Pages

Pages - Menu

Wednesday, July 24, 2013

အောင်မြင်ဖို့အတွက် အချက် ၃ ချက် ဖြည့်ဆည်းဖို့လိုကြောင်း စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ) ပြောကြား

အောင်မြင်မှုကို အဓိပ္ပာယ်ဖွင့်ဆိုကြရာတွင် တဦးနဲ့တဦး ဖွင့်ဆိုပုံချင်း မတူညီကြသော်လည်းအများနဲ့သက်
ဆိုင်သော အောင်မြင်မှုကိုအဓိပ္ပာယ်ဖွင့်ရာ၌မိမိတို့၏ ပြီးမြောက်အောင်မြင်မှု(achievement )ကြောင့်စိတ်ကျေ
ကျေနပ်နပ်ဖြင့် ခံစားလိုက်ရမှုကို အောင်မြင်မှုဟုခေါ်ဆိုကြောင်းနှင့် ဘ၀အောင်မြင်မှုများ
ရရှိစေဖို့အတွက် အဓိက အချက် ၃ ချက် ဖြည့်ဆည်းဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံစာပေလောက၏ အသက်
အငယ်ဆုံး လူငယ်စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ)က ပြောကြားလိုက်သည်။

ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ပြီး လကုန်ရက်ထိ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပနေသည့် (Internation

al Visitor Leadership Program)သို့ တက်ရောက်ဆွေးနွေးနေသည့် လူငယ်စာရေးဆရာ လင်းသိုက်ညွှန့် (မြန်
မာ့မြေ)ကိုအာရ်ကန်တိုင်းမ်စ်မှတယ်လီဖုန်းလိုင်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် သူက ထိုသို့ပြောကြား လိုက်
ခြင်းဖြစ်သည်။

လူငယ်များအတွက် မိမိတို့၏ဘ၀တွင် အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်အ

ကိုင်ပဲဖြစ်ဖြစ် အောင်မြင်မှုရရှိစေရန် (၁) အခြေခံဗဟုသုတ (Knowledge)၊ (၂) စွမ်းရည် (Skill) နှင့် စိတ်နေ
စိတ်ထား (Attitude) စသည့်အချက် ၃ သုံးချက် ဖြည့်ဆည်းပေးဖို့ လိုအပ်ကြောင်း ဆရာလင်းသိုက်ညွှန့် (မြန်
မာ့မြေ)က ပြောကြားသည်။

“ လူငယ်တွေအတွက်ဘ၀မှာအသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အလုပ်အကိုင်ပဲဖြစ်

ဖြစ် အောင်မြင်ချင်တယ်ဆိုရင် အချက် ၃ ချက်ပဲ ဖြည့်ဆည်းဖို့လိုပါတယ်။ 

ပထမအချက်က အခြေခံဗဟုသုတ (Knowledge) ပေါ့၊ ဒီ ဗဟုသုတတွေကတော့ စာဖတ်ခြင်းနှင့် အလွတ်
သင်ယူလေ့လာမှု (informal Learning) တွေကနေ ရပါတယ်။ 

ဒုတိယတချက်ကတော့ စွမ်းရည် (Skill) ရှိရပါမယ်၊ ကိုယ်က အင်ဂျင်နီယာဆိုရင် အင်ဂျင်နီယာနဲ့ ပတ်သက်
တဲ့ စွမ်းရည်၊ ဆရာဝန်ဆိုရင် ဆရာဝန်နဲ့ ပတ်သက်တဲ့စွမ်းရည် ရှိရပါ့မယ်၊ ထေရ၀ါဒဗုဒ္ဓဘာသာ မြန်မာလူမျိုး
တွေရဲ့ ပြောစကားအရဆိုရင်တော့ ဒီ ၂ ခုရှိတယ်ဆိုရင် ဒါ လူတော်ဖြစ်သွားပြီးပေါ့၊ 

ဒါပေမဲ့ ကျနော်တို့ လူကောင်းဖြစ်ချင်တယ်ဆိုရင်တော့ တတိယမြောက်အနေနဲ့ စိတ်နေစိတ်ထား (Attitude) ရှိရပါ့မယ်၊ လူတယောက်မှာ (knowledge)၊ (skill) နှင့် (Attitude) စတဲ့ အချက်သုံးချက် ရှိသွားပြီဆိုရင်တော့
 အောင်မြင်မှုရရှိဖို့ အတွက် အတော်လေးနီးစပ်သွားပါပြီ။ ” ဟု ဆရာလင်းသိုက်ညွှန့် (မြန်မာ့မြေ)က ပြော
သည်။

