။ နယူးဝဲလ်အိုးဘွိုင်းမှာလည်း မာတီနိုရဲ့ စွမ်းဆောင်မှုတွေကို ကျွန်တော်တို့ တွေ့ခဲ့ရပြီးသားပါ”ဟုဆိုခဲ့သည်။ မာတီနိုမှာ အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်း တစ်ဦးဖြစ်ပြီး နယူးဝဲလ်အိုးဘွိုင်းနှင့်အတူ အမှတ်ပေးဖလား ရယူနိုင်ခဲ့ကာ ယင်းမတိုင်မီက ပါရာဂွေးနည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

http://yoyarlay.com/sport/football/36758-2013-07-23-17-45-36
ဇော်ထွန်း(ရိုးရာလေး)

Wednesday, July 24, 2013

ဘာစီလိုနာသည် ကျန်းမာရေး ပြဿနာကြောင့် အနားပေးခဲ့သော နည်းပြ ဗီလာနိုဗာ နေရာတွင် နယူးဝဲလ်
အိုးဘွိုင်းနည်းပြဟောင်းမာတီနိုကို အစားထိုးခန့်အပ်ခဲ့သည်။ မာတီနိုသည် ယမန်နေ့က ဘာစီလိုနာအသင်း
တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၂နှစ် စာချုပ် ချုပ်ဆိုရန်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။ 

ပြည်မြို့တွင် သမီးရည်းစား စုံတွဲထံမှ တပ်သားသုံးဦးက ပစ္စည်းလုယူ တိုက်ခိုက်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးမှုဖြစ်စဉ် စစ်ဆေးမှု သုံးလကြာသည်အထိ ထူးခြားမှု မရှိသေး

24.7.2013
ပြည်မြို့ န၀ဒေးတံတားအနီး၌ သမီးရည်းစား စုံတွဲထံမှ တပ်မတော်တပ်သား သုံးဦးက ပစ္စည်းလုယူ တိုက်ခိုက်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးမှုဖြစ်စဉ်ကို စီအိုင်ဒီ ရဲတပ်ဖွဲ့မှ ကိုင်တွယ်စစ်ဆေးနေမှု သုံးလကြာပြီ ဖြစ်သော်လည်း ယခုအချိန်ထိ စစ်ဆေးနေဆဲ အဆင့်သာ ရှိနေသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရှိ တာဝန်ရှိသူ တစ်ဦးက ဇူလိုင်၂၃ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

တော်ဝင်ရင်သွေးလေးကို လူထုရှေ့ပြသခဲ့တဲ့ ဝီလျံနှင့်ကိတ်


လန်ဒန် ၂၃ ဗြိတိန်နိုင်ငံရဲ့ မင်သားဝီလျံနှင့် ကိတ်မစ်ဒယ်လ်တန်တို့၏ တော်ဝင်ရင်သွေး သားတော်လေးကို ဇူလိုင်လ ၂၂ ရက်၊ ဗြိတိန်စံတော်ချိန် ညနေ ၄ နာရီ ၂၄ မိနစ်ကမွေးဖွားခဲ့ပြီး ၈ ပေါင် ၆ အောင်စရှိတယ်လို့ သိရပါတယ်။

အောင်မြင်ဖို့အတွက် အချက် ၃ ချက် ဖြည့်ဆည်းဖို့လိုကြောင်း စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ) ပြောကြား

အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် တဦးနဲ့တဦး ဖွင့်ဆိုပုံချင်း မတူညီကြသော်လည်းအများနဲ့သက်
ဆိုင်သော အောင်မြင်မှုကိုအဓိပ္ပာယ်ဖွင့်ရာ၌မိမိတို့၏ ပြီးမြောက်အောင်မြင်မှု(achievement )ကြောင့်စိတ်ကျေ
ကျေနပ်နပ်ဖြင့် ခံစားလိုက်ရမှုကို အောင်မြင်မှုဟုခေါ်ဆိုကြောင်းနှင့် ဘ၀အောင်မြင်မှုများ

