Pages

Pages - Menu

Thursday, June 6, 2013

၉၆၉ ဂိုဏ်းမှ အစွန်းရောက် ဘုန်းကြီး ရွှေည၀ါ ဂျပန်နှင့် ဂျာမဏီသို့ သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်

၉၆၉ ဂိုဏ်းမှ အစွန်းရောက် ဘုန်းကြီး ရွှေည၀ါ ဂျပန်နှင့် ဂျာမဏီသို့ သွားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သတင်း - အောင်စိုး 
၀၆/၀၆/၂၀၁၃

မူရင်းသတင်း - ရွှေညဝါဆရာတော် ဂျပန်သို့ ကြွမည်  http://blog.irrawaddy.org/2013/06/blog-post_7098.html
Thursday, June 6, 2013

၉၆၉ ဂိုဏ်းမှ အစွန်းရောက် ဘုန်းကြီး တစ်ပါးဖြစ်သော ရွှေည၀ါ သည် လာမည့် ဇွန်လ ၁၁ ရက်နေ့တွင် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ၆ ရက်ခန့်သွား ရောက်မည် ဖြစ်ကြောင်း ဧရာဝတီ ဘလောက်တွင်ဖေါ်ပြထားပါသည်။ 

ရွှေည၀ါ သည် မူလက ဒီမိုကရေစီ တော်လှန်ရေး ကြောင့် ထောင်ကျခဲ့သော ဘုန်းကြီးဖြစ်သော်လည်း ထောင်မှ ထွက်လာပြီး မကြာမှီ အမျိုးသားရေး အစွန်းရောက် တရားများ စဟောခဲ့သော်လည်း ထင်သလောက် 
နာမည်မရခဲ့သည့် အပြင် အစိုးရ မှ မူလ သီတင်းသုံးရာ ကျောင်းတိုက်တွင် သီတင်းသုံးခွင့် မပြုခဲ့သဖြင့် မှော်ဘီ မြို့အနီးကျောင်းတိုက် တစ်တိုက်တွင် နေထိုင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ 

နောက်ပိုင်း ၉၆၉ အကြမ်းဖက်ဂိုဏ်းမှ ဘုန်းကြီးဆိုး တစ်ဦးဖြစ်သူ  ၀ီရသူနှင့် ပူးပေါင်းခဲ့ပြီး အမျိုးသားရေး အစွန်းရောက် တရားများ ဟောကြားခဲ့ယုံမျှမက
ဘုန်းကြီးဆိုး ၀ီရသူနှင့်ပတ်သက်ပြီး ''၀ီရသူကို ထိရင် ကုလား ၁၀၀၀ သတ်မည်" ဟု ကြိမ်းဝါးခဲ့သူ တစ်ဦးဖြစ်ပါသည်။ 

ရွှေညဝါသည် မိတ္ထီလာ အရေးအခင်းအတွင်း အဆိုပါ ဘုန်းကြီးဆိုး ၀ီရသူ၏ အကြမ်းဖက်သမားများအား လှုံဆော်သော ၀ါဒဖြန့်မှုများတွင် ပါဝင်ကူညီခဲ့သူ တစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။ 

ယခင်ကလည်း အနောက်နိုင်ငံများသို့ သွားရောက်ပြီး ပြည်ပရောက် မြန်မာများအား အစွန်းရောက် အမျိုးသားရေး တရားများဟောခြင်း အနောက်နိုင်ငံများမှ လက်ယာစွန်း များနှင့် တွေ့ဆုံ ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယခု တစ်ကြိမ်တွင်လည်း မြန်မာနိုင်ငံ အတွင်း အကြမ်းဖက်မှုများ နှင့်ပတ်သက်၍ နိုင်ငံတကာမှ ဖိအားပေးမှုများများ လာချိန်တွင် ယခုကဲ့သို့ ပြည်ပခရီးအား စီစဉ်ခဲ့ခြင်းဖြစ်ပြီး  ဂျပန်နိုင်ငံမှ အပြန် ဂျာမဏီနိုင်ငံသို့ ဆက်လက်သွား မည်ဖြစ်ကြောင်း သိရှိရပါသည်။

Thursday, June 6, 2013

၉၆၉ ဂိုဏ်းမှ အစွန်းရောက် ဘုန်းကြီး တစ်ပါးဖြစ်သော ရွှေည၀ါ သည် လာမည့် ဇွန်လ၁၁ ရက်နေ့တွင်ဂျပန်
နိုင်ငံ တိုကျိုမြို့သို့ ၆ ရက်ခန့်သွား ရောက်မည် ဖြစ်ကြောင်း ဧရာဝတီ ဘလောက်တွင်ဖေါ်ပြထားပါသည်။

ကရင်ပြည်နယ်ထဲက မြို့သစ်တခု

Photo: ကရင်ပြည်နယ်ထဲက မြို့သစ်တခု
Thursday, June 6, 2013

ကရင်ပြည်နယ်အစိုးရ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်အချို့သည့် အရှေ့တောင်တိုင်း တိုင်းမှူးနှင့်အတူ  မြ၀တီခရိုင် စူကလီမြို့နယ်ခွဲ၊ ကလို့ထူးဘော (DKBA) ဌာနချုပ် စသည့် နေရာများသို့ ယနေ့မွန်းလွှဲပိုင်းတွင် ရောက်ရှိလာသည်။

”၀န်ကြီးချုပ်ပြောတာက ဒီဒေသမှာ လမ်းပန်းဆက်သွယ်ရေးအတွက် DKBA အပါအ၀င် ဒေသခံတွေနဲ့ပူး ပေါင်းပြီး လုပ်ဆောင်သွားဘို့အတွက် လာကြည့်တာလို့ပြောပါတယ်၊ လက်ရှိမှာ ဒီဒေသကိုမြို့နယ်ခွဲအဖြစ် လုပ်မယ်ဆိုရင်တော့ အတော့ကိုကြိုးစားရအုံးမယ်။ 
ဒီမှာကမြို့နယ်တခုရဲ့အနေအထားမရှိသေးပါဘူး၊ အဆောက်အအုံတွေပဲ ရှိပြီး၊ ဘာမှ အကောင်အထည်မဖော်နိုင်ရင် အရာရောက်မှာမဟုတ်ဘူး၊ လုပ်ရင်တော့ ထိထိရောက်ရောက်လုပ်ဘို့ လိုမယ်”
ဟု DKBA မှဗိုလ်မှူးကြီးဆန်းအောင်က ဧရာဝတီသတင်းဌာနကိုပြောသည်။

စူကလီမြို့နယ်ခွဲသတ်မှတ်ထားသည့်နေရာတွင် မြို့အင်္ဂါရပ်နှင့်တူညီရန် လိုအပ်ချက်များစွာရှိသည့်အတွက် ကရင်ပြည်နယ်အစိုးရအနေနှင့် အမှန်တကယ်ကူညီရန်လိုသည်ဟုလည်း ဗိုလ်မှူးကြီးဆန်းအောင်က ဖြည့်စွက် ပြောကြားသည်။

စူကလီဒေသခံတဦးဖြစ်သူဦးဖားသူးက ”ရွာကတော့ရွာကြီးပါဘဲ စိုက်ပျိုးရေးလုပ်ငန်း(ပြောင်း)ကို အဓိကစိုက်ကြတာပါ၊ အစိုးရကမြို့နယ်ခွဲဆိုပြီး သတ်မှတ်ကာကတော့ မကြာသေးဘူး။ မြို့ပုံစံတော့မပေါက်သေးပါဘူး ရွာကြီးဆိုတော့လေ၊ တကယ်မြို့ဖြစ်စေချင်ရင်တော့ မြို့နဲ့တူအောင်အများကြီး လုပ်ရပါအုံးမယ်။ 
လက်ရှိအနေအထားကတော့ မြို့ဆိုပြီးဘယ်လိုမှ ပြောလို့မရသေးဘူး။ အခုလာတဲ့ဝန်ကြီးချုပ်ရဲ့ အစီအစဉ်ကိုစောင့်ကြည့်ရအုံးမယ်၊ 
သူတို့ စီမံကိန်းချပြီးလုပ်ရင်ဖြစ်နိုင်တယ်၊ ရွာသားတွေပဲ ကိုယ်ထူကိုယ်ထလုပ်ရမယ်ဆိုရင်တော့ ကြာအုံးမယ်” ဟုဆိုသည်။

စူကလီဒေသသည် မြ၀တီမြို့၏တောင်ဘက်တွင်တည်ရှိပြီး မြ၀တီမှကားဖြင့်သွားလျှင် အချိန်  ၃ နာရီခန့်ကြာပြီး မြေနီလမ်းအတိုင်း တောင်တက်
 တောင်ဆင်း သွားလာရသည့် ခရီးကြမ်းဖြစ်သည်။

ကရင်ပြည်နယ်အစိုးရလွှတ်တော်ကိုယ်စားလှယ်တဦးက ”ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကရင်ပြည်နယ်ဖွံ့ဖြိုးရေး အတွက် ဂျပန်နဲ့နော်ဝေနိုင်ငံတွေက ငွေလှူထားတာတွေရှိတယ်။ 
ကရင်ပြည်နယ်အစိုးရက အဲဒီကရတဲ့ ငွေနဲ့စူကလီမြို့နယ်ခွဲအပါအ၀င်၊ ကရင်ပြည်နယ်ဖွံ့ဖြိုးရေးတွေကို အကောင်အထည်ဖော်မှာဖြစ်တယ်။
 ဒေသခံတွေအနေနဲ့ တပြားတချပ်မှထည့်စရာမလိုဘူး ဆိုတာ၊ ဒေသခံတွေကိုသိစေချင်တယ်”ဟုပြောသည်။

အစိုးရသတ်မှတ်ချက်အရ စူကလီမြို့နယ်ခွဲတွင် ဝေါ်လေဒေသနှင့် DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာတို့ ပါရှိသည်။   

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် DKBA ဌာနချုပ်တွင် ဗိုလ်ချုပ်ကြီးစောလားပွယ် (နှုတ်ခမ်းမွေး)နှင့်တွေ့ဆုံခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေးအခြေအနေအချို့ကို ပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Irrawaddy

Thursday, June 6, 2013

ကရင်ပြည်နယ်အစိုးရ၀န်ကြီးချုပ်နှင့် အဖွဲ့ဝင်အချို့သည့် အရှေ့တောင်တိုင်း တိုင်းမှူးနှင့်အတူ မြ၀တီခရိုင် စူ
ကလီမြို့နယ်ခွဲ၊ ကလို့ထူးဘော (DKBA) ဌာနချုပ်စသည့် နေရာများသို့ယနေ့မွန်းလွှဲပိုင်းတွင် ရောက်ရှိလာ
သည်။ ”၀န်ကြီးချုပ်ပြောတာက ဒီဒေသမှာ လမ်းပန်းဆက်သွယ်ရေးအတွက် DKBA အပါအ၀င် ဒေသခံတွေ
နဲ့ပူး ပေါင်းပြီး လုပ်ဆောင်သွားဘို့အတွက် လာကြည့်တာလို့ပြောပါတယ်၊

နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ တွင်ယာဉ်တိုက်မှုဖြစ်ပွား နိုင်ငံခြားသားတစ်ဦးသေဆုံး

Photo: အသက်များအပိုပါကြလား......
Thursday, June 6, 2013

၆/၆/၂၀၁၃ မွန်းလွဲ ၂ နာရီခန့် နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ ပါရာဒို နှင့် AD Van ယှဉ်မောင်း တိုက်မှုဖြစ် ပါရာဒို ချောက်ထဲကျ နိုင်ငံခြားသား ၁ ဦးသေဆုံး AD Van လမ်းဘေးထိုးကျ အမျိုးသမီး ၂ ဦးသေဆုံးမီဒီယာသမားများနှင့် စပ်စုသူများဖြင့် များပြားလျှက်ရှိ။

FB ကားပွဲစားတန်း

Thursday, June 6, 2013

 ယနေ့နေ့လည် ၂နာ၇ီခန့်က  နေပြည်တော် ရန်ကုန် မိုင်တိုင် ၁၈၀/၅ တွင်
ပါရာဒို နှင့် AD Van ယှဉ်မောင်း ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။အဆိုပါယာဉ်တိုက်မှုကြောင့်------------------------------

နေနေရဲ့ ဆူးစူးသူ ဗီစီဒီမှာ ညီမဖြစ်သူ ချမ်းချမ်းရဲ့ ချစ်သူက သီချင်း ၃ ပုဒ် မေတ္တာနဲ့ ရိုက်ကူးပေးခဲ့

Photo: နေနေရဲ့ ဆူးစူးသူ ဗီစီဒီမှာ ညီမဖြစ်သူ ချမ်းချမ်းရဲ့ ချစ်သူက သီချင်း ၃ ပုဒ် မေတ္တာနဲ့ ရိုက်ကူးပေးခဲ့ 
Thursday, June 6, 2013

ဇွန် ၇ ရက်နေ့မှာ The Sun တေး ထုတ်လုပ်ရေးကနေ ဖြန့်ချိမယ့် အဆိုတော် နေနေရဲ့ စူးဆူးသူ ဗီစီဒီမှာ နေနေ့ရဲ့ ညီမဖြစ်သူ မော်ဒယ်လ် အဆိုတော် ချမ်းချမ်းက သရုပ်ဆောင်ပေးထားပြီး ချမ်းချမ်းရဲ့ချစ်သူ ဘုဏ်းသိုက်ကတော့ ဒီဗီစီဒီမှာ သီချင်း ၃ ပုဒ် လက်ဆောင် ရိုက်ကူးပေးထားတယ်လို့ သိရပါတယ်။

စူးဆူးသူ Audio ကို ၂၀၁၂ ဇန်နဝါရီမှာ ဖြန့်ချိခဲ့ပြီး နေနေရဲ့ နေနေရဲ့ ချစ်သူ တေးသံရှင် လင်းမြိုင် ကလည်း သီချင်းတပုဒ် ဝင်ရောက် သီဆိုပေးထားတာပါ။

ဗီစီဒီ ကိုတော့ သရုပ်ဆောင်များစွာ၊ ဒါရိုက်တာများစွာနဲ့ ပရိသတ်ကို ချပြတော့မှာ ဖြစ်ပါတယ်။ စူးဆူးသူ ဗီစီဒီနဲ့ ပတ်သက်ပြီး နေနေက ပရိသတ်ရဲ့ အားပေးမှုကို မျှော်လင့်နေသလို ပရိသတ်ကိုလည်း ယုံကြည်တယ်လို့ ဆိုပါတယ်။

“ကိုယ့်ရဲစိတ်က ဒီအခွေလေးကို စီဒီမှာ ပရိသတ်ရဲ့ တုန့်ပြန်မှုက နည်းနေသေးတော့ တမျိုးတော့ ခံစားရပါတယ်။ ပရိသတ်တွေကို ယုံပါတယ်။ သူတို့ကလည်း ကိုယ့်အခွေလေးကို စောင့်နေမယ်လို့ ထင်ပါတယ်။ အားပေးမှုကိုလည်း မျှော်လင့်နေပါတယ်” လို့ သူက ပြောပါတယ်။

နေနေရဲ့ စူးဆူးသူ စီဒီမှာ သီချင်း ၁၂ ပုဒ်ပါဝင်ပြီးတေးရေး ရွှေဂျော်ဂျော်၊ အငဲ၊ ဟဲလေး၊ သြရသ၊ နေထိုက်စိုး၊ ကနဲ၊ လင်းမြိုင်၊ နေနေ၊ ဒီထက်တို့က ရေးဖွဲ့ပေးခဲ့တဲ့ တေးသီချင်းတွေထဲမှာ စူးဆူးသူ၊ နိဂုံး ဆိုတဲ့ တေးသီချင်းတွေကို ပရိသတ်တွေ နှစ်သက်ခဲ့ကြပါတယ်။ အခု တနှစ်ကျော်အကြာမှာ ထွက်ရှိလာတော့မယ့် နေနေရဲ့ ဗီစီဒီမှာတော့ ဒါရိုက်တာ သုံးပေါင်၊ ပီတာ၊ ဘုဏ်းသိုက်၊ ကိုရိုး၊ ကိုအောင်၊ အယ်ကြီးတို့က ရိုက်ကူး ပုံဖော်ပေးထားပါတယ်။

တေးသံရှင်နေနေက သူရဲ့ စီးရီးနဲ့ ပတ်သက်ပြီး “ဒီဆူးစူးသူနဲ့ ပတ်သတ်ပြီး အခက်အခဲကတော့ ညီမဒီကြားထဲမှာ ကြာသွားတာက နယ်တွေမှာ ရှိုးဆိုတယ်ပေါ့၊ ရိုက်တာက နည်းနည်း ကြာသွားတာပေါ့။ အမှတ်တရတွေ ဆိုရင် အများကြီးပဲ ကိုယ်တိုင်ကိုက ရိုက်ကူးရေး လုပ်တာပါ။ ကလောမှာကတော့ ကျမ မပါဘူး။ ချမ်းချမ်းနဲ့ ဘုဏ်းသိုက်နဲ့ ခရီးထွက်တုန်းက ရိုက်ထားတာ လေးပါ။ တခြားသီချင်းတွေကို ရန်ကုန်မှာပဲ ရိုက်ပါတယ်” လို့ ရှင်းပြပါတယ်။

ဆူးစူးသူ ဗီစီဒီမှာ သရုပ်ဆောင် အဖြစ် နေနေကိုယ်တိုင် ပါဝင်ထားပြီး သရုပ်ဆောင် အရိုင်း၊ ဆန်းထွဋ်၊ ဘုဏ်းသိုက်၊ ရဲသီဟကို၊ မြတ်သူကျော်၊ စည်သူအောင်၊ ဇွဲနောင်၊ ဥက္ကာမင်းသာ၊ အုပ်စိုး၊ လင်းမြိုင်၊ ချမ်းချမ်း၊ ပိုးဒါလီ၊ ဝင့်ယမုံလှိုင်၊ အိမ့်ဖူး၊ ဆုလာဘ်ရွှေစင်၊ ကယ်ရိုလ်လိုင်း၊ နွေဦးကို၊ မီးလေးစတဲ့ သရုပ်ဆောင်တွေကလည်း အားဖြည့် ထားကြပါတယ်။

နေနေရဲ့ ဗီစီဒီမှာ ပါဝင်ထားတဲ့ ချမ်းချမ်းက “နေနေရဲ့ နိဂုံးဆိုတဲ့သီချင်းမှာ သရုပ်ဆောင် ထားပါတယ်။ သီချင်းတော့ တွဲ မဆိုထားပါဘူး။ ညီမ ကလောရောက်တုန်းလေး အဲဒီ သီချင်းလေးလည်း ကြိုက်တာနဲ့ ရိုက်ဖြစ်ခဲ့တာပါ။ ဘုဏ်းသိုက်က ရိုက်ပေးထားပါတယ်။ မနေနေရဲ့ စီးရီးနဲ့ ပတ်သတ်ပြီးတော့ ပရိသတ်တွေလည်း စိတ်တိုင်းကျမယ် ထင်ပါတယ်။ သူနဲ့လိုက်မယ့် သီချင်းတွေပဲ သူ စုစည်းထားတာပါ။ သူ့အသံနဲ့ လိုက်ဖက်တယ် ညီမ ကိုယ်တိုင်လည်း ကြိုက်တယ်၊ ပရိသတ် ကြိုက်မှာပါ။ အားပေးစောင့်မျှော်နေတဲ့ ပရိသတ်တွေကို နေနေ အတွက်ရော၊ နေနေ ရိုက်ထားတဲ့ ဗီစီဒီလေးရော ကြိုးစားထားပါတယ်။ အားပေးကြပါလို့ ပြောချင်ပါတယ်” လို့ ချမ်းချမ်းက သူ့ရဲ့ အစ်မ နေနေအတွက် အားပေးစကား ပြောပေးပါတယ်။

ပါဝင် သရုပ်ဆောင်ထားကြတဲ့ သရုပ်ဆောင်များစွာထဲက MRTV 4 မင်းသမီး အဖြစ် ပရိသတ် သိပြီးသား သရုပ်ဆောင် ဝင်းယမုံလှိုင်ကလည်း “နေနေရဲ့ ဆူးစူးသူ ဗီစီဒီမှာ ကျမက ဘာကြောင့်များမင်း ဆိုတဲ့ သီချင်းကို သရုပ်ဆောင် ထားပါတယ်။ကျမ သရုပ်ဆောင်တာ အဆွေးသီချင်းပါ။ အဲဒီသီချင်းမှာ ချစ်သူနှစ်ယောက်က တယောက်နဲ့ တယောက် ချစ်ရဲ့သားနဲ့ နားလည်မှု တခုကြောင့် ဝေးသွားတဲ့ပုံစံမျိုး။ အစကတော့ ချစ်သူတွေဖြစ်ပြီး နောက်ပိုင်း ခွဲသွားတဲ့ ပုံစံမျိုး သရုပ်ဆောင် ထားတာပါ။ နေနေရဲ့ စီးရီးမှာ ပါဝင်သရုပ်ဆောင် ရတဲ့အတွက် အရမ်းပျော်တယ်၊ ဘာလို့လဲ ဆိုတော့ အပြင်မှာ မနေနေရဲ့ ပရိသတ် တယောက်ပါပဲ။ တခွေလုံး ကြိုက်တယ်။ ဆူးစူးသူဆိုတဲ့ သီချင်းက အကြိုက်ဆုံးပါ။ မနေနေ ဗီစီဒီမှာ သရုပ်ဆောင်ခွင့် ရတဲ့အတွက် အရမ်းဝမ်းသာတယ်” လို့ ပြောပြပါတယ်။

တေးသံရှင် နေနေက ၂၀၀၆ ခုနစ် မယ်လိုဒီဝေါလ် အဖွင့်သီချင်းနဲ့ ဂီတလောကထဲ စ၀င်ခဲ့ပြီး လမ်းဆုံ အတွဲစီးရီး၊ ရွှေရောင် နေ့ရက်များ အတွဲစီးရီး၊ City FM နှစ်ပတ်လည် စီးရီးတွေမှာလည်း ပါဝင်သီဆိုခဲ့သူ ဖြစ်ပါတယ်။

နေနေရဲ့ စူးဆူးသူ ဗီစီဒီ အတွက် သတင်းစာရှင်းလင်းပွဲတွင် ညီမဖြစ်သူ ချမ်းချမ်း၊ ဘုဏ်းသိုက်တို့နှင့် အတူ နေနေ့ကို တွေ့ရစဉ်
 (ဓာတ်ပုံ – နဒီထိုက် / ဧရာဝတီ)

ဧရာဝတီ
နေနေရဲ့ စူးဆူးသူ ဗီစီဒီ အတွက် သတင်းစာရှင်းလင်းပွဲတွင် ညီမဖြစ်သူ ချမ်းချမ်း၊ ဘုဏ်းသိုက်တို့နှင့် အတူ နေနေ့ကို တွေ့ရစဉ်
Thursday, June 6, 2013

ဇွန် ၇ ရက်နေ့မှာ The Sun တေး ထုတ်လုပ်ရေးကနေ ဖြန့်ချိမယ့် အဆိုတော် နေနေရဲ့ စူးဆူးသူ ဗီစီဒီမှာ နေ
နေ့ရဲ့ ညီမဖြစ်သူ မော်ဒယ်လ် အဆိုတော် ချမ်းချမ်းက သရုပ်ဆောင်ပေးထားပြီး ချမ်းချမ်းရဲ့ချစ်သူ ဘုဏ်း
သိုက်ကတော့ ဒီဗီစီဒီမှာ သီချင်း ၃ ပုဒ် လက်ဆောင် ရိုက်ကူးပေးထားတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး အချေအတင်ဆွေးနွေး


Thursday, June 6, 2013

ဇွန် ၆ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်အကြို ဆွေးနွေးပွဲအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ခဲ့တဲ့ ဒေါ်ဇင်မာအောင်တို့က

မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာ ပွင့်လင်းမူမရှိဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာ ပွင့်လင်းမူမရှိဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာသည် ပွင့်လင်းမူမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။

ယနေ့ညနေခြောက်နာရီတွင် နေပြည်တော် MICC၌ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲ တွင် ပြည်ပသတင်းဌာနတစ်ခု၏ မေးမြန်းမူကို ပြန်လည်ဖြေကြားရာတွင်ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်ကအစိုးရသည် ပြည်သူလူထုအတွက် လုပ်နိုင်သည်ကိုစတင်ဆောင်ရွက်သင့်ကြောင်း ၊ ပြည်သူလူထု၏လိုအပ်ချက်ကို ဦးတည်စေချင်ကြောင်း ပြောသည် ။

ပြည်သူလူထုအတွက် အလုပ်အကိုင်၊ ရေ၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ပညာရေး၊ ကျန်းမာရေး စသည့်လိုအပ်ချက်ခြောက်ချက်ကို ၄င်းကထောက်ပြခဲ့သည်။

လက်ရှိတွင် ၄င်း၏ မဲဆန္ဒနယ်ဖြစ်သေည့် ကော့မူးတွင် အလုပ်လက်မဲ့လူငယ် ၇၅ %၇ှိနေကြောင်း ၊ မြန်မာနိုင်ငံရှိလူငယ် ၇၅%သည်အလုပ်လက်မဲ့ဖြစ်နေပြီး အလုပ်လက်မဲ့လူငယ်များသည်မျှော်လင့်ချက်ပျက်ပြားကာ လူမူရေးပြသနာများဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
မေဇင်ဝင်း

အစိုးရ၏ ပြုပြင်ပြောင်းလဲမူဗျူဟာပွင့်လင်းမူမရှိကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်
ဆန်းစုကြည်က ဝေဖန်ပြောကြားလိုက်သည်။

ချဲလ်ဆီး အသင်း၏ ဘန်ကောက် ခြေစမ်းပွဲ ခရီးစဉ် မြန်မာ ပရိသတ်များ ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု ပေးနေ

Photo: ချဲလ်ဆီး အသင်း၏ ဘန်ကောက် ခြေစမ်းပွဲ ခရီးစဉ် မြန်မာ ပရိသတ်များ ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှု ပေးနေ
Thursday, June 06, 2013

ဇူလိုင်လ အတွင်း ထိုင်းနိုင်ငံသို့ လာရောက် ခြေစမ်းပွဲ ကစားမည့် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်းပွဲစဉ်အား ကြည့်ရှုလိုသူ မြန်မာ ပရိသတ် များကို သူရိယ အင်တာနေရှင်နယ် ကုမ္ပဏီက ပွဲကြည့်ရှုနိုင်ရန် စီစဉ်ပေးလျက် ရှိကြောင်း သိရသည်။

ဇူလိုင်လ ၁၇ ရက်နေ့ တွင် ချဲလ်ဆီးနှင့် ထိုင်း All Star အသင်းတို့ ကစားမည့် အဆိုပါ ပွဲစဉ်အား ကျပ် ငါးသိန်းခွဲခန့် ဖြင့် ဝန်ဆောင်မှု ပေး၍ ပို့ ဆောင်ပေး မည်ဖြစ်ကြောင်း သူရိယ အင်တာနေရှင်နယ်မှ ဦးမျိုးဝေတင့်
က ပြောသည်။

”ဇူလိုင် ၁၃ ရက်မှာ ကစားမယ့် မန်ယူပွဲက လက်မှတ်ကုန် ပါပြီ။ ချဲလ်ဆီး ပွဲကတော့ ဇွန် ၈ ရက်နေ့လောက် ဆိုရင် ကုန် မယ် နဲ့တူတယ်။ လက်မှတ်က ထိုင်းက Sport Department ကနေ ဦးရာလူ စနစ် နဲ့ ရောင်းချပေးနေတာပါ” ဟု ၄င်းက ပြော သည်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်ယူ အသင်းမှာ ဇူလိုင်လ ၁၃ ရက်နေ့တွင် ထိုင်း All Star အသင်းနှင့် လာရောက် ခြေစမ်း မည်ဖြစ်ပြီး ချဲလ်ဆီး အသင်းမှာ ဇူလိုင်လ ၁၇ ရက်နေ့ တွင် ယင်းအသင်းနှင့်ပင် ကစားမည်ဖြစ်သည်။ ယင်းခြေစမ်း ပွဲနှစ်ပွဲ အတွက် မြန်မာနိုင်ငံမှ သွား ရောက်ကြည့်ရှုလို သူများအား ပြီးခဲ့သည့် ဧပြီလ ကတည်းက လက်မှတ်များ ရောင်းချပေး
လျက် ရှိကြောင်း သိရသည်။

ထို့အပြင် အခြား ပရီးမီးယားလိဂ် အသင်းကြီး ဖြစ်သည့် အာဆင်နယ် အသင်းမှာ ဇူလိုင်လ ၁၄ ရက် နေ့တွင် အင်ဒိုနီးရှား နိုင်ငံ၌ အင်ဒိုနီးရှား All Star အသင်းနှင့် လာရောက်ခြေစမ်း မည်ဖြစ်ကြောင်း၊ လီဗာပူးလ် အသင်းမှာလည်း ဇူလိုင် ၂ဝ ရက် နေ့၌ အင်ဒိုနီးရှား နိုင်ငံ၌ပင် အင်ဒိုနီးရှား All Star အသင်း နှင့် လာရောက် ခြေစမ်း မည် ဖြစ်သည်။
ဘန်ကောက်၌ လာရောက် ခြေစမ်း ကစားမည့် ချဲလ်ဆီး အသင်း၏ ပွဲစဉ်အား သွားရောက် ကြည့်ရှုလို သူများအနေဖြင့် thuriyabkk@gmail.com သို့ဆက် သွယ်နိုင်ကြောင်း သိရသည်။

မိုးမြင့်
Popular Myanmar News Journal

Thursday, June 06, 2013

ဇူလိုင်လ အတွင်း ထိုင်းနိုင်ငံသို့ လာရောက် ခြေစမ်းပွဲ ကစားမည့် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း
ပွဲစဉ်အား ကြည့်ရှုလိုသူ မြန်မာ ပရိသတ် များကို သူရိယ အင်တာနေရှင်နယ် ကုမ္ပဏီက ပွဲကြည့်ရှုနိုင်ရန် စီ
စဉ်ပေးလျက် ရှိကြောင်း သိရသည်။

ဘွန်းဇာတ်လမ်းတွဲ၏ မင်းသမီးအသစ် ပီနီလုပ်ခရုဇ်"

"ဘွန်းဇာတ်လမ်းတွဲ၏ မင်းသမီးအသစ် ပီနီလုပ်ခရုဇ်"
=============================

အော်စကာဆုရှင် စပိန်မင်းသမီး ပင်နီလုပ်ခရုဇ်သည်  Skyfall  ဇာတ်ကားနောက်ဆက်တွဲဇာတ်လမ်း၌ ပါဝင်သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ဘွန်းဇာတ်လမ်းတွဲများ၏ မင်းသမီးရွေးချယ်ရာတွင် ခရုဇ်သည် အသက်အကြီးဆုံး အမျိုးသမီးဖြစ်ပြီး သူမကိုရွေးချယ်ခဲ့ခြင်းအပေါ် ပရိသတ်များအကြား စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။
	
ဘွန်းဇာတ်ကားများ၌ သရုပ်ဆောင်ရန် ခရုဇ်သည် အိုမင်းလှပြီဟု စာနယ်ဇင်းသမားများက မှတ်ချက်ပြုပြောကြားခဲ့သော်လည်း အများစုက ကောင်းချီးသြဘာပေးခဲ့ကြကြောင်း သိရသည်။ သူမသည် မိန်းမပီသသူတစ်ဦးဖြစ်ပြီး နောက်ဆုံးတွင် ဘွန်းဇာတ်ကောင်၏ သက်တူရွယ်တူ ချစ်သူနေရာက သရုပ်ဆောင်မည့်သူတွေ့ပြီဟု အများကမှတ်ချက်ပေးခဲ့ကြသည်။
	
ဘွန်းဇာတ်ကားသစ်အား အမည်ပေးရခြင်း မရှိသေးသော်လည်း ဇာတ်ကားထုတ်လုပ်မှုကို ခရုဇ်၏ အသက် ၄ဝ ပြည့် မွေးနေ့အပြီး ၂ဝ၁၄ ခုနှစ် နွေရာသီ၌ စတင်မည်ဖြစ်သည်။ သူမသည် လတ်တလော၌ ရင်သွေးလေး လွယ်ထားရသော်လည်း ၎င်းကိစ္စသည် ရိုက်ကူးရေးအစီအစဉ် အနှောင့်အယှက်ဖြစ်မည်ကို ထုတ်လုပ်သူများက စိုးရိမ်ခြင်းမရှိကြောင်း သိရသည်။
	
''ခရုဇ်ကို ထက်မြက်တဲ့ ဘွန်း ဇာတ်ကောင် အမျိုးသမီးတစ်ယောက်အဖြစ် တွေ့ရတော့မယ်။ ဘွန်းဇာတ်ကောင် အမျိုးသမီးဖြစ်ဖို့ Óဏ်ကောင်းသလို ဆွဲဆောင်မှုလည်း ရှိရမယ်။ အဲ့ဒီအချက်အားလုံးက သူနဲ့ အံကိုက်ပါပဲ'' ဟု ထုတ်လုပ်သူတစ်ဦးက ပြောကြားသည်။ 

သိင်္ဂီဝင်း (Ref: Yahoo News)

အော်စကာဆုရှင် စပိန်မင်းသမီး ပင်နီလုပ်ခရုဇ်သည် Skyfall ဇာတ်ကားနောက်ဆက်တွဲဇာတ်လမ်း၌ ပါဝင်
သရုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ ဘွန်းဇာတ်လမ်းတွဲများ၏ မင်းသမီးရွေးချယ်ရာတွင် ခရုဇ်သည် အသက်အကြီးဆုံး အမျိုးသမီးဖြစ်ပြီး သူမကိုရွေးချယ်ခဲ့ခြင်းအပေါ် ပရိသတ်များအကြား စိတ်ဝင်စားစရာ ဖြစ်
ခဲ့သည်။

ဟာဝိုင်အီတွင် ၅.၃ ပြင်းအားရှိ ငလျင် လှုပ်ခတ်

Thursday 6th June 2013

ဇွန်လ ၄ ၇က်နေ့ မွန်းလွဲပိုင်းတွင် ဟာဝိုင်အီ ကျွန်းဆွယ်ရှိ Pahala ၏ အရှေ့တောင်ပိုင်း ၅၅ ကီလိုမီတာခန့်ကို ဗဟိုပြုပြီးဟာဝိုင်အီကျွန်း အရှေ့တောင်ဘက်တွင် ၅.၃ ပြင်းအားရှိ ငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေး သမားမှ ထုတ်ပြန် ကြေညာခဲ့သည်။

“ မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ ဦး ဇင် ဝိုင်းနှတ်ထွက်”

“ မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ ဦး ဇင် ဝိုင်းနှတ်ထွက်”
Thursday, June 06, 2013

မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ ဦး ဇင် ဝိုင်းသည် 
ကျန်းမားရေး အခြေ နေ ကြောင့် ဆေးကုသ ရန် အတွက်
နှုတ် ထွက် စာ တင် သွားကြောင်းသိရှိ ရပြီးနာယကများနှင့်အမူ
ဆောင်အဖွဲ့ ကအရေးပေါ်အစည်းအဝေးကျင်းပကာ၎င်း ဧ။်
နှတ်ထွက်စာကိုလက်ခံခဲ့ကြောင်းနှင့်လစ်လပ်သွားသော 
မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ နေ ရာ တွင် 
ဒုတိယဥက္ကဋ္ဌဖြစ် သော သရုပ်ဆောင် လူမင်း မှ 
ခေတ္တတာဝန် ယူ မည် ဖြစ် ကြောင်းသိရှိ ရပါသည်။

Popular Journal

Thursday, June 06, 2013

မြန် မာနိုင် ငံ ရုပ် ရှင် အစည်း ရုံး ဥက္ကဌ ဦး ဇင် ဝိုင်းသည် ကျန်းမားရေး အခြေ နေ ကြောင့် ဆေးကုသ ရန်
အတွက်နှုတ် ထွက် စာ တင် သွားကြောင်းသိရှိရသည်။

အကူအညီပေးတဲ့ ပစ္စည်းတွေ အကုန်လုံး ဒုက္ခသည်တွေဆီကို ရောက်ရဲ့လားဆိုတာ စဉ်းစားရမယ့် ကိစ္စရပ်တခုပါ


ကချင်ဒေသမှ ဒုက္ခသည်များအရေး ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူး Mr. Ashok Nigam နှင့် တွေ့ဆုံခြင်း။ပထမဆုံးအနေနဲ့ အစိုးရနဲ့  KIO က မေ ၃ဝ ရက်နေ့ ဆွေးနွေးပွဲကနေ သဘော တူညီချက် ၇ ချက်ကို ရေးထိုးနိုင်တဲ့ အပေါ် UN က ဘာပြောလိုပါသလဲ။ 

တက္ကသိုလ်ဝင်တန်းအောင်စာရင်း ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်

၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့တွင်ထုတ်ပြန်နိုင်မည်ဟု
ပညာရေးအသိုင်းအဝိုင်းမှ သိရှိရသည်။ အောင်စာရင်းထုတ်ပြန်ခြင်းနှင့်ပတ်သက်၍ပညာရေးဝန်ကြီးဌာနကို မေးမြန်းခဲ့ရာဒုတိယဝန်ကြီး
ဦးအေးကြူက" ဆရာတို့တောင်ရက်အတိအကျမသိသေးပါဘူး ဇွန်လဆန်း စနေ၊တနင်္ဂနွေ တစ်
ရက်ရက်မှာထွက်မှာတော့သေချာတယ်"ဟုပြောကြားခဲ့သည်။

၎လ ကြာပျောက်ကွယ်ပြီးမှ ပြန်ပေါ်လာသည့် အရှေ့ဖိလစ်ပိုင်ပင်လယ်မှ INVEST 98W

Photo: ၄လ ကြာပျောက်ကွယ်ပြီးမှ ပြန်ပေါ်လာသည့် အရှေ့ဖိလစ်ပိုင်ပင်လယ်မှ INVEST 98W
Thursday, June 06, 2013

ပစိဖိတ်မြောက်ပိုင်း ပင်လယ်ရေပြင်တွင် ၂ဝ၁၃ ခုနှစ် ဖေဖေါ်ဝါရီလ-၁၆ ရက် မြန်မာစံတော်ချိန် ၂၄၃ဝ နာရီတွင် စတင်၍ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 98W သည် ၁၉-၂-၂ဝ၁၃ နေ့တွင် ပျက်ပြယ်ပျောက်ကွယ်သွားခဲ့ပြီး – ဇွန်လ ၆ ရက် နံနက် ဝဝ၃ဝ နာရီမှ စတင်၍ ပြန်လည်ဖြစ်ပေါ်လာခဲ့သည့် SYSTEM ဖြစ်စဉ်တစ်ခု အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် တွေ့ရှိရသဖြင့် လေ့လာနိုင်ရန် အချက်အလက်များ ပြုစုတင်ပြလိုက်ပါသည်။

98W သည် စတင်ဖြစ်ပေါ်ပြီးနောက် အနောက်ဘက်သို့ ရွေ့လျားလာခဲ့ကာ ဖိလစ်ပိုင်ပင်လယ်တောင်ပိုင်းသို့ ဝင်ရောက်လာခဲ့ပြီး ဖေဖေါ်ဝါရီ ၁၈ ရက်တွင် ဗဟိုဖိအား 1005hPa သို့ ကျဆင်းလာကြောင်း၊ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မင်ဒါနာအို ကျွန်းများသို့ ဦးတည်ရွေ့လျားကာ ၄င်းဒေသ၌ မိုးသည်းထန်ခဲ့ကြောင်း တွေ့ရပါသည်။ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့တွင် ပျောက်ကွယ်သွားခဲ့ရာမှ ယခု ဇွန်လ ၆ ရက်နေ့တွင် ပြန်လည်တွေ့မြင်ရသည့် ၂ဝ၁၃ ခုနှစ် ပစိဖိတ် အနောက်မြောက်ဒေသတွင်ဖြစ်ပေါ်သည့် ထူးခြားသော INVEST SYSTEM တစ်ခုအဖြစ် တွေ့ရပါသည်။

ဇွန်လ ၆ ရက်နံနက်ပိုင်းတွင် 98W ပြန်လည်ဖြစ်ပေါ်တွေ့ရှိရသည့် အချက်အလက်များအရ အဆိုပါ လေဖိအားနည်းဆဲလ်သည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းသို့ ဦးတည်နေပြီး၊ မနီလာမြို့တော် အရှေ့တောင်ဘက် ၆၆၅ မိုင်ခန့်အကွာ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် တည်ရှိနေပါသည်။

လေဖိအားနည်းဆဲလ် INVEST 98W
06 Jun 2013 0000Z
Location: 10.0 129.6
Winds: 15 knots
Central Pressure: 1010 hPa

MMweather Page
http://blog.mmweather.com/2013/06/06/invest-98w-nw-pacific/

Thursday, June 06, 2013

ပစိဖိတ်မြောက်ပိုင်း ပင်လယ်ရေပြင်တွင်၂ဝ၁၃ ခုနှစ် ဖေဖေါ်ဝါရီလ-၁၆ ရက် မြန်မာစံတော်ချိန် ၂၄၃ဝ နာရီ
တွင် စတင်၍ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းဆဲလ် INVEST 98W သည် ၁၉-၂-၂ဝ၁၃ နေ့တွင် ပျက်ပြယ်
ပျောက်ကွယ်သွားခဲ့ပြီး – ဇွန်လ ၆ ရက် နံနက် ဝဝ၃ဝ နာရီမှ စတင်၍ ပြန်လည်ဖြစ်ပေါ်လာခဲ့သည့်SYSTEM
ဖြစ်စဉ်တစ်ခု အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် တွေ့ရှိရသဖြင့် လေ့လာနိုင်ရန် အချက်အလက်များ ပြုစုတင်ပြ
လိုက်ပါသည်။

၂၀၁၅ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု

Photo: ၂၀၁၅ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု
Thursday, June 06, 2013

နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။ 

တိုင်းပြည်ပွင့်လင်းလာမှုကို မျက်နှာချင်း ဆိုင်ရမည်ဖြစ်ပြီး ကြောက်ရွံ့နေစရာ မလိုဟုလည်း ပြောသည်။ တပ်မတော်ကို စည်းကမ်းစနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်မည့် လက်နက်ကိုင်တပ်အဖြစ် မြင်လိုကြောင်း ပြောသည်။ 

သမ္မတရာထူး ရယူရုံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲလိုသည်မဟုတ် ဒီမိုကရေစီနည်းမကျသော ဥပဒေများကို ပြောင်းလဲရေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။ 

အတိတ်ကို အသိအမှတ်ပြုရန် ဆိုသော်လည်း "လက်စားချေရန်" "တရားစွဲ ခုံရုံးတင်ရန်" လုံးဝ အစီအစဉ် မရှိဟု ပြောဆိုသွားသည်။ 

ရခိုင်ပြည်ရှိ ပဋိပက္ခများအရေးပြောဆိုရာတွင်လည်း နှစ်ဘက် အသိုင်းအဝိုင်းမှ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာ ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးတို့ကို မီးမောင်းထိုး ပြောဆိုသည်။

ဧရာဝတီ

Thursday, June 06, 2013

နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသားဒီမိုကရေ
စီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်
ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။

လူငယ်တွေ ကိုယ်ရည်ကိုယ်သွေး ကျဆင်းမှု ကိုမင်းကိုနိုင် စိုးရိမ်

Photo: လူငယ်တွေ ကိုယ်ရည်ကိုယ်သွေး ကျဆင်းမှု ကိုမင်းကိုနိုင် စိုးရိမ်
Thursday, June 06, 2013

မြန်မာနိုင်ငံမှာ ကလေးအရွယ်ကစပြီး ကျိုးနွံမှုပုံသွင်း ထားတဲ့ အတွက် နောက်မျိုးဆက်တွေအတွက် စိုးရိမ်ပူပန်မိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုကိုရောက်နေတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့နှစ်ဦးဟာ ဝါရှင်တန်ဒီစီမြို့အခြေစိုက် RFA ရုံးချုပ်ကို မနေ့က လာရောက်လည်ပတ်စဉ် ကိုမင်းကိုနိုင်က ပြောလိုက်တာပါ။

"နောက်မျိုးဆက်အတွက်လည်း စိုးရိမ်ပူပန်တယ်၊ ဒီအမေရိကရောက် လာတဲ့အခါမှာ ကလေးတွေက စဉ်းစားပုံစဉ်းစားနည်းအမျိုးမျိုးကိုလည်း သူတို့ရတယ်၊ နောက်တစ်ခုက မတူကွဲပြားမှုတွေကို ဆွေးနွေးငြင်းခုန်တတ်တဲ့ အလေ့အထသူတို့မှာရှိပြီးသား ကျွန်တော်တို့ဆီမှာရှိတဲ့ ကလေးတွေ ကကျတော့ ခေတ်စနစ်ကြီးတစ်ခုက ပုံသွင်းထားတာက ကျိုးနွံမှုပဲဗျ၊ ကလေးတစ်ယောက်ကို လိမ္မာတယ်လို့ပြောရင် ကျိုးနွံတာကိုဆိုလိုတာ၊ ဒီမှာတွေ့တာကျတော့ ဒီကလေးဟာ ထက်မြတ်တယ်၊ ရဲဝင့်တယ်၊
 ဖောက်ထွက်စဉ်းစားတတ်တာရှိတယ်၊ ဖြန့်ပြီးစဉ်းစားတတ်တာရှိတယ်၊ စဉ်းစားပုံ စဉ်းစားနည်းကအစ အင်မတန်ကွာနေတယ်၊ ကျွန်တော်တို့ အများကြီးပြင်ရအုံးမယ်လို့ ယူဆတယ်"

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးဖို့အတွက် အရင်ခေတ်ကရှိခဲ့တဲ့ အမိန့်ပေးစေခိုင်းတဲ့ အကျင့်စရိုက်ကို ဖျောက်ဖို့လိုအပ်တယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း အင်အားကြီးနိုင်ငံတွေကြားက မြန်မာနိုင်ငံကို စစ်အင်အားတည်ဆောက်ပြီး ကာကွယ်တာထက် ကျွမ်းကျင်တဲ့သံတမန် နည်းလမ်းနဲ့ ကာကွယ်တာက အကောင်းဆုံးဖြစ်တယ်လို့ အခုလိုပြောပါတယ်။

"ဒေသတွင်းမှာ အားပြိုင်မှုရှိတယ်၊ အဲ့ကြားထဲမှာ ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့ဆိုတာက စစ်ရေးအင်အား လက်နက်အင်အားနဲ့ ကာကွယ်တာထက်ကို သံတမန်ဆက်ဆံရေးနဲ့ ဘယ်လိုအကျိုးရှိအောင် ဆက်ဆံနိုင်မလဲဆိုတာက အရေးကြီးတယ်"

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးရပြီး ဖွံ့ဖြိုးတိုးတက်လာအောင် တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးကို ချန်လှပ်ထားလို့ မရသလို မြန်မာအပါအဝင် တိုင်းရင်းသားအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားအခွင့်အရေး အပြည့်အဝရပြီး၊ တာဝန်ယူတတ်သူတွေဖြစ်လာဖို့ လိုအပ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်နှစ်ဦးလုံးက ပြောပါတယ်။

RFA

Thursday, June 06, 2013

မြန်မာနိုင်ငံမှာ ကလေးအရွယ်ကစပြီး ကျိုးနွံမှုပုံသွင်း ထားတဲ့ အတွက် နောက်မျိုးဆက်တွေအတွက် စိုးရိမ်ပူ
ပန်မိတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။

"မြန်မာ့လူဦးရေ၏ ၇၄ % သည်လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ခြင်းမရှိ"

"မြန်မာ့လူဦးရေ၏ ၇၄ % သည်လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ခြင်းမရှိ"
...................................

နေပြည်တော်၊ ဇွန် ၆

မြန်မာ့လူဦးရေ၏ ၇၄ % သည်လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ခြင်းမရှိကြောင်း အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ်တွင်ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဖိုရမ်က မြန်မာ့စွမ်းအင်ကဏ္ဍပြုပြင်ြေ့ပာင်းလဲေ၇းများအတွက် တွန်းအားတစ်ရပ်ဖြစ်စေရန် New Energy Architecture :Myanmar Report ကိုထုတ်ပြန်လိုက်ပြီး မြန်မာ့စွမ်းအင်ကဏ္ဍအတွက် အကြံပြုချက် ၁၇ ခုကို တင်ပြထားသည်။

မြန်မာ့လျှပ်စစ်ထုတ်လုပ်မူသည် ငါးနှစ်အတွင်း ၂ ဆတိုးမည်ဟု မှန်းထားသော်လည်း ပြည်တွင်းလိုအပ်ချက်မပြည့်မီကြောင်း ၊ ၁၂ ဆ တိုးမှ သာပြည်တွင်းလိုအပ်ချက်ပြည့်မီမည်ဖြစ်ကြောင်း Accenture's Energy စက်မူလုပ်ငန်းစု၏ အကြီးတန်းဦးဆောင်ညွန်ကြားရေးမူး Arthur Hanna ကသုံးသပ်သည်။

အဆိုပါအစီရင်ခံစာကို စွမ်းအင်ဝန်ကြီးဌာနနှင့် အာရှဖွံဖြိုးရေးဘဏ် ၊ Accenture's Energy စက်မူလုပ်ငန်းစုတို့ ပူးပေါင်းရေးဆွဲခြင်းဖြစ်ကြောင်းသိရသည်။

မေဇင်ဝင်း

Popular Myanmar News Journal

နေပြည်တော်၊ ဇွန် ၆

မြန်မာ့လူဦးရေ၏ ၇၄ % သည်လျှပ်စစ်စွမ်းအင် သုံးစွဲနိုင်ခြင်းမရှိကြောင်းအာရှဒေသဆိုင်ရာကမ္ဘာ့စီးပွားရေး
ဖိုရမ်တွင်ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ ၂၀၁၃ သက်ဝင်လှုပ်ရှား

ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ ၂၀၁၃ သက်ဝင်လှုပ်ရှား

ဇွန်လ ၅ ရက် ၊ ၂၀၁၃ ခုနှစ်။

မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ဟိုတယ် နှင့် ခရီးသွားလာရေးဆိုင်ရာ ဝန်ကြီးများ သည် ဒေသတွင်း လွတ်လပ်စွာ ခရီး သွားလာခွင့် စမာ့တ်ဗီဇာစနစ်အတွက် ပူးတွဲဆောင်ရွက်ရန် သဘောတူ ညီမှု ရရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေငြာပါသည်။

ထိုသဘောတူညီချက်အား ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ ၂၀၁၃ ကျင်းပ စဉ်အတွင်း သဘောတူညီချက် စာချွန်လွှာလက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနတွင် ဇွန်လ ၅ရက်မှ ၇ရက်အတွင်းကျင်းပမည့် ၂၂-ကြိမ်မြောက်  ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့အာရှ ၂၀၁၃တက်ရောက်မည့်  ပြည်တွင်းပြည်ပမှ ဧည့်သည်တော် များနှင့် သတင်းဌာနမှ ပုဂ္ဂိုလ်များ စတင်မှတ်ပုံတင်နေကြပြီဖြစ်သည်။ 

အဆိုပါ ဖိုရမ်သို့ မြန်မာ၊ လာအို၊ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံ တို့မှ နိုင်ငံ့ အကြီးအကဲများ နိုင်ငံကြီး ၁၅-နိုင်ငံမှ ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ပေါင်း ၁၀၀-ခန့်နှင့် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ကိုယ်စားလှယ်ပေါင်း ၉၀၀-ကျော် ပါဝင်တက်ရောက်နေကြပါသည်။ 

နိုင်ငံတကာကုမ္ပဏီကြီးပေါင်း ၆၀-ကျော်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၅၅၀-ကျော်၊ ကမ္ဘာ့ လူရွယ် ခေါင်းဆောင်ပေါင်း ၃၀၀-ကျော် တို့သည် လူမှုရေးအဖွဲ့အစည်းများ၊ ပညာရှင်များ၊ မီဒီယာ များ နှင့်အတူ အရှေ့အာရှ ဒေသ အပါအ၀င်မြန်မာ နိုင်ငံအတွင်း ရင်ဆိုင်နေ ရသော အခက်အခဲများဖြေရှင်းရန် နှင့် စီးပွားရေးအခွင့် အလမ်း များဖော်ထုတ်ရန် ဝိုင်းဝန်းဆွေးနွေးကြမည် ဖြစ်ပါသည်။

ဇွန်လ ၆-ရက် ကြာသပတေးနေ့ နေ့လည် ၁:၄၅ နာရီတွင် ပြည်ထောင် စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြား၍  ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ပါသည်။

ထိုနေ့ နံနက် ၁၁:၀၀ နာရီတွင် စတင်ကျင်းပမည့်  “မြန်မာနိုင်ငံအနာ ဂတ်” ခေါင်းစဉ်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်၊ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုသိန်း နှင့် ရိန်းဖောလ် မြန်မာ အဖွဲ့ တွဲဖက်တည်ထောင်သူ ဒေါ်ဇင်မာအောင်တို့ ပါဝင်ဆွေးနွေး မည့် ဆွေးနွေးပွဲကိုလည်း ဖိုရမ်တက်ရောက် လာသူများ စိတ်ဝင်စား လျက်ရှိကြသည်။

ယင်းအစီအစဉ်အား ဖိုရမ်အဖွဲ့ နှင့် ဘီဘီစီအသံလွှင့်ဌာနတို့ ပူးပေါင်းစီ စဉ်ခြင်းဖြစ်ကြောင်းသိရသည်။

ညွန့်အောင် (မြစ်မခ) /မြန်မာခရိုနီကယ်

မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ဟိုတယ် နှင့် ခရီးသွားလာရေးဆိုင်ရာ ဝန်ကြီး
များ သည် ဒေသတွင်းလွတ်လပ်စွာခရီးသွားလာခွင့် စမာ့တ်ဗီဇာစနစ်အတွက် ပူးတွဲဆောင်ရွက်ရန် သဘော
တူ ညီမှု ရရှိခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေငြာပါသည်။

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံလိုသူများကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံလိုသူများကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောဆို

နေပြည်တော်မှာ ပြုလုပ်နေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံကို ကြာသပတေးနေ့မှာ သမ္မတ ဦးသိန်းစိန် တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ မဇင်မာအောင်တို့က မြန်မာပြည်ရဲ့ အနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ ပြောဆိုဆွေးနွေးကြမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက် စိတ်ဝင်စားတဲ့နိုင်ငံခြားကုမ္ပဏီတွေ အများအပြားရှိကြောင်း၊ ဒီညီလာခံကို တက်ရောက်သူတွေအနေနဲ့ တိုင်းပြည်ရဲ့လက်ရှိအခြေအနေကို ပိုမိုသိရှိသွားကြမယ်လို့ ယူဆကြောင်း RFA ကိုပြောပါတယ်။

"မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့က စိတ်ဝင်စားမှုက အများကြီးရှိတယ်၊ အခြေအနေက ဘယ်လိုလည်းဆိုတာ စမ်းသပ်နေတာပေါ့၊ တကယ်ပဲ စီးပွားရေးလုပ်ရင် အကျိုးအမြတ်ရှိမလား၊ သင့်တော်မလားဆိုတာကို စမ်းသပ်နေတာပေါ့နော်၊ စီးပွားရေးဆိုတာ လူမှုရေး၊ နိုင်ငံရေးတွေနဲ့ ဆက်နွယ်နေတာဆိုတော့ ဒီညီလာခံတက်ခြင်းအားဖြင့် ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ကျယ်ကျယ်ဝန်းဝန်း နားလည်သွားနိုင်မယ်လို့ ဒီလိုပဲ ထင်တယ်"

ဒီညီလာခံကို နိုင်ငံ ၅ဝ က ကိုယ်စားလှယ် ၉ဝဝ ခန့်တက်ရောက်နေတယ်လို့ သိရပါတယ်။

RFA Burmese

နေပြည်တော်မှာ ပြုလုပ်နေတဲ့ အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေးညီလာခံကို ကြာသပတေးနေ့မှာ သမ္မတ ဦးသိန်းစိန်တက်ရောက်မိန့်ခွန်းပြောကြားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း
နဲ့ မဇင်မာအောင်တို့က မြန်မာပြည်ရဲ့ အနာဂတ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီကနေ့ ပြောဆိုဆွေးနွေးကြမှာဖြစ်ပါ
တယ်။

လှိုင်သာယာစက်မှုဇုန်က ဆန္ဒပြပွဲတချို့ ပြေလည်မှုရရှိ

Photo: လှိုင်သာယာစက်မှုဇုန်က ဆန္ဒပြပွဲတချို့ ပြေလည်မှုရရှိ
Thursday, June 06, 2013

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်ရဲ့ ကူညီပေးမှုနဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ Esquire ဖိနပ်စက်ရုံနဲ့ စံကောင်း ပီနံအိတ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုနေတာတွေ ပြေလည်မှုရရှိသွားပြီလို့ သိရပါတယ်။

အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်းကော်မရှင်ဟာ ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်တွေကို ကွင်းဆင်းလေ့လာရင်းနဲ့ ပြေလည်အောင်ညှိနှိုင်းပေးခဲ့တာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြတ်ဥာဏစိုးက RFA ကို ပြောပါတယ်။

“ဆရာတို့လေ့လာသွားရင်းနဲ့ ဖြေရှင်းဆောင်ရွက်တဲ့အခါမှာ စက်ရုံ ၂ ခုစလုံး အောင်မြင်မှုရခဲ့ပါတယ်၊ အက်စကွဲက မနက်ဖြန် ၆ ရက်နေ့မှာ အကုန်လုံးအလုပ်ပြန်ဝင်မယ်လို့ပြောတယ်၊ သူတို့က ပထမထုတ်ထားတဲ့ ၅ ယောက်ကို ပြန်ခဲ့ပြီးပြီ၊ အဲဒီ့ ၅ ယောက်အတွက်ထပ်ပြီးတော့ ၁၄ဝ ကျော် ဆန္ဒပြနေတာရှိတယ်လေ၊ စံကောင်းစက်ရုံမှာလဲ ဒီလိုပါပဲ၊ အလုပ်ထုတ်ပယ်ခြင်းခံရတဲ့ အလုပ်သမား ၄၇ ဦးကို အခုပြန်ခန့်အပ်ဖို့ စက်ရုံဒါရိုက်တာအဖွဲ့က သဘောတူပြီးဖြစ်ပါတယ်၊ နောက်အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ အချက် ၄၇ ချက်မှာ အချက် ၃ဝ ကို ပထမအဆင့်အနေနဲ့ လိုက်လျောဖို့ကို ဆရာတို့ဒီကော်မရှင်က တခါတည်းညှိနှိုင်းတဲ့အခါမှာ သဘောတူညီမှုရခဲ့ပါတယ်”

အဲဒီကော်မရှင်အနေနဲ့ လှိုင်သာယာ၊ တောင်ဒဂုံ၊ ရွှေပြည်သာစတဲ့ စက်မှုဇုန်တွေကို အဖွဲ့ ၃ ဖွဲ့ ခွဲပြီး ကွင်းဆင်းလေ့လာသွားမှာဖြစ်ပြီး အဲဒီကလေ့လာတွေ့ရှိချက်တွေကို လာမယ့် ဇွန်လ ၂၅ ရက်နေ့မှာကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ အပိုင်းခွဲပြီး တင်ပြသွားမယ်လို့လည်း ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်။

အက်စကွဲဖိနပ်စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၅ ဦးကို အလုပ်ထုတ်တာနဲ့ ပတ်သက်လို့ အလုပ်သမား ၁ဝဝ ကျော်က ပြီးခဲ့တဲ့လကစပြီး ဆန္ဒပြနေကြတာဖြစ်ပါတယ်။ စံကောင်း ပီနံအိတ်စက်ရုံကလည်း အလုပ်သမား ၄ဝ ကျော် အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့ ရက်ရှည်ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ်။

RFA Burmese

Thursday, June 06, 2013

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အလုပ်သမား၊ အလုပ်ရှင် အခွင့်အရေး လေ့လာရေး ပူးပေါင်း
ကော်မရှင်ရဲ့ ကူညီပေးမှုနဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ Esquire ဖိနပ်စက်ရုံနဲ့ စံကောင်း ပီနံ
အိတ်စက်ရုံက အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုနေတာတွေ ပြေလည်မှုရရှိသွားပြီလို့ သိရပါတယ်။

မန္တလေးတွင် စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကို ဒဏ်ငွေ ကျပ် ၅၀၀၀ ဖြင့် အရေးယူ

Photo: မန္တလေးတွင် စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကို ဒဏ်ငွေ ကျပ် ၅၀၀၀ ဖြင့် အရေးယူ
Thursday, June 06, 2013

မန္တလေးမြို့တွင် မော်တော်ယာဉ် အများစုမှာ စည်းကမ်းမဲ့စွာ ရပ်နားထားမှုကြောင့် ယာဉ်ကြောရှုပ်ထွေးလာပြီး၊ စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကိုလည်း သက်ဆိုင်ရာမှ ဒဏ်ငွေ ကျပ် ၅၀၀၀ ဖြင့် အရေးယူလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် ယာဉ်ကြောရှုပ်ထွေးမှုမှာ ယခင်ထက် ယာဉ်စီးရေ ပိုမိုများပြား လာသည့်အတွက် မန္တလေးမြို့ နေရာအတော် များများတွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်ရပ်နားရန် နေရာအခက်အခဲ ဖြစ်မှုများ နေ့စဉ်ကြုံတွေ့ နေရကြောင်း သိရှိရသည်။ စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ ရပ်နားခြင်းတို့ကြောင့် မလိုလားအပ်သော ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားလျက် ရှိသည်။

"မန္တလေးမြို့မှာ မော်တော်ယာဉ်တွေ စည်းကမ်းမဲ့ ရပ်နားထားမှု နေရာတွေကတော့ ဈေးချိုနား အနီးတစ်ဝိုက်၊ ဆိုင်ခန်းတွေရှိတဲ့ နေရာတွေမှာ ကားတွေက လမ်းဘေးမှာ ကုန်တင်ကုန်ချ လုပ်နေတာတွေ၊ စားသောက်ဆိုင်တွေ၊ ပွဲလမ်းသဘင် အခမ်းအနား လုပ်တဲ့ရှေ့တွေမှာဆိုရင် ကားရပ်နားထားဖို့ ပါကင်တွေ မရှိတော့ လမ်းတွေမှာ နှစ်ထပ်၊ သုံးထပ်တွေရပ်ပြီး စည်ကမ်းမဲ့စွာ ရပ်နားနေကြတာ" ဟု တက္ကစီမောင်းသူ တစ်ဦးက ဆိုသည်။

မြို့တွင်းစည်းကမ်းမဲ့ ယာဉ်ဖမ်းဆီးမှုမှာ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ ၁၁၅ စီး၊ မေ ၁ ရက်မှ ၃၀ ရက်အထိ ၂၂၀ ရှိကြောင်း အခွန်ဌာန၏ စာရင်းများအရ သိရသည်။ မန္တလေးမြို့တွင် လူစီးယာဉ် ၄၂၂၅၅ စီး၊ ကုန်တင်ယာဉ် ၀န်ပေါ့ ၃၈၀၀ စီး၊ ကုန်တင်ယာဉ် ၀န်လေး ၆၉၃၀ စီး၊ ခရီးသယ်တင်ယာဉ် ၁၄၆၆ စီး၊ အခြားယာဉ် ၅၉၉ စီး၊ ထော်လာဂျီ ၆၁၉၃ စီး၊ စက်ယန္တရား ၃၂ စီးရှိကြောင်း သိရသည်။

EMG

Thursday, June 06, 2013

မန္တလေးမြို့တွင် မော်တော်ယာဉ် အများစုမှာ စည်းကမ်းမဲ့စွာ ရပ်နားထားမှုကြောင့် ယာဉ်ကြောရှုပ်ထွေးလာ
ပြီး၊ စည်းကမ်းမဲ့ ရပ်နားသည့် မော်တော်ယာဉ်များကိုလည်း သက်ဆိုင်ရာမှ ဒဏ်ငွေ ကျပ် ၅၀၀၀ ဖြင့် အရေး
ယူလျက်ရှိကြောင်း သိရသည်။

မူဆယ်လမ်းကြောင်းမှ တရုတ်သို့ ကျောက်စိမ်းနှင့် သစ်မှောင်ခို သယ်ဆောင်မှု ပိုများလာ

Photo: မူဆယ်လမ်းကြောင်းမှ တရုတ်သို့ ကျောက်စိမ်းနှင့် သစ်မှောင်ခို သယ်ဆောင်မှု ပိုများလာ
Thursday, June 06, 2013

မူဆယ်-ရွှေလီ လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့်သစ်များ အကောက်ခွန်မဲ့ မှောင်ခိုသယ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။

မူဆယ်-ရွှေလီ နယ်စပ်တစ်လျှောက်တွင် နယ်စပ်ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်ကာ တရားဝင် ကုန်သွယ်မှုဖြင့် နိုင်ငံတော် အခွန်ဝင်ငွေ ရရှိစေရန် ဆောင်ရွက်နေသော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတများဖြစ်သည့် ကျောက်စိမ်းနှင့် သစ်များသည် တရုတ်နိုင်ငံသို့ နေ့စဉ် ကုန်တင်ယာဉ် အစီးပေါင်းများစွာ မှောင်ခိုထွက်ရှိနေကြောင်း ဦးနန္ဒက ပြောကြားခဲ့သည်။

"ကျောက်စိမ်းကို မြန်မာပြည်ကနေ တရုတ်ကို မှောင်ခိုသယ်ကြတယ်။ ကုန်တင်ယာဉ်တွေမှာ အံဝှက်တွေလုပ်ပြီး လျှို့ဝှက်သယ်တယ်။ ကျွန်တော်တို့က မသင်္ကာတော့ တားဆီးစစ်ဆေးတယ်။ မိတော့ ထွက်ပြေးတယ်။ လိုက်လို့ ချောင်ပိတ်မိရင် လူကကားပေါ်ကဆင်းပြီး ထွက်ပြေးတယ်။ မကြာခင်က ဖမ်းမိတဲ့ ကားတစ်စီးဆိုရင် ကားတစ်စီးတည်းနဲ့ ကျောက်စိမ်း သိန်းနှစ်ထောင်ဖိုးလောက် ခိုးသယ်လာတယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနန္ဒက ပြောကြားခဲ့သည်။
ယခု ဧပြီ ၁ ရက်မှ မေဒုတိယပတ်အထိ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးမှု အမှုတွဲ ၁၀၅ ခု တန်ဖိုးအားဖြင့် ကျပ် ၅၆၈ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း . . . . .

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သယံဇာတ ပစ္စည်းများကို တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့မှုများ ရှိသကဲ့သို့ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုလည်း အခွန်မပေးဆောင် ချင်သောကြောင့် အခွန်တိမ်းရှောင်မှုများလည်း ရှိကြောင်း သိရသည်။

"အစိုးရသစ် လက်ထက်မှာ ကုန်စည်စီးဆင်းမှု လျင်မြန်ရေးကို ဦးစားပေးတယ်။ မလိုအပ်တဲ့ စစ်ဆေးမှုတွေကြောင့် ကုန်စည်စီးဆင်းမှုကို ကြန့်ကြာစေနိုင်တယ်ဆိုပြီး ရေပူကုန်စစ်ဆေးရေး စခန်းကို ဖြုတ်လိုက်တယ်။ ကုန်သွယ်ခွန်တွေ ဖြေလျှော့ပေးတယ်။ တကယ်တော့ ကျွန်တော်တို့က တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ်ကို ရောက်စေချင်လို့ ဒီလိုဆောင်ရွက်ကြတာပါ။ တစ်ကယ်တော့ လူတွေက ဒီလိုမသွားဘူး။ စစ်ဆေးတာတွေ ဖြေလျှော့ပေးတဲ့နောက် အခွန်မဆောင်ဘဲ သွားကြတယ်။ အဲဒီနောက် ကုန်သွယ်မှုက ထိုးကျသွားတယ်။ ဒီလို ကုန်သွယ်မှု ထိုးကျရတဲ့ အကြောင်းရင်းက စစ်ဆေးမှုတွေ၊ အတားအဆီးတွေ မရှိတဲ့အတွက် ရှောင်ကွင်းသွားလာကြပြီး မှောင်ခိုကုန်သွယ် ကြတာတွေကြောင့် ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။

ယခု ဧပြီ ၁ ရက်မှ မေဒုတိယပတ်အထိ အကောက်ခွန်မဲ့ပစ္စည်း ဖမ်းဆီးမှု အမှုတွဲ ၁၀၅ ခု တန်ဖိုးအားဖြင့် ကျပ် ၅၆၈ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တရားဝင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

EMG

Thursday, June 06, 2013

မူဆယ်-ရွှေလီ လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ ကျောက်စိမ်းနှင့်သစ်များ အကောက်ခွန်မဲ့ မှောင်ခို
သယ်ဆောင်မှုများပိုမိုများပြားလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ မူဆယ် ၁၀၅
မိုင် ကုန်သွယ်ရေးဇုန်၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦး
နန္ဒက ပြောကြားခဲ့သည်။

ပါတီနှစ်ခု ပူးပေါင်းရေး မအောင်မြင်ပါက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ ဒေါက်တာအေးမောင် နုတ်ထွက်မည်

Photo: ပါတီနှစ်ခု ပူးပေါင်းရေး မအောင်မြင်ပါက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ ဒေါက်တာအေးမောင် နုတ်ထွက်မည်
Thursday, June 06, 2013

ပါတီနှစ်ခု ပူးပေါင်းရေး မအောင်မြင်ပါက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဇွန် ၅ ရက်တွင် ပြောကြားသည်။

ရခိုင်တိုင်းရင်းသား ပါတီများဖြစ်သော ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) တို့သည် ပါတီပူးပေါင်းရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ ရခိုင်သဟာယ အသင်း၌ ဇွန် ၁၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားပြီး ပူးပေါင်းရေး မအောင်မြင်ပါက ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်မည်ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်ကတော့ ပေါင်းဖို့အတွက် ဥာဏ်စွမ်းကိုယ်စွမ်း ရှိသရွေ့ လုပ်မယ်။ ပူးပေါင်းလို့ မရရင်လည်း မတတ်နိုင်ဘူးပေါ့ဗျာ။ ကျွန်တော်ကတော့ ရမယ်လို့ ထင်ပါတယ်" ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ပါတီပူးပေါင်းရေးနှင့် ပတ်သက်၍ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါတီမှတ်ပုံတင် ပြီးသည့်နောက်ပိုင်း ပါတီပေါင်းစည်းရေး မူဝါဒတစ်ရပ် ချမှတ်ထားကာ ပေါင်းစည်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားခဲ့ကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် တွေ့ဆုံဆွေးနွေးရေး မဖြစ်ပေါ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်များသို့ ပါတီစည်းရုံးရေးအတွက် ဒေသခံ ရပ်မိရပ်ဖများနှင့် တွေ့ဆုံရာတွင် အများစုမှာ နှစ်ပါတီပေါင်းစည်းရေးကို ဆွေးနွေးကြကြောင်း၊ မိမိပါတီ အတွင်း၌ ဆွေးနွေးမှုများ ပြုလုပ်ကာ နှစ်ပါတီ ပေါင်းစည်းရေး လုပ်ဆောင်သွားရန် အဆင်သင့်ရှိကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

"မနေ့က (ဇွန် ၄ ရက်) တရားဝင် ကျွန်တော့်ဆီကို RNDP က ပို့တဲ့စာ ရောက်ပါတယ်။ စာရောက်တဲ့အတွက် ကျွန်တော်တို့က ပေါင်းစည်းရေး ဆွေးနွေးဖို့ အဆင်သင့်ပါပဲ" ဟု ဦးအေးသာအောင်က ပြောကြားသည်။

လက်ရှိတွင် ဆွေးနွေးမှု မပြုလုပ်ရသေးသဖြင့် ပါတီနှစ်ခု ပေါင်းစည်းနိုင်မည့် အနေအထားအား မပြောဆိုနိုင်သေးကြောင်း၊ ဆွေးနွေးမှု၌ ပထမအဆင့် အနေဖြင့် ပါတီပေါင်းစည်းရေးသာ ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဒုတိယ အဆင့်မှသာ ပါတီမူဝါဒများ ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဦးအေးသာအောင်က ဆိုသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှာ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲအား ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုဘဲ ပြည်သူများကိုလည်း ရွေးကောက်ပွဲတွင် မဲမပေးကြရန် စည်းရုံးလှုပ်ရှားမှုများ ရှိခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီသည် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်ခံကာ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အများအပြားတွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၈ နေရာ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၅ နေရာ၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးတစ်နေရာ အနိုင်ရရှိထားသည်။

ထို့အပြင် ပါတီများ ပူးပေါင်းရေးမှာ ရွေးကောက်ပွဲ ကော်မရှင်၌ လုပ်ထုံးလုပ်နည်း မရှိသေးသဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကလည်း မေ ၂၈ ရက်တွင် ပါတီပေါင်းစည်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

EMG

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ရန်ကုန်မြို့၌ တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်အား ရန်ကုန်မြို့၌ တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
Thursday, June 06, 2013

ပါတီနှစ်ခု ပူးပေါင်းရေး မအောင်မြင်ပါကရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်
ည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဇွန် ၅ ရက်တွင် ပြောကြားသည်။

ယာဉ်မှတ်ပုံတင်ကြေးအား ကျပ်ငွေဖြင့် ပေးသွင်းမှု ကညနမှ ရက်ပိုင်းအတွင်း လက်ခံမည်

Photo: ယာဉ်မှတ်ပုံတင်ကြေးအား ကျပ်ငွေဖြင့် ပေးသွင်းမှု ကညနမှ ရက်ပိုင်းအတွင်း လက်ခံမည်
Thuesday, June 06, 2013

ယာဉ်မှတ်ပုံတင် ကြေးများအား ပေးသွင်းရာတွင် ကျပ်ငွေဖြင့် ပေးသွင်းခြင်းကို ရက်ပိုင်းအတွင်း လက်ခံသွားမည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကညနမှ တာဝန်ရှိသူ တစ်ဦးက "ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းတာကို ကျပ်ငွေနဲ့ လက်ခံဖို့ လုပ်နေပါတယ်။ ရက်ပိုင်းအတွင်း လက်ခံသွားမှာပါ" ဟု အတည်ပြု ပြောကြားခဲ့သည်။

ယခင်က ယာဉ်မှတ်ပုံတင်ကြေးများ ပေးသွင်းရာ၌ အက်ဖ်အီးစီဖြင့် စတင်လက်ခံ ခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန် ဒေါ်လာဖြင့်သာ ပေးသွင်းရန် ပြောင်းလဲသတ်မှတ် ခဲ့သည်။

ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းမည့်သူများ အနေဖြင့် အမေရိကန် ဒေါ်လာအား ၀ယ်ယူပေးသွင်း နေရသည့်အတွက် နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်တွင် ပါဝင်သည့်အတိုင်း ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက်ကို ဖြစ်ပေါ်စေလျက် ရှိခြင်း၊ ပြည်တွင်း၌ ပေးသွင်းရခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံ ဖြစ်လျက်နှင့် ကျပ်ငွေအသုံးမ၀င် ဖြစ်နေခြင်း၊ ငွေလဲကောင်တာများမှ ၀ယ်ယူပေးသွင်း ရခြင်းကြောင့် ငွေလဲကောင်တာများသာ ပိုမိုအမြတ်ရ အလုပ်ဖြစ်နေခြင်းများ ဖြစ်ပေါ်လျက် ရှိသည်။

နိုင်ငံတော် သမ္မတမှ နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန် ဒေါ်လာဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများသည် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာလိုအပ်ချက် ပမာဏ မြင့်မားစေသည့်အပြင် ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကိုလည်း လျော့ကျစေကြောင်း၊ ထို့အတွက် ပြည်သူ့ရေးရာ ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် သာသနာရေး ၀န်ကြီးဌာနမှအပ ၀န်ကြီးဌာန/အဖွဲ့အစည်းများ အနေဖြင့် အခွန်အခများ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများ၌ မြန်မာကျပ်ငွေဖြင့်သာ ကောက်ခံရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စု ၀န်ကြီးဌာနများ အားလုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့အားလုံးသို့ ညွှန်ကြားချက်ကို မေ ၃၁ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ခဲ့ပြီးနောက်တွင် ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှလည်း နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်အတိုင်း ကျပ်ငွေဖြင့် ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EMG
ရန်ကုန်တိုင်း ဒေသကြီး ကညန ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
ရန်ကုန်တိုင်း ဒေသကြီး ကညန ရုံးကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
Thuesday, June 06, 2013

ယာဉ်မှတ်ပုံတင် ကြေးများအား ပေးသွင်းရာတွင် ကျပ်ငွေဖြင့် ပေးသွင်းခြင်းကို ရက်ပိုင်းအတွင်း လက်ခံသွား
မည်ဟု ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) တာဝန်
ရှိသူများက ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာ

Photo: ဆီးရီးယားအစိုးရတပ် သူပုန်တွေကို အပြတ်ချေမှုန်းမယ်လို့ ကြေညာ
Wednesday, June 05, 2013

လက်ဘနွန်နိုင်ငံရှိ Hezbollah တိုက်ခိုက်ရေးသမားတွေကို ကျောထောက်နောက်ခံ ပေးနေတဲ့ ဆီးရီးယားတပ်ဖွဲ့တွေက လက်ဘနွန်နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ ကူဆာအီမြို့ကို လုံးဝ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်။ အဲ့ဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
 
ဆီးရီးယားစစ်တပ်က အစိုးရဆန့်ကျင်ရေး အကြမ်းဖက်သမားတွေကို အပြတ်ချေမှုန်းမယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ဒီကနေ့ ကြေညာလိုက်တာပါ။ တစ်နှစ်ကျော်ကြာ ခြေကုတ် ယူခဲ့တဲ့ ကူဆာအီမြို့ကနေ အတိုက်အခံတပ်ဖွဲ့တွေက ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။
 
အဲ့ဒီ ကူဆာအီမြို့ဟာ ဒမတ်စကတ်စ်မြို့ကနေ မြေထဲပင်လယ် ကမ်းရိုးတန်းအထိ သွားနိုင်တဲ့ အဝေးပြေးလမ်းမကြီးမှာ တည်ရှိပြီး၊ အတိုက်အခံတပ်ဖွဲ့တွေ လက်ဘနွန်နိုင်ငံကို ၀င်ရောက်နိုင်တဲ့နေရာ ဖြစ်ပါတယ်။
 
ကူဆာအီတိုက်ပွဲမှာ Hezbollah စစ်သွေးကြွတွေ ပါဝင်လာတာကြောင့် ဆီးရီးယားပဋိပက္ခနဲ့ ကျယ်ပြန့်လာနိုင်တာကြောင့် နိုင်ငံတကာက စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ သမ္မတ အာဆတ်အစိုးရက ကူဆာအီတိုက်ပွဲမှာ နိုင်ငံခြားက တိုက်ခိုက်ရေးသမားတွေ အသုံးပြုနေတဲ့အပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြီးခဲ့တဲ့အပတ်က ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။
 
တချိန်တည်းမှာပဲ ဆီးရီးယား အကြပ်အတည်း အဆုံးသတ်ရေး ငြိမ်းချမ်းရေး ညီလာခံတစ်ရပ် ကျင်းပဖို့ ကုလသမဂ္ဂ၊ ရုရှားနဲ့ အမေရိကန် ပြည်ထောင်စုက ကိုယ်စားလှယ်တွေ ဒီကနေ့ ဂျနီဗာမြို့မှာ ဆွေးနွေးနေကြပါတယ်။
 
ဆီးရီးယားအစိုးရနဲ့ အတိုက်အခံ ပူးပေါင်းပြီး အသွင်ကူးပြောင်းရေး အစိုးတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ 

VOA Burmese
ဆီးရီးယားသမ္မတအပေါ် သစ္စာခံတပ်တွေက ကူဆာအီမြို့ လမ်းမတလျှောက် အမျိုးသားအလံကို ကိုင်ဆောင်ပြီး လမ်းလျှောက်လာစဉ် (၅ ဇွန် ၂၀၁၃)
ဆီးရီးယားသမ္မတအပေါ် သစ္စာခံတပ်တွေက ကူဆာအီမြို့ လမ်းမတလျှောက် အမျိုးသားအလံကို ကိုင်ဆောင်ပြီး လမ်းလျှောက်လာစဉ် (၅ ဇွန် ၂၀၁၃)
Wednesday, June 06, 2013

လက်ဘနွန်နိုင်ငံရှိ Hezbollah တိုက်ခိုက်ရေးသမားတွေကို ကျောထောက်နောက်ခံ ပေးနေတဲ့ ဆီးရီးယားတ
ပ်ဖွဲ့တွေက လက်ဘနွန်နယ်စပ်ရှိ မဟာဗျူဟာကျတဲ့ ကူဆာအီမြို့ကို လုံးဝ ပြန်လည်ထိန်းချုပ်နိုင်ပြီ ဖြစ်ပါ
တယ်။ အဲ့ဒီမြို့ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် ၃ ပတ်ကြာ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

တားမြစ်ခံရသော ကုန်တင်ကားများ ၄၃ နာရီခန့်အကြာတွင် နားလည်မှုဖြင့် နင်းကြမ်းဂိတ်မှ တစ်ခေါက် ထွက်ခွင့်ရ

Photo: တားမြစ်ခံရသော ကုန်တင်ကားများ ၄၃ နာရီခန့်အကြာတွင် နားလည်မှုဖြင့် နင်းကြမ်းဂိတ်မှ တစ်ခေါက် ထွက်ခွင့်ရ
Wednesday, June 05, 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အင်းဓဝယ်ကျေးရွာအုပ်စု နင်းကြမ်း
(ငြိမ်းချမ်း) ကျေးရွာ Toll Gate တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း က
ယာဉ်နှင့်ကုန် (၁၆)တန် အထက် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်
ကန့်သတ်တားမြစ်ခံရသော ယာဉ်များ ဇွန် ၄ ရက် နေ့လည် ၁ နာရီခန့်တွင်
ညှိနှိုင်းမှုရရှိပြီး နားလည်မှုဖြင့် တစ်ခေါက် သွားခွင့်ပြုခဲ့ကြောင်း
သိရသည်။

အဆိုပါ ကုန်တင်ယာဉ်များအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း မှ
ဟင်္သာတ-ဇလွန် လမ်းပိုင်းအား မိုးရာသီကာလဖြစ်သော ဇွန် ၁ ရက် မှ
စက်တင်ဘာလကုန် အထိ ယာဉ်နှင့် ကုန် ၁၆ တန် အထက် ယာဉ်များ
ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ကြိုတင်အသိပေးခြင်း မရှိဘဲ ဇွန် ၂ ရက်
ညနေ ၅ နာရီခန့်၌ ကြေညာဆိုင်းဘုတ်ထောင်၍ တားမြစ်ခဲ့သည့်အတွက် ယင်း ToLL
Gate တွင် ဇွန် ၂ ရက် ညနေမှ စပြီး ကုန်တင်ယာဉ်များ ရပ်တန့်ခဲ့ကာ ဇွန် ၎
ရက် နေ့လည် ၁ နာရီခန့်တွင် ညှိနှိုင်းရရှိသဖြင့် နားလည်မှုသဘောဖြင့်
တစ်ခေါက်သာ ခွင့်ပြုခဲ့ကြောင်း ယာဉ်ပိုင်ရှင်များထံက သိရသည်။

ထိုသို့ တားမြစ်ခံရစဉ်အချိန် ၄၃ နာရီအတွင်း Green Land ဆီဆိုင်မှ
ဆီဘောက်ဆာ (၂၁)တန်ခန့် ရှိကား များ ဖြတ်သန်းသွားလာခဲ့၍ တားမြစ်ခံရသော
ယာဉ်များမှ ဆောက်လုပ်ရေးဌာနအား တရားစွဲဆိုရန် တိုင်ကြား
အသိပေးခဲ့သော်လည်း နောက်ထပ်မဖြစ်ရန် ကြပ်မတ်ပေးမည်သာ အဖြေရခဲ့ကြောင်း၊
လမ်းပိုင်း ပိတ်ပင်မှုအတွက် လောလောဆယ် နားလည်မှုဖြင့်
တစ်ခေါက်သွားခွင့်ရခဲ့သော်လည်း ဆက်လက် တင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း
ယာဉ်ပိုင်ရှင်များထံက သိရသည်။

ဟင်္သာတမြို့နယ်အတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးတွင် လက်ရှိအသုံးပြု
သွားလာလျှက်ရှိသော (၈)ဘီး၊ (၁ဝ)ဘီး နှင့် (၁၂) ဘီး ကုန်တင်ယာဉ်
(၄၄)စီးခန့် ရှိပြီး မှီခိုသူ ဦးရေ (၂ဝဝ)ကျော် ရှိကြောင်း
မြို့နယ်ကုန်ကားကြီးများ အသင်း ထံက သိရသည်။

Hinthata HumanRights

Wednesday, June 06, 2013

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် အင်းဓဝယ်ကျေးရွာအုပ်စုနင်းကြမ်း (ငြိမ်းချမ်း) ကျေးရွာ Toll Gate 
တွင် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း ကယာဉ်နှင့်ကုန်(၁၆)တန်အထက်ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်း
သွားလာခွင့်ကန့်သတ်တားမြစ်ခံရသော ယာဉ်များ ဇွန် ၄ ရက် နေ့လည် ၁ နာရီခန့်တွင်ညှိနှိုင်းမှုရရှိပြီး နား
လည်မှုဖြင့် တစ်ခေါက် သွားခွင့်ပြုခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကုန်းရွာ အဓိကရုဏ်းမှာ လူ ၄ ဦးဒဏ်ရာရ

Photo: ပုရိန်ကုန်းရွာ အဓိကရုဏ်းမှာ လူ ၄ ဦးဒဏ်ရာရ
Wednesday, June 05, 2013

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှာ မနေ့က ညနေပိုင်းက အာဏာပိုင်တွေနဲ့ ဒေသခံတွေအကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေရဲ့ သေနတ်ပစ်ဖောက်မှုကြောင့် လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် ရိုဟင်ဂျာ ၃ ဦးသေဆုံးမှုရှိတယ်လို့ အေပီနဲ့ အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပေမယ့် မြောက်ဦးမြို့နယ်ရဲစခန်းက တာဝန်ကျ ရဲအရာရှိတစ်ဦးကတော့ ရွာခံ ၄ ဦး ဒဏ်ရာရရှိပြီး၊ သေဆုံးသူတွေကိုတော့ အတည်ပြုပြောဆိုနိုင်ခြင်း မရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ နေထိုင်သူတွေအနေနဲ့ ပြည်နယ်အစိုးရက
 နေအိမ် ၁ဝ ခန်းတွဲပါတဲ့ တန်းလျား ၁၆ လုံးနဲ့ နေရာချထားရေးအစီအစဉ်ကို ကန့်ကွက်ပြီး လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးဖို့ တောင်းဆို ချက်တွေကြောင့် ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ရုန်းရင်း ဆန်ခတ်ဖြစ်ပွားခဲ့တာလို့လည်း အဲဒီရဲအရာရှိက ဆိုပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ကျေးရွာအနီး လုံခြုံရေးတွေချထားပြီး ကျေးရွာသားတွေနဲ့ အာဏာပိုင်တွေအကြား ဒီကနေ့ မနက်ပိုင်းက ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ် လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက မြောက်ဦးမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေကြောင့် ပုရိန်ကျေးရွာမှာ နေအိမ်တွေရာနဲ့ချီ မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

RFA

Wednesday, June 06, 2013

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကုန်းကျေးရွာမှာ မနေ့က ညနေပိုင်းက အာဏာပိုင်တွေနဲ့ ဒေသခံတွေ
အကြား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေရဲ့ သေနတ်ပစ်ဖောက်မှုကြောင့် လူ ၄ ဦး ဒဏ်ရာ ရရှိခဲ့
တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Galaxy S2 အတွက် S4 Style Jelly Bean Rom

Screenshot_2013-04-25-10-24-52 (1)

Samsung Galaxy S2 ပိုင်ရှင်တွေ အတွက် S4 စတိုင် ဂျယ်လီပဲစေ့ Rom လေးပါ၊ပုံအတိုင်း S4 နဲ့ အတော်လေး
တူပါတယ်။ TouchWiz 5 နဲ့ ဂျလန်းပါ။ ကျန်တဲ့ features တွေလဲ ပါတယ်။

ယိုးဒယား ဖုန်း i-mobile i691 ကို firmware ပြန်တင်နည်းလေးပါ

images
ယိုးဒယား ဖုန်း i-mobile i691 ကို firmware ပြန်တင်နည်းသိချင်တဲ့သူငယ်ချင်းတွေအတွက် Firmware တင်နည်းလေးပါ။ အ၇င်ဆုံး လိုအပ်တဲ့ Firmware လေးကို ဒီလင့် ကနေ ဒေါင်းလိုက်ပါ။

Semi Restore ဆိုတာဘာလဲ


ဒီရက်ပိုင်း iDevice Users တွေကြားမှာ Semi Restore ဆိုတဲ့ဝေါဟာရတစ်ခုပျံ့နှံလို့လာပါပြီ ။ ဒီအတွက် Semi Restoreဆိုတာဘာလဲဆိုတာကိုမသိသေးတဲ့သူMobile Users တွေအတွက်Semi Restore အကြောင်းကိုရှင်းပြ
ပေးလိုက်ပါတယ်။