အရေးကြီးဆုံး နောက်ဆုံးအချက်တခုအနေဖြင့် စဉ်ဆက်မပြတ် လေ့လာသင်ယူမှု (Learning) ရှိဖို့ လိုအပ်

ကြောင်းလည်း သူကထပ်မံဖြည့်စွက် ပြောသည်။

“ ဒီဘက်ခေတ်မှာတော့ ဘ၀တသက်တာ စဉ်ဆက်မပြတ် လေ့လာသင်ယူမှု (life long learning) ရှိဖို့ လိုအပ်

ပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာအရဆိုရင် သေရင်တောင် သင်ယူမှုက မရပ်သေးပါဘူး။ ဘာဖြစ်လို့လဲဆို
တော့ ကျနော်တို့က နောက်ဘ၀မှာ ဆက်သင်ရအုံ့မယ်။ သံသရာတခုလုံး နိဗ္ဗာန်ကို မရောက်မချင်း လေ့လာ
သင်ယူရမှာဖြစ်တဲ့အတွက် အောင်မြင်ချင်တဲ့ လူငယ်တွေအတွက် လေ့လာသင်ယူမှုကို ဘယ်တော့မှ မရပ်ပါ
နဲ့ ။ (knowledge, Skill နှင့် Attitude) တွေကို များသထက် များအောင်ဖြည့်ပါ၊ ဒါဆိုရင်တော့ အနှေးနဲ့ အမြန်
 အောင်မြင်လာမှာဖြစ်ပါတယ်။ ” ဟု ၄င်းက ပြောကြားသည်။

စာရေးဆရာ လင်းသိုက်ညွှန့် (မြန်မာ့မြေ)ကို 1986 ခုနှစ်တွင် အင်းစိန်-ရန်ကုန်၌ အဘဦးစောအောင် အမိဒေ

ါ်သီသီထိုက်တို့မှ မွေးဖွားခဲ့သည်။

ဆရာလင်းသိုက်ညွှန့် (မြန်မာ့မြေ) သည် ၂၀၀၀ ပြည့်နှစ် စက်တင်ဘာလထုတ် Beauty မဂ္ဂဇင်းတွင် “ ကျွန်

တော်အကြိုက်ဆုံး စာအုပ်တအုပ် ” ဆောင်းပါးဖြင့် စာပေလောကသို့ စတင်ချေခြ၀င်ရောက်လာခဲ့ပြီး လက်
ရှိတွင် ပြည်တွင်းထုတ်အပတ်စဉ်ဂျာနယ်များ၌ ဆောင်းပါးပေါင်း ၁၀၀၀ ကျော်၊ ၀တ္ထု ၆ အုပ်၊ ဆောင်ပါးပေါင်း
ချုပ် ၁၃ အုပ်နှင့် မြန်မာနိုင်ငံ မြို့ရွာအနှံ့တွင် စာပေဟောပြောပွဲပေါင်း ၅၀ ကျော် ဟောပြောပြီးဖြစ်ကြောင်း သိရသည်။

ဆရာလင်းသိုက်ညွှန့်၏ ထွက်ရှိသမျှ စာအုပ်များမှာ ရောင်းအားအကောင်းဆုံးစာရင်းဝင်နေပြီး အောင်မြင်

ရေး စာပေဟောပြောပွဲများကိုလည်း နိုင်ငံအနှံ့မြို့ရွာများပါမကျန် အောင်မြင်စွာကျင်းပပြုလုပ်လျက်ရှိရာ စာဖတ်ပရိတ်သတ်များနှင့် စာပေချစ်မြတ်နိုးသူအများအပြား စိတ်ဝင်တစားဖြင့် တက်ရောက်နားဆင်ကြ
ကြောင်းလည်း လေ့လာသိရှိရသည်။

အာရ်ကန်တိုင်းမ်စ် (သတင်း)
RangonNewsDaily
kolatt (Pabedan): 24.7.2013

No comments:

Post a Comment