Myanmar Hot Lines App For Android-(v.1.0)



hotl
Android ဖုန်းများအတွက် အဆင်ပြေပြီး အသုံးဝင်တဲ့ Myanmar Hot Lines Free Mobile Appလေးပါ။
 
Android ဖုန်းသုံးတဲ့ မိတ်ဆွေတွေအတွက်  Myanmar Hot Lines ဆိုတဲ့ Free Mobile App လေး Play 

Store ပေါ်မှာရောက်နေပါပြီ။

Galaxy Note 3 မှာပါလာမယ့် Samsung ရဲ့ CPU အသစ် Exynos 5 Octa (5420)





၂၃.၇.၂၀၁၃ ရက်နေ့မှာ Samsung က Galaxy Note 3 မှာပါလာမယ် CPU အသစ် Exynos 5 Octa (5420) ကို တရားဝင်ထုတ်ပြသွားပါတယ်.. လက်ရှိ Galaxy S4 i9500 မှာပါတဲ့ Exynos 5 Octa CPU ရဲ့ update version ဖြစ်ပါတယ်…

ဒေါ်ခင်ကြည် သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း ဇနီး

ဗိုလ်ချုပ်က အကြည်ရေဟုခေါ်သော ဒေါ်ခင်ကြည်အား အဖဦးဗိုလ်ငြိမ်း အမိဒေါ်ဖွားစုတို့မှ ၁၉၁၂ ခုနှစ်တွင်
မြောင်းမြမြို့ ဧရာဝတီတိုင်းတွင် မွေးဖွားခဲ့ပါသည်။ ဒေါ်ခင်ကြည်သည် All Femal ABM High School (ယခု အထက (၁) ကြည့်မြင်တိုင်)မှ သူနာပြုဒီပလိုမာအောင်မြင်ခဲ့ပါသည်။

မြေရှင်နှင့် ကန်ထရိုက်ကြား ပြဿနာ ဖြစ်ပွားမှုများကြောင့် ဆောက်လက်စနှင့် ရပ်နားထားသည့် တိုက်အလုံးရေ တစ်ရာကျော် အထိရှိနေ

23.7.2013
မြေပိုင်ရှင်နှင့် ဆောက်လုပ်သူ ကန်ထရိုက်ကြား ဖြစ်ပွားသည့် ပြဿနာများကြောင့် စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် ဆောက်လက်စ အဆောက်အအုံနှင့် တည်ဆောက်မှုလုပ်ငန်းများ ရပ်နားထားသည့် တိုက်အလုံးရေ တစ်ရာကျော်အထိ ရှိကြောင်း ‘ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)’မှ သတင်းရရှိသည်။

မြန်မာနိုင်ငံ၏တရားရေးမဏ္ဍိုင်လွန်စွာအင်အားချိနဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

မြန်မာနိုင်ငံ၏တရားရေးမဏ္ဍိုင်လွန်စွာအင်အားချိနဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို



လက်ရှိမြန်မာနိုင်ငံ၏အရေး ပါသောမဏ္ဍိုင်ကြီးများအနက် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်ဥပဒေပြုရေး မဏ္ဍိုင်ပိုင်အားကောင်းလာခဲ့ပါ သော်လည်း တရားရေးမဏ္ဍိုင်မှာ လွန်စွာအားအင်ချိနဲ့ နေလျက်ရှိ ကြောင်း ၊ ဒေါက်တိုင်သုံးခုသဖွယ် ဖြစ်နေသည့်အဓိကမဏ္ဍိုင်ကြီး(၃) ရပ်ညီညီမျှမျှမနေသည့်အတွက် တိုင်းပြည်အတွက်များစွာနစ်နာ ရပါကြောင်းပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကဝေဖန် ပြောကြားလိုက်သည်။

