Thursday, June 06, 2013
မြန်မာနိုင်ငံမှာ ကလေးအရွယ်ကစပြီး ကျိုးနွံမှုပုံသွင်း ထားတဲ့ အတွက် နောက်မျိုးဆက်တွေအတွက် စိုးရိမ်ပူ
မြန်မာနိုင်ငံမှာ ကလေးအရွယ်ကစပြီး ကျိုးနွံမှုပုံသွင်း ထားတဲ့ အတွက် နောက်မျိုးဆက်တွေအတွက် စိုးရိမ်ပူ
ပန်မိတယ်လို့ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုကိုရောက်နေတဲကိုမင်းကိုနိုင်နဲ့ကိုကိုကြီးတို့နှစ်ဦးဟာဝါရှင်တန်ဒီစီမြို့အခြေစိုက်
RFA ရုံးချုပ်ကို
မနေ့က လာရောက်လည်ပတ်စဉ် ကိုမင်းကိုနိုင်က ပြောလိုက်တာပါ။
"နောက်မျိုးဆက်အတွက်လည်း စိုးရိမ်ပူပန်တယ်၊ဒီအမေရိကရောက်လာတဲ့အခါမှာကလေးတွေက စဉ်းစား
"နောက်မျိုးဆက်အတွက်လည်း စိုးရိမ်ပူပန်တယ်၊ဒီအမေရိကရောက်လာတဲ့အခါမှာကလေးတွေက စဉ်းစား
ပုံစဉ်းစားနည်းအမျိုးမျိုးကိုလည်း သူတို့ရတယ်၊ နောက်တစ်ခုက
မတူကွဲပြားမှုတွေကို ဆွေးနွေးငြင်းခုန်တတ်
တဲ့ အလေ့အထသူတို့မှာရှိပြီးသား
ကျွန်တော်တို့ဆီမှာရှိတဲ့ ကလေးတွေ ကကျတော့ ခေတ်စနစ်ကြီးတစ်ခုက
ပုံသွင်းထားတာက ကျိုးနွံမှုပဲဗျ၊ ကလေးတစ်ယောက်ကို လိမ္မာတယ်လို့ပြောရင်
ကျိုးနွံတာကိုဆိုလိုတာ၊ ဒီမှာ
တွေ့တာကျတောဒီကလေးဟာထက်မြတ်တယ်၊ရဲဝင့်တယ်၊ဖောက်ထွက်စဉ်းစားတတ်တာရှိတယ်၊ ဖြန့်ပြီးစဉ်း
စားတတ်တာရှိတယ်၊စဉ်းစားပုံစဉ်းစားနည်းကအစအင်မတန်ကွာနေတယ်၊ကျွန်တော်တို့ အများကြီးပြင်ရအုံး
မယ်လို့
ယူဆတယ်"
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးဖို့အတွက် အရင်ခေတ်ကရှိခဲ့တဲ့ အမိန့်ပေးစေခိုင်းတဲ့ အကျင့်
ဒါ့အပြင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဖွံ့ဖြိုးဖို့အတွက် အရင်ခေတ်ကရှိခဲ့တဲ့ အမိန့်ပေးစေခိုင်းတဲ့ အကျင့်
စရိုက်ကို ဖျောက်ဖို့လိုအပ်တယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း အင်အားကြီးနိုင်ငံတွေကြားက မြန်မာနိုင်ငံကို စစ်
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း အင်အားကြီးနိုင်ငံတွေကြားက မြန်မာနိုင်ငံကို စစ်
အင်အားတည်ဆောက်ပြီးကာကွယ်တာထက်ကျွမ်းကျင်တဲ့သံတမန် နည်းလမ်းနဲ့ကာကွယ်တာက
အကောင်း
ဆုံးဖြစ်တယ်လို့ အခုလိုပြောပါတယ်။
"ဒေသတွင်းမှာ အားပြိုင်မှုရှိတယ်၊ အဲ့ကြားထဲမှာ ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့ဆိုတာ
"ဒေသတွင်းမှာ အားပြိုင်မှုရှိတယ်၊ အဲ့ကြားထဲမှာ ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့ဆိုတာ
က စစ်ရေးအင်အား လက်နက်အင်အားနဲ့ ကာကွယ်တာထက်ကို
သံတမန်ဆက်ဆံရေးနဲ့ ဘယ်လိုအကျိုးရှိ
အောင် ဆက်ဆံနိုင်မလဲဆိုတာက အရေးကြီးတယ်"
ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးရပြီးဖွံ့ဖြိုးတိုးတက်လာအောင် တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးကို ချန်
ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးရပြီးဖွံ့ဖြိုးတိုးတက်လာအောင် တိုင်းရင်းသားတွေရဲ့ တန်းတူညီမျှရေးကို ချန်
လှပ်ထားလို့ မရသလို
မြန်မာအပါအဝင် တိုင်းရင်းသားအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး
နိုင်ငံသားအခွင့်
အရေး အပြည့်အဝရပြီး၊ တာဝန်ယူတတ်သူတွေဖြစ်လာဖို့
လိုအပ်တယ်လို့ ၈၈ မျိုးဆက်ခေါင်းဆောင်နှစ်ဦး
လုံးက ပြောပါတယ်။
RFA ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၆.၆.၂၀၁၃
RFA ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၆.၆.၂၀၁၃
No comments:
Post a Comment