Pages

Pages - Menu

Wednesday, July 24, 2013

နိုင်ငံတကာ ရေတပ်များနည်းတူ ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေး မြန်မာ့ရေတပ်မတော်က လွှတ်တော်တွင် ဘတ်ဂျက်တောင်းမည်

နိုင်ငံတကာ ရေတပ်များနည်းတူ ရေငုပ်သင်္ဘောများ ပိုင်ဆိုင်ရေး မြန်မာ့ရေတပ်မတော်က လွှတ်တော်တွင် ဘတ်ဂျက်တောင်းမည်

အာဆီယံနိုင်ငံ အများစုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ပိုင်ဆိုင်နေပြီဖြစ်သော Submarine (ရေငုပ်သင်္ဘော) ကို မြန်မာနိုင်ငံကလည်း ပိုင်ဆိုင်နိုင်ရေး စီစဉ်ထားမှုများ ရှိနေကြောင်းနှင့် လွှတ်တော်တွင် ဘက်ဂျက်တင်ပြ တောင်းခံပြီး ဆောင်ရွက်သွားရန် ရှိနေကြောင်း တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။

 ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံသည် လာမယ့် စက်တင်ဘာလတွင် ရုရှားနိုင်ငံမှ နှစ်စင်းတိတိ လွှဲပြောင်းရယူသွားတော့မည်ဖြစ်ပြီး တန်ဖိုး ဒေါ်လာသန်း ၅၀၀ တန် ဒီဇယ်ရေငုပ်သင်္ဘော ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသည်လည်း မကြာခင်ကာလအတွင်း အရှေ့တောင်အာရှ၏ အင်အားကြီး 3D ရေတပ်စနစ်ကို ဦးတည်နေပြီဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံအတွက် Submarine ကိစ္စက အရင်တုန်းကတည်းက ရှိခဲ့တာ။ ငွေကြေး လိုအပ်ချက်လေးတွေကြောင့် ခဏရပ်ထားတာ။ ဒီဘက်ခေတ်ရောက်တော့ ဘတ်ဂျက်ရရှိရေးအတွက် လွှတ်တော်ကို စောင့်ရမယ့် သဘောမှာ ရှိတယ်။ လွှတ်တော်ကို တင်ရဦးမှာပါ” ဟု မြန်မာ့တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။

 ဇွန်လအတွင်းက မြန်မာ့တပ်မတော်ရေသည် ရေငုပ်သင်္ဘောကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၌ မြန်မာစစ်သားများ လေ့လာမှုပြုလုပ်နေကြောင်း၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်တွင် ရေငုပ်သင်္ဘောများကို လေ့လာခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ကာ ယင်းသတင်းအပေါ် နိုင်ငံနယ်နမိတ် ကာကွယ်ရေးအတွက် ဝယ်ယူသုံးစွဲသင့်ကြောင်း အားပေးထောက်ခံနေကြသည်ကို သိရသည်။ မြန်မာနိုင်ငံနှင့် ရေပြင်ပိုင်ဆိုင်မှု ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရေငုပ်သင်္ဘောအပြင် တပ်မတော်ရေကို နိုင်ငံတကာအဆင့်မီ ရေတပ်တစ်ခုအဖြစ် တည်ဆောက်နေကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Source: http://www.khitlunge.org.mm/news/news_detail.aspx?info_id=30755
Photo: မြန်မာနေ့စဉ်သတင်း

အာဆီယံနိုင်ငံ အများစုနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ပိုင်ဆိုင်နေပြီဖြစ်သော Submarine (ရေငုပ်သင်္ဘော) ကို မြန်မာနိုင်ငံကလည်း ပိုင်ဆိုင်နိုင်ရေး စီစဉ်ထားမှုများ ရှိနေကြောင်းနှင့် လွှတ်တော်တွင် ဘက်ဂျက်တင်ပြ တောင်းခံပြီး ဆောင်ရွက်သွားရန် ရှိနေကြောင်း တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။ ရေငုပ်သင်္ဘောနှင့် ပတ်သက်၍ ဗီယက်နမ်နိုင်ငံသည် လာမယ့် စက်တင်ဘာလတွင် ရုရှားနိုင်ငံမှ နှစ်စင်းတိတိ လွှဲပြောင်းရယူသွားတော့မည်ဖြစ်ပြီး တန်ဖိုး ဒေါ်လာသန်း ၅၀၀ တန် ဒီဇယ်ရေငုပ်သင်္ဘော ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံသည်လည်း မကြာခင်ကာလအတွင်း အရှေ့တောင်အာရှ၏ အင်အားကြီး 3D ရေတပ်စနစ်ကို ဦးတည်နေပြီဖြစ်ကြောင်း သိရသည်။ 
 
“မြန်မာနိုင်ငံအတွက် Submarine ကိစ္စက အရင်တုန်းကတည်းက ရှိခဲ့တာ။ ငွေကြေး လိုအပ်ချက်လေးတွေကြောင့် ခဏရပ်ထားတာ။ ဒီဘက်ခေတ်ရောက်တော့ ဘတ်ဂျက်ရရှိရေးအတွက် လွှတ်တော်ကို စောင့်ရမယ့် သဘောမှာ ရှိတယ်။ လွှတ်တော်ကို တင်ရဦးမှာပါ” ဟု မြန်မာ့တပ်မတော်(ရေ)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၂.၇.၂၀၁၃ ရက်တွင် ပြောကြားသည်။

ဇွန်လအတွင်းက မြန်မာ့တပ်မတော်ရေသည် ရေငုပ်သင်္ဘောကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်နိုင်ငံ၌ မြန်မာစစ်သားများ လေ့လာမှုပြုလုပ်နေကြောင်း၊ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်တွင် ရေငုပ်သင်္ဘောများကို လေ့လာခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ကာ ယင်းသတင်းအပေါ် နိုင်ငံနယ်နမိတ် ကာကွယ်ရေးအတွက် ဝယ်ယူသုံးစွဲသင့်ကြောင်း အားပေးထောက်ခံနေကြသည်ကို သိရသည်။
 
 မြန်မာနိုင်ငံနှင့် ရေပြင်ပိုင်ဆိုင်မှု ပြဿနာ အနည်းငယ် ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်လည်း ရေငုပ်သင်္ဘောအပြင် တပ်မတော်ရေကို နိုင်ငံတကာအဆင့်မီ ရေတပ်တစ်ခုအဖြစ် တည်ဆောက်နေကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

 
ခေတ်လူငယ် ,  RangonNewsDaily
kolatt (Pabedan): 24.7.2013

No comments:

Post a Comment