““ကျွန်မတို့နိုင်ငံနဲ့မဏ္ဍိုင်တွေ မှာတရားရေးမဏ္ဍိုင်ကအရမ်းကို အင်အားချိနဲ့နေပါတယ်။ ပြောရ မယ်ဆိုရင်ဒေါက်တိုင်သုံးခုသဖွယ် ဖြစ်နေတဲ့အဓိကမဏ္ဍိုင်ကြီးသုံးရပ် ညီမျှမှသာတိုင်းပြည်ရဲ့အနာဂတ် လိုအကောင်းဆုံးဖြစ်အောင်ပုံဖော် နိုင်မှာပါ။ခုတရားရေးမဏ္ဍိုင်က အင်မတန်အင်အားချိနဲ့နေတဲ့အခါ ကြတော့မညီမျှမှုတွေဖြစ်လာပြီး နိုင်ငံအတွက်အလွန်ကိုမှနစ်နာရ ပါတယ်။နောက်တရားရေးမဏ္ဍိုင် ရဲ့ခေါင်းဆောင်ကိုပြောမယ်ဆိုရင် ဘယ်သူကိုပြောရမှန်းမသိ။ နောက်ပြီးတော့တရားသူကြီးချုပ်၊ ရှေ့နေချုပ်တို့ကိုသမ္မတကခန့်အပ် တာဝန်ပေးရတဲ့အတွက်တရားရေး မဏ္ဍိုင်အောက်ကိုရောက်နေသလို ဖြစ်နေတယ်။

တကယ်တမ်းပြော ရရင်တိုင်းပြည်နဲ့အဓိကကျတဲ့ မဏ္ဍိုင်ကြီး(၃)ခုဟာလွတ်လွတ် လပ်လပ်နဲ့တစ်ခုကိုတစ်ခုထိန်း ကျောင်းရမှာပါ။ ခုထိန်းတဲ့အနေ အထားမရှိတဲ့အတွက်ဆက်ဆံရေး ဆိုတဲ့နေရာမှာလည်းမညီမျှမှုတွေ ဖြစ်လာပါတယ်။””ဟုဒေါ်အောင်ဆန်းစုကြည်ကပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း၊ ပြည်သူ့လွှတ် တော်ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဌဦးသိန်းဆွေတို့နှင့်အတူဇူလိုင် လ(၁၈)ရက်နေ့ကလွှတ်တော်အတွင်း ဇမ္ဗူသီရိခန်းမ၌တွေ့ဆုံရာ၌ပြော ကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်မှ လက်ရှိမြန်မာနိုင်ငံတရားရေးစနစ် အပေါ်လွန်စွာချိနဲ့အားနည်းကြောင်း ဝေဖန်သကဲ့သို့ပြည်တွင်းရှိတိုင်းရင်း သားလက်နက်ကိုင်အင်အားစုများ တိုင်းရင်းသားပါတီကြီးများကလည်း လက်ရှိမြန်မာနိုင်ငံ၏တရားရေး စနစ်သည်မိမိတို့အတွက်ကျေနပ် လက်ခံဖွယ်ရာမရှိသည့်အပြင်မိမိ တို့တိုင်းရင်းသားများ၏အခွင့်အရေး များကာကွယ်ရန်အတွက်လည်း ယုံကြည်နိုင်စရာအနေအထား တစ်ခုမဟုတ်သေးကြောင်းမကြာ သေးမီက Hot News နှင့်တိုင်းရင်း သားခေါင်းဆောင်အချို့တွေ့ဆုံစဉ် ယင်းတို့ကပြောကြားခဲ့သည်။

ခန့်ခန့်(ဒဿနိက)
The hot news weekly

လက်ရှိမြန်မာနိုင်ငံ၏အရေး ပါသောမဏ္ဍိုင်ကြီးများအနက် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့်ဥပဒေပြုရေး မဏ္ဍိုင်ပိုင်အားကောင်းလာခဲ့ပါ သော်လည်း တရားရေးမဏ္ဍိုင်မှာ လွန်စွာအားအင်ချိနဲ့ နေလျက်ရှိ ကြောင်း ၊ ဒေါက်တိုင်သုံးခုသဖွယ် ဖြစ်နေသည့်အဓိကမဏ္ဍိုင်ကြီး(၃) ရပ်ညီညီမျှမျှမနေသည့်အတွက်