Pages

Pages - Menu

Thursday, June 6, 2013

၂၀၁၅ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု

Photo: ၂၀၁၅ သမ္မတရာထူးအတွက် ယှဉ်ပြိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် အတည်ပြု
Thursday, June 06, 2013

နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။ 

တိုင်းပြည်ပွင့်လင်းလာမှုကို မျက်နှာချင်း ဆိုင်ရမည်ဖြစ်ပြီး ကြောက်ရွံ့နေစရာ မလိုဟုလည်း ပြောသည်။ တပ်မတော်ကို စည်းကမ်းစနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်မည့် လက်နက်ကိုင်တပ်အဖြစ် မြင်လိုကြောင်း ပြောသည်။ 

သမ္မတရာထူး ရယူရုံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲလိုသည်မဟုတ် ဒီမိုကရေစီနည်းမကျသော ဥပဒေများကို ပြောင်းလဲရေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။ 

အတိတ်ကို အသိအမှတ်ပြုရန် ဆိုသော်လည်း "လက်စားချေရန်" "တရားစွဲ ခုံရုံးတင်ရန်" လုံးဝ အစီအစဉ် မရှိဟု ပြောဆိုသွားသည်။ 

ရခိုင်ပြည်ရှိ ပဋိပက္ခများအရေးပြောဆိုရာတွင်လည်း နှစ်ဘက် အသိုင်းအဝိုင်းမှ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး အဖြေရှာ ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးတို့ကို မီးမောင်းထိုး ပြောဆိုသည်။

ဧရာဝတီ

Thursday, June 06, 2013

နေပြည်တော်တွင် ယနေ့စတင်ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ်၏ စကားဝိုင်းတွင် အမျိုးသားဒီမိုကရေ
စီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်
ရောက်ယှဉ်ပြိုင်မည်ဟု အတည်ပြုပြောကြားလိုက်သည်။ တိုင်းပြည်ပွင့်လင်းလာမှုကို မျက်နှာချင်း ဆိုင်ရမည်ဖြစ်ပြီး ကြောက်ရွံ့နေစရာမလိုဟုလည်း ပြောသည်။ တပ်
မတော်ကို စည်းကမ်းစနစ်တကျဖြင့် ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဒီမိုကရေစီစနစ်နှင့် သဟဇာတဖြစ်မည့် လက်နက်ကိုင်တပ်အဖြစ် မြင်လိုကြောင်း ပြောသည်။

သမ္မတရာထူး ရယူရုံ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲလိုသည်မဟုတ် ဒီမိုကရေစီနည်းမကျသော ဥပ
ဒေများကို ပြောင်းလဲရေး လုပ်ဆောင်မည်ဟုလည်း ဆိုသည်။

အတိတ်ကို အသိအမှတ်ပြုရန် ဆိုသော်လည်း "လက်စားချေရန်" "တရားစွဲ ခုံရုံးတင်ရန်" လုံးဝ အစီအစဉ် မရှိဟု ပြောဆိုသွားသည်။

ရခိုင်ပြည်ရှိ ပဋိပက္ခများအရေးပြောဆိုရာတွင်လည်း နှစ်ဘက် အသိုင်းအဝိုင်းမှ မျက်နှာချင်းဆိုင် တွေ့ဆုံ
ဆွေးနွေး အဖြေရှာ ရင်ကြားစေ့ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံသားဥပဒေကို နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီစေရေးတို့ကို မီးမောင်းထိုး ပြောဆိုသည်။

ဧရာဝတီ , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၆.၆.၂၀၁၃

No comments:

Post a